Mya Than Su Pharmacy Bogyoke Market

Mya Than Su Pharmacy Bogyoke Market medicine

13/08/2026

ရန်ကုန်မိုးကြီးရေလျှံရတဲ့အထဲ
ကာလဝမ်းက မြွေကိုက်လူနာတွေပါ အဖော်ခေါ်လာတယ်။ အပြင်စာကြိုက်တဲ့ ကျနော်တို့လူမျိုးတွေနဲ့ ကာလဝမ်းရောဂါက အချိန်ကိုက်ပါပဲ။
ပထမတစ်ခါတုန်းက ဒလ သာကေတ
ခုတစ်ခါက လသာ လမ်းမတော် စမ်းချောင်း ကြည့်မြင့်တိုင်က လူနာတွေ အဖြစ်များပါတယ်။
ခုကာလဝမ်းရောဂါက တွေ့ဖူးသမျှ ကြုံဖူးသမျှထဲ တော်တော်ပြင်းထန်တဲ့အထဲပါတယ်။ Comorbid disease များတဲ့လူနာတွေဆို အသက် အ​န္တာရာယ်ထိခိုက်နိုင်လောက်အောင်ကို ဆိုးရွားလှပါတယ်။
ကျောက်ကပ်ထိခိုက်လို့ ဆီးနှင့်ကျောက်ကပ်ဌာနနဲ့တိုင်ပင်ပြီး ကုသရတဲ့လူနာတွေလည်း ရှိနေပါတယ်။

ဆန်ဆေးရည်လိုဝမ်းအရည်သွားခြင်း
ငါးညှီနံ့လို ညှီစို့စို့နံခြင်း
ဝမ်းလျှောအကြိမ်အရေအတွက် ပမာဏများခြင်း
အချိန်ခနလေးအတွင်း ပြင်းထန်ဆိုးရွားသော ရေဓါတ်ခမ်းခြောက်ခြင်း စသော လက္ခဏာများသည် ကာလဝမ်းရဲ့ အဓိကကျသော အချက်များဖြစ်ပါတယ်။
ဒီအချက်တွေရှိလာရင် မပေါ့ဆဘဲ နီးစပ်ရာ ဆရာဝန်နဲ့ သေချာကုသမှုခံယူရပါမယ်။

သွေးကျဆေး ဆီးချိုဆေး စတဲ့ဆေးဝါးတွေကို ပုံမှန်သောက်နေရတဲ့ လူနာတွေ ဝမ်းလျှောဝမ်းပျက်ရင် ဒီဆေးတွေကို ပမာဏပြောင်းလဲဖို့လိုအပ်ပါမယ်။ ဒါကြောင့်မိမိပြသနေကျ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့လိုပါတယ်။

သွေးတိုးသမား ဝမ်းလျှောလို့ ဓါတ်ဆားရည်သောက်ရလို့ သွေးတိုးပိုဆိုးတာမရှိကြောင်းလည်း အသိပေးလိုပါတယ်။ ရဲရဲသောက်သုံးဖို့အကြံပြုပါတယ်။

ကာကွယ်ဖို့က ယင်နားစာမစားဖို့ အစားအသောက်တွေ သေချာ cover လုပ်ဖို့ အစာမစားမီလက်သေချာဆေးဖို့ ဝမ်းလျှောလူနာ အညစ်အကြေးများ စနစ်တကျစွန့်ပစ်ဖို့ လုပ်ဆောင်ရပါမယ်။
အမျိုးများအားလုံး ကာလဝမ်းရောဂါဘေးမှ ကင်းဝေးသက်သာနိုင်ပါစေ။

17/04/2026
29/03/2026

📢 သတိပေးချက် - ဒါက ရိုးရိုးပူတာမဟုတ်ဘူး "တိတ်တဆိတ်အန္တရာယ်" ပါ! ☀️🔥

ဒီနှစ်နွေကတော့ တကယ်ကို ထူးထူးခြားခြား ပြင်းထန်နေပါပြီ။ မနက်ခင်း နေထွက်တာနဲ့ အပူက ပါလာပြီ၊ နေ့လယ်ဆို မြေပြင်က လောင်မြိုက်နေရောပဲ။ ပိုဆိုးတာက ညနေရောက်ရင် လေပြင်း၊ မိုးကြိုးနဲ့ မိုးသီးကြွေတာတွေ တပြိုင်နက် ဖြစ်လာနိုင်တဲ့ အခြေအနေပါ။

🌡️ ဘာကြောင့် ဒီလောက် ပူနေရတာလဲ?
အဓိကက "ကုန်းတွင်းအပူဖိအားနည်းရပ်ဝန်း" ကြောင့်ပါ။ မြေပြင်က အပူတွေကို ပြန်လွှတ်တယ်၊ လေပူတွေ အပေါ်တက်သွားပြီး အောက်မှာ ဖိအားနည်းရပ်ဝန်းဖြစ်တော့ ကျွန်တော်တို့က "မီးဖိုနားမှာ ထိုင်နေရသလို" အပူဒဏ်ကို တိုက်ရိုက်ခံစားနေရတာပါ။

⛈️ အပူနဲ့အတူ ဘာတွေပါလာမလဲ? (သတိထားရန်!)
၁။ ညနေပိုင်း မိုးသက်လေပြင်း (မိုးမရွာခင် လေက အရင်ကြမ်းတတ်တယ်)
၂။ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်း
၃။ မိုးသီးကြွေခြင်း (အထူးသဖြင့် မြောက်ပိုင်းနဲ့ တောင်တန်းဒေသများ)

📍 ဒေသအလိုက် အန္တရာယ်အဆင့်
အညာဒေသ (မန္တလေး၊ မကွေး၊ စစ်ကိုင်း)၊ နေပြည်တော်၊ ပဲခူးမြောက်ပိုင်း: အပူချိန် 40°C ကျော်မယ်။ မီးဘေးနဲ့ အပူလျှပ် (Heatstroke) အန္တရာယ် အမြင့်ဆုံးပဲ။

ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတောင်ပိုင်း: အပူချိန်ထက် အိုက်စပ်မှုက ပိုပြင်းမယ်။ အသက်ရှူရခက်ပြီး မူးဝေတာမျိုး ဖြစ်နိုင်ပါတယ်။

မြောက်ပိုင်းနှင့် တောင်တန်းဒေသများ: မိုးတိမ်တောင်တွေ အားကောင်းလို့ မိုးကြမ်း၊ မိုးသီးနဲ့ လေပြင်း ဒဏ်ကို သတိထားပါ။

💡 ပြည်သူများအတွက် အရေးကြီး အကြံပြုချက်
✅ 11 AM – 4 PM: မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။ ထွက်ရရင် အကာအကွယ်ယူပါ။
✅ ရေများများသောက်ပါ: ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပါ။
✅ လေပြင်းသတိပြု: သစ်ပင်အို၊ ကြော်ငြာဘုတ်အောက် မနေပါနဲ့။
✅ မိုးကြိုးသတိ: မိုးသက်လေပြင်းကျချိန် ဖုန်းအသုံးပြုမှုကို လျှော့ချပါ။

ဒီအပူလှိုင်းကို သတိရှိရှိနဲ့ အတူတူ ကျော်ဖြတ်ကြရအောင်ပါ။ မိသားစုနဲ့ သူငယ်ချင်းတွေကို သိအောင် Share ပေးလိုက်ပါဦး။ 🙏

#မိုးလေဝသ #အပူဒဏ်သတိပြု

Address

Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00

Telephone

+959785090017

Website

Alerts

Be the first to know and let us send you an email when Mya Than Su Pharmacy Bogyoke Market posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mya Than Su Pharmacy Bogyoke Market:

Shortcuts

Share