01/09/2026
ဘယ်တော့မှ မရိုးတာဟာ “ရိုးရာပါ” 🌿❤️
ရှမ်းခေါက်ဆွဲဆိုတာ ရှမ်းတိုင်းရင်းသားတိုရဲ့ ရိုးရာအစားအစာတစ်မျိုးဖြစ်ပြီး မြန်မာရိုးရာအစားအစာတွေထဲမှာ ရိုးရိုးရှင်းရှင်းနဲ့ လူကြိုက်များတဲ့ အစားအစာတစ်မျိုးပါ။ 🌿
နူးနူးညံ့ညံ့ ခေါက်ဆွဲဖတ်လေးကို ခရမ်းချဉ်သီးအနှစ်နဲ့ အသားအရသာမွှေးမွှေးလေး ရောစပ်ပြီး စားရတဲ့အပြင် ကြက်သွန်ဖြူဆီမွှေးလေးနဲ့ မြေပဲလှော်၊ ကြက်သွန်ဖြူကြော်လေးတွေ ဖြူးပေးလိုက်ရင် ရိုးရာရှမ်းအရသာက ပိုပြီးပြည့်စုံသွားပါတယ်။ 🍅🥜🧄✨
ရှမ်းခေါက်ဆွဲကို စားတဲ့အခါမှာလည်း ဟင်းရည်တစ်ခွက်၊ ရှမ်းချဉ်လေးနဲ့ ငရုတ်သီးကြော်အထောင်း လေးနဲ့ တွဲဖက်စားရင် ချဉ်ချဉ်စပ်စပ်လေးနဲ့ အရသာပိုထူးခြားလာပါတယ်။ 🍜🌶️🥬
အရသာကို များများထည့်ပြီး ဆန်းသစ်ထားတာမဟုတ်ဘဲဒေသရဲ့ ရိုးရာအရသာကို ရိုးရိုးရှင်းရှင်း ထိန်းသိမ်းထားနိုင်တာကပဲ ရှမ်းခေါက်ဆွဲရဲ့ မှတ်ကျောက်တစ်ခုပါ။ ❤️🌿
ရှမ်းပြည်ရဲ့ တောင်တန်းလေထု၊ ရိုးရာယဉ်ကျေးမှုနဲ့ အစားအစာအရသာတွေကို ရန်ကုန်မှာ ခံစားချင်တယ်ဆိုရင်တော့… Shwe Yee ရဲ့ ရှမ်းခေါက်ဆွဲတစ်ပွဲက ရိုးရာအရသာကို မိတ်ဆက်ပေးနိုင်တဲ့ အကောင်းဆုံး အစားစာလေးတစ်မျိုးပါ။ 🍜🏔️
“ရိုးရှင်းတဲ့အရသာ မရိုးနိုင်တဲ့အရသာ” ကို စားကြည့်ချင်ရင်တော့ “Shwe Yee” သို ကြွလှမ်းခဲ့ဖို ဖိတ်ခေါ်ပါတယ်ရှင်။ 🥰🍜
🏠 ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ
📍ဆိုင်(၁)- အမှတ် (၂၇)၊ မဟာဘောဂလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြိုနယ်။
☎️- 𝟬𝟭𝟳𝟱𝟬𝟭𝟭𝟲𝟱 , 𝟬𝟵 𝟰𝟮𝟬 𝟱𝟰𝟯 𝟬𝟯𝟰
📍 ဆိုင် (၂)- ပြည်သူ့ရင်ပြင်၊ ဓမ္မစေတီလမ်းဝင်ပေါက် လေယာဉ်ပျံနှစ်စီး အနောက်ဘက် ။
☎️- 𝟬𝟵𝟴𝟵𝟭𝟲𝟭𝟳𝟮𝟱𝟱
⏰ဆိုင်ဖွင့်ချိန်ကတော့ #မနက ၆ နာရီ မှ ညနေ ၆ နာရီ