Ziwaka Clinic Hledan

Ziwaka Clinic Hledan Medical Centre dedicated for general and specialist care

💉💉💉🩹တုပ်ကွေးကာကွယ်ဆေးတွေက တခါ stock ကုန်လို့ အသစ်ပြန်၀င်တိုင်း ဈေးနှုန်းအပြောင်းအလဲတွေ ရှိနေလို့ ထိုးဖို့ လိုအပ်သူများ အ...
11/05/2026

💉💉💉🩹
တုပ်ကွေးကာကွယ်ဆေးတွေက တခါ stock ကုန်လို့ အသစ်ပြန်၀င်တိုင်း ဈေးနှုန်းအပြောင်းအလဲတွေ ရှိနေလို့ ထိုးဖို့ လိုအပ်သူများ အမြန်ထိုးထားသင့်ပါတယ်နော်။
နောက်ကျရင် ဈေးနှုန်းအပြောင်းအလဲတွေ ရှိနိုင်ပါတယ်ရှင့်။
ကာကွယ်လို့ရတဲ့ ရောဂါများကို ကြိုတင်ကာကွယ်ခြင်းဖြင့် မိမိကိုယ်ကို လုံခြုံမှု ရယူလိုက်ပါ။

💦💦မိုးမကျခင် ရာသီတုပ်ကွေးကာကွယ်ဆေးတွေ ထိုးထားတော့နော်။💦💦ကုန်ကျစရိတ်တွေ အဘက်ဘက်က တက်နေချိန်မှာ ကာကွယ်လို့ရတာတွေ ကြိုတင်ကာ...
21/04/2026

💦💦မိုးမကျခင် ရာသီတုပ်ကွေးကာကွယ်ဆေးတွေ ထိုးထားတော့နော်။💦💦
ကုန်ကျစရိတ်တွေ အဘက်ဘက်က တက်နေချိန်မှာ ကာကွယ်လို့ရတာတွေ ကြိုတင်ကာကွယ်ထားရင် တချိန်မှာ အချိန်ကုန် လူပန်း ပိုက်ဆံကုန် မဖြစ်တော့ဘူးနော်။🙅🙅

🚨🚨🚨ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးသင့်သော သူများ 🚨🚨🚨
👉ကလေးများ (အသက်၆လအထက်မှ စ၍ ထိုးနိုင်သည်။ ယခင်နှစ်က မထိုးဖူးသော အသက်၆လမှ ၉နှစ်ကြား က‌ေလးများက တစ်လခြား၍ နှစ်လုံး ထိုးနှံရန် လိုအပ်ပါသည်)
👉လူကြီး မိဘ အဖိုးအဖွားများ (အသက် ၆၅နှစ်နှင့်အထက်)
👉ရောဂါ အခံရှိသူများ (ဥပမာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါ ကင်ဆာဆေးကုသမှု ခံယူထားသူများ၊ စသဖြင့်)
👉အစုအဖွဲ့၊ လူအများနှင့် အလုပ်လုပ်ရသူများ(ဥပမာ ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ အလုပ်ရုံ စသဖြင့်)
👉ကိုယ်၀န်ဆောင်မိခင်များ
👉ခုခံအားကျဆင်းသော ရောဂါ ရှိသူများ၊ ခုခံအားချဆေးများ သုံးစွဲနေရသူ ရောဂါဝေဒနာရှင်များ

ဇီ၀ကဆေးခန်းမှာ Myanmar registered ပါသော လေးမျိုးစပ် ရာသီတုပ်ကွေး ကာကွယ်ဆေးကို သင့်တင့်သော နှုန်းထားဖြင့် ထိုးနှံနိုင်ပါပြီ။💉🩹💪

ကြိုတင်စာရင်းပေးထားမှ ပိုစိတ်ချရမယ်နော်။

💦🍀💦မြန်မာ နှစ်သစ်ကူး သင်္ကြန်ချိန်ခါအတွင်း ဇီ၀ကဆေးခန်းကို ✅မဟာသင်္ကြန် အကြိုနေ့၊✅အကျနေ့နှင့် ✅နှစ်ဆန်းတစ်ရက်နေ့များတွင် ...
12/04/2026

💦🍀💦မြန်မာ နှစ်သစ်ကူး သင်္ကြန်ချိန်ခါအတွင်း

ဇီ၀ကဆေးခန်းကို

✅မဟာသင်္ကြန် အကြိုနေ့၊
✅အကျနေ့နှင့်
✅နှစ်ဆန်းတစ်ရက်နေ့များတွင် ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည် ဖြစ်ပါသည်။

မဟာသင်္ကြန် အကြတ်နေ့နှင့် အတက်နေ့များတွင် ဆေးခန်းပိတ်ပါမည်။ 🙅🙅🙅

ပျော်ရွှင်စရာ နှစ်သစ်မင်္ဂလာ မဟာ သင်္ကြန် ကာလများအတွင်း ဘေးရန်ကင်း၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုအင် ဆန္ဒများ ပြည့်၀ပါစေကြောင်း ဇီ၀ကဆေးခန်း လှည်းတန်း မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။ 💦🍀💦🍀💦

2026အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေး ဇီ၀ကဆေးခန်းတွင် ထိုးနှံနိုင်ပါပြီ။ Myanmar registered ✅✅✅ကျောင်း၊ သင်တန်း၊ အလုပ်ရုံ၊ စက...
06/04/2026

2026အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေး ဇီ၀ကဆေးခန်းတွင် ထိုးနှံနိုင်ပါပြီ။
Myanmar registered ✅✅✅

ကျောင်း၊ သင်တန်း၊ အလုပ်ရုံ၊ စက်ရုံ၊ အသင်းအဖွဲ့များအတွက်လည်း သင့်တင့်သော ဈေးနှုန်းဖြင့် အိမ်အရောက် ထိုးနှံပေးသည့် ၀န်ဆောင်မှုများလည်း ရယူနိုင်ပါသည်။

ဇီ၀က ဆေးခန်း
အမှတ် 7၊ အဝေရာလမ်း၊
လှည်းတန်း။
☎️09-761011397

လှည်းတန်း ကမာရွတ်မြို့နယ်ရှိ ဇီဝကဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် ဆေးခန်းအကူ/သူနာပြုအကူ (nurse aid) တစ်ဦး(သို့) နှစ်ဦး အလိ...
11/10/2025

လှည်းတန်း ကမာရွတ်မြို့နယ်ရှိ ဇီဝကဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် ဆေးခန်းအကူ/သူနာပြုအကူ (nurse aid) တစ်ဦး(သို့) နှစ်ဦး အလိုရှိသည်။

*ရိုးသားရမည်။
*အကျင့် စာရိတ္တ ကောင်းမွန်ရမည်။
*အဖွဲ့အစည်းနှင့် လုပ်ကိုင်တတ်သော, ဆရာ၀န်, လူနာများနှင့် ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်သော သင့်တင့်သော communication skills ရှိရမည်။
*သင်လွယ် တတ်လွယ် ဖြစ်ရမည်။
*ကြိုးစားလိုစိတ်ရှိရမည်။
*အခြေခံပညာ အထက်တန်းအောင်
*ကျောင်းကိစ္စ ကင်းရှင်းသူ
*သင်တန်းဆင်းလက်မှတ် မရှိသူများ၊ အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်သည်။

အစမ်းခန့်ကာလ- ၂လရှိမည်။
အစမ်းခန့် ၂လ ပြည့်၍ permenant ဖြစ်သွားလျှင် pool , allowance ခံစားခွင့်များ ရှိပါသည်။
လစာ ညှိနှိုင်း (လုပ်ငန်း အတွေ့အကြုံအရ)
အလုပ်ချိန် မနက် ၉နာရီ မှ ည ၇ နာရီ
တစ်ပတ် တစ်ရက် ပိတ်ရက် ရှိသည်။
ဆေးခန်းတွင် နေစရာ စီစဉ်ပေးနိုင်ပါသည်။

**Work load မများပါ။**
လျှောက်ထားလိုသူများ Page Messenger သို့မဟုတ် 09692054925 Viberသို့ CV Formပေးပို့ လျှောက်ထားနိုင်ပါသည်။

Lipoma လိုင်ပိုးမား (သို့မဟုတ်) အရေပြားအောက်က အဆီကျိတ်များအချို့သော မိတ်‌ဆွေတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ စမ်းကြည...
25/04/2025

Lipoma လိုင်ပိုးမား (သို့မဟုတ်) အရေပြားအောက်က အဆီကျိတ်များ

အချို့သော မိတ်‌ဆွေတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ စမ်းကြည့်ရင် ပျော့ပျော့လေးနဲ့ အဖုအကျိတ်လေးတွေ စမ်းမိ၊ သတိထားမိကြတာမျိုးရှိပါလိမ့်မယ်။
ဒီအကျိတ်လေးတွေက ခြေ၊ လက်၊ ဝမ်းဗိုက်၊ ကျောပြင်တွေမှာ အဖြစ်များလေ့ရှိပြီး တခါတရံမှာ မျက်နှာ၊ လည်ပင်းနဲ့ ဦးရေပြားအောက်တွေမှာဖြစ်ကြတာတွေလည်းရှိပါတယ်။
နောက်ပြီး ဒီအကျိတ်လေးတွေဟာ အရွယ်အစားလည်း အချိန်နဲ့အမျှကြီးလာတတ်ကြပါတယ်။
ဒီအကျိတ်လေးတွေဟာ Lipomaလို့ခေါ်တဲ့ အရေပြားအောက် အဆီကျိတ်လေးများဖြစ်ကြပါတယ်။
အချို့လူနာများဟာ ဒီအဆီကျိတ်များကို စမ်းမိတဲ့အခါ ကင်ဆာဖြစ်လေမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။
ဒါပေမယ့် Lipomaဟာ ကင်ဆာမဟုတ်တဲ့ အကျိတ်များဖြစ်ပြီး သူတို့ဖြစ်ရတဲ့အ‌ကြောင်းရင်းကတော့ အရေပြားအောက်က အဆီပြင်လွှာမှာ ပုံမမှန်တဲ့ အဆီစုမှုကြောင့် ဖြစ်ပါတယ်။
ဖြစ်ရတဲ့အကြောင်းရင်းကတော့ တိတိကျကျမရှိ‌ ပေမယ့် မျိုးရိုးထဲမှာ Multiple Lipomaလို့ခေါ်တဲ့ ခန္ဓာကိုယ်အနှံ့ အဆီကျိတ်များစွာထွက်တဲ့ရောဂါဖြစ်တဲ့လူ ရှိဖူးတယ်ဆိုရင်တော့ မိမိမှာဖြစ်နိုင်ချေပိုများလေ့ရှိပါတယ်။
ဒီအဆီကျိတ်တွေဟာ ဆေးထိုးဆေးသောက်ကုသမှုနဲ့မပျောက်ကင်းပဲ ခွဲစိတ်ဖယ်ရှားမှသာ ပျောက်ကင်းနိုင်ပါတယ်။
မိတ်ဆွေရဲ့ လူမြင်နိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ ဥပမာ လက်ဖျံ၊ ခြေသလုံး၊ လည်ပင်း၊မျက်နှာ စတဲ့နေရာတွေမှာဖြစ်နေလို့ ကိုယ့်ပုံပန်းသွင်ပြင်အတွက် ဒီအကျိတ်တွေကအနှောင့်အယှက်ဖြစ်နေတယ်ဆိုရင်တော့ ခွဲစိတ်ပြီး အဆီကျိတ်များကို ဖယ်ရှားနိုင်ပါတယ်။
နောက်ခွဲစိတ်သင့်တဲ့အကြောင်းတစ်ခုကတော့ ဒီအဆီကျိတ်လေးတွေက သူတို့ရဲ့အောက်မှာရှိတဲ့ အာရုံကြောတွေကိုဖိမိပြီး နာကျင်မှု၊ ထုံကျင်မှု စတဲ့ ဝေဒနာတွေခံစားလာရပြီဆိုရင်တော့ ခွဲစိတ်ပြီး ဖယ်ရှားသင့်ပါတယ်။
ဇီဝကဆေးခန်းမှာ အတွေ့အကြုံများပြီး တတ်ကျွမ်းနားလည်သော ဆရာဝန်များနဲ့တိုင်ပင်ပြီး အဆီကျိတ်ဖယ်ရှားတဲ့ ခွဲစိတ်ကုသမှုကို ခံယူနိုင်ပါတယ်။
ခွဲစိတ်ရာမှာလည်း ထုံဆေးအသုံးပြုပြီးခွဲစိတ်တာမို့ ခွဲစိတ်စဉ်ကနေ အရေပြားပြန်ပိတ်ချုပ်တဲ့အချိန်အထိ လုံးဝနာကျင်မှုမရှိပါဘူး။
ခွဲစိတ်မှုအသေးစိတ်ကိုသိရှိနိုင်ရန်နဲ့ ကုန်ကျစရိတ်စုံစမ်းနိုင်ရန် ဆေးခန်း Page Messengerသို့မဟုတ် 09761011397ကိုဆက်သွယ် မေးမြန်းနိုင်ပါတယ်။
နှစ်သစ်မှာ အသက်ရှည်အနာကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေခင်ဗျာ။
Disclaimer: We do not own the photographs attached in this article and all copyrights and credits go to rightful owners. This article uses these photographs for educational purposes only.

အားလုံးအတွက် ​ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါ​စေ။ 🙏🙏🙏
17/04/2025

အားလုံးအတွက် ​ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါ​စေ။ 🙏🙏🙏

သင်္ကြန်တွင်း ​ဆေးခန်း ဖွင့်ရက် ​ကြေငြာခြင်း📢📢📢သင်္ကြန် အကြို​နေ့💧💦 ​13.4.25 တွင် ပုံမှန်အချိန်အတိုင်း ​ဆေးခန်းဖွင့်ပါသည...
14/04/2025

သင်္ကြန်တွင်း ​ဆေးခန်း ဖွင့်ရက် ​ကြေငြာခြင်း📢📢📢

သင်္ကြန် အကြို​နေ့💧💦 ​13.4.25 တွင် ပုံမှန်အချိန်အတိုင်း ​ဆေးခန်းဖွင့်ပါသည်။

သင်္ကြန်အကျ​နေ့💧💦 14.4.25
​ဆေးခန်းဖွင့်ချိန် မနက် 10နာရီမှ ည​နေ 4နာရီအထိ။

သင်္ကြန်အကြတ်​​နေ့💧💦 15.4.25
​ဆေးခန်းပိတ်ပါသည်။

သင်္ကြန်အတက်​​​နေ့💧💦 16.4.25
​ဆေးခန်းပိတ်ပါသည်။

နှစ်ဆန်း ၁ရက်​နေ့ 🍀 17.4.25
​ဆေးခန်းဖွင့်ချိန် မနက် 10နာရီမှ ည​နေ 4နာရီအထိ။

နှစ်ဆန်း ၂ရက်​​နေ့🍀🍀 18.4.25 မှစ၍ ပုံမှန် အတိုင်း ​ဆေးခန်းပြန်ဖွင့်ပါမည်။

အားလုံးပဲ ကျန်းမာ​ရေး အသိနဲ့ ​​နေထိုင်နိုင်ကြပါ​စေ။ #ပြင်းထန်၀မ်းပျက်၀မ်းလျောရောဂါ #ကာလ၀မ်းရောဂါ
07/07/2024

အားလုံးပဲ ကျန်းမာ​ရေး အသိနဲ့ ​​နေထိုင်နိုင်ကြပါ​စေ။
#ပြင်းထန်၀မ်းပျက်၀မ်းလျောရောဂါ
#ကာလ၀မ်းရောဂါ

သင်္ကြန်အတွင်း ​ဆေးခန်းပိတ်ရက် ​ကြေငြာခြင်း ဇီ၀က​ဆေးခန်းကို သင်္ကြန်ရက်များအတွင်း သင်္ကြန်အကြို​​နေ့, အကျ​နေ့, အကြတ်​နေ့...
07/04/2024

သင်္ကြန်အတွင်း ​ဆေးခန်းပိတ်ရက် ​ကြေငြာခြင်း

ဇီ၀က​ဆေးခန်းကို သင်္ကြန်ရက်များအတွင်း
သင်္ကြန်အကြို​​နေ့, အကျ​နေ့, အကြတ်​နေ့ နှင့် မြန်မာနှစ်ဆန်း တစ်ရက်​နေ့များတွင် ပုံမှန်အတိုင်း ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

သင်္ကြန်အတက်​နေ့ နှင့် နှစ်ဆန်း နှစ်ရက်နေ့မှာ ​ဆေးခန်း ပိတ်ပါမည်။

အားလုံးပဲ ​ပျော်ရွှင်စရာ သင်္ကြန်​နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါ​စေ။ ​ကျန်းမာပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါ​စေ​ကြောင်း Ziwaka Medical Centre မိသားစုမှ ဆုမွန်​ကောင်း ​တောင်းလိုက်ပါတယ်ရှင် 🙏🙏🙏💦💦💦🎉🎊

👉ခန္ဓာကိုယ် အနှံ့အပြားတွင် ဖြစ်တတ်​သော အလုံး အဖု အကြိတ် အမျိုးမျိုး, 👉ရင်သား အဖုအကြိတ် အလုံးအမျိုးမျိုး,👉အသားပို အမျိုးမ...
19/01/2024

👉ခန္ဓာကိုယ် အနှံ့အပြားတွင် ဖြစ်တတ်​သော အလုံး အဖု အကြိတ် အမျိုးမျိုး, 👉ရင်သား အဖုအကြိတ် အလုံးအမျိုးမျိုး,
👉အသားပို အမျိုးမျိုး,
👉မှဲ့အမျိုးမျိုး
👉 အမျိုးသား အမျိုးသမီး တို့၏ သက်ဆိုင်ရာ ​နေရာများတွင် ဖြစ်တတ်​သော အကြိတ် အမျိုးမျိုး

တို့ကိုကျွမ်းကျင် ဆရာ၀န် များနှင့် သက်​တောင့်သက်သာ ရှိရှိ လွတ်လပ်စွာ တိုင်ပင် ​ဆွေး​​နွေးချင်လျှင်​သော်လည်း​ကောင်း, ခွဲစိတ် ဖြတ်ထုတ်ချင်လျှင်​သော်လည်း​ကောင်း ​ဆေးခန်းဖုန်း
09 76 10 11 397 သို့ ဆက်သွယ် booking ယူ၍ ပြသနိုင်ပါပြီ။
Photo credit to original uploader

Address

No. 7, Awaiyar Street, Ward 8, Hledan, Kamaryut Township
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959761011397

Website

Alerts

Be the first to know and let us send you an email when Ziwaka Clinic Hledan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ziwaka Clinic Hledan:

Share