03/04/2026
🛡️ တုပ်ကွေးရာသီမှာ သင့်မိသားစုရဲ့ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်လိုက်ပါ
ရာသီဥတုအကူးအပြောင်းမှာ အဖြစ်များတဲ့ တုပ်ကွေးရောဂါဟာ လူကြီး၊ လူငယ်မရွေး ခံစားရနိုင်သလို အလုပ်အကိုင်နဲ့ ပညာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ၂၀၂၆ ခုနှစ်အတွက် အသစ်ထွက်ရှိလာတဲ့ Influvac Tetra 2026 (Quadrivalent Influenza Vaccine) ကို အခုပဲ ရွှေမြင့်မိုရ်ဆေးခန်းနှင့် ဆေးဆိုင် မှာ ထိုးနှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
✨ Influvac Tetra 2026 က ဘာကြောင့် အရေးကြီးတာလဲ?
တုပ်ကွေးဗိုင်းရပ်စ်ဆိုတာဟာ နှစ်စဉ်နဲ့အမျှ မျိုးဗီဇပြောင်းလဲနေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြံပြုချက်နဲ့အညီ ထုတ်လုပ်ထားတဲ့ ၂၀၂၆ ခုနှစ်ရဲ့ ဗိုင်းရပ်စ်မျိုးစိတ် (၄) မျိုးကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးကို ထိုးနှံထားဖို့ လိုအပ်ပါတယ်။
✅ ဒီဆေးကို ထိုးနှံခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးများ -
မျိုးစိတ် (၄) မျိုးကို ကာကွယ်ခြင်း: Type A (H1N1, H3N2) နှင့် Type B မျိုးစိတ် (၂) မျိုး၊ စုစုပေါင်း (၄) မျိုးကို အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။
ရောဂါပြင်းထန်မှုကို လျှော့ချခြင်း: တုပ်ကွေးမိခဲ့ရင်တောင် ဝေဒနာပြင်းထန်မှုနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
မိသားစုကို ကာကွယ်ခြင်း: ကိုယ်တိုင်ထိုးနှံခြင်းဖြင့် မိမိရဲ့ အိမ်သူအိမ်သားတွေဆီ ရောဂါမပြန့်ပွားအောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
👨👩👧👦 ဘယ်သူတွေ ထိုးသင့်သလဲ?
🔸️အသက် ၆ လအထက် ကလေးငယ်များ
🔸️ကိုယ်ခံအားနည်းသူများနှင့် သက်ကြီးရွယ်အိုများ
🔸️အလုပ်များပြီး ကျန်းမာရေးကို အထူးဂရုစိုက်လိုသူများ
ကျောင်းနေအရွယ် ကလေးငယ်များ
📍 ရွှေမြင့်မိုရ်ဆေးခန်းနှင့် ဆေးဆိုင်တွင် စနစ်တကျ ထိုးနှံပေးနေပြီဖြစ်သလို ဆေးအာနိသင် စိတ်ချရစေရန် Cold Chain မပျက်စေရန်စနစ်တကျ သိုလှောင်ထားပါသည်။
ကျန်းမာပျော်ရွှင်တဲ့ ၂၀၂၆ ခုနှစ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် အခုပဲ လာရောက်ထိုးနှံလိုက်ပါ သို့မဟုတ် အသေးစိတ်ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
📞 ဖုန်းနံပါတ်: 09793686623
🏠 လိပ်စာ: အခန်း ၀၀၂၊ တိုက် A-3၊ လေးထောင့်ကန်လမ်း၊ တာမွေလေးရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။
(သံလမ်းမှတ်တိုင်အနီး)
#တုပ်ကွေးကာကွယ်ဆေး