Cupid cosmetics

Cupid cosmetics Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cupid cosmetics, Cosmetics Store, No, 15, Hlaing myit Street, Hlaing township, Yangon.

🌹ဘယ် Skin care ၊ Make up တွေက ကိုယ့်အသားရေနဲ့ လိုက်ဖက်လဲ၊ ဘယ်လို အမျိုး အစားကို သုံးရမလဲ🌹ဒါကြောင့် ချစ်တို့အတွက် ယေဘုယျခ...
22/02/2021

🌹ဘယ် Skin care ၊ Make up တွေက ကိုယ့်အသားရေနဲ့ လိုက်ဖက်လဲ၊ ဘယ်လို အမျိုး အစားကို သုံးရမလဲ🌹

ဒါကြောင့် ချစ်တို့အတွက် ယေဘုယျခွဲခြားနိုင်တဲ့ အသားအရေအမျိုးအစား (၅) မျိုးကို ပြောပြပေးလိုက်တယ်နော်။

💕ပုံမှန်အသားရေ (Normal Skin) - အဆီအရမ်းမပြန်သလို အရမ်းလည်း ခြောက်သွေ့မနေတဲ့ အသားရေပိုင်ရှင်တွေပါ။ အသားအရေ အရောင်အနည်းငယ်ခြားနားပြီး အသားရေလည်း ပျက်ဆီးထိခိုက်ခြင်းမရှိပါဘူး။ နူးညံ့တဲ့ သွင်ပြင်ရှိပြီး ဝက်ခြံ၊ ဆားဝက်ခြံများလည်း ကင်းစင်တဲ့ အသားရေ ပိုင်ရှင်တွေကို ပုံမှန်အသားရေလို့ သတ်မှတ်ပါတယ်။

💕အဆီပြန်အသားအရေ ( Oily Skin) - ချွေးပေါက်တွေ သိသိသာသာ ကျယ်ပြီး အဆီပြန်ခြင်းကို အလွန်အမင်း ခံစားနေရမယ်၊ ဝက်ခြံနဲ့ ဆားဝက်ခြံတွေလည်း ရှိနေမယ်ဆိုရင်တော့ အဆီပြန်အသားရေပါပဲ။

💕ခြောက်သွေ့အသားရေ ( Dry Skin) - အရေးအကြောင်းတွေ အလွယ်တကူဖြစ်လွယ်ပြီး ချွေးပေါက်တွေလည်း အနည်းငယ် ရှိနေတတ်ပါတယ်။ အသားအရေမကြာခဏ အလွှာတွေကွာတတ်ပြီး နီရဲရောင်ကိုင်းခြင်းကို ခံစားရမယ်ဆိုရင် ခြောက်သွေ့အသားအရေပါ။

💕ထိခိုက်လွယ် အသားရေ ( Sensitive Skin ) - နေလောင်ခြင်းကို လွယ်လွယ်ကူကူ ခံစားရပြီး အစက်ပြောက်များလည်း ဖြစ်တတ်ပါတယ်။ အဖုအပိမ့်များလည်း ရှိနေတတ်ပြီး နာကျင်ခြင်းကို ခံစားရမယ်ဆိုရင် ထိခိုက်လွယ် အသားအရေပါပဲ။

💕ပေါင်းစပ် အသားရေ ( Combination Skin ) - နဖူး ၊ မေးစေ့ ၊ နှာခေါင်း တွေမှာ အဆီပြန်ပြီး မျက်လုံးတစ်ဝိုက်နဲ့မေးရိုးတစ်လျောက်မှာတော့ ခြောက်သွေ့နေတတ်ပါတယ်။ ဆားဝက်ခြံတွေရှိပြီး ချွေးပေါက်တွေ အရမ်းကျယ်နေမယ်ဆိုရင်တော့ ပေါင်းစပ်အသားအရေပါပဲနော်။

ကဲ ဒီလိုဆို ကိုယ့်အသားအရေက ဘယ်လိုအမျိုးအစားထဲမှာပါလဲဆိုတာ အကြမ်းဖျင်းတော့ သိနိုင်ပြီဆိုတော့ ဘယ်လို skin care ပစ္စည်းတွေ ဝယ်သုံးသင့်လဲဆိုတာ သိပြီပေါ့နော်

အသားအရေ ပြဿနာများ ကင်းဝေးပြီး လှပတဲ့ အသားအရေလေးများ ပိုင်ဆိုင်ကြပါစေ

" Skincare အကြောင်း.သိကောင်းစရာ "တချို့က Skin care ကို သေချာမသိကြသေးဘူး…Skin care ကို တခါတလေမှသုံးလည်း ရတယ်လို့ ထင်နေကြတ...
22/02/2021

" Skincare အကြောင်း.သိကောင်းစရာ "

တချို့က Skin care ကို သေချာမသိကြသေးဘူး…

Skin care ကို တခါတလေမှသုံးလည်း
ရတယ်လို့ ထင်နေကြတယ်...

တချို့က အပြင်သွားခါနီးမှ လိမ်းလိုက်
Mask ကပ်လိုက် လုပ်တတ်ကြပါတယ်…
အဲ့တာကို care တယ်လို့ ထင်နေကြတယ်…

တကယ်တော့ Skin care ကို
အမြဲလိမ်းပေးရပါမယ်…

နေ့ဘက် မိက်ကပ်လိမ်းတယ်…
အလုပ်သွားတယ်…

ပြန်ရောက်လို့… ညဘက်ရောက်ရင်
skin Care လုပ်ဖို့ လိမ်းဖို့ မမေ့ပါနဲ့…

နေ့တိုင်း Care ပေးမှ အမြဲ Glow ဖြစ်မှာပါ…

Mask ကပ်တယ်ဆိုတာကလည်း
(1)ပတ် (2)ခါ အနည်းဆုံးလုပ်ပေးသင့်ပါတယ်။

အမြဲတမ်း ပွဲရှိမှ… အပြင်သွားမှ…
Skin Care လုပ်တာမျိုး
Mask ကပ်တာမျိုး ကို ဆင်ခြင်ပါ...

တချို့က Skin Care အစပိုင်းမှာ
ဖုသေးသေးလေးတွေ ထွက်တက်ပါတယ်...

ဆက်လိမ်းလို့ရပါတယ်…
နောက်ဆို ပျောက်သွားပါလိမ့်မယ်...

တချို့က ဘာမှမထွက်ဘူး ပိုလှလာတယ်…
ဒါကလည်း တည့်တယ်လို့ ခေါ်ကြတယ်…

တချို့ကလည်း ဖုသေးသေးလေး ပေါက်တာနဲ့
Skin care မကောင်းဘူးလို့ ထင်ကြပြန်တယ်...

တချို့ကလည်း (1)ပတ်မှ (1)ရက်သာ
Skin Care လိမ်းပြီး ဖုပေါက်တယ် မတည့်ဘူး…
မကောင်းဘူးပြောကြပြန်တယ်...

သေချာတာက သုံးပုံသုံးနည်းမှားနေလို့ပါ....

👉🏻မျက်နှာကို
(၁)နေ့ (၂)ကြိမ် သစ်ပေးရပါမယ်..

👉🏻Skin care ကို နေ့တိုင်း လိမ်းပေးရပါတယ်..

👉🏻Mask ကို အနည်းဆုံး
(၁)ပတ် (၂)ကြိမ် သုံးပေးရပါမယ်..

👉🏻ရေများများ သောက်ပေးရမယ်...

👉🏻အိပ်ရေး မှန်ရမယ်..

👉🏻အစပ်နဲ့ အငံ လျှော့ စားရမယ်..

တခုခု ချို့ယွင်းနေရင်
ဝက်ခြံ နဲ့ ဖုလေးတွေ ထွက်လာနိုင်ပါတယ်…

ဒါကြောင့် Skin Care ကို သေချာလုပ်ပေးကြပါနော်

သူများလှတာ၊ သူများ glow တာဘဲ
ငေးမောမနေပါနဲ့တော့…

ကိုယ်ကိုယ်တိုင် Glow လိုက်ပါလို့

ဘယ်လောက်စျေးကြီးပြီးကောင်းတဲ့
Make Up တွေသုံးသုံးSkin မကောင်းရင် လှချင်သလောက်မလှတော့ဘူးနော်

Skin Care တွေကစျေးကြီးလို့ မသုံးနိုင်ပါဘူးမပြောလိုက်ပါနဲ့နော်

အမဲစက်တွေဘာ့ကြောင့်ဖြစ်တာလဲဆိုတော.............
22/02/2021

အမဲစက်တွေဘာ့ကြောင့်ဖြစ်တာလဲဆိုတော.............

တင်းတိပ် နှင့် အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးတဲ့ Sunscreenအကြောင်းးးးးးးးးးUVAနဲ့ UVB ▪️UVA ကတော့ မျက်နှာကို အိုမင်းရင...
31/01/2021

တင်းတိပ် နှင့် အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးတဲ့ Sunscreenအကြောင်းးးးးးးးးး

UVAနဲ့ UVB

▪️UVA ကတော့ မျက်နှာကို အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေပါတယ်

UVBကတော့ မျက်နှာအရေပြား နီမြန်းခြင်းတွေ၊တင်းတ်ပ်တွေကို ဖြစ်ပေါ်စေပါတယ်နော်

▪️ဒါဆို ကျွန်မတို့ သုံးနေကြတဲ့ Sunscreenတွေကို UVAရော UVBရော ကာကွယ်ပေးရဲ့လား ဆိုတာ စဉ်းစားစရာပါပဲနော်...

SPF (Sun Protection factor) 15,30,50++ တွေ အနီးအနား cosmetic ဆိုင်တွေမှာ တွေ့ဖူးကြမှာပါ.

sunscreenက SPF များလေလေ နေရောင်ခြည်ကို ကာကွယ်ပေးလေလေပါနော်


SPF 15 > 93%
SPF 30> 97%
SPF 50> 98% (Higher SPF does not protect much Sunlight )

Sunscreen တစ်မျိုးရဲ့ SPF (Sun protection factor)က Sunscreenက နေရောင်ခြည်ကို ဘယ်လောက် ကြာကြာ ကာကွယ်နိုင်တာလဲ ဆိုတာ ပြတာပါ

အကယ်၍ သင်ဟာ နေပူထဲထွက်ရင် ၁၀ မိနစ်ဆိုရင် နေလောင်ပြီဆိုရင်

☀️SpF15 ဆိုရင်> ၁၅*၁၀ မိနစ် ~ ၁၅၀ မိနစ် ကြာရှည်ပါတယ်
☀️Spf 30ဆိုရင် > ၃၀* ၁၀မိနစ် ~ ၃၀၀ မိနစ် ကြာရှာခံပါတယ်
☀️SPF 50ဆိုရင် > ၅၀*၁၀မိနစ် ~ ၅၀၀ မိနစ် ကြာရှည်ခံပါတယ်နော်

အကယ်၍ သင်ဟာ နေပူထဲ ထွက်လို့ ၁ မိနစ် အတွင်း နေလောင်ပြီဆိုရင်တော့ SPF 15> 15 mins, Spf 30> 30mns , Spf 50>50mins ခံပါတယ်နော်

⚠️⚠️ပြောချင်တာက SPF များတာက ပိုကာကွယ်တာမဟုတ်ဘဲ အချိန် ကြာကြာ ပို ကာကွယ်တာကို ပြောတာပါနော် ⚠️⚠️⚠️

⁉️ စျေးကြီးတဲ့ Sunscreenတွေက ပို ထိရောက်ပြီး ပို ကာကွယ်ပေးတာလား ??
အဖြေ ~ နိုးပါ (စျေးကြီးတိုင်း ပို ကာကွယ်ပေးတာ မဟုတ်ပါဘူး)

⁉️Higher SPF မြင့်ရင် အသားအရည် ပိုထိခိုက်နိုင်လား ??
အဖြ ~ နိုးပါ (SPF မြင့်တိုင်း အသားအရည်ကို မထိခိုက်စေပါဘူး အချိန် ပိုကြာကြာ ကာကွယ်ပေးပါတယ်)

Sunscreen မလိမ်းသေးတဲ့သူတွေ ခုကစပီး စလိမ်းဖို့ တိုက်တွန်းပါတယ်နော်
& Beauty Sharing


ဒီလို 💥SkinCare ပိုင်းနဲ့ပတ်သက်တဲ့ဗဟုသုတပေးအပိုင်းအနေနဲ့အမြဲနေ့တိုင်းမပျက်လာမျှဝေပေးမှာဖြစ်တဲ့အတွက်Page လေးကို 💥Like &Share💥 လေးလုပ်ထားလို့ရပါတယ်နော်🥰🥰🥰

Dior 20 % offDior Prestige Rose Eye Serum 15mlPrice to Ygn 230,000 KyatsWaiting time 2 weeks Dior Prestige “Le Micro-Sé...
31/01/2021

Dior 20 % off

Dior Prestige Rose Eye Serum 15ml
Price to Ygn 230,000 Kyats
Waiting time 2 weeks

Dior Prestige “Le Micro-Sérum de Rose Yeux” မှာ 360ဒီ ကရီ လှည့် ပြီး massage လုပ်လို့ ရ တဲ့Roller အသေးလေး 10ခု ပါ ပါ တယ်
အဲ ဒီ Roller လေး က အပြင် က အပူ ချိန် ထက် -23 ဒီ ကရီ လျော့တာမို့သုံးတဲ့ အခါ မှာ မျက် လုံး တစ်ဝှိက် ကို အေးမြစေပါ တယ်
eye serum လေး ညှစ်လိုက် ပြီး တစ်ခါ ထဲ massage လုပ်လို့ ရ တာ မို့ မျက်အိတ် ဖောင်း ပြီး မျက်ကွင်း ညို သူ တွေ အတွက် သိသိသာသာ မျက် လုံး နားတစ်ဝှိက် ကြည် လင် စေ မှာ ပါ

multi-vitamin နဲ့ skincare အတွက် သေချာစီမံစိုက်ပျိုးထားတဲ့ နှင်းဆီပန်းအဆီအနှစ်များနဲ့ ထုတိလုပ်ထားသောကြောင့် မျက်လုံးတစ်ဝိုက်ရှိ အသားအရည်ကို အားဖြည့်ပေးပြီး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်ဝန်းကို လန်းဆန်းတဲ့ အသွင် ဖြစ်လာစေမှာပါ။
ပြီးတော့ မျက်ကွင်းညိုခြင်း(dark eye-circle)ကိုလည်း လျော့နည်းသွားစေပါတယ်။ သူက again ကြောင့်ဖြစ်တဲ့ မျက်လုံးအရေးအကြောင်းများ| မျက်အိတ်ကျတာ တွေကိုလည်း လျော့နည်းလာစေပါတယ်။ သုံးပီး ၄ပတ်အတွင်း သိသာတဲ့ရလဒ်ကို ခံစားရစေမှာပါ။
feedback လည်းအရမ်းကောင်းတဲ့ eye serum ဖြစ်ပါတယ်။

ဒီ eye serum လေးကို လူငယ်တွေအနေနဲ့ ဒီတစ်ခုထဲသုံးလို့ရသလို ၊ ပြည့်ဖြိုးတို့အရွယ်နဲ့ aging concern ရှိသူတွေအတွက် Prestige eye cream မတိုင်ခင် (ဒါမှမဟုတ်) L’or De Vie eye cream မတိုင်ခင် သုံးရင် အကောင်းဆုံးပါပဲရှင့်။
- Pyae Phyo Khaing

Kinohimitsu Marine Collagen 48000 Kyats 🤩Collagen အကြောင်းသိကောင်းစရာအသက်ကြီးလာတာနဲ့အမျှ Collagen and Elastin အားနည်းဆုတ...
31/01/2021

Kinohimitsu Marine Collagen
48000 Kyats

🤩Collagen အကြောင်းသိကောင်းစရာ

အသက်ကြီးလာတာနဲ့အမျှ Collagen and Elastin အားနည်းဆုတ်ယုတ်လာလို့ ဖြစ်ပါတယ်။ (Natural aging process)။ Collagen ဆိုတဲ့ ပရိုတင်း amino acids ဆိုတာ Gelatin Gel ကဲ့သို့ ခပ်ပြစ်ပြစ် ချွဲချွဲ ကော်ကဲ့သို့ ဖြစ်နေသည့် ဓာတ်ဖြစ်ပါတယ်။

Collagen ကို အများဆုံး တွေ့ရတဲ့ နေရာတွေကတော့ အရိုး၊ အရွတ်၊ သွေးကြောနံရံ၊ မျက်လွှာ၊ အူနံရံ၊ ခါးကြောရိုးကြား နေရာများ၊ သွား၊ ကြွက်သား၊ အရေပြားအောက်ခြေ၊ အရိုးနု စသည်ဖြင့်ဖြစ်ပါတယ်။ (Bone, Skin, tendons, ligaments, cartilage cushions)

Collagen တွေ လျော့လာတာ အသက်ကြီးလာခြင်းတည်းဟူသော အကြောင်းတစ်ခုတည်းတော့ မဟုတ်ပါ။ အစားအသောက် အနေအထိုင်နဲ့လဲ သက်ဆိုင်နေပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ကာယိက ဒုက္ခ စေတသိက ဒုက္ခ များနေတဲ့ stressful life, အာဟာရဓာတ်တွေ ချို့တဲ့နေခြင်း၊ အစားအသောက် မဆင်ခြင်ခြင်း၊ သကြား အစားများခြင်း၊ ပတ်ဝန်းကျင် အဆိပ်တွေ (ဓာတ်မြေဩဇာမှာ ပါတဲ့ Glyphosate) ဟာလဲ Collagen ဓာတ်ယုတ်လျော့စေပါတယ်၊ အကြောင်းအမျိုးမျိုးကြောင့် Collagen ဓာတ်လျော့ပါးသွားမယ်ဆိုရင် ရောဂါမျိုးစုံ ရလာတတ်ပါတယ်။

အဆစ်နှစ်ခုကြားမှာ cushion ကြားခံထားတဲ့ အရိုးနု cartilage ပါးလာပြီဆိုရင် အဆစ်တွေ နာကြပြီပေါ့။ ခေတ်သစ် မြန်မာ ခေါ်နည်းကတော့ ကျီးပေါင်းပါ၊ဒူးကျီးပေါင်း၊ ခါးကျီးပေါင်း၊ ဂုတ်ကျီးပေါင်း စုံနေတာပါဘဲ။ ဒူးနာပြီ၊ ခါးနာပြီ၊ ပေါင်ရိုး အားမရှိတော့ပါ။ ကြွက်သားတွေပါ အားယုတ်လာပါတယ်။ ကြာရင် အိပ်ယာထဲမှာ လဲပြီး လမ်းမလျှောက်နိုင်တော့တာတွေ ဖြစ်လာတယ်။

Collagen ကို သောက်မယ်ဆိုရင် တစ်ကိုယ်လုံးအတွက် အကျိုးရှိမှာဖြစ်တယ်၊ အရေပြားရော၊ အရိုး၊ အရိုးနု ၊ အရွတ် အားလုံးအတွက် ကောင်းသွားနိုင်ပါတယ်။ ဆံပင်၊ လက်သည်း ခြေသည်း တွေအတွက်လဲ ကောင်းတယ်လို့သိရပါတယ်။ အရေပြားလဲ တင်းတင်းရင်းရင်း ဖြစ်လာမယ်။ fine wrinkles လဲ လျော့သွား နိုင်တယ်။ အရိုးတွေ ကြွက်သားတွေလဲ ပြန်သန်စွမ်းလာနိုင်တယ်။ အဆစ်တွေ နာကျင်ခြင်းမှ သက်သာလာနိုင်တယ်။ ရေရှည်မှာ အကုန်အကျလဲ အများကြီး ပိုသက်သာပါလိမ့်မယ်။

Collagen type 1
ခန္ဓာကိုယ်ထဲမှာ အများဆုံးရှိနေတဲ့ ပရိုတင်းဓာတ် 90% ဖြစ်ပါတယ်။ တစ်ကိုယ်လုံးအတွက် အထောက်အကူဖြစ်တယ်။
Collagen Type 2
elastic cartilage အဆစ်နှစ်ခုအကြားက အရိုးနု မှာအများဆုံးတွေ့ရတယ်။
Collagen type 3
သွေးပြန်ကြော၊ သွေးလွှတ်ကြော၊ ကြွက်သား၊ ခန္ဓာကိုယ် အစိတ်အပိုင်းမှာတွေ့ရတယ်။ သွေးကြော ကျားကန်အားမရှိလို့ သွေးကြောပေါက်လွယ်တဲ့လူတွေ။ ကြွက်သား အားနည်းနေသူတွေအတွက် အလွန်ကောင်းပေါ့။
Collagen type 4
အရေပြားမှာ အများဆုံးတွေ့ရပါတယ်။

Collagen powder တွေမှာ type ၄ မျိုးလုံး အနဲနဲ့ အများ ပါနေပါတယ်။

A Better Health & Ko Aung Ko

အဆီဖုတွေထပ်မပေါက်တော့အောင် ဘာတွေ လုပ်သင့်လဲ ? ဒီအချက်သေးသေးလေးတွေကို လိုက်နာကြည့်ပါ ၁. ရေများများသောက်ပါ.၂. ဝမ်းမချုပ်စေ...
31/01/2021

အဆီဖုတွေထပ်မပေါက်တော့အောင်

ဘာတွေ လုပ်သင့်လဲ ?

ဒီအချက်သေးသေးလေးတွေကို လိုက်နာကြည့်ပါ

၁. ရေများများသောက်ပါ.

၂. ဝမ်းမချုပ်စေပါနဲ့

၃. အဆင်ပြေနေတဲ့ Skincare ကို ခဏခဏ မပြောင်းချင်ပါနဲ့

၄. တစ်ပတ်တစ်ခါ ခေါင်းအုံးစွပ်လေး လဲပေးပါ

၅. ဖုန်း screen ကို အရက်ပြန်လေးနဲ့ တစ်နေ့တစ်ခါ သန့်ရှင်းပေးပါ

၆. မျက်နှာ ကို လက်နဲ့ ခဏခဏ မထိပါနဲ့

၇. မိတ်ကပ် ဖျက်ဖို့ မပျင်းပါနဲ့ ( မိတ်ကပ်ဖျက်ဆေးဖြင့်)

၈. အလွန် ငန်,စပ်,ချို သောအစာတွေ ရှောင်ပါ,ခေါက်ဆွဲခြောက်ရှောင်ပါ

၉. ဆံပင် စည်းထားပါ

၁၀. Skincare မလိမ်းဘဲ မိတ်ကပ် လုံးဝ မလိမ်းပါနဲ့

၁၁. အိပ်ရေးမပျက်စေပါနဲ့

ပြောချင်တာက အဆီဖုတွေ ဝက်ခြံတွေ မပေါက်ဖို့အတွက်ဆိုရင် Skincare ချည်း လုပ်ယူနေလို့မရပါဘူး. လူနေမှုဘဝ ပါပြောင်းလဲပစ်ရပါမယ်. အစားအသောက်,အနေအထိုင်, အဓိက ကျန်းမာရေးလိုက်စားဖို့ သိပ်ကို အရေးကြီးတာပါ.

အခု ရေးပေးတဲ့ အချက်တွေကိုလည်း လိုက်နာ, အစားအသောက်လည်းရှောင်, Skincare လေး သေချာမှန်မှန် လုပ်ပေးမယ်ဆိုရင် အဖုတွေ ကင်းတဲ့ မျက်နှာ ကို မကြာခင် ပိုင်ဆိုင်ရမှာပါ...

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

crd Dr Aye Min Htoo🥰🥰👍

Miss DiorBlooming bouquet 100 ml - 180000 Kyats ချစ်ရသူအတွက် Valentines’ Day အမှတ်တရပေးဖို့ဆို မိန်းကလေးတိုင်း စွဲမက်စေတ...
31/01/2021

Miss Dior
Blooming bouquet
100 ml - 180000 Kyats

ချစ်ရသူအတွက် Valentines’ Day အမှတ်တရပေးဖို့ဆို မိန်းကလေးတိုင်း စွဲမက်စေတဲ့ ဆွတ်ဖြန်းတဲ့အခါတိုင်း ရနံ့လေးရနေတိုင်း စွဲငြိစေမဲ့ အမိမိုက်ဆုံးလက်ဆောင်ဟာ ရေမွှေးပါနော်

ရေမွှေးထဲမှာ အမြင့်ဆုံး အကောင်းဆုံးဟာလဲ DIORအပါဝင်ပါနော်

VIP Sale 20% off ရှိပါတယ် သုံးနေကျဆိုလဲ စျေးချခဲလို့ လက်မလွှတ်သင့်ပါဘူးနော်

သူ့အနံ့လေးတွေက မိန်းမဆန်တယ် 👯‍♀️
long lasting ဖြစ်တယ် 🥰
fresh ဖြစ်တယ် 🍊
ပန်းနံ့လေး 🌷🌹🌸
elegant 🤩ဖြစ်ပြီး အဆင့်တန်းမြင့်လှပါတယ်

DIORက ထုတ်တဲ့ရေမွှေးတွေဟာ သုံးဖူးသူတိုင်း ပြန်ပြန်ဝယ်ကြတဲ့အခြားရေမွှေး နောက်တစ်မျိုးပြောင်းမသုံးချင်လောက်အောင် ကြ်ိုက်ကြတဲ့ ရေမွှေးလေးတွေဆိုတာသုံးဖူးသူတိုင်း သိကြပါတယ်နော်

DIOR လို brand အကြီးတွေက saleချခဲတယ်ပါတယ်ရှင် စျေးတွေကို ပုံအောက်မှာ comment မှာရော ရေးပေးထားလို့ ကြည့်ပေးပါရှင်

Waiting time 2/3 Weeks ပါ

ချစ်ရသူအတွက် Valentines’ Day အမှတ်တရပေးဖို့ဆို မိန်းကလေးတိုင်း စွဲမက်စေတဲ့ ဆွတ်ဖြန်းတဲ့အခါတိုင်း ရနံ့လေးရနေတိုင်း စွဲငြိ...
30/01/2021

ချစ်ရသူအတွက် Valentines’ Day အမှတ်တရပေးဖို့ဆို မိန်းကလေးတိုင်း စွဲမက်စေတဲ့ ဆွတ်ဖြန်းတဲ့အခါတိုင်း ရနံ့လေးရနေတိုင်း စွဲငြိစေမဲ့ အမိမိုက်ဆုံးလက်ဆောင်ဟာ ရေမွှေးပါနော်

ရေမွှေးထဲမှာ အမြင့်ဆုံး အကောင်းဆုံးဟာလဲ DIORအပါဝင်ပါနော်

VIP Sale 20% off ရှိပါတယ် သုံးနေကျဆိုလဲ စျေးချခဲလို့ လက်မလွှတ်သင့်ပါဘူးနော်

သူ့အနံ့လေးတွေက မိန်းမဆန်တယ် 👯‍♀️
long lasting ဖြစ်တယ် 🥰
fresh ဖြစ်တယ် 🍊
ပန်းနံ့လေး 🌷🌹🌸
elegant 🤩ဖြစ်ပြီး အဆင့်တန်းမြင့်လှပါတယ်

DIORက ထုတ်တဲ့ရေမွှေးတွေဟာ သုံးဖူးသူတိုင်း ပြန်ပြန်ဝယ်ကြတဲ့အခြားရေမွှေး နောက်တစ်မျိုးပြောင်းမသုံးချင်လောက်အောင် ကြ်ိုက်ကြတဲ့ ရေမွှေးလေးတွေဆိုတာသုံးဖူးသူတိုင်း သိကြပါတယ်နော်

DIOR လို brand အကြီးတွေက saleချခဲတယ်ပါတယ်ရှင် စျေးတွေကို ပုံအောက်မှာ comment မှာရော ရေးပေးထားလို့ ကြည့်ပေးပါရှင်

Waiting time 3 Weeks ပါ

LANCOME LA VIE EST BELLE EDP 100MLExcellent Reviews ပေါင်း ထောင်ချီ ရထားတဲ့ Best seller ရေမွှေးလေးအနံ့က Unique ဖြစ်ပီး န...
30/01/2021

LANCOME LA VIE EST BELLE EDP 100ML

Excellent Reviews ပေါင်း ထောင်ချီ ရထားတဲ့ Best seller ရေမွှေးလေး

အနံ့က Unique ဖြစ်ပီး နဲနဲလေး ဆွတ်လိုက်ရုံနဲ့ အနံ့ တအား စွဲ လွန်းလို့ အနံ့အစွဲဆုံး girl perfume ထဲမှာ No1 ရ ထားတာပါ

ပန်းအနံ့ ချိုမြိန် လန်းဆန်းစေပီး မိန်းကလေးဆန်ဆန် နဲ့ sexy ဖြစ်တဲ့ ရနံ့မျိုးပါ

ကိုယ်ပိုင်အနံ့မျိုး ထင်ရှားချင်ရင် ဒါလေး သုံးဖို့ အကြံပေးချင်ပါတယ်နော်

သူ့အနံ့က တနေကုန် တင်မကဘူး အဝတ်မှာဖျန်းထားရင် ၂ ရက်ကျော်ထိ အနံ့ခံပါတယ်

ဗီဒိုထဲမှာဖျန်းထားကြည့် မဝတ်ရသေးတဲ့အဝတ်တွေမှာ ၃/၄ ရက်လောက် အနံ့က လုံးဝမပျောက်ဘူး

2 သိန်း ဝန်းကျင်ကို အခု Sale နဲ့ မို့ 100 ml ကို 175000 ကျပ် နဲ့ ရပါမယ်

Pre order ပါနော်

3 weeks waiting timeပါရှင်

👉Toner မသုံးလို့ရလား? 👉Toner မသုံးဘဲ တခြား Skincare တန်းပြီးလိမ်းလို့ရလား? 🤔🤔Toner ကိုမှန်ကန်စွာ အသုံးပြုနည်း💙Skincare_S...
30/01/2021

👉Toner မသုံးလို့ရလား?
👉Toner မသုံးဘဲ တခြား Skincare တန်းပြီးလိမ်းလို့ရလား? 🤔🤔
Toner ကိုမှန်ကန်စွာ အသုံးပြုနည်း💙

Skincare_Steps တွေထဲမှာ Toner သုံးတာက
👉Basic အကျဆုံးဖြစ်ပြီး သူကိုသုံးတဲ့အခါ အသားရေက စိုပြေမယ် ph level ညှိပေးလို့ ချွေးပေါက်တွေကို ကျဉ်းစေတယ်🤗🤗💙 လုပ်မယ်ဆို သူ့ကို မရှိမဖြစ် သုံးရမှာပါ

Toner လိမ်းသည့်အခါဆိုရင် ဂွမ်းနဲ့လိမ်းရင် လက်နဲ့ လ်ိမ်းတာထက်ပိုပြီး ညီညီညာညာကျတယ်🤔🤔🤔

လက်နဲ့ tonerလိမ်းရင် လက်ပေါ်ကို toner ထည့်လိုက်သည့် အချိန်ကတည်းက နည်းနည်းလေး လည်းဖိတ်ကျနိုင်ပြီလက်ဖဝါးကလည်း အာနိသင်တွေကို လည်းနည်းနည်း စုပ်ယူအုန်းမယ် 🙁

တစ်ခါတစ်လေကျတော့ လက်ပေါ်ကပိုးမွှားတွေကလဲ ကပ်နိုင်တယ်ဆိုတော့ မျက်နှာပေါ် ရောက်ရင် အာနိသင်တွေက နည်းနည်းနည်းလေးဘဲ ကျန်တော့တာပေါ့

အဓိကက လက်ဖဝါးက ဝါဂွမ်းလို ညီညီညာညာ လေးမရှိဘူးလေ ပြီးတော့လည်း ချေးအလွယ်တကူဖြစ်နိုင်တယ်…

ဝါဂွမ်းကိုအသုံးပြုပြီး Toner လိမ်းနည်း

၁။ ဝါဂွမ်းကို City mark နှင့် ဆိုင်တွေမှာ အလွယ်တကူဝယ်နိုင်တယ်၊ ဝါဂွမ်းသုံးသည့် အခါတွင်လည်း ပါးပါးလေးမသုံးပါနဲ့ 🤗ဘာကြောင့်လဲဆိုတော့ အရမ်းပါးရင် Toner တွေဖိတ်ကျနိုင်တယ်လေ

ဝါဂွမ်းကိုသုံးရင် မျက်နှာကို နှစ်ခါသစ်တဲ့သဘောရတယ်🤗မျက်နှာမှာရှိသော အညစ်အကြေးကို ဖယ်ရှားပေးနိုင်တယ်

👉နှာခေါင်းကြားတွေမှာ အဆီထွက်တာကိုလည်း ဖယ်ရှားပေးနိုင်တယ်၊ ပြီးတော့လည်း အသားရေကို လန်းဆန်းစေပြီး ဝက်ခြံထွက်တာကိုလည်း ကာကွယ်ပေးနိုင်တယ်😉

၂။ အသားရေကို အစိုဓာတ်ရှိနိုင်ရန် ဝါဂွမ်းကို ပုတ်လိမ်းပေးပါ🤗Toner ကို အထဲထိ စိမ့်ဝင်သွားအောင် ဝါဂွမ်းကို မျက်နှာပေါ်သို့ ဖြည်းဖြည်းလေးဖိပြီး ပုတ်ခတ်ပေးပါ✨✨

တစ်ဖက်သုံးပြီး နောက်တစ်ဖက်ကို ပြန်သုံးနိုင်တယ်🤔🤔

၃။ ဝါဂွမ်းက မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးနိုင်ပြီး လေးလံမှုကို လျော့နည်းစေတယ်🤗🤗🤗

ဝါဂွမ်းသုံးတဲ့ ကောင်းကျိုးက လက်ရဲ့ အပူချိန်နှင့် လက်ပေါ်မှာရှိသော ပိုးမွှားတွေ ရှောင်ကြဉ်နိုင်တယ်

Toner ကို removerCotton အပါးနဲ့လဲ မျက်နှာကိုပေါင်းတင်နိုင်တယ်💙💙

ဒါကြောင့်အခုမှာ Toner လိမ်းနည်းတွေ သိသွားပြီးဆိုတော့လည်း လိုက်လုပ်ဖို့လည်း မမေ့ကျနဲ့နော်။

အားလုံးလည်း တစ်နေ့ထက်တစ်နေ့ပိုပိုပြီးလှကြပါစေ❄❄



Toner ထဲမှာ အမြင့်ဆုံး အထိရောက်ဆုံး SKII ရဲ့ Clear lotionလေးကို သုံးတာအကောင်းဆုံးပါ သူက အဆီပြန်တဲ့သူတွေလည်း သုံးလို့ရပြီး 230mlတောင်ပါတဲ့ ပုလင်းကြီးကို Sales ရှိလို့ ဈေးက 100000ကျပ် ပါရှင့်

Address

No, 15, Hlaing Myit Street, Hlaing Township
Yangon

Telephone

09791234545

Website

Alerts

Be the first to know and let us send you an email when Cupid cosmetics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share