19/06/2026
အသက်ကြီးမှ အရိုးပွ၊အရိုးပါးရောဂါမဖြစ်အောင် အခုထဲက
NAZCO OSTEOPLUS နဲ့ကာကွယ်လိုက်ပါ။
အသက်ကြီးလာတဲ့အခါ လှုပ်ရှားသွားလာရတာ ပေါ့ပါးသွက်လက်ပြီး မြေးလေးတွေနဲ့ တူတူဆော့ကစားနိုင်တဲ့ ဘဝလေးကို ပိုင်ဆိုင်ချင်တာ အားလုံးရဲ့ ဆန္ဒပါ။ ဒါပေမဲ့ အသက်အရွယ်ရလာတာနဲ့အမျှ သတိမထားမိဘဲ ဖြစ်လာတတ်တဲ့ ရန်သူကတော့ "အရိုးပွ၊ အရိုးပါးရောဂါ" ပဲ ဖြစ်ပါတယ်။ လူတော်တော်များများက အရိုးအဆစ်ပြဿနာတွေကို အသက်ကြီးမှ ဂရုစိုက်ရမယ်လို့ ထင်တတ်ကြပေမဲ့ တကယ်တော့ အရိုးသိပ်သည်းဆက အသက် (၃၀) ဝန်းကျင်မှာ အမြင့်ဆုံးကို ရောက်ရှိပြီး အဲဒီနောက်ပိုင်းမှာ တဖြည်းဖြည်း ပြန်လည်လျော့နည်းလာတတ်တာပါ။ ဒါကြောင့် အသက်ကြီးမှ အရိုးပွ၊ အရိုးပါးရောဂါမဖြစ်အောင် အခုထဲက ကြိုတင်ကာကွယ်ထားဖို့ အရမ်းအရေးကြီးပါတယ်။ ကျန်းမာပြီး သန်မာတဲ့ အရိုးတည်ဆောက်ပုံကို ထိန်းသိမ်းဖို့ဆိုရင် နေ့စဉ်စားသောက်မှုပုံစံမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အရိုးရဲ့ အဓိကအုတ်မြစ်ဖြစ်တဲ့ Calcium ဓာတ်နဲ့ အဲဒီ Calcium ကို ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူနိုင်အောင် ကူညီပေးတဲ့ Vitamin D3 ဓာတ်တို့က မရှိမဖြစ် လိုအပ်တာပါ။ အရိုးအဆစ်ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ဖြည့်တင်းပေးပြီး အသက်ကြီးတဲ့အထိ တက်ကြွလန်းဆန်းစွာ သွားလာလှုပ်ရှားနိုင်ဖို့အတွက် NAZCO OSTEOPLUS က အကောင်းဆုံး အဖော်မွန်ဖြစ်လာမှာပါ။
NAZCO OSTEOPLUS မှာ အရိုးအဆစ်တွေကို ကြံ့ခိုင်သန်မာစေမယ့် Calcium နဲ့ Vitamin D3 တို့ကို ပြည့်ဝစွာပါဝင်တာကြောင့် နေ့စဉ်မှန်မှန် သောက်သုံးပေးရုံနဲ့ အရိုးပါး၊ အရိုးပွခြင်းဘေးကနေ စိတ်ချလက်ချ ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အသက်ကြီးသွားလည်းနုပျိုတဲ့ အရိုးအဆစ်တွေ ပိုင်ဆိုင်နိုင်ဖို့ အခုကတည်းက NAZCO OSTEOPLUS နဲ့အတူ သင့်ရဲ့အရိုးကျန်းမာရေးကို စတင်စောင့်ရှောက်လိုက်ရအောင်နော်။