Royal Care Plus Myanmar

Royal Care Plus Myanmar “To provide comprehensive, high-quality healthcare services that meet diverse medical needs under one roof

🌟 𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐭𝐨 𝐎𝐮𝐫 𝐀𝐮𝐠𝐮𝐬𝐭 𝐒𝐭𝐚𝐫𝐬! 🥳✨Royal Care Plus မိသားစုရဲ့ August လဖွား မွေးနေ့ရှင်လေးများအားလုံး မွေးနေ့မှသည် န...
06/08/2026

🌟 𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐭𝐨 𝐎𝐮𝐫 𝐀𝐮𝐠𝐮𝐬𝐭 𝐒𝐭𝐚𝐫𝐬! 🥳✨

Royal Care Plus မိသားစုရဲ့ August လဖွား မွေးနေ့ရှင်လေးများအားလုံး မွေးနေ့မှသည် နောင်လာမည့်နေ့ရက်တိုင်းမှာ -

✨ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပါစေ။
✨ လိုရာဆုတိုင်း ပြည့်စုံပြီး ကောင်းမွန်တဲ့ ကံတရားတွေကိုပဲ ပိုင်ဆိုင်နိုင်ကြပါစေ။
✨ လုပ်ငန်းခွင်မှာရော၊ ပြင်ပဘဝမှာပါ အောင်မြင်မှုများစွာနဲ့ ပျော်ရွှင်စရာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေကြောင်း Royal Care Plus မိသားစုကနေ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 💙✨

💙 ဩဂုတ်လ (၁) ရက်နေ့တွင် မြန်မာနိုင်ငံဆရာဝန်များအသင်း (MMA) နှင့် GI & Liver Foundation (GLF) တို့ ပူးပေါင်းကျင်းပသော Wor...
02/08/2026

💙 ဩဂုတ်လ (၁) ရက်နေ့တွင် မြန်မာနိုင်ငံဆရာဝန်များအသင်း (MMA) နှင့် GI & Liver Foundation (GLF) တို့ ပူးပေါင်းကျင်းပသော World Hepatitis Day 2026 အထိမ်းအမှတ် ကျန်းမာရေးအသိပညာပေးပွဲတွင် Royal Care Plus မှ ဂုဏ်ယူစွာဖြင့် ပါဝင်ခဲ့ပါသည်။

ပွဲအတွင်း Royal Care Plus Booth သို့ လာရောက်လေ့လာအားပေးခဲ့ကြသော ဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ 💙

“Solid Habits, Strong Liver” ဆိုသည့် ရည်ရွယ်ချက်အတိုင်း အသည်းကျန်းမာရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့် ပြည်သူများ၏ ကျန်းမာသောဘဝကို အထောက်အကူပြုနိုင်ရန် Royal Care Plus မှ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

💙 Together, let’s build healthier lives with stronger liver health.

30/07/2026

Royal Care Plus Myanmar မှ MMDA၊ MSEM တို့နဲ့ ပူးပေါင်းကျင်းပခဲ့တဲ့ "The New Era of Comprehensive Type 2 Diabetes Management" Scientific Launch Symposium သို့ တက်ရောက်လာကြသော ဆရာဝန်များရဲ့ အမှတ်တရစကားလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ✨

အမျိုးအစား (၂) ဆီးချိုရောဂါ စောင့်ရှောက်ကုသမှု ကဏ္ဍအတွက် ခေတ်မီဆေးဝါးသစ်များနဲ့ နည်းလမ်းသစ်များရဲ့ အရေးပါမှုအပေါ် ဆရာဝန်များက ဘယ်လို သုံးသပ်ထားကြသလဲဆိုတာ ဗီဒီယိုလေးမှာ အတူတူ ကြည့်ရှုလိုက်ရအောင်နော်... 🎥👇

30/07/2026

"The New Era of Comprehensive Type 2 Diabetes Management" Scientific Launch Symposium ကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ! 💙✨

ဆေးပညာအတွေ့အကြုံများနဲ့ ခေတ်မီကုထုံးအသစ်များကို တက်ကြွစွာ ပါဝင်ဆွေးနွေးပေးကြတဲ့ ဆရာကြီး၊ ဆရာမကြီးများနဲ့ ပညာရှင် အသီးသီးကို အထူးပင် ကျေးဇူးတင်ရှိပါတယ် 👏

ဆွေးနွေးပွဲရဲ့ တန်ဖိုးရှိလှတဲ့ အမှတ်တရတွေကို ကြည့်ရှုနိုင်ဖို့ Highlight ပုံရိပ်များကို ပြန်လည်မျှဝေပေးလိုက်ရပါတယ် 🎥👇

🪷 ဝါဆိုလပြည့်နေ့ဟာ မြတ်စွာဘုရားရှင်က မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား "ဓမ္မစကြာဒေသနာတော်" ကို စတင်ဟောကြားတော်မူခဲ့တဲ့...
29/07/2026

🪷 ဝါဆိုလပြည့်နေ့ဟာ မြတ်စွာဘုရားရှင်က မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား "ဓမ္မစကြာဒေသနာတော်" ကို စတင်ဟောကြားတော်မူခဲ့တဲ့ ထူးမြတ်လှသော နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။

✨ မင်္ဂလာရှိသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မြတ်သမယတွင် မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းအပေါင်းနှင့် ပြည့်စုံကြပြီး

✨ ဝါဆိုသင်္ကန်းနဲ့ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်ကာ ကုသိုလ်ကောင်းမှုအဖြာဖြာကို သယ်ပိုးဆောင်ရွက်ရင်း ဘေးဘယာဝေးကွာ ငြိမ်းချမ်းသာယာသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Royal Care Plus မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🏻

#ဓမ္မစကြာအခါတော်နေ့ #ဝါဆိုလပြ

ယနေ့ကျရောက်တဲ့ World Hepatitis Day (ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့) အား Royal Care Plus မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်... 💙...
28/07/2026

ယနေ့ကျရောက်တဲ့ World Hepatitis Day (ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့) အား Royal Care Plus မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်... 💙

Royal Care Plus ဟာ အများပြည်သူတို့ရဲ့ ကျန်းမာရေးနဲ့ လူနေမှုဘဝ မြှင့်တင်ရေးအတွက် အစဉ်တစိုက် အလေးထား ဆောင်ရွက်လျက်ရှိရာ

World Hepatitis Day 2026 မှာလည်း "Solid Habits, Strong Liver" မူဝါဒနဲ့အညီ မြန်မာနိုင်ငံဆရာဝန်များအသင်း (MMA) နဲ့ GI & Liver Foundation (GLF) တို့က ကြီးမှူးကျင်းပတဲ့ အထူးကျန်းမာရေးပွဲကြီးမှာ ပါဝင်အားဖြည့်သွားမှာ ဖြစ်ပါတယ်။

🏥 ပွဲတော်တွင် ပါဝင်မည့် အစီအစဉ်များ

• အသည်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ
• အသည်းရောင် အသားဝါ B ပိုး၊ C ပိုး အခမဲ့ စစ်ဆေးပေးခြင်း
• အသည်းရောင် အသားဝါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်း

🗓 ကျင်းပမည့်ရက်- ဩဂုတ်လ ၁ ရက်၊ ၂၀၂၆ (စနေနေ့)
📍 ကျင်းပမည့်နေရာ- မြန်မာနိုင်ငံ ဆရာဝန်များအသင်း (MMA)

လူကြီးမင်းတို့ရဲ့ အသည်းကျန်းမာရေးအတွက် လာမယ့် ဩဂုတ်လ (၁) ရက် (စနေနေ့) တွင် ကျင်းပမည့် ပွဲကြီးသို့ ကြွရောက်ပါဝင်ကြပါရန် Royal Care Plus မိသားစုမှ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။ 💙

✨ The New Era of Comprehensive Type 2 Diabetes Management – Scientific Launch Symposium ✨Royal Care Plus Myanmar မှ MMDA...
26/07/2026

✨ The New Era of Comprehensive Type 2 Diabetes Management – Scientific Launch Symposium ✨

Royal Care Plus Myanmar မှ MMDA နှင့် MSEM တို့ ပူးပေါင်းကျင်းပခဲ့သော “The New Era of Comprehensive Type 2 Diabetes Management – Scientific Launch Symposium” ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ မျှဝေအပ်ပါသည်။ 💙

ယခုဆွေးနွေးပွဲတွင် ဆီးချိုရောဂါ စောင့်ရှောက်ကုသရေးဆိုင်ရာ နောက်ဆုံးပေါ် ဆေးပညာဗဟုသုတများ၊ ခေတ်မီကုသရေးနည်းလမ်းများနှင့် ဆေးဝါးသစ်များအကြောင်းကို အတွေ့အကြုံများဖြင့် မျှဝေပေးခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ထို့အပြင် အချိန်ပေး၍ တက်ရောက်အားပေးခဲ့ကြသော ဆရာဝန်ကြီးများ၊ ကျန်းမာရေးပညာရှင်များနှင့် ပါဝင်ဆွေးနွေးခဲ့ကြသူအားလုံး၏ စိတ်ဝင်စားမှုနှင့် အားပေးမှုတို့ကြောင့် ယခု Symposium ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

Royal Care Plus Myanmar အနေဖြင့် မြန်မာနိုင်ငံ၏ ဆီးချိုရောဂါစောင့်ရှောက်ကုသရေးကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ပညာရပ်ဆိုင်ရာ အစီအစဉ်များကို ဆက်လက်ဖန်တီးပေးသွားမည်ဖြစ်ပါသည်။

🙏 ကြွရောက်ချီးမြှင့်ပေးခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများနှင့် ပါဝင်အားပေးခဲ့ကြသူအားလုံးကို Royal Care Plus Myanmar မှ အထူးလေးစားစွာဖြင့် ကျေးဇူးအထူးတင်ရှိပါသည်။

⏳ ပွဲစဖို့ နာရီပိုင်းပဲ ကျန်ပါတော့တယ်! 💙The New Era of Comprehensive Type 2 Diabetes Management ကို အတူတကွ ဖွင့်လှစ်မယ့်...
26/07/2026

⏳ ပွဲစဖို့ နာရီပိုင်းပဲ ကျန်ပါတော့တယ်! 💙

The New Era of Comprehensive Type 2 Diabetes Management ကို အတူတကွ ဖွင့်လှစ်မယ့် အချိန်ရောက်လာပါပြီ!

ဆီးချိုရောဂါ စောင့်ရှောက်ကုသမှုကဏ္ဍမှာ ခေတ်မီဆေးဝါးသစ်များ နဲ့ ကုသရေးနည်းလမ်းအသစ်များ ဘယ်လိုပြောင်းလဲတိုးတက်လာနေသလဲဆိုတာကို နိုင်ငံတစ်ဝန်းမှ ဆရာကြီး၊ ဆရာမကြီးများရဲ့ အတွေ့အကြုံများ၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးချက်များနဲ့အတူ တစ်နေရာတည်းမှာ လေ့လာခွင့်ရမယ့် အခွင့်အရေးကောင်းတစ်ခုပါ။

Royal Care Plus Myanmar မှ MMDA နှင့် MSEM တို့ ပူးပေါင်းကျင်းပတဲ့ Scientific Launch Symposium မှာ ဆီးချိုရောဂါကုသရေးအတွက် ဆေးဝါးအသစ်ကို တရားဝင် မိတ်ဆက်ပေးသွားမှာ ဖြစ်လို့ Healthcare Professionals များ မလွတ်တမ်း ပါဝင်သင့်တဲ့ ပွဲကြီးတစ်ပွဲဖြစ်ပါတယ်။

📅 Date: Today | 26 July 2026 (Sunday)
⏰ Time: 12:30 PM – 3:00 PM

💻 Zoom Webinar
🔹 Meeting ID: 893 7115 4032
🔹 Passcode: dapazain10

📲 နောက်ဆုံးပုံမှာပါတဲ့ QR Code ကို Scan ဖတ်ပြီးလည်း တိုက်ရိုက် Join လုပ်နိုင်ပါတယ်။

21/07/2026

ဆီးချိုရောဂါ စောင့်ရှောက်ကုသမှုမှာ ပိုမိုထိရောက်တဲ့ နည်းလမ်းအသစ်တွေ၊ ခေတ်မီဆေးဝါးသစ်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိ အရေးပါလာသလဲ?

Royal Care Plus Myanmar မှ MMDA၊ MSEM တို့နှင့် ပူးပေါင်း၍ ကျင်းပမည့် "The New Era of Comprehensive Type 2 Diabetes Management" (Scientific Launch Symposium) မှာ ဆရာကြီး၊ ဆရာမကြီးများ၏ အဖိုးတန် ဆေးပညာအတွေ့အကြုံများနှင့်အတူ ဆီးချိုရောဂါကုသရေး ဆေးဝါးအသစ်များကိုပါ တရားဝင် မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မယ့် ဒီဆွေးနွေးပွဲကြီးကို ဆရာဝန်ကြီးများနှင့်အတူ စိတ်ပါဝင်စားသူ ပညာရှင်များအားလုံး အောက်ပါ Zoom Link မှတစ်ဆင့် တက်ရောက်ဆွေးနွေးနိုင်ပါပြီ။ 💙

📅 ကျင်းပမည့်ရက်စွဲ: ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် (တနင်္ဂနွေနေ့)

⏰ အချိန်: နေ့လည် ၁၂:၃၀ နာရီ မှ ညနေ ၃:၀၀ နာရီအထိ

💻 Zoom Webinar အချက်အလက်များ:
Meeting ID: 893 7115 4032
Passcode: dapazain10 (သို့မဟုတ် QR Code Scan ဖတ်၍ တက်ရောက်နိုင်ပါသည်။)

🎂 Celebrating Our July Stars! ✨Join us in wishing a very Happy Birthday to our amazing team members born in July! 💙✨ Nan...
21/07/2026

🎂 Celebrating Our July Stars! ✨

Join us in wishing a very Happy Birthday to our amazing team members born in July! 💙

✨ Nang Kham Moon Moon
✨ Xiang Xiang Wai Htet
✨ Zue Zue San
✨ In Gin Phyu
✨ Pan Ei Phyu
✨ Chaw Su Hlaing
✨ Yoma Kyaw Zin

July လ မွေးနေ့ရှင်များအားလုံး ကောင်းမွန်တဲ့ ဆန္ဒတိုင်းနဲ့ ပြည့်စုံပြီး ကောင်းတဲ့ ကံတရားတွေချည်း ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Royal Care Plus မိသားစုမှ အနွေးထွေးဆုံး ဆုမွန်ကောင်း တောင်းလိုက်ပါတယ်! 🎉🥳

Address

No. 23/5, (C), Thiri Mingalar Avenue Road, (7) Ward, Yankin Township
Yangon
11061

Alerts

Be the first to know and let us send you an email when Royal Care Plus Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Care Plus Myanmar:

Shortcuts

Share