12/09/2023
" လွိုင်လင်လေးမြို့ "
လွိုင်လင်လေးမြို့သည် #ရှမ်းအခေါ်အဝေါ်မြို့ဖြစ်ပြီး
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်တည်ရှိသည်။
လွိုင်လင်လေးမြို့သည် လွိုင်ကော်မြို့၏ မြောက်ဖက်
လွိုင်ကော်-ဆီဆိုင်လမ်းမကြီးပေါ် ရှမ်း-ကယားအစပ်တွင် တည်ရှိပါသည်။
လွိုင်လင်လေးမြို့၏ အရှေ့ဘက်တွင်
လွိုင်ကော်မြို့နယ်မှ
#ထီးစဲခါးကျေးရွာအုပ်စုနှင့် #တီးလုံကျေးရွာအုပ်စု၊
အနောက်ဘက်တွင် #ပိန်းချစ်ကျေးရွာအုပ်စု၊
တောင်ဘက်တွင် #လွိုင်ကော်မြို့နယ်နှင့်
မြောက်ဘက်တွင်
ရှမ်းပြည်နယ် #ဆီဆိုင်မြို့နယ်တို့ တည်ရှိသည်။
လွိုင်လင်လေးမြို့၏ အကျယ်အဝန်းမှာ
အရှေ့-အနောက် ၄.၃၈ မိုင်၊
တောင်မြောက် ၂.၉၄ မိုင်နှင့်
ဧရိယာ စတုရန်းမိုင်ပေါင်း ၅၉၈.၀၆ မိုင်ခန့်
ကျယ်ဝန်းပါသည်။
လွိုင်လင်လေးမြို့သည် ယခင်က လွိုင်လင်လေးအုပ်စု
အဆင့်သာရှိပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့တွင် လွိုင်လင်လေးမြို့အဖြစ် တိုးချဲ့ဖွင့်လှစ်လိုက်သည်။
လွိုင်လေးမြို့သည် ပင်လယ်ရေမျက်နှာပြင်
အမြင့်ပေ (၂၅၅၅) ဝန်းကျင်ခန့်တွင် တည်ရှိပြီး
ရာသီဥတုသာယာပါသည်။
ရှေးယခင်က စော်ဘွားများလက်ထက်တွင် ထီးစဲခါးတိုက်နယ်အဖြစ် သတ်မှတ်၍ စော်ဘွားလက်အောက်ခံ လက်ထောက်မြို့ပိုင် (၁) ဦးမှ အုပ်ချုပ်စေသည်။
တိုက်နယ်အတွင်းရှိ စိုက်ပျိုးသီးနှံများမှ အမျိုးအမည်အလိုက် ၁၀ ချိုး ၁ ချိုး ကို လက်ထောက်မြို့ပိုင်များမှတစ်ဆင့် ကန္ဒရဝတီ(လွိုင်ကော်)စော်ဘွားထံ အခွန်ပေးဆောင်ရသည်။
အဆိုပါစနစ်ကို ၁၉၇၂ တွင် အပြီးဖျက်သိမ်းကာ
#လွိုင်လင်လေးကျေးရွာအုပ်စု၊
#ထီးစဲခါးကျေးရွာအုပ်စုနှင့်
#တီးလုံကျေးရွာအုပ်စုများအဖြစ်
ပြင်ဆင်သတ်မှတ်ခဲ့သည်။
ထို့နောက်မှ ၂၀၁၇ ခုနှစ် အောက်တိုဘာ (၂၂) ရက်နေ့တွင် လွိုင်လင်လေးမြို့အဖြစ် တိုးမြှင့် ပြောင်းလဲသတ်မှတ်လိုက်သည်။
အလုပ်အကိုင်
**********
တောင်ယာ၊လယ်ယာလုပ်ငန်းများကို
အဓိက လုပ်ကိုင်ကြသည်။အဓိကစိုက်ပျိုးသည့်
သီးနှံများမှာ ပြောင်းနှင့် ဆန်စပါးတို့ဖြစ်သည်။
လူဦးရေနှင့်လူမျိုးများ
****************
၂၀၂၀ ခုနှစ်တွင်
လွိုင်လင်လေးမြို့၌ လူဦးရေ ၃,၇၈၃ ဦးခန့်ရှိသည်။
ရှမ်းလူမျိုးများ အများဆုံးနေထိုင်ပြီး
ကယား၊ကယန်းတို့မှာ ဒုတိယအများဆုံးနေထိုင်ကြသည်။
ထို့အပြင် ဗမာနှင့် အခြားတိုင်းရင်းသားများလည်း အနည်းငယ် နေထိုင်ကြပါသည်။
ယုံကြည်ကိုးကွယ်မှု
**************
#ဗုဒ္ဓဘာသာကို
အများဆုံးကိုးကွယ်ပြီး #ခရစ်ယာန်ဘာသာကို
ဒုတိယ အများဆုံးကိုးကွယ်ကြသည်။
ထင်းရှားသည့်နေရာ
**************
လွိုင်လင်လေးမြို့၏ ထင်ရှားသော နေရာမှာ
လွိုင်လင်လေးမြို့၏ မြောက်ဖက် ရှမ်း-ကယား
နယ်စပ်ရှိ ထီးစဲခါးရေတံခွန်မှာ ထင်ရှားပါသည်။
#ထီးစဲခါးရေတံခွန်သည်
ရေတံခွန်ငယ်များပေါများပြီး နွေရာသီအချိန်တွင်
ရေချိုးအပန်းဖြေပါက အသင့်တော်ဆုံးဖြစ်ပါသည်။
ထို့အပြင် ဗုဒ္ဓဘာသာဝင်များအတွက်
ထီးစဲခါးရေတံခွန်အနီးရှိ စေတီဘုရားများတွင်
ဆုတောင်ဝတ်ပြုကာ ကုသိုလ်ယူနိင်သည်။
ထီးစဲခါးရေတံခွန်ပတ်ပတ်လည်ရှိ
စားသောက်ဆိုင်၊ဈေးဆိုင်များတွင်လည်း
ဝင်ရောက်ကာ စားသောက်အနားယူနိင်ပါသေးသည်။
နိင်ငံရေးအခြေအနေမဆိုးရွားခင်နှင့်
ကိုဗစ် 19 ရောဂါမပေါ်ပေါက်ခင် ၂၀၂၀ မတ်လကုန်ထိ
အချိန်တွင် ပြည်တွင်း ပြည်ပမှ ဘုရားဖူးများ၊ လာရောက်လည်ပတ်သူများဖြင့် အမြဲစည်ကားလျှက်ရှိသည်။
Credit
ရေး ~ U Bosco (History)
14.10.2021/Thursday
Pm - 9:15
***************************************
" #ထီးစဲခါးရေတံခွန် "
အကြောင်းကို ဆက်လက်ဖတ်ရှုလိုပါက
အောက်ပါလင့်ခ်ကို နှိပ်၍ ဆက်လက်ဖတ်ရှုနိင်ပါသည်။
https://www.facebook.com/106768125088053/posts/113818574383008/
***************************************
" ဘောလခဲမြို့နယ် "
အကြောင်းကို ဆက်လက် ဖတ်ရှုလိုပါက
အောက်ပါ Link ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိင်ပါသည်။
https://www.facebook.com/106768125088053/posts/118597967238402/
#စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါသည်။
စာရေးသူအားလေးစားလျှက်ပါ😘😘😘