16/05/2026
🦠 “ဟန်တာဗိုင်းရပ် (Hantavirus)” ဆိုတာ ဘာလဲ? မြန်မာနိုင်ငံမှာ ဖြစ်နေပီလား? ဘာတွေ သတိထားရမလဲ?
လတ်တလော လူအများ စိတ်ဝင်စားနေတဲ့ “Hantavirus” ဟန်တာဗိုင်းရပ်စ် အကြောင်းကို ဆေးပညာအမြင် ရှုထောင့်နဲ့ အတိုချုံးပြီး မှတ်မိလွယ်အောင် ရှင်းပြပါမယ်။
━━━━━━━━━━━
🐭 Hantavirus ဆိုတာ… “ကြွက်” တွေနဲ့ အဓိက ဆက်စပ်တဲ့ virus တစ်မျိုး ဖြစ်ပါတယ်။ 🐭🐭
❗️လူအချင်းချင်း သာမန် ထိတွေ့မှုရှိရုံ နဲ့ ကူးစက်တာ မဟုတ်ဘဲ ➡️ ရောဂါကူးစက်ခံထားရတဲ့ ကြွက်ရဲ့ • ဆီး • အညစ်အကြေး • တံတွေး တွေ ခြောက်သွားပြီး လေထဲပျံ့နှံ့လာတာကို ရှူရှိုက်မိတဲ့အခါ အဓိက ကူးစက်နိုင်ပါတယ်။
📌 အထူးသဖြင့် — 🏚️ ပိတ်ထားတဲ့ ဂိုဒေါင်တွေ 🏕️ စတိုခန်းအဟောင်းတွေ 🚜 လယ်ယာပစ္စည်းထားတဲ့အခန်းတွေ 🧹 ကြာကြာမသန့်ရှင်းပဲ ကြွက်တွေခိုအောင်းပေါက်ဖွားနေတဲ့ အခန်း တွေမှာ ကူးစက်နိုင်ချေ risk ပိုများပါတယ်။
━━━━━━━━━━━
⚠️ ရောဂါလက္ခဏာတွေ
အစပိုင်းမှာ သာမန်တုတ်ကွေးဖျားနာ flu လိုပဲ ဖြစ်တတ်ပါတယ် — 🤒 ဖျားမယ် 💢 ကိုယ်လက်ကိုက်ခဲမယ် 😵 ခေါင်းကိုက်မယ် 🤢 ပျို့ချင် အန်ချင်မယ် 😮💨 မောပန်းနုံးချိနေတာတွေလဲ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့်… တချို့ case တွေမှာ 🫁 အဆုတ်ထဲရေဝင်တာမျိုး 💨 အသက်ရှူရခက်ခဲတာမျိုး 🩸 သွေးပေါင်ကျပြီး ရှော့ရတာမျိုးအထိ ပြင်းထန်နိုင်ပါတယ်။
❗️“သာမန်အအေးမိတာပါ” လို့ ထင်ပြီး ပေါ့ပေါ့ဆဆ နေလိုက်လို့ မရတဲ့ virus တစ်မျိုးဖြစ်ပါတယ် ။
━━━━━━━━━━━
🇲🇲 မြန်မာနိုင်ငံမှာ ရှိနိုင်သလား?
တရားဝင် ဒေတာတွေ အများကြီး မရှိသေးပေမယ့် —
🐭 ကြွက်များတဲ့ ပတ်ဝန်းကျင်နဲ့ 🌾 လယ်ယာဒေသတွေ 🏚️ စားရေရိက္ခာ သိုလှောင်ရုံတွေမှာ 🌧️ မိုးရာသီနောက်ပိုင်း ရာသီဥတုအခြေအနေတွေကြောင့် ဖြစ်ပွားနိုင်ချေ (theoretically risk) ရှိနိုင်ပါတယ်။
📌 “မရှိဘူး” လို့ အတည်မပြောနိုင်သလို 📌 “အများကြီးဖြစ်နေပြီ” လို့လည်း မပြောနိုင်သေးပါဘူး။
ဒါကြောင့် ကြိုတင် စောင့်ကြည့်ထားမှု (awareness) က အရေးကြီးပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်တဲ့သတင်းတွေကို မျက်ခြေမပြတ် သိရှိနေဖို့ လိုပါတယ်။
━━━━━━━━━━━
🚫 ဟန်တာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လူအများ မှားယွင်းနားလည်တတ်တာတွေကတော့
❌ ကြွက်ကို မြင်ရုံနဲ့ ရောဂါပိုး ကူးစက်တာ မဟုတ်ပါ
❌ ရောဂါပိုး ကူးစက်ခံရတဲ့လူတိုင်းလဲ ရောဂါပြင်းထန်တာ severe ဖြစ်တာ မဟုတ်ပါ
❌ ကိုဗစ် လိုမျိုး လူအချင်းချင်း အလွယ်တကူ ကူးစက်တာမျိုးလဲ မဟုတ်ပါ
ဒါပေမယ့်… ⚠️ ပိတ်လှောင်နေတဲ့ အခန်းထဲက ကြွက်အညစ်အကြေးတွေကို mask မပါပဲ တန်းပြီး လှည်းကျင်းလိုက်တာက ကူးစက်နိုင်ချေ risk ရှိပါတယ်။
━━━━━━━━━━━
🧹 သန့်ရှင်းရေးလုပ်တဲ့အခါ အရေးကြီးဆုံးအချက်က
🚫 အခြောက်တိုက်ကြီး မလှည်းကျင်းပါနဲ့ ➡️ ဖုန်ထသွားပြီး အမှုန်အမွှားတွေနဲ့အတူ ဗိုင်းရပ်စ်ပိုး ပါလာနိုင်ပါတယ်
✅ ပိုးသတ်ဆေးရည်တစ်ခုခု bleach / disinfectant အရင် ဖြန်းထားပြီး ✅ ၅-၁၀ မိနစ်ကြာမှ ✅ နှာခေါင်းစီး mask တပ်မယ် ✅ လက်အိတ်တစ်ခုခု glove ဝတ်မယ် ✅ တစ်ရှူး သို့မဟုတ် အဝတ်စိုတစ်ခုခုနဲ့ သုတ်မယ် ၊ လှည်းကျင်းမယ်ဆိုရင် ဗိုင်းရပ်စ်ပိုး ရှိနေရင်တောင် ကူးစက်နိုင်ချေ နည်းသွားပါလိမ့်မယ် ။
📌 “ဖုန်မထအောင်” လုပ်တာက အဓိကအချက်ပါ။
━━━━━━━━━━━
🩺 ဘယ်အချိန်မှာ ဆေးရုံသွားသင့်လဲ?
ကြွက်ထူတဲ့နေရာ ကြွက်အညစ်အကြေးတွေနဲ့ ထိတွေ့မှု exposure ရှိပြီးနောက် _
🤒 ဖျားမယ် 😮💨 အသက်ရှူခက်မယ် 💢 ကိုယ်လက်နာကျင် ကိုက်ခဲမယ် 🤢 အန်တာတွေ ဖြစ်လာရင် ဆေးရုံမှာ evaluation လုပ်သင့် ပြသင့်ပါတယ်။
━━━━━━━━━━━
📖 မှတ်ထားရမယ့် စကားတစ်ခွန်းကတော့
🐭 “ကြွက်ကို ကြောက်တာထက်… ကြွက်ကစွန့်ပစ်ထားတဲ့ အညစ်အကြေးတွေကို ပေါ့ဆတာက ပိုအန္တရာယ်ရှိပါတယ်”
Awareness > Panic ❗️
အကြောက်မလွန်ပါနဲ့။
ဒါပေမယ့် မပေါ့ဆပါနဲ့။
ကြိုတင်သိရှိကာကွယ်မှုက ဘာမှမသိပဲကြောက်လန့်နေတာထက် အလုပ်ပိုဖြစ်ပါတယ်။ ✌️✌️✌️
#ဟန်တာဗိုင်းရပ်