25/09/2021
စတူဂျရွန် Stugeron (စင်နရီဇင်း - Cinnarizine tablets) 25 mg
♦♦♦♦♦♦♦♦♦♦♦♦
Generic name - Cinnarizine
Brand name - Stugeron, Cinnarizine, Cinazin, Memorin, Stugeron, Sturon, Vertinil, Vertigon,Veridon (with Domperidone)
🔹 ကား၊ ရထား၊ လေယာဉ်ဖြင့် ခရီးသွားရာတွင် မူးဝေခြင်း၊ ပျို့အန်ခြင်း၊ နားအတွင်း အရည်များ များပြားလာပြီး နားအတွင်း ဖိအား ပြောင်းလဲသဖြင့် ဖြစ်ပွားသည့် ရောဂါ (Meniere's disease)၊ နားအူခြင်း (tinnitus) နှင့် ချာချာလည် မူးဝေခြင်း (vertigo) တို့အတွက် အသုံးပြုပါသည်။
🔹 Calcium Channal Blocker ဖြစ်သဖြင့် သွေးကြောများ ကျယ်စေရန် အတွက်လည်း အသုံးပြုပါသည်။
🔹 အတွင်းနားရှိ အာရုံကြောများသည် သင်၏ လှုပ်ရှားမှုများကို ဦးနှောက်သို့ သတင်းအချက်အလက်များပေးပို့ရသည်။ မျက်စိနှင့် ကြွက်သားများက ပေးပို့သည့် အချက်အလက်များနှင့်အတူ အာရုံကြောများသည် ခန္ဓာကိုယ်ကို ကောင်းမွန်သော အခြေအနေမှာ ရှိနေအောင် ချိန်ညှိပေးသည်။
🔹 သင်၏ နားတစ်ဘက်က ပေးပို့သော အချက်အလက်များသည် များလွန်းခြင်း၊ နည်းလွန်းခြင်း သို့မဟုတ် အချက်အလက်မှားများကို ဦးနှောက်သို့ ပေးပို့လာလျှင် ၎င်းသည် အခြားနားတစ်ဘက်၊ မျက်စိများ သို့မဟုတ် ခန္ဓာကိုယ်က ပေးပို့သော အချက်အလက်များနှင့် ကွဲပြားဆန့်ကျင်လာသည်။
🔹 ဦးနှောက်သည် ရှုပ်ထွေးသော အချက်အလက်များကို ရရှိပြီး မူးနောက်ကာ ချာချာလည် မူးလာ၍ ပျို့အန်ချင်လာမည်။
ဆေးညွှန်းနှင့် အသုံးပြုပုံ
♦♦♦♦♦♦♦♦
🔹 အရွယ်ရောက်ပြီး လူကြီးများနှင့် အသက် (၅) နှစ်အထက် ကလေးများ သောက်နိုင်ပါသည်။
🔹 တစ်နေ့လျှင် (၃) ကြိမ် သောက်နိုင်ပါသည်။
🔹 ခရီးသွားလျှင် မူးဝေတတ်သူများက ခရီးမထွက်ခင် (၂) နာရီကြို၍ စတင်သောက်ရမည်။
🔹 ခရီးရှည်သွားရလျှင် လိုအပ်ပါက (၈) နာရီခြား တစ်ကြိမ် သောက်နိုင်ပါသည်။
🔹 ဆေးကို အစာစားပြီးနောက် သောက်ရပါမည်။
🔹 ဆေးသောက်ပြီး တစ်နာရီအတွင်း အာနိသင် ပြပါသည်။ ဆေးအာနိသင်သည် ၆-၈ နာရီအထိ အာနိသင် ရှိနေမည် ဖြစ်သည်။
🔹 ဤဆေးသောက်နေစဉ်အတွင်း အရက်ကို ရှောင်ကြဉ်ပါ သို့မဟုတ် လျှော့သောက်ပါ။
🔹 ကိုယ်ဝန်သည်များနှင့် နို့တိုက်မိခင်များသည် အထူးမလိုအပ်ပါက မသောက်သုံးသင့်ပါ။
ဘေးထွက်ဆိုးကျိုးများ
♦♦♦♦♦♦♦♦
🔹 အိပ်ငိုက်ခြင်း
မတည့်သည့်အရာနှင့် ထိတွေ့သည့် အခါတိုင်း ခန္ဓာကိုယ်မှ ဒုက္ခပေးတတ်သည့် ဒြပ်ပေါင်းတစ်မျိုးဖြစ်သော ဟစ္စတာမင်း (Histamine) ကိုတုံ့ပြန်သော antihistaminic ဆေးတစ်မျိုး ဖြစ်သည်။
ဆေးသောက်ခြင်းကြောင့် အိပ်ငိုက်စေနိုင်သဖြင့် ဆေးသောက်နေစဉ်အတွင်း ကားမမောင်းရ၊ စက်ကိရိယာများ ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါ။
🔹 ဆေးသောက်နေစဉ် အရက်မသောက်ရပါ။ သောက်ပါက ဘေးထွက်ဆိုးကျိုးကို ပိုဖြစ်စေမည်။
- ကိုယ်အလေးချိန်တိုးခြင်း
- အစာမကြေခြင်း
- ပျို့အန်ခြင်း
- ဗိုက်နာခြင်း
- ချွေးထွက်လွန်ခြင်း
- မောပန်းခြင်း၊ အားနည်းခြင်း၊
- ခေါင်းကိုက်ခြင်း၊
- ခံတွင်းခြောက်သွေ့ခြင်း၊
- အကြောများဆွဲခြင်း၊
- မျက်လုံးနှင့် အသားဝါခြင်း၊
- သွားရည်ထွက်များခြင်း၊
- မျက်နှာ၊ နှုတ်ခမ်း၊ မျက်ခွံ၊ လျှာ၊ လက်နှင့် ခြေများ ရောင်ရမ်းခြင်း၊
- စိတ်ဓာတ်ကျခြင်း
- ကြွက်သားများ တောင့်တင်းခြင်း၊ တုံတုံယင်ယင်ဖြစ်ခြင်း၊
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ...
Maung Latt (Chemistry)............................................
References :
https://patient.info/medicine/cinnarizine-tablets-stugeron
https://www.google.com/amp/s/www.practo.com/medicine-info/amp/stugeron-25-mg-tablet-21812
https://en.m.wikipedia.org/wiki/Cinnarizine
Cinnarizine is an antihistamine used to treat Ménière's disease, travel sickness, vertigo and other balance or movement problems.