Grace's Beauty Store

Grace's Beauty Store � Korea, Bkk, Uk, Us မှ Cosmetic ပစ္စည်းများကို ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ်ရှင့် �

02/07/2023
15/06/2023

Moisturizer မလိမ်းခြင်းရဲ့
နောက်ဆက်တွဲဆိုးကျိုး 5ချက်📌

Moisturizer ဆိုတာ skincare routine တခုမှာ vital step ဖြစ်ကြောင်းတော့ အားလုံးသိပြီးသားဖြစ်မှာပေါ့နော်။ ဒါပေမဲ့ moisturizer မသုံးရင် နောက်ဆက်တွဲဘာဆိုးကျိုးတွေဖြစ်လဲရော သိထားကြလား? မသိသေးဘူးဆိုရင် Nyi ဒီနေ့ရေးတဲ့ post လေးကို ဖတ်ကြည့်ဖို့လိုပါပြီ။ Moisturizer မလိမ်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုး 5ချက်ကို ပြောပြချင်ပါတယ်...

1. စိုစိုပြေပြေမရှိဘဲ အသားအရေက မွဲခြောက်ကြမ်းတမ်းမယ်💦

Moisturizer ဆိုတာ skincare routine ထဲမှာ powerful အဖြစ်ဆုံး hydrating step ပါ။ ရေဓာတ်ကိုပေးရုံတင်မဟုတ်ဘဲ skin ကနေ evaporate မဖြစ်အောင်ပါ lock လုပ်နိုင်လို့ အသားအရေအတွက် အစိုဓာတ်သေချာရချင်တယ်ဆိုရင် moisturizer ကို လုံးဝ skip မလုပ်သင့်ဘူးနော်။ တချို့ကျ moisturizer လိမ်းရင် အဆီပြန်လို့၊ အဖုထွက်လို့ စသဖြင့် reason တွေပေးကြပေမဲ့ အဲ့ဒါတကယ်တမ်း ကိုယ့် skin type နဲ့ကိုက်ညီတာမျိုး မရွေးတတ်သေးလို့ပါ။ အကယ်၍ ကိုယ်က moisturizer မလိမ်းဖြစ်ဘဲ toner, serum ‌အဆင့်ထိပဲ လိမ်းတယ်ဆိုရင် သူတို့က moisturizer နဲ့တန်းတူ hydration ပေးနိုင်ရင်တောင် moisture loss ဖြစ်တာကိုတားဖို့ မစွမ်းတဲ့အတွက် ရေရှည်မှာ skin က moisture မလုံမလောက်ဖြစ်ပြီး စိုစိုပြေပြေမရှိတာမျိုး, မွဲခြောက်ပြီး ကြမ်းတမ်းလာတာမျိုး ကြုံရနိုင်ပါတယ်။

2. ပုံမှန်ထက် အဆီပိုပြန်မယ်💦

ဒါကတော့ အဆီပြန်တာတခုတည်းနောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်နေမိတဲ့သူတွေအဖို့။ အရေပြားမှာ water-oil balance ဆိုပြီး ရှိတယ်နော်။ ကျန်းမာသန်စွမ်းတဲ့ အသားအရေတခုက အဆီဓာတ်ရေဓာတ်မျှတနေဖို့ လိုပါတယ်။ အဲ့လိုမဟုတ်ရင် မျက်နှာက အဆီပြန်လိုက်အသားခြောက်လိုက် ဖြစ်နိုင်သလို ရေဓာတ်နည်းနေရင်လဲ မျက်နှာက အဆီဂလင်းတွေက ပုံမှန်ထက်ပိုပြီး အလုပ်လုပ်တဲ့အတွက် အဆီပိုပြန်ရပါတယ်။ ဒါကြောင့်မလို့ Nyi တို့ အဆီပြန်တာကို သက်သာအောင်လို့ဆိုရင် moisturizer ကို မဖြစ်မနေလိမ်းပေးသင့်တယ်နော်။ အကယ်၍ ကိုယ်ကအဆီပြန်လို့ဆိုပြီး oil control products တွေချည်း သုံးနေရင်တော့ အဆီပြန်တာက ဆိုးသထက်ပိုဆိုးဖို့ပဲ ရှိပါတယ်လို့။ အဲ့လို skin တွေအတွက်ဆို Nyi အနေနဲ့ တခြားထက် lightweight moisturizer တခုသုံးကြည့်ဖို့ အကြံပြုပါရစေ။

3. ဝက်ခြံအဆီဖု ပိုဆိုးမယ်💦

ဝက်ခြံအဆီဖုဘာကြောင့်ဖြစ်၊ အဆီပြန်လို့ ချွေးပေါက်ပိတ်ပြီးဖြစ်နော်။ အသားခြောက်တဲ့သူက ဝက်ခြံအဆီဖုထွက်တယ်ဆိုတာ အရမ်းကိုရှားတယ်၊ အဓိက မျက်နှာအဆီပြန်တဲ့သူ၊ pore clogging အရမ်းဖြစ်တဲ့သူတွေမှာပဲ ဒီပြဿနာကို ကြုံရလေ့ရှိပါတယ်။

Moisturizer မလိမ်း > အဆီပိုပြန် > အဖုထွက်

အဖုထွက်နေလို့ ပိုဆိုးမှာစိုးလို့ဆိုပြီး moisturizer မလိမ်းတော့ ပိုဆိုးတာပေါ့နော်။ Moisturizer ရဲ့ function က အစိုဓာတ်‌ပေးတာအပြင် အရေပြားရဲ့ natural healing process/recovery rate ကို မြန်စေတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနေတဲ့အသားအရေကို အမြန်ပြန်ကောင်းဖို့ အထောက်အကူပြုတယ်။ ဒါကြောင့် ဝက်ခြံအဆီဖုထွက်နေလဲ moisturizer လိမ်းပေးရမယ်နော်၊ မလိမ်းဘဲနေမယ့်အစား ပေါ့ပါးပြီး စိမ့်ဝင်လွယ်တဲ့ moisturizer မျိုး ရွေးသုံးပေးပါ။

4. သုံးတဲ့ skincare တွေ ထိရောက်မှုမရှိဘူး💦

Moisturizer ရဲ့နောက်ထပ်စွမ်းဆောင်ရည်တခုက occlusive function ပါ။ သူက အရေပြားအတွင်းမှာ ရေဓာတ်အပြင် ကောင်းသောအရာတွေကို သိမ်းဆည်းပြီး မကောင်းတဲ့အရာတွေ ဥပမာ - bacteria, ဖုန်မှုန့်နဲ့ အမှိုက်သရိုက်တွေကိုတော့ အဟန့်အတားအနေနဲ့ တားဆီးပေးတယ်။ ဒီမှာ အဓိကပြောချင်တာကတော့ ကောင်းတဲ့အရာတွေကို seal လုပ်ပေးနိုင်တဲ့ သူ့ရဲ့ occlusive property အကြောင်းပေါ့။

ကိုယ်က ရှေ့မှာ တဆင့်ပြီးတဆင့်လိမ်းခဲ့သမျှ skincare တွေရဲ့အာနိသင်ကို အပြည့်အဝလိုချင်တယ်ဆိုရင် moisturizer လိမ်းဖို့က a must ‌ပဲနော်။ Moisturizer မလိမ်းဘဲ toner, serum တွေပဲ လိမ်းနေရင်တော့ အရေပြားမှာ seal လုပ်တဲ့ layer မရှိတဲ့အတွက် ငွေကုန်ခံ အချိန်ကုန်ခံလိမ်းနေပေမဲ့ မထိရောက်တာ အာနိသင်မရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Moisturizer ကို essential step ထဲထည့်ထားတာ အလကားမဟုတ်ပါ၊ လိမ်းသမျှထိရောက်စေဖို့ moisturizer လိုအပ်ပါတယ်။

5. Skin irritation ရလွယ်မယ်💦

Skin irritation ဆိုတာ ဘာကိုခေါ်လဲ? Active ingredients ဒါမှမဟုတ် ပြင်းတဲ့ ingredients တွေကြောင့် အရေပြားကို သွားဆွမိသလိုဖြစ်ပြီး skin မှာ inflammation, rash, pimples ထွက်တာတွေကို ခေါ်တယ်ပေါ့နော်။ နောက်ပိုင်းမှာ active ingredients တွေသုံးတာ ပိုတွင်ကျယ်လာတော့ skin irritation တွေလဲ ပိုရလာကြတယ်။ အဲ့ဒီ skin irritation ကို ထိန်းဖို့အတွက် Nyi တို့ အလုပ်သင့်ဆုံးအရာတွေထဲမှာ moisturizer လိမ်းတာလဲ ပါတယ်နော်။ Active ingredients တွေသုံးပြီးတဲ့အခါ ကိုယ်က skin ကိုပြန်ပြီး nourish & hydrate လုပ်ပေးမှ irritation risk နည်းပါမယ်။ Active ingredients သုံးမယ့်သူတိုင်း moisturizer မဖြစ်မနေလိုတယ်။ Moisturizer လိမ်းမှပဲ ကိုယ်သုံးတဲ့ active ingredient ကြောင့် irritating မဖြစ်အောင် ကာကွယ်ရာရောက်သလို benefits ကို အပြည့်ရဖို့လဲ အထောက်အကူဖြစ်ပါတယ်။

ဒီနေ့တော့ ဒီလောက်နဲ့ပဲ နှုတ်ဆက်ပါရစေနော်။ နောက်ရက်ကျရင် စိတ်ဝင်စားစရာ review လေးတခုနဲ့ ပြန်ဆုံပါမယ်။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါခင်ဗျာ💕


24/05/2023

Double Cleansing အတွက် Micellar water, Cleansing oil/balm ထဲက ဘယ်တခုကိုရွေးသင့်လဲ❓

ဝက်ခြံအဆီဖုကာကွယ်ဖို့အတွက်ဆိုရင် exfoliating ထက် double cleansing က ပိုအရေးကြီးတယ်နော်။ Skincare သေချာလုပ်ချင်သူတွေအတွက် Double cleansing က step တခုအနေနဲ့ မပါမဖြစ်ပါ။ တချို့က double cleansing ကို product တခုရယ်လို့ ထင်ကြပေမဲ့ တကယ်တမ်းမဟုတ်ဘူးနော်။

Double cleansing ဆိုတာ အကြမ်းဖျင်းအားဖြင့် မျက်နှာ 2ထပ်သန့်စင်ခြင်းကိုခေါ်တဲ့ အခေါ်အဝေါ်တခုပါ။ Double cleansing လုပ်ဖို့ဆိုရင် Nyi တို့ ပထမအဆင့်သန့်စင်ရာမှာသုံးဖို့ oil based cleanser နဲ့ နောက်တဆင့်မှာသုံးဖို့ water based cleanser တို့ လိုအပ်တယ်။ Water based cleanser ဆိုတာ အားလုံးသိကြတဲ့ facial foam, gel cleanser စတာတွေကို ခေါ်တယ်ပေါ့နော်။ Oil based cleanser ကတော့ Nyi ဒီနေ့ပြောပြမယ့် micellar water, cleansing oil နဲ့ cleansing balm တို့ပါ။ တခြားအမျိုးအစားတွေလဲ ရှိသေးတယ်, ဒါပေမဲ့ ဒီ 3ခုကတော့ commonly used types တွေဖြစ်တဲ့အတွက် ဒါတွေကိုပဲ အဓိကပြောသွားမယ်နော်။

တခုချင်းစီရဲ့ ကောင်းကွက် ဆိုးကွက်၊ ကိုယ်က ဘာကြောင့်မလို့ ဒီတခု‌ကိုရွေးသင့်လဲဆိုတာ Nyi နဲ့အတူ ကြည့်လိုက်ရအောင်ပါ။

Micellar Water🌷

Pros

- Beginner friendly ဖြစ်တယ်
- အပြင်ကို အလွယ်တကူဆောင်သွားလို့ရတယ်
- ဈေးသက်သာတယ်
- နီးစပ်ရာမှာ လွယ်လင့်တကူဝယ်လို့ရတယ်

Cons

- Cotton pad ကုန်တယ်
- ရေရှည်မှာ အသားခြောက်နိုင်တယ်
- Makeup ဖျက်တဲ့အခါ အချိန်ပိုယူတယ်

---------------

Cleansing Oil🌷

Pros

- အသားမခြောက်စေဘူး
- Cotton pad မကုန်ဘူး
- Makeup အလွယ်တကူဖျက်ပေးနိုင်တယ်
- ဆားဝက်ခြံ သက်သာစေတယ်
- Balm ထက်စာရင် massage လုပ်လို့ပိုကောင်းတယ်

Cons

- ဈေးပိုပေးရတတ်တယ်
- အိမ်အနီးအနားက ဆိုင်တွေမှာ ဝယ်လို့မရတတ်ဘူး
- အသုံးမတတ်ရင် အဆီဖုထနိုင်တယ်
- Travel friendly မဖြစ်ဘူး

---------------

Cleansing Balm🌷

Pros

- Compact ဖြစ်ပြီး အပြင်ဆောင်သွားလို့ရတယ်
- Cotton pad ဖိုးမကုန်ဘူး
- အသားမခြောက်စေဘူး
- ဆားဝက်ခြံသက်သာစေတယ်
- Makeup အလွယ်တကူဖျက်နိုင်တယ်

Cons

- အနီးအနားစတိုးဆိုင်တွေမှာ ဝယ်လို့မရတတ်ဘူး
- Oil လောက် massage လုပ်လို့မ‌ကောင်းဘူး
- ဈေးအသင့်အတင့်ပေးရတတ်တယ်
- မသုံးတတ်ရင် အဆီဖုထွက်နိုင်တယ်

---------------

ဆိုတော့ ကိုယ့်အတွက် ဒီထဲက ဘယ်တခုကိုရွေးသုံးသင့်လဲဆိုရင်...

✓ ကိုယ်က ခုမှ double cleansing စလုပ်မယ်, အသားလဲ ဆိုလောက်အောင်မခြောက်ဘူး, သနပ်ခါးလိမ်းတယ်, ဝက်ခြံအဆီဖုတွေလဲ အရမ်းဆိုးရွားနေလို့ safe ဖြစ်ဖြစ်နဲ့ သုံးနိုင်မှာလေးဆိုရင် Nyi အနေနဲ့ ဒီထဲက Micellar water ကိုရွေးဖို့ အကြံပေးချင်တယ်။

✓ ကိုယ်က double cleansing ကို ပုံမှန်လုပ်သွားမှာမလို့ ရေရှည်အတွက် အသားမခြောက်အောင် ကြိုကာကွယ်ချင်တယ်, makeup sunscreen အလွယ်တကူဖျက်နိုင်ပြီး ဆားဝက်ခြံသက်သာရမယ်ဆိုရင်တော့ Cleansing oil/balm ရွေးသင့်တယ်နော်။

---------------

ဒီလောက်ဆိုရင် ကိုယ်နဲ့သင့်တော်တဲ့ 1st step cleanser တခုကို ရွေးချယ်သုံးနိုင်မယ်လို့ ယုံကြည်ပါတယ်။ နောက်ရက်မှ trouble skin တွေအတွက် အသုံးဝင်မယ့် review လေးတပုဒ်နဲ့ ပြန်တွေ့မယ်နော်💗


မင်္ဂလာပါရှင့်🙆‍♀️ မင်မင်တို့ရဲ့ ဒီ Page လေးက ဇူဇူကြောင့် ဆက်ပြီး သုံးလို့မရတော့လို့ နောက်ထပ် Page လေးတစ်ခု ဖွင့်ထားပါတယ...
04/05/2023

မင်္ဂလာပါရှင့်

🙆‍♀️ မင်မင်တို့ရဲ့ ဒီ Page လေးက ဇူဇူကြောင့် ဆက်ပြီး သုံးလို့မရတော့လို့ နောက်ထပ် Page လေးတစ်ခု ဖွင့်ထားပါတယ်ရှင့်

🙆‍♀️ မင်မင်တို့ Page အသစ်လေးမှာပဲ Giveaway နဲ့ Update လေးတွေတင်ပေးသွားမှာမလို့ Like and Follow လေးလုပ်ပေးထားပါဦးရှင့်

🙆‍♀️ New Page Link လေးပါရှင့် 👉 https://m.facebook.com/gracecosmeticsmm/?mibextid=LQQJ4d

Mary & May Wash Off Mask Pack Mini (30g)Price - 14500 ks Made In Korea 🇰🇷❤️ Rose Hyaluronic Hydra Organic နှင်းဆီပွင့်မျ...
18/04/2023

Mary & May Wash Off Mask Pack Mini (30g)
Price - 14500 ks
Made In Korea 🇰🇷

❤️ Rose Hyaluronic Hydra
Organic နှင်းဆီပွင့်များကိုပေါင်းခံထားသော Rose Water အရည်(90.97%) လောက် အဓိကပါဝင်ပြီး မျက်နှာအသားရေ ခြောက်သွေ့ကြမ်းတမ်းပြီး နေလောင်ဒဏ်ကြောင့် ညစ်နွမ်းနေတာတွေကို စိုပြေကြည်လင် တောက်ပစေပါတယ်

💛 Lemon Niacinamide Glow
Lemon Extracts ကို အဓိကပါဝင်ထားလို့ Vitamin C ဓာတ်ကိုကြွယ်ဝစွာ ရရှိစေတယ် Niacinamide 1% နှင့် အခြားသော Extracts တွေကတော့ ဝက်ခြံအဆီဖုနဲ့ အမာရွတ်များကို လျော့ပါးသွားစေပါတယ်

💚 Cica Tee Tree Soothing
Trouble Skin တွေအတွက် အထူးကောင်းမွန် သော Centella Asiatica Extracts (မြင်းခွာရွက်မှ ရရှိတဲ့ အဆီအနှစ်) နှင့် Steam Extract တို့ အဓိကပါဝင်ထားပြီး နေလောင်ဒဏ်ကြောင့် အသားရောင်မညီမညာဖြစ်ခြင်းနှင့် အမာရွတ်အမဲစက်များကို သိသိသာသာမှေးမှိန်စေပြီး ဝက်ခြံကြောင့် အသားရေနီမြန်းယောင်ရမ်းခြင်းတွေကိုသက်သာစေပါတယ်

အသုံးပြုပုံ 💁‍♀️
မျက်လုံးနဲ့နှုတ်ခမ်းနားတဝိုက်ကလွဲလို့ မျက်နှာတစ်ပြင်လုံးလိမ်းပြီး 10-15mins ကြာလျှင် ရေဆေး
ချပေးပါ

💫အေးအေးလေးနဲ့ အနံ့လေးက အရမ်းမွှေးသောနော် မင်မင်ဆို အရမ်းပူလို့ ဒါလေးပဲ လိမ်းဖြစ်နေတယ် 🏖️ခရီးသွားလို့ထည့်သွားလဲအဆင်ပြေတယ်...
18/04/2023

💫အေးအေးလေးနဲ့ အနံ့လေးက အရမ်းမွှေးသောနော် မင်မင်ဆို အရမ်းပူလို့ ဒါလေးပဲ လိမ်းဖြစ်နေတယ်
🏖️ခရီးသွားလို့ထည့်သွားလဲအဆင်ပြေတယ်နော်

𝐏𝐫𝐢𝐜𝐞 - 13500 𝐊𝐬 (✔️𝐈𝐧𝐬𝐭𝐨𝐜𝐤✔️)

𝖲𝗈𝗆𝖾 𝖡𝗒 𝖬𝗂 : 𝖸𝗎𝗃𝖺 𝖭𝗂𝖺𝖼𝗂𝗇 30 𝖣𝖺𝗒𝗌 𝖡𝗋𝗂𝗀𝗁𝗍𝖾𝗇𝗂𝗇𝗀 𝖲𝗍𝖺𝗋𝗍𝖾𝗋 𝖪𝗂𝗍 𝖲𝖾𝗍 𝖯𝗋𝗂𝖼𝖾 - 27500 𝖪𝗌(𝘛𝘰𝘯𝘦𝘳 - 30𝘮𝘭, 𝘚𝘦𝘳𝘶𝘮 - 10𝘮𝘭, 𝘎𝘦𝘭 𝘊𝘳𝘦𝘢𝘮 - 30...
18/04/2023

𝖲𝗈𝗆𝖾 𝖡𝗒 𝖬𝗂 : 𝖸𝗎𝗃𝖺 𝖭𝗂𝖺𝖼𝗂𝗇 30 𝖣𝖺𝗒𝗌 𝖡𝗋𝗂𝗀𝗁𝗍𝖾𝗇𝗂𝗇𝗀 𝖲𝗍𝖺𝗋𝗍𝖾𝗋 𝖪𝗂𝗍 𝖲𝖾𝗍
𝖯𝗋𝗂𝖼𝖾 - 27500 𝖪𝗌

(𝘛𝘰𝘯𝘦𝘳 - 30𝘮𝘭, 𝘚𝘦𝘳𝘶𝘮 - 10𝘮𝘭, 𝘎𝘦𝘭 𝘊𝘳𝘦𝘢𝘮 - 30𝘮𝘭, 𝘚𝘭𝘦𝘦𝘱𝘪𝘯𝘨 𝘔𝘢𝘴𝘬 - 20𝘨)

Lemonကိုအခြေခံပြီးထုတ်လုပ်ထားတဲ့အတွက်ကြောင့် ဝက်ခြံတွေကိုသက်သာစေပြီးအမဲစက်နဲ့ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကိုတဖြည်းဖြည်းလျော့ပါးလာစေပါတယ်

Niacinamade 5%ပါဝင်တဲ့အတွက် ​နေလောင်ဒဏ်ကြောင့် အသားရေမညီညာမှုတွေနဲ့တင်းတိတ်တွေကိုသက်သာစေပြီး အသားရေကြည်လင်တောက်ပလာစေပါတယ

Yuja Series လေးက Melanin ဓာတ်ဖြစ်ပေါ်မှုကိုကာကွယ်တားဆီးပေးတဲ့အစွမ်းသတ္တိပါရှိပါတယ်

Moisture Cream နဲ့ Sleeping Mask လေးက Gel Type ဖြစ်လို့အဆီပြန်သူတွေ၊ ဝက်ခြံရှိတဲ့သူတွေအတွက်အဆင်ပြေပါတယ်

15/04/2023
🍀 Graymelin Mugwort Series Instock 🍀 Cleanser (150g) - 17000 Ks Toner (200ml) - 19500 Ks Calming Gel (100ml) - 23000 Ks ...
13/04/2023

🍀 Graymelin Mugwort Series Instock 🍀
Cleanser (150g) - 17000 Ks
Toner (200ml) - 19500 Ks
Calming Gel (100ml) - 23000 Ks

Cleanser ဆိုရင် သုံးရတာ နူးညံ့စေပြီး အဆီနဲ့ အညစ်အကြေးတွေကို ကောင်းကောင်းသန့်စင်‌ပေးနိုင်ပါတယ်ရှင့်

Toner က Watery Type ဖြစ်လို့ စေးကပ်မှု လုံးဝမရှိဘဲအဆီပြန်တဲ့သူတွေအတွက်ကတော့ လုံးဝ အဆင်ပြေသောနော်၊ Soothing and Calming effect ရလို့ ဝက်ခြံအဆီဖုသမားတွေအတွက်ရွေးချယ်ဖို့ သင့်တော်ပါတယ်နော်

Calming Gel လေးက လိမ်းထားလိုက်ရင် လုံးဝအေးနေရော နွေရာသီအတွက်လုံးဝ perfectပဲနော် ၊ Mugwort Calming Gel ဆိုတဲ့အတိုင်း gel texture ကိုမှ Soothing, Calming & Hydrating ရတဲ့ Moisturizer လေးပါ

🏆 Giveaway Winner 3 ယောက် ရွေးချယ်ထားပါတယ်ရှင့် 🏆🎁 ဖုန်းဘေလ်ပေါက်သွားတဲ့သူလေးတွေ Phone Bill 5000 တန်ဖြည့်ပေးမှာမလို့ CB ...
13/04/2023

🏆 Giveaway Winner 3 ယောက် ရွေးချယ်ထားပါတယ်ရှင့် 🏆

🎁 ဖုန်းဘေလ်ပေါက်သွားတဲ့သူလေးတွေ Phone Bill 5000 တန်ဖြည့်ပေးမှာမလို့ CB မှာဖုန်းနံပါတ်လေး လာပေးပေးပါရှင့်

💓 ဒီတခေါက်မပေါက်သွားတဲ့ သဲလေးတွေလဲ နောက်ထပ် Giveaway တွေ ထပ်ပေးဦးမှာမလို့ Page လေးကို Like & Follow လေးလုပ်ထားပေးပါသဲလေးတို့ရေ 🥰🥰

💦💦 𝑷𝒉𝒐𝒏𝒆 𝑩𝒊𝒍𝒍 𝑮𝒊𝒗𝒆𝒂𝒘𝒂𝒚 5000×3 💦💦Thingyan Holidays အတွက် မင်မင် ဖုန်းဘေလ်လေးမဲဖေါက်ပေးပါမယ်ရှင့်...Winner 3 ယောက်ရွေးချယ်...
10/04/2023

💦💦 𝑷𝒉𝒐𝒏𝒆 𝑩𝒊𝒍𝒍 𝑮𝒊𝒗𝒆𝒂𝒘𝒂𝒚 5000×3 💦💦

Thingyan Holidays အတွက် မင်မင် ဖုန်းဘေလ်လေးမဲဖေါက်ပေးပါမယ်ရှင့်...
Winner 3 ယောက်ရွေးချယ်ပြီး Phone Bill 5000 တန်ဖြည့်ပေးသွားမှာပါရှင့်...

Giveaway လေးမှာပါဝင်ချင်တယ်ဆိုရင်တော့
💢Page ကို Like and Follow လုပ်ထားပေးရပါမယ်ရှင့်

💢ဒီ Post လေးကို Like လုပ်ပေးထားရပါမယ်ရှင့်

💢ဒီ Post ရဲ့ Comment မှာ သူငယ်ချင်း 3 ယောက် ကို Mention ပေးရပါမယ်ရှင့်

🏆 Giveaway Winner လေးကို April 1️⃣3️⃣ ရက်နေ့မှာ Comment Picker နဲ့ ရွေးချယ်ပေးမှာပါရှင့်

❣️ အားလုံးပဲကံကောင်းပါစေရှင့် ❣️

Cosrx Green Tea Aqua Soothing Gel Cream 50ml Price - 40000 ksGreen Tea အဓိက ပါဝင်လို့ အဆီဖု အဆီပြန် ဝက်ခြံသမားတွေ အတွက်ရ...
09/04/2023

Cosrx Green Tea Aqua Soothing Gel Cream 50ml
Price - 40000 ks

Green Tea အဓိက ပါဝင်လို့ အဆီဖု အဆီပြန် ဝက်ခြံသမားတွေ အတွက်ရမ်းကောင်းတဲ့ Moisturizer လေးပါ

Vitamin B5 လဲ ပါဝင်တာမို့ လိမ်းပီးတာနဲ့ ခြောက်သွားတာမျိုး မဖြစ်ပဲ တစ်နေကုန် စိုစိုကြည်ကြည်လေးနဲ့ Healthy Skin လေးကို ရစေပါတယ်

Cooling Effect ပါလို့ အသားရေနီတာ ယားယံတာတွေလဲ သက်သာစေတဲ့အပြင် အေးအေးလေးနဲ့ တနေကုန် ရေဓာတ်ပြည့်ပီး Fresh ဖြစ်စေပါတယ်

Texture လေးကလဲ Gel Type လေးဖြစ်လို့ လိမ်းလိုက်တာနဲ့ အသားထဲစိမ့်ဝင်တာ မြန်ပါတယ်

❗Instock @ Grace's Beauty Store❗

Address

Yangon

Telephone

+959420034772

Website

Alerts

Be the first to know and let us send you an email when Grace's Beauty Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share