16/06/2026
HIV ပိုးနဲ့ ယှဉ်တွဲနေထိုင်သူတွေဟာ ART ဆေးပုံမှန် သောက်ပေးရုံနဲ့တင် မလုံလောက်သေးပါဘူး။ ART ဆေးမိမိခန္ဓာကိုယ်မှာ ထိရောက်မှု ရှိ/မရှိနဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့ ကျန်းမာရေးကို သိရှိနိုင်ဖို့ အနည်းဆုံး ၆ လ တစ်ကြိမ် သို့မဟုတ် ၁ နှစ် တစ်ကြိမ် သွေးစစ်ဆေးမှုတွေ မဖြစ်မနေ လုပ်ပေးရပါမယ်။
Viral Load (ပိုးကောင်ရေ) နဲ့ CD4 ( ခုခံအား/သွေးဖြူဥ ) တွေကို စစ်ဆေးခြင်းအားဖြင့် ART ဆေးဟာ HIV Virus ကို ထိန်းချုပ်ထားနိုင်ခြင်း ရှိ မရှိကို သိနိုင်ပါတယ်။
ART ဆေးသည် ဘေးထွက်ဆိုးကျိုး ရှိပါတယ်။ အထူးသဖြင့် အသည်းနဲ့ကျောက်ကပ် အပေါ်ထိခိုက်မှု ရှိလာနိုင်တဲ့အတွက် အသည်း/ကျောက်ကပ် ရဲ့ အခြေအနေကို သိနိုင်ဖို့ Creatinine နဲ့ LFT Test တို့ကို မဖြစ်မနေစစ်ရပါမယ်။
🏥 သွေးဘယ်မှာ စစ်ရမလဲ။
မိမိ ဆေးထုတ်ယူနေကျ ဌာနတွေမှာ အဆိုပါ သွေးစစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆို (Request) နိုင်ပါတယ်။
အကယ်၍ ဌာနဘက်တွင် အခက်အခဲရှိပါက မိမိအစီအစဉ်ဖြင့် ပြင်ပဓာတ်ခွဲခန်းများတွင် သွားရောက်စစ်ဆေးသင့်ပါတယ်။
📞 လိုအပ်သော အကြံဉာဏ်များ အခမဲ့ ရယူလိုပါကAHF Myanmar ဖုန်းနံပါတ် 09-784084080 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။