08/08/2026
❤️ နှလုံးရောဂါရဲ့ လူသိနည်းတဲ့ Warning Signs တွေက ဘာတွေလဲ?
နှလုံးရောဂါဆိုရင် ရင်ဘတ်အောင့်တာပဲ ဖြစ်မယ်လို့ ထင်တတ်ကြပေမယ့် တချို့သူတွေမှာ ရင်ဘတ်အောင့်ခြင်းမရှိဘဲ တခြားလက္ခဏာတွေနဲ့လည်း အချက်ပြသတိပေးနိုင်ပါတယ်။
🔹 အသက်ရှူမဝခြင်း၊ မောလွယ်ခြင်း
အရင်က လုပ်နိုင်တဲ့ လှုပ်ရှားမှုလေးတွေလုပ်ရုံနဲ့ မောလာတာ၊ အသက်ရှူမဝတာမျိုး ဖြစ်လာနိုင်ပါတယ်။
🔹 ပုံမှန်ထက် အလွန်ပင်ပန်းနွမ်းနယ်ခြင်း
အလုပ်မများဘဲ အားကုန်နေသလို ခံစားရတာ၊ ပုံမှန်လုပ်နေကျ အလုပ်တွေတောင် ပင်ပန်းလာတာကို သတိထားသင့်ပါတယ်။
🔹 လည်ပင်း၊ မေးရိုး၊ ပခုံးနဲ့ လက်မောင်းဘက် နာကျင်ခြင်း
နှလုံးနဲ့ဆိုင်တဲ့ နာကျင်မှုဟာ ရင်ဘတ်မှာပဲမဟုတ်ဘဲ မေးရိုး၊ ပခုံး၊ ကျောနဲ့ လက်မောင်းဘက်အထိ ပျံ့နှံ့ခံစားရနိုင်ပါတယ်။
🔹 မူးဝေခြင်း၊ ချွေးအေးထွက်ခြင်း၊ ပျို့အန်ချင်ခြင်း
အကြောင်းမရှိဘဲ ရုတ်တရက် ချွေးအေးထွက်လာတာ၊ မူးဝေတာ၊ ပျို့အန်ချင်တာတွေဟာလည်း သတိထားရမယ့် လက္ခဏာတွေပါ။
🔹 ခြေထောက်နဲ့ ခြေကျင်းဝတ်ဖောလာခြင်း
နှလုံးရဲ့ သွေးညှစ်ထုတ်နိုင်စွမ်း ကျဆင်းတဲ့အခါ ခန္ဓာကိုယ်ထဲ အရည်စုလာပြီး ခြေထောက်ဖောခြင်း ဖြစ်နိုင်ပါတယ်။
⚠️ ဒီထဲကလက္ခဏာတစ်ခုခုရှိတာနဲ့ နှလုံးရောဂါလို့ မဆိုနိုင်ပေမယ့် ရုတ်တရက်ဖြစ်လာတာ၊ ပိုဆိုးလာတာ၊ ရင်ဘတ်ဖိအား/နာကျင်မှု သို့မဟုတ် အသက်ရှူခက်ခြင်းနဲ့ တွဲဖြစ်လာတာ ဆိုရင် အမြန်ဆုံးစစ်ဆေးပြီး အရေးပေါ်ဆေးကုသမှု ခံယူသင့်ပါတယ်။
နှလုံးကျန်းမာရေးအတွက် လက္ခဏာပေါ်လာမှ စောင့်မနေဘဲ သွေးပေါင်၊ သွေးတွင်းသကြားနဲ့ Cholesterol စတဲ့ နှလုံးရောဂါအန္တရာယ်အချက်တွေကိုလည်း ပုံမှန်စစ်ဆေးထားဖို့ အရေးကြီးပါတယ်။ ❤️
ဆက်သွယ်ရန်-
🏥 လိပ်စာ - ဝါယာလတ်(၃)လမ်း၊ ကမ္ဘာအေးဂမုန်းပွင့်အနီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်း - ၀၉၈၉၉၇၈၈၇၅၀