29/12/2022
ဆောင်းတွင်းအသားရေအတွက် budget save whitening lotion လေး 🥰
Price -7500ks
ရေချိုးထားသလို အေးအေးလေးနဲ့ အသားအရည်ကို သဘာဝကျကျ စိုကြည်စေတဲ့ Mistine Yogurt Lotion
ဒီတစ်ခေါက်တော့ ဈေးနှုန်းချိုသာလှတဲ့ Mistine Yogurt လေးအကြောင်းကို ထော်ထော် ညွှန်းပေးချင်ပါတယ်...
သူ့ကို ရေချိုးပြီးစ ညပိုင်း အချိန်တွေမှာ လိမ်းဖြစ်ပါတယ်... သူ့ကို စလိမ်းလိမ်းချင်း အေးအေးလေးနဲ့ ရေချိုးထားသလို ခံစားမှုကို ရရှိစေပါတယ်... စိမ့်ဝင်လွယ်တဲ့ Lotion လေးလည်း ဖြစ်ပါတယ်...
ထော်ထော် သူ့ကို ပထမဦးဆုံး စလိမ်းတဲ့နေ့မှာ ဝမ်းပျက်ပြီး နေမကောင်း ဖြစ်နေတဲ့ အချိန်ပါ... သူ့အနံ့က ဒိန်ချဥ်လို ချဥ်စူးနေတာမျိုး မဟုတ်တဲ့အတွက် နေမကောင်းဖြစ်နေတာတောင် သူ့အနံ့လေးကို ကြိုက်နှစ်သက်နေမိပါတယ်... သူ့ကို မသုံးခင်တုန်းကတော့ ဒိန်ချဥ်လို အနံ့ ချဥ်စူးစူး ဖြစ်နေမယ်လို့တောင် ထင်ထားနေမိတာပါ...
ရေချိုးပြီးတဲ့အချိန် တခြား Lotion တွေကို လိမ်းလိုက်ရင် အသားအရည်မှာ တင်ကျန်နေတဲ့ အစိုဓာတ်တွေ စုပ်ယူခံရသလို ခံစားရတတ်ပါတယ်... ဒီ Mistine Yogurt Lotion လေးကို လိမ်းကြည့်လိုက်တော့ နဂိုရှိပြီးသား အစိုဓာတ်ကိုတောင် ပိုမို စိုသွားအောင် ထပ်ဖြည့်ပေးနိုင်လို့ သူ့ကို သဘောကျရပါတယ်...
Mistine Yogurt Lotion လေးကို ရေချိုး ပျင်းတဲ့သူတွေလည်း သုံးကြည့်လို့ ရပါတယ်... သူ့ကို လိမ်းလိုက်ရင် အေးအေးလေးနဲ့ ရေချိုးထားသလို ခံစားစေနိုင်လို့ပါ...
အသားအရည် ကြည်တဲ့ အပိုင်းမှာလည်း သူ့ဈေးနှုန်းနဲ့သူ ကောင်းတဲ့ Lotion လေးပါ... အသားဖြူလာစေတာမျိုးတော့ မရှိပေမယ့် ကျန်းမာတဲ့ အသားအရည် စိုစိုကြည်ကြည်လေး ဖြစ်စေတာမို့ ထော်ထော့်အနေနဲ့ နောက်ထပ် တစ်ဘူး ထပ်သုံးချင်နေတဲ့အထိ အထူး ကြိုက်နှစ်သက်ရပါတယ်...
ဒါ့အပြင် ငွေချွေတာချင်သူတွေအနေနဲ့လည်း အထူး ဝယ်သုံးသင့်တဲ့ Lotion လေးပါ... 500 ml ဘူးအကြီးကြီး တစ်ဘူးကိုမှ 7000 / 8000 ကျပ် ဝန်းကျင်လောက်ပဲ ကျသင့်တာဆိုတော့ တော်တော်လေး တန်လွန်းမက တန်တဲ့ Lotion လေးပါလို့ ထပ်လောင်း ပြောကြားချင်ပါတယ်...
Mistine Yogurt Lotion လေးကို နီးစပ်ရာ စတိုးဆိုင်, Online Shop တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်... ဘယ်မှာ ဝယ်ရမှန်း မသိရင် Facebook Search Box မှာ Mistine Yogurt Lotion ဆိုပြီး ရိုက်ရှာကြည့်လို့ ရပါတယ်... Mistine Myanmar မှာလည်း ဝယ်ယူလို့ ရပါတယ်...