25/05/2026
"သန်ကောင်ကြောင့် ဗိုက်မခံမရပ်နှိုင်အောင်နာနေရသောလူနာ"
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
ဒိ အသက် ၇၅ နှစ်ရှိတဲ့ အမျိုးသမီးလူနာ ကို ကျွန်တော် ကြည့်ပြီးကုသပေးခဲတာ 2020 ခုနှစ် June လထဲမှာပါ။
လူနာက ဗိုက်နာနေတာ ၃ ရက်လောက်ရှိနေပြီး နာတာကပိုပိုဆိုးလာလို့ ပင်လုံဆေးရုံအရေးပေါ်မှာလာပြပါတယ်။ အရင်ကလဲ အခုလိုဗိုက်မကြာခဏနာတတ်ပါတယ်။ ဒိတခါကတော့ အတော်ဆိုးပါတယ်။ အန်တာပြုတာတော့မရှိပါဘူး။ ဝမ်းတော့ချုပ်တတ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က အစာအိမ်အထွက် ကအနာ (Duodenal Ulcer Perforation) ပေါက်သွားလို့ အရေးပေါ်ခွဲစိတ်ပြီးအပေါက်ကို ဖာထားတာတော့ရှိပါတယ်။ သွေးတိုးရောဂါကလွဲပြီး ကျန်တဲ့ ဘာရောဂါကြီးကြီးမားမားမှမရှိပါဘူး။
ဒါပေမဲ့ သူမှာ Dextrocardia လို့ခေါ်တဲ့ နှလုံးတို့၊ အစာအိမ်တို့ ကဘယ်ဖက်မှာမဟုတ်ဘဲ ညာဖက်ရောက်နေပြီ၊ ညာဖက်က အသည်းတို့၊ အူအတက်တို့ က ဘယ်ဖက်ရောက်နေတဲ့ မွေးရာပါ ခန္ဓကိုယ်ချိုယွင်းချက်တော့ရှိပါတယ်။
လူနာဗိုက်ကိုစမ်းကြည့်တော့ ရင်ညွန်မှာ ဖိရင်နဲနဲနာတာကလွဲပြီးအကုန်ကေါင်းပါတယ်။ Abdominal X ray ရိုက်ကြည့်တော့လဲ အစာအိမ်ပေါက်တာ၊ အူပိတ်တဲလက္ခဏာတွေမတွေ့ပါဘူး။
ဒါကြောင့် အနာပျောက်ဆေးထိုးပြီးအိမ်ပြန်လွတ်လိုက်ပါတယ်။ မသက်သာလို နောက်နေ့အရေးပေါ်ကိုပြန်လာတာ ကြောင့် လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေလုပ်ဖို့ ဆေးရုံတင်လိုက်ရပါတယ်။
သွေးစစ်လိုက်တော့ WBC က 7.5 ပေမဲ့ CRP က 39.5 (နဲနဲမြင့်နေပါတယ်)၊ Serum Amylae ကတော့ 35 ပါ။ ဒါပေမဲ့ LFT ကတော့တော်တော်ကို deranged ဖြစ်နေပါတယ်။ (TBilirubin 141.9, ALP 246, ALT 428, AST 423, GGT 775) ဒိသွေးအဖြေအရ သည်းခြေပြွန်မှာ ကျောက်နဲပိတ်နေလို့ အသည်းကထုတ်တဲ သည်းခြေရည်အူသိမ်ထဲကိုကေါင်းကေါင်းမဆင်းတဲ့သဘောပါ။ Ultrasound အဖြေမှာတော့ သည်းခြေထဲမှာကျောက်တွေရှိနေပြီး သည်းခြေနဲနဲယောင်နေတယ်လို့ပြန်လာပါတယ်။ ဒါပေမဲ့ သည်းခြေပြွန်မှာကျောက်နဲ့ပိတ်နေတာမရှိပါလို့ပြောထားပါတယ်။
သည်းခြေကျောက်ကြောင့် ဗိုက်နာတာဖြစ်နှိုင်ပေမဲ့ အရင်က Duodenal Ulcer Perforation ဖြစ်ပြီးဗိုက်ခွဲခံရဘူးလို့ အစာအိမ်ယောင်လို့ / အနာရှိလို့ လားဆိုတာသိအောင် အစာအိမ်မှန်ပြောင်းကြည့်လိုက်ပါတယ်။
အဲဒိလိုကြည့်တဲ့ အခါမှာတော့ အစာအိမ်အထွက်က အူသိမ်ထဲမှာ သန်ကောင်ကိုတွေ့ရပါတယ်။ သန်ကောင်ရဲ့ခေါင်းက အူသိမ်ထဲမှာရှိတဲ့ (Ampulla of Vater) လို့ခေါ်တဲ သည်းခြေပြွန်အပေါက် ထဲကိုဝင်နေပြီး လုံးဝလှုပ်ရှားမှု့ မရှိတော့ပါ။
အဲဒိလို သန်ခေါင်ရဲ့ ခေါင်းပိုင်းနဲ ကိုယ်တချို့တဝက် သည်းခြေပြွန်ထဲဝင်နေလို့ လူနာမချိမဆံဗိုက်နာနေတာပါ။ ဒါကြောင့် သန်ကောင်ကို အစာအိမ်ကြည့်တဲ့မှန်ပြောင်းကနေတဆင့် Rat tooth forceps လေးနဲ့တဖြည်းဖြည်းခြင်း ခန္ဓာကိုယ်အပြင်ရောက်ဆွဲထုတ်လိုက်ပါတယ်။ (Video ကိုကြည့်ပါ)
လူနာလဲ အဲဒိလို သန်ကောင်ကို ဆွဲထုတ်လိုက်တဲ့ အချိန်ကစပြီး ဗိုက်နာတာလဲမရှိတော့တဲ့အတွက် နောက်တနေ့ မနက်မှာဆေးရုံကဆင်းပေးလိုက်ပါတယ်။ အဲဒိအချိန်ကစပြီး ဘာဗိုက်ပြဿနာ မှမရှိတော့လို့ ကျနော်ဆီပြန်မလာတာအခုဆိုရင် ၆ နှစ်တောင်ရှိပါပြီ။
ပြည်သူအများအတွက်ပေးခြင်တဲ့ သတင်းစကါး။
=================================
♻️ ၁။ ပြည်သူအများအနေ နဲ့ ဒိလူနာရဲ့ အဖြစ်အပျက်ကိုကြည့်ပြီး၊ သင်ခန်းစာ နဲ့ ဗဟုသုတအများကြီး ရသွားမယ်လို့ထင်ပါတယ်။
♻️ ၂။ သည်းခြေမှာ ကျောက်ရှိလို့ ဗိုက်နာတိုင်း သည်းခြေကျောက်ကြောင့်လို့ မထင်သင့် မမှတ်ယူသင့်ပါ။
ဒီ Case မှာဆိုရင် Liver Function Test ကလဲ Deranged ဖြစ်နေလို့၊ Ultrasound မှာလဲ သည်းခြေကျောက်ရှိပြီသည်းခြေယောင်နေတယ်လို့ ပြောထားလို့ အစာအိမ်မှန်ပြောင်းမကြည့်ဘဲ သည်းခြေကိုအရေးပေါ်ခွဲပြီးထုတ်ဖို့ ပြောမဲ့ ဆရာဝန် တော်တော် များများနဲ့ တွေ့ရနှိုင်ပါတယ်။
အဲဒိလိုဆိုရင်တော့ လူနာကိုဗိုက်နာနေစေတဲ့ သန်ကောင်က သည်းခြေပြွန်ထဲမှာကျန်ခဲမှာဆိုတော့ ခွဲပြီးရင်လဲ လူနာကဗိုက်ဆက်နာနေပြီး သည်းခြေပြွန်ယောင်တာပိုးဆိုးလာဖို့ဘဲရှိပါတယ်။
ခွဲတဲ့ဆရာဝန် က အစာအိမ်မှန်ပြောင်း မကြည့်သရွေ ဒိ သန်ကောင်ကိုတွေ့မှာမဟုတ်တဲ့အတွက် လူနာလဲ ဝေဒနာပိုခံစားရပြီ ဒုက္ခရောက်၊ ဆရာဝန်ကလဲ ဘာဖြစ်နေလို့ဖြစ်နေမှန်းမသိဘဲရွာလည်သွားနှိုင်ပါတယ်။ ဆိုလိုတာက (ရောဂါတခြား၊ ဆေးတခြား) ဖြစ်သွားနှိုင်တာကိုပြောတာပါ။
♻️ ၃။ မြန်မာပြည်က လူအများစုက ကျန်းမာရေးဗဟုသုတကလဲနဲ၊ ပညာအခြေခံကလဲ သူများတိုင်းပြည်က လူတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အတော်နိမ့်ကျပါတယ်။ ဒါကြောင့် တကိုယ်ရေသန့်ရှင်းမှု့ နဲကြတဲ့အတွက် အခုလို ခန္ဓာကိုယ်ထဲမှာသန်ကောင်ပေါက်ပွားပြီး ခလေး လူကြီးပါမကျန် ဒုက္ခပေးနေတာပါ။
ဒါကြောင့် အစားအသောက်မစားခင် လက်ကိုသန်ရှင်းစင်ကြယ်အောင်ဆပ်ပြာနဲ့ဆေးပြီးမှ စားသောက်ပါလို့ အကြံပေးလိုက်ပါတယ်။