အညာဒေသစားဖွယ်စုံ

အညာဒေသစားဖွယ်စုံ အညာဒေသစားသောက်ဖွယ်ရာ���

အိုး...ဒီကစောင့်နေသူ 🤣
26/01/2025

အိုး...ဒီကစောင့်နေသူ 🤣

မန်ကျည်းရွက်နု🌿သူ့ရာသီနဲ့သူပေါ်ချိန်လေးစားရတာအလွန်ကောင်း😋ခလေးဘဝတုန်းကလို ခူးရောင်းချင်သေးတယ်😍😍 #အစားအစာ     #တောဓလေ့ Pho...
24/01/2025

မန်ကျည်းရွက်နု🌿

သူ့ရာသီနဲ့သူပေါ်ချိန်လေးစားရတာအလွန်ကောင်း😋

ခလေးဘဝတုန်းကလို ခူးရောင်းချင်သေးတယ်😍😍

#အစားအစာ


#တောဓလေ့
Photo Credit to Owner

- ချောင်းခြောက်ဆိုး၊ လည်ချောင်းနာ၊ သလိပ် - များအတွက်တစ်ရက်သောက်ရုံနဲ့ပျောက်တဲ့ ပျားသံပုရာဖျော်ရည် သံပုရာသီး ၂ ခြမ်းခွဲပြ...
24/01/2025

- ချောင်းခြောက်ဆိုး၊ လည်ချောင်းနာ၊ သလိပ် - များအတွက်
တစ်ရက်သောက်ရုံနဲ့ပျောက်တဲ့ ပျားသံပုရာဖျော်ရည်

သံပုရာသီး ၂ ခြမ်းခွဲပြီး ဆားအနည်းငယ်ထည့်၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီးရင် ရေပူ သို့ ရေနွေးထည့်၊ သံပုရာသီးက မညှစ်ဘူး ဒီတိုင်းထည့်၊ အခွံကိုပဲ အသားပေး၍ လည်ချောင်းနာတာတွေ သက်သာစေတယ် ။

မသောက်ခင် အသက်တဝရှူသွင်းပါ ။ သောက်လို့ ကောင်းတယ် ။ တနေ့ကို ၃ ကြိမ်လောက်သောက်ပြီးရင် ရောဂါလက္ခဏာရှိရင် ချောင်းဆိုး လည်ချောင်းနာတာတွေ တစ်နေ့သောက်ရုံနဲ့ သိသိသာသာ ပျောက်ကင်းစေပါတယ် ။

ကျန်းမာရေးဗဟုတုတ
crd

ငပိရည်နဲ့တို့စရာပါမှ ထမင်းမြိန်တဲ့သူတွေအတွက်😋🍀☘️     #ငါးငပိချက်    #အစားအစာ
13/01/2025

ငပိရည်နဲ့တို့စရာပါမှ ထမင်းမြိန်တဲ့သူတွေအတွက်😋🍀☘️


#ငါးငပိချက်

#အစားအစာ

02/01/2025

အဲ့လို့ မစသင့်ဘူး🤭🤭🤭
သေခြားကြည့်မှ သိ🥒🍆🍌

ချစ်သူကမုန်း ဖဲကရှုံး။ဖဲဝိုင်းကအပြန် ထမင်းမကျန်။ဟန်းစက်ကကြောင် ဒူးလည်းချောင်။ဝိုင်ဖိုင်မရ ဖုန်းလိုင်းကျ။စိတ်လေနေစဲ အမေဆဲ...
02/01/2025

ချစ်သူကမုန်း ဖဲကရှုံး။
ဖဲဝိုင်းကအပြန် ထမင်းမကျန်။
ဟန်းစက်ကကြောင် ဒူးလည်းချောင်။
ဝိုင်ဖိုင်မရ ဖုန်းလိုင်းကျ။
စိတ်လေနေစဲ အမေဆဲ။

🤭🤭🤭

ကရင်ဆို​ေတာ့ကိုယ်ကရင်မျှစ်ကာလပေါ့ဟင်းချက်နည်း 🤤🤤မိုးရာသီနဲ့အလိုက်ဖက်ဆုံးဟင်း😋 ရှယ်ဘဲ 😋ကရင်တိုင်းရင်းသားများရဲ့ ရိုးရာ အစ...
27/12/2024

ကရင်ဆို​ေတာ့
ကိုယ်ကရင်မျှစ်ကာလပေါ့ဟင်းချက်နည်း 🤤🤤
မိုးရာသီနဲ့အလိုက်ဖက်ဆုံးဟင်း😋 ရှယ်ဘဲ 😋

ကရင်တိုင်းရင်းသားများရဲ့ ရိုးရာ အစားအစာ
တမျိုးလဲဖြစ်ပါတယ်။ကျွန်မတို့ ဘယ်လိုပင်ချက်တတ်နေစေကာမူ တိုင်းရင်းသားစစ်စစ်များရဲ့ လက်ရာကို မမှီ‌နိုင်ပေ
ဟင်းရဲ့ အဓိက နေရာကို ယူထားသူကတော့ မျှစ်ပါပဲ
ဒီဟင်းကို မျှစ်စိမ်းနဲ့သာ ချက်မှ ပိုပြီး စားကောင်းစေပါတယ်​ေနာ်။

ယခု ကာလတွင်မျှစ်စိမ်းများပေါ်ကာစ မို့
ရာသီစာ‌လို့ ပြောရင်လဲ မမှာပါဘူးရှင်🤗

ကျွန်မတို့ကရင်ပြည်နယ်ဘက်မှာ မျှစ်အမျိုးစားပေါင်းများစွာရှိသည့်အနက် တချို့မျှစ်များက တာလပေါ့ဟင်းချက်စားလို့မကောင်းတာတွေရှိတတ်ပါတယ်

ဝါးဂုတ်မျှစ်
ကျခပ်မျှစ်
ဝါးဖြူမျှစ်
နှီးဝါးမျှစ်
ဝါးယားမျှစ်
ဝါးပိုးမျှစ်
ထီးဝါးမျှစ်
စသည်ဖြင့် အမှတ်အသားလေးတွေနဲ့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။

နှီးဝါးမျှစ်နဲ့ ဝါးဂုတ်မျှစ်က အချိုဓာတ်ပိုပြီး တာလပေါ့ချက်စားလို့အလွန်ကောင်းလှပါတယ်။

တအိုးစာချက်မည်ဆိုပါက မျှစ် ၅ချောင်းခန့်အသုံးပြုနိုင်ပါတယ်

မျှစ်ကို မချက်မှီ ခပ်ပါးပါးလှီးထားပြီး ရေ2နာရီခန့်စိမ်ထားပါ

ရေစိမ်ပြီးသားမျှစ်ကို တရေ ပြုတ်ပြီးသွန်ပေးပါ မျှစ်စိမ်းမှာ ခါးသက်သက် အရသာရှိတတ်လို့ပါ။

ရေ၂လီတာခန့် ပွက်ပွက်ဆူအောင်တည်ထားတဲ့အထဲကို စပါးလင် 2ပင်ခန့် ဓားပြားရိုက်ပြီး ထည့်ပါ မျှစ်ထည့်ပါ။

ဆန်ကို လက်တဆုပ်ခန့် ရေစိမ်ပြီး စကာလေးနဲ့စစ်ပြီး ငရုပ်ဆုံထဲ ထောင်းပြီး ရေအနည်းငယ်ဖျော်ပြီး ဟင်းအိုးထဲထည့်ပါ

ဟင်းခတ် အရသာမှူန့် ထမင်းစားဇွန်း၀က်
ဆား လက်ဖက်စားဇွန်း ၂ဇွန်း
မျှင်ငပိ (သို့ )ငပိရည်ကျိုပြီးသားအရည်
ထမင်းစားဇွန်း၀က်
ပုဇွန်ဆိတ် (သို့ )ပုဇွန်ဘောချိတ် ၁၀သားခန့်
ရွှေဖရုံညွှန့် ဗူးညွှန့် ပဲညွှန့် ရွှေဖယုံသီး
ဒညှင်းသီး မှိူ အင်ဥ စသည် ဖြင့် မိမိနှစ်သက်ရာ အသီးအရွက်များ ထည့်နိုင်ပါတယ်။

အသီးအရွက်များကျက်လုနီးနီး ဟင်းရည်လေးလဲပျစ်လာပြီးဆိုဆူးပုတ်ရွက်နဲ့ ပင်စိမ်းလေးအုပ်ပြီး ဆွဲလို့ရပါပြီးနော်
အစပ်ကြိုက်ရင် ငရုပ်သီးစိမ်းနဲနဲထောင်းထည့်နိုင်ပါတယ်ရှင်။
ကြက်ကင် /ငါးကင်တို့နဲ့လဲ ချက်စားလို့ရပါတယ်နော်။

ကျွန်မတို့ငယ်ငယ်ကဆိုရင် အဖွားက ပန္နဲသီးစေ့ ပါ တာလပေါ့ထဲ ထည့်ချက်တာ စားလို့ကောင်းမှကောင်း😁

တာလပေါ့ကို မျှစ်တမျိုးထဲနဲ့ပဲချက်လို့ရတာမဟုတ်ပါ

ခရုတာလပေါ့ဟင်း
ပိန္နဲသီး တာလပေါ့ဟင်း
ကန့်ကလာ တာလပေါ့
ကင်မွန်းချဉ်ရွက် တာလပေါ့
ဇင်မြွန်းသီး တာလပေါ့
ကျိန်ဖူး တာလပေါ့

အိုအများကြီး ချက်လို့ရပါသေးတယ်
တာလပေါ့ဆိုတာနဲ့ ဟင်းရည်ပျစ်ပျစ်လေးကို လှမ်းမြင်မိမှာပဲ ဟင်းနာမည်ပဲပြောင်းသွားတာ ချက်နည်းကသိပ်မကွာလှပါဘူး ဆန်ကို ရေစိမ်ပြီးထောင်းထည့်တာတော့ တူတူပါပဲ

သူနဲ့တွဲစားဖို့ ငပိထောင်းနည်းရေးပေးရအုံးမလားကွယ်😁

Crd😋

စားလို့ကောင်းတဲ့ ဘူးသီးကြော် (ပေါက်ချောင်းကြော်) မုန့်နှစ်စပ်နည်း ရွှေလိပ်ပြာ တစ်ထုပ် ကောက်ညှင်းမှုန့် ၁ ဇွန်း (ထမင်းစား...
26/12/2024

စားလို့ကောင်းတဲ့ ဘူးသီးကြော် (ပေါက်ချောင်းကြော်) မုန့်နှစ်စပ်နည်း

ရွှေလိပ်ပြာ တစ်ထုပ်
ကောက်ညှင်းမှုန့် ၁ ဇွန်း (ထမင်းစားဇွန်း)
ပဲအစိမ်းမှုန့် ၁ ဇွန်း(ထမင်းစားဇွန်း)
ဆား ၁ ဇွန်း (လက်ဖက်စားဇွန်း)
သကြား ၂ ဇွန်း (လက်ဖက်စားဇွန်း)
ဆနွမ်း အနည်းငယ်
အချိုမှုန့် ပါတယ်ဆိုရုံနဲ့ ရေနည်းနည်းစီထည့်ပါ။

ကြော်တဲ့အခါ မီးပြင်းပြင်းနဲ့ ကြော်ပါ။

Neng Novi
#မုန့်လုပ်နည်းများချက်ပြုတ်နည်းများ
#ဘူးသီးကြော်
#မုန့်နှစ်

22/12/2024

လူတချို့ 🤦‍♀️
အားနာတက်တဲ့စိတ်ကြောင့်🤦‍♂️
ဒုက္ခမရောက်သင့်ပဲ ရောက်ကြတယ်👩‍🦽👩‍🦽👩‍🦼
Pls Follow and Share 💚

#ပညာဒါန
#စာပေ
#ဗဟုသုတ

အဆင်ပြေပါတယ်တစ်မျိုးထဲပဲ😋ငပိရည်နှင့်တို့စရားစုံနေရော🥦🥬🥒🫑🌶️🍅🫒Pls Follow and Share 🥰   #ငါးငပိချက်
22/12/2024

အဆင်ပြေပါတယ်တစ်မျိုးထဲပဲ😋
ငပိရည်နှင့်တို့စရားစုံနေရော🥦🥬🥒🫑🌶️🍅🫒
Pls Follow and Share 🥰

#ငါးငပိချက်

ကောက်ညှင်းကျည်တောက်😋😋
22/12/2024

ကောက်ညှင်းကျည်တောက်😋😋

အနက်ရောင်နှင်းဆီပွင့်တွေ သဘာဝအတိုင်းပွင့်တဲ့နေရာ။ကမ္ဘာပေါ်တွင် သဘာဝအတိုင်းပွင့်သည့် အနက်ရောင်နှင်းဆီမှာ တကယ်ရှိပါသည်။ သိ...
22/12/2024

အနက်ရောင်နှင်းဆီပွင့်တွေ သဘာဝအတိုင်းပွင့်တဲ့နေရာ။

ကမ္ဘာပေါ်တွင် သဘာဝအတိုင်းပွင့်သည့် အနက်ရောင်နှင်းဆီမှာ တကယ်ရှိပါသည်။

သို့သော် အလွန် ရှားပါးပြီး ဈေးကြီးလှသည်။ ထူးခြားခြင်း၊ လှပခြင်းတို့ကြောင့် ကျော်ကြားသည်။

နေရာတိုင်းမှာ စိုက်ပျိုး၍ မရနိုင်သော အနက်ရောင်နှင်းဆီကို ကမ္ဘာကြီး၏ နေရာတစ်ခုတည်းမှာသာ စိုက်ပျိုးနိုင်ပါသည်။

၎င်းနေရာမှာ တူရကီနိုင်ငံ အရှေ့ တောင်ပိုင်း၊ ယူဖရေးတီးမြစ် အရှေ့ဘက်ကမ်းအနီးက ဟဲလ်ဖက်တီ (Halfeti) ကျေးရွာ၌ဖြစ်ပြီး သဘာဝအတိုင်းပွင့်သည့် ပန်းမျိုး ဖြစ်ပါသည်။

နွေရာသီကာလများတွင်သာ အနက်ရောင် နှင်းဆီပန်းများကို တွေ့မြင်နိုင်ပါသည်။

ဟဲလ်ဖက်တီ ကျေးရွာမှာသာ စိုက်ပျိုးနိုင်ခြင်းကြောင့် အနက်ရောင် နှင်းဆီပန်းများကို Halfeti Black Roses လို့ အမည် ပေးထားပါသည်။

နှင်းဆီအရောင် အနက်ဖြစ်နေရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဟဲလ်ဖက်တီဒေသ၏ ရေမြေသဘာဝကြောင့်ဖြစ်ပြီး ရေတွင်ပျော်ဝင်နိုင်သော ရောင်ခြယ်ပစ္စည်း အင်သိုဆိုင်ယာနင် ပါဝင်မှုများခြင်းနှင့် ၎င်းဒေသမြေ၏ pH ကြောင့် ဖြစ်ပါသည်။

အနက်ရောင်နှင်းဆီ၏ အဓိပ္ပာယ်မှာ ခွဲခွာခြင်း၊ ဝမ်းနည်း ပူဆွေးခြင်း၊ ကလဲ့စားချေခြင်း၊ အဆုံးသဝာ်ခြင်း၊ ‌ေ-သဆုံးခြင်းကို ဖော်ဆောင်ပါသည်။

Source - Knowledge Light Magazine

#အနက်ရောင်နှင်းဆီ

#ဗဟုသုတ

Address

Yangon

Telephone

+60182139410

Website

Alerts

Be the first to know and let us send you an email when အညာဒေသစားဖွယ်စုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အညာဒေသစားဖွယ်စုံ:

Share