20/05/2026
ဒီနေ့မှာ MyanHealth Training Center ကနေ ဆေးပစ္စည်းအဝင်စစ်ဆေးခြင်း လမ်းညွှန်ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
Stock Receiving လုပ်ငန်းစဉ်ဟာ ဆေးဆိုင်တစ်ဆိုင်လုံးရဲ့ အရည်အသွေးကို ထိန်းကျောင်းပေးတဲ့ "Gatekeeper" (တံခါးစောင့်) တာဝန်ကို ထမ်းဆောင်နေတာပါ။
ဆေးဝါးတွေ စင်ပေါ်မတင်ခင်မှာ သင်စစ်ဆေးရမယ့် အဓိကတာဝန်တွေကို ပိုမိုနားလည်လွယ်ပြီး စနစ်တကျရှိစေဖို့ အောက်ပါအချက်များကို လိုက်နာဖို့လိုအပ်ပါတယ်။
၁။ အရေအတွက်နှင့် အမျိုးအမည် တိုက်စစ်ခြင်း (Voucher Matching)
ပစ္စည်းရောက်လာတာနဲ့ ပထမဆုံးလုပ်ရမှာက စာရင်းနဲ့ လက်တွေ့ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးဖို့ပါ။
✨Item & Strength: ဆေးအမည်တူရုံနဲ့ မပြီးပါဘူး။ ဆေးအာနိသင် (ဥပမာ - 500mg လား၊ 250mg လား) တိကျမှုရှိမရှိ တိုက်စစ်ပါ။
✨Unit Check: တစ်ဗူးမှာ ဆေးကတ် ဘယ်နှကတ်ပါသလဲ၊ ဆေးလုံးအရေအတွက် (Total Quantity) ဘယ်လောက်လဲဆိုတာကို Invoice (ဘောင်ချာ) နဲ့ တစ်ခုချင်း ရေတွက်ပါ။
✨မှတ်တမ်းတင်ပါ: အပို/အလို ရှိခဲ့ရင် ဆေးစင်ပေါ် မတင်ခင်ကို Senior ကို ချက်ချင်းအစီရင်ခံပါ။
၂။ သက်တမ်းကာလ (Expiry Date) စောင့်ကြည့်ခြင်း
ဆေးဝါးတွေဟာ သက်တမ်းကုန်ခါနီးလေ၊ လူနာအတွက် အာနိသင်လျော့နည်းနိုင်ခြေ ရှိလေဖြစ်ပါတယ်။
✨၁ နှစ်ခွဲ စည်းကမ်း (The 18-Month Rule): ဆေးဝါးတွေရဲ့ သက်တမ်းဟာ အနည်းဆုံး (၁) နှစ်ခွဲ (၁၈ လ) ကျန်ရှိနေရပါမယ်။
✨သတိပြုရန်: သက်တမ်း (၁) နှစ်နဲ့အထက် ကျန်သေးရင်တောင်မှ အရင်ရှိပြီးသား Stock တွေထက် သက်တမ်းစောနေရင် FEFO (First Expired, First Out) စနစ်အတိုင်း သက်တမ်းစောတာကို ရှေ့ထုတ်ထားဖို့ ပြင်ဆင်ပါ။
၃။ ဆေးဝါး၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု (Physical Quality Control)
ဆေးဗူးခွံဟာ ဆေးကို ကာကွယ်ပေးထားတဲ့ အကာအကွယ်ဖြစ်လို့ ပျက်စီးနေရင် ဆေးအာနိသင်ကိုပါ ထိခိုက်နိုင်ပါတယ်။
✨အထုပ်အပိုး (Packaging): ဆေးဗူးတွေ ချိုင့်ဝင်နေတာ၊ စုတ်ပြဲနေတာ၊ ဆေးကတ်ထဲကို လေဝင်နေတာ (Punctured Strips) မျိုးရှိရင် လုံးဝလက်မခံပါနဲ့။
✨ဆေးရည်နှင့် ထိုးဆေး: ဆေးရည်ဗူးတွေမှာ အနယ်ဖတ်တွေပါနေတာ၊ ဆေးရည်အရောင် ပြောင်းနေတာ ဒါမှမဟုတ် အဖုံးလုံခြုံမှုမရှိတာမျိုးကို အထူးဂရုစိုက်ကြည့်ပါ။
✨အပူချိန် (Storage Conditions): ရေခဲသေတ္တာထဲ ထားရမယ့်ဆေး (Cold Chain Items) တွေ ရောက်လာရင် အအေးဓာတ်ရှိမရှိ အရင်ဆုံးစမ်းသပ်ပြီး သတ်မှတ်အပူချိန်အတွင်း အမြန်ဆုံး ပြန်သိမ်းဆည်းပါ။
👩🏼⚕️ အကြံပြုချက်
✨ပစ္စည်းစစ်ဆေးနေစဉ်အတွင်း မသင်္ကာစရာ တစ်ခုခုတွေ့ရှိပါက ဆုံးဖြတ်ချက်ကို ကိုယ်တိုင်မချSenior Staff ကို အသိပေးဖို့လိုအပ်ပါတယ်။