ChanMyae ချမ်းမြေ့အထူးကုဆေးခန်း တွံတေးမြို့

  • Home
  • ChanMyae ချမ်းမြေ့အထူးကုဆေးခန်း တွံတေးမြို့

ChanMyae ချမ်းမြေ့အထူးကုဆေးခန်း တွံတေးမြို့ အထွေထွေကု အထူးကုဆေးခန်း ။ အရေပြားအလှအပ လေဆာအထူးကုဆေးခန်း။ သားဖွားမီးယပ် အထူးကုဆေးခန်း။ ဓာတ်ခွဲခန်း။

06/03/2026

အပတ်စဉ် စနေနေ့၊ တနဂ်နွေနေ့ တိုင်းတွင် Ultrasound နှင့် ဓါတ်မှန် ရိုက်ရန်အတွက် တရက်ကြိုတင်၍ ဖုန်းဖြင့် စာရင်းပေးသွင်းနိုင်ပါတယ်ရှင် ။

ဖုန်း 09-77 99 88 586

🍀🍀🍀🍀🍀🍀🍀

ဆေးခန်းမှ
အထူးကု ဆရာ၀န်များ

🏨 သားဖွားမီးယပ်အထူးကုဆရာ၀န်များ။

🏨 ကလေးအထူးကု ဆရာ၀န်များ

🏨 ခွဲစိတ်ဆရာ၀န်ကြီးများ။

🏨 သွေးတိုး နှလုံး ဆီးချိုအထူးကု သမားတော်များ။

🏨 အရိုးအထူးကု ဆရာ၀န်များ။

🏨 နား နှာခေါင်း လည်ချောင်း အထူးကုများ

🏨 မျက်နှာ ခွဲစိတ်ကုသမူ့ ဆရာ၀န်များ။

🏨 လေဆာ ဆရာ၀န်များ

🏨 အထွေထွေရောဂါကု ဆရာ၀န်များ

ဖုန်း 📱 09-77 99 88 586
📱 09-400 33 7870

နေ့စဉ် မနက် 8 နာရီမှ ည 7 နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

နေရာ - လိူင်သာယာ - တွံတေး လမ်းမကြီး ၊ ဆိပ်ကြီးခနောင်တို လမ်းခွဲ အနီး ၊ အိုင်ကြီး ကျေးရွာ ။

စိတ်ရော ကိုယ်ရော ချမ်းမြေ့ကြပါစေ ☘️☘️☘️

07/02/2026

အသည်းရောင်အသားဝါရောဂါရှိတဲ့သူတွေအတွက် ရှောင်ရမယ့်အစားအသောက်များ
=============================
တချို့သော အစားအစာတွေက အသည်းကို ထိခိုက်နိုင်တာကြောင့် အသည်းရောင်အသားဝါရောဂါ ရှိရင် အစားအစာတွေကို ဂရုတစိုက်ရွေးချယ်စားသုံးသင့်ပါတယ်။ အသည်းရောဂါရှိရင် အလွန်အကျွံမစားသင့်တဲ့ အစားအစာနဲ့ ရှောင်ကြဉ်ရမယ့် အစားအစာတွေကို မှတ်သားနိုင်ရန် အောက်မှာ ဖော်ပြထားပါတယ်။

အသည်းရောင်အသားဝါရောဂါရှိတဲ့သူတွေအတွက် ရှောင်ရမယ့်အစားအသောက်များ
=============================
အာဟာရဖြစ်စေတဲ့ အစားအစာတွေအပြင် ကျန်းမာရေးကို ထိခိုက်စေသော၊ အသည်းကို ထိခိုက်နိုင်သော အစားအစာတွေလည်း ရှိပါတယ်။ အသည်းရောင်အသားဝါရောဂါရှိတဲ့သူတွေအတွက် ရှောင်ရမယ့်အစားအသောက်များ ကတော့

အရက်ဖြတ်ပါ။

အရက်က အသည်းကို အဆိပ်အတောက်ဖြစ်စေပြီး အူမှ အာဟာရဓာတ်များ စုပ်ယူခြင်းကို ဟန့်တားတာကြောင့် အသည်းရောင် အသားဝါရောဂါ ရှိသူများရှောင်ကြဉ်သင့်တဲ့ အစားအစာတွေဲမှာ ပါဝင်ပါတယ်။ ဘီယာ၊ ဝိုင်၊ ရှန်ပိန်၊ အရက်ပြင်းများသောက်ခြင်းကို ရှောင်ကြဉ်ပါ။

ဆေးဆိုင်တွင် အလွယ်တကူရနိုင်သော ချောင်းဆိုးပျောက်ဆေးရည်တချို့မှာ အရက်ပါဝင်တတ်ပါတယ်။ ဒါကြောင့် ချောင်းဆိုးပျောက်ဆေးသောက်မယ်ဆို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်ကို အရင်မေးမြန်းသင့်ပါတယ်။

ဆိုဒီယမ်ဓာတ် (ဆား) ပါဝင်သော အစားအစာများ အလွန်အကျွံ စားခြင်းကို ရှောင်ကြဉ်ပါ။

ဆိုဒီယမ်ဓာတ်များပါက အသည်းရဲ့ လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပြီး သွေးတိုးတာလည်း ဖြစ်စေနိုင်ပါတယ်။ စည်သွတ်ထားတဲ့ အစားအစာများ၊ ကျပ်တင်ထားတဲ့ အစားအစာတွေက ဆားနဲ့ သကြားဓာတ် ပါဝင်မှုများတာကြောင့် ဗိုက်တွင် ရေဖျင်းဆွဲခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အစားအစာတွင် ပါဝင်သော အာဟာရပါဝင်မှု အညွှန်းကိုဖတ်ပါ။ ဆားပါဝင်မှုများသော အသားနှင့် အသားချောင်းများကို လျှော့စားပါ။ သွေးပေါင်ချိန်ကို ထိန်းညှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

အသည်းရောဂါဖြစ်ရင် အာဟာရချို့တဲ့ပြီး ကိုယ်အလေးချိန်ကျဆင်းနိုင်သောကြောင့် အဆီကို လုံးဝရှောင်တာမျိုး မလုပ်သင့်ပါဘူး။ သို့သော်လည်း အသည်းရောဂါဖြစ်နေချိန်မှာ အဆီကို အူမှစုပ်ယူနိုင်ရန်နဲ့ ခန္ဓာကိုယ်မှ ချေဖျက်နိုင်ရန်အတွက် လိုအပ်တဲ့ သည်းခြေရည်ထုတ်လုပ်မှုက နည်းလာနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပြည့်ဝဆီ (ထောပတ်ဆီ၊ အဆီမထုတ်ထားသောနွားနို့၊ အသားမှရသောအဆီ) များကို ရှောင်ကြဉ်သင့်ပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်သော မပြည့်၀ဆီများ (သံလွင်ဆီ၊ ထောပတ်သီးအဆီ)ကို ရွေးချယ်စားသုံးသင့်ပါတယ်။

ပရိုတင်းဓာတ် (အသားဓာတ်) အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်ပါ။
အသည်းရောင်နေချိန်မှာ အသည်းရဲ့ လုပ်ဆောင်ချက်များကို ထိခိုက်နေတာကြောင့် ခန္ဓာကိုယ်မှာ အမိုးနီးယားဓာတ်(ammonia) များ စုပုံနေနိုင်ပါတယ်။ ဒီဓာတ်သည် ဦးနှောက်ကို အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။

ကျွမ်းကျင်ပညာရှင်များက တစ်နေ့ကို ကိုယ်လေးချိန် ၁ကီလိုတွင် ပရိုတင်းဓာတ် ၁ဂရမ်နှုန်းထက် ပို၍မစားသင့်ကြောင်း ဆိုထားပါတယ်။ ပရိုတင်းဓာတ်ပါဝင်မှုများသော အစားအစာများမှာ အသား၊ ကြက်သား၊ ငါး၊ နို့ထွက်ပစ္စည်းများ၊ ပဲ၊ အစေ့အဆံများ ပါဝင်သည်။ ဒါပေမယ့် အသည်းရောင် အသားဝါ ရှိနေသူတွေက အာဟာရဓာတ်လည်း ချို့တဲ့နေနိုင်တာကြောင့် တစ်နေ့တာမှာ ပရိုတင်းဘယ်လောက် စားသင့်လဲဆိုတာကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပါ။

ချိုတဲ့ အစားအစာတွေကို အလွန်အကျွံ မစားပါနဲ့။

ချိုတဲ့ အစားအစာတွေက သကြားဓာတ် ပါဝင်မှု များတာကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကို မြင့်စေပြီး အသည်းကိုလည်း ထိခိုက်နိုင်ပါတယ်။ ကိတ်မုန့်၊ ပေါင်မုန့်ဖြူနှင့် သကြားပါသော အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။

သဘာဝ သကြားနဲ့ အမျှင်ဓာတ်ပါတဲ့ အစားအစာများ (စတော်ဘယ်ရီ၊ လိမ္မော်သီး၊ ပန်းသီး) တို့ကိုတော့ စားသင့်ပါတယ်။ အမျှင်ဓာတ် ပါတဲ့ အစားအစာတွေကခန္ဓာကိုယ်မှ သကြားစုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

အသည်းရောင်အသားဝါရောဂါ ရှိသူတွေအနေနဲ့ သင့်လျော်တဲ့ အစားအစာကို ရွေးချယ်ခြင်းက ရောဂါသက်သာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ အစားအသောက်ကို သေချာရွေးချယ်စားသုံးလေ သင်ကျန်းမာလေ ဖြစ်ပါတယ်။

#မူရင်းရေးသားသူ

အပတ်စဉ် စနေနေ့တိုင်းတွင် Ultrasound ရိုက်ရန်အတွက်  တရက်ကြိုတင်၍ ဖုန်းဖြင့် စာရင်းပေးသွင်းနိုင်ပါတယ်ရှင် ။ ဖုန်း 09-77 99...
01/02/2026

အပတ်စဉ် စနေနေ့တိုင်းတွင် Ultrasound ရိုက်ရန်အတွက် တရက်ကြိုတင်၍ ဖုန်းဖြင့် စာရင်းပေးသွင်းနိုင်ပါတယ်ရှင် ။

ဖုန်း 09-77 99 88 586

🍀🍀🍀🍀🍀🍀🍀

ဆေးခန်းမှ
အထူးကု ဆရာ၀န်များ

🏨 သားဖွားမီးယပ်အထူးကုဆရာ၀န်များ။

🏨 ကလေးအထူးကု ဆရာ၀န်များ

🏨 ခွဲစိတ်ဆရာ၀န်ကြီးများ။

🏨 သွေးတိုး နှလုံး ဆီးချိုအထူးကု သမားတော်များ။

🏨 အရိုးအထူးကု ဆရာ၀န်များ။

🏨 နား နှာခေါင်း လည်ချောင်း အထူးကုများ

🏨 မျက်နှာ ခွဲစိတ်ကုသမူ့ ဆရာ၀န်များ။

🏨 လေဆာ ဆရာ၀န်များ

🏨 အထွေထွေရောဂါကု ဆရာ၀န်များ

ဖုန်း 📱 09-77 99 88 586
📱 09-400 33 7870

နေ့စဉ် မနက် 8 နာရီမှ ညနေ 7 နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

နေရာ - လိူင်သာယာ - တွံတေး လမ်းမကြီး ၊ ဆိပ်ကြီးခနောင်တို လမ်းခွဲ အနီး ၊ အိုင်ကြီး ကျေးရွာ ။

စိတ်ရော ကိုယ်ရော ချမ်းမြေ့ကြပါစေ ☘️☘️☘️

အပတ်စဉ် စနေနေ့၊ တနဂ်နွေနေ့ တိုင်းတွင် Ultrasound ရိုက်ရန်အတွက်  တရက်ကြိုတင်၍ ဖုန်းဖြင့် စာရင်းပေးသွင်းနိုင်ပါတယ်ရှင် ။ ဖ...
28/01/2026

အပတ်စဉ် စနေနေ့၊ တနဂ်နွေနေ့ တိုင်းတွင် Ultrasound ရိုက်ရန်အတွက် တရက်ကြိုတင်၍ ဖုန်းဖြင့် စာရင်းပေးသွင်းနိုင်ပါတယ်ရှင် ။

ဖုန်း 09-77 99 88 586

🍀🍀🍀🍀🍀🍀🍀

ဆေးခန်းမှ
အထူးကု ဆရာ၀န်များ

🏨 သားဖွားမီးယပ်အထူးကုဆရာ၀န်များ။

🏨 ကလေးအထူးကု ဆရာ၀န်များ

🏨 ခွဲစိတ်ဆရာ၀န်ကြီးများ။

🏨 သွေးတိုး နှလုံး ဆီးချိုအထူးကု သမားတော်များ။

🏨 အရိုးအထူးကု ဆရာ၀န်များ။

🏨 နား နှာခေါင်း လည်ချောင်း အထူးကုများ

🏨 မျက်နှာ ခွဲစိတ်ကုသမူ့ ဆရာ၀န်များ။

🏨 လေဆာ ဆရာ၀န်များ

🏨 အထွေထွေရောဂါကု ဆရာ၀န်များ

ဖုန်း 📱 09-77 99 88 586
📱 09-400 33 7870

နေ့စဉ် မနက် 8 နာရီမှ ညနေ 7 နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

နေရာ - လိူင်သာယာ - တွံတေး လမ်းမကြီး ၊ ဆိပ်ကြီးခနောင်တို လမ်းခွဲ အနီး ၊ အိုင်ကြီး ကျေးရွာ ။

စိတ်ရော ကိုယ်ရော ချမ်းမြေ့ကြပါစေ ☘️☘️☘️

❄️ ဆောင်းတွင်းရောက်ပြီ . . . သတိထား ! ❄️❄️အပြင်မှာ အေးနေပြီ။ စောင်လေးခြုံပြီး ကွေးနေရတာ ကောင်းပေမယ့်... ကိုယ့်ရဲ့ ကိုယ်ခ...
09/01/2026

❄️ ဆောင်းတွင်းရောက်ပြီ . . . သတိထား ! ❄️

❄️အပြင်မှာ အေးနေပြီ။ စောင်လေးခြုံပြီး ကွေးနေရတာ ကောင်းပေမယ့်... ကိုယ့်ရဲ့ ကိုယ်ခံစွမ်းအားကိုလည်း 'အေးခဲ' မသွားအောင် ဂရုစိုက်ဖို့ လိုပါတယ်ရှင်..

ဆောင်းရာသီဟာ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက် ရာသီဥတုအရ လမ်းဖွင့်ပေးလိုက်တာမျိုး ဖြစ်တတ်တာမို့... ဒီ (၄) ချက်ကို အဓိကထား ဂရုစိုက်ပါရှင်..

အပူချိန်ကျရင် ကျန်းမာရေး ဘယ်လို ထိခိုက်လဲ?

အေးတဲ့အခါ သွေးကြောတွေက ကျဉ်းသွားတတ်ပါတယ်။ ဒါကြောင့်...

1. နှလုံးကို ဒုက္ခပေးခြင်း: သွေးကြောကျဉ်းတာကြောင့် သွေးတိုးခြင်း ဖြစ်စေပြီး၊ နှလုံးကို အလုပ်ပိုလုပ်စေပါတယ်။ အထူးသဖြင့် အသက် ၄၀ အထက်နဲ့ နှလုံးရောဂါ အခံရှိသူတွေ အနေနဲ့ ရုတ်တရက် အအေးဒဏ်ကို ရှောင်ရှားဖို့ အရေးကြီးပါတယ်။

2. အသက်ရှူလမ်းကြောင်းဆိုင်ရာ အန္တရာယ်: လေပြွန်တွေ ကျဉ်းလာတာ၊ ခြောက်သွေ့လာတာကြောင့် ပန်းနာရင်ကျပ်၊ နာတာရှည်လေပြွန်ရောင်ရမ်းခြင်း (Chronic Bronchitis) ကဲ့သို့သော ရောဂါတွေ ပိုဆိုးရွားလာတတ်ပါတယ်။

3. ကိုယ်ခံအား ကျဆင်းခြင်း: ခန္ဓာကိုယ် အပူချိန် ထိန်းညှိရာမှာ အားစိုက်ရတာကြောင့် ကိုယ်ခံအားစနစ် အနည်းငယ် အားလျော့သွားနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးနဲ့ အအေးမိရောဂါပိုးတွေ ကူးစက်ဖို့ လွယ်ကူစေပါတယ်။

💪 ဆောင်းရာသီ မှာ ဆောင်ရန်
၁။ အတွင်းပိုင်း အပူပေးပါ

• ရေနွေးကြမ်း/ရေနွေးသောက်ပါ: ရေဓာတ်ပြည့်ဝခြင်းက အသားအရေနဲ့ အသက်ရှူလမ်းကြောင်းကို ခြောက်သွေ့မှုကနေ ကာကွယ်ပေးပါတယ်။
• ဗီတာမင် D: ဆောင်းတွင်းမှာ နေရောင်ခြည် နည်းပါးတာကြောင့် ဗီတာမင် D ချို့တဲ့မှု အဖြစ်များပါတယ်။ အရိုးကျန်းမာရေးနဲ့ ကိုယ်ခံအားအတွက် ဗီတာမင် D ပါဝင်တဲ့ အစားအစာ (ဥပမာ- ငါးကြီးဆီ၊ ဥအနှစ်) တွေကို စားသုံးပေးပါ။
• ကြက်သွန်ဖြူ၊ ဂျင်း: ၎င်းတို့ဟာ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ သဘာဝအင်တီအောက်ဆီးဒန့်များ ဖြစ်ပါတယ်။

၂။ ပြင်ပ အအေးဒဏ် ကာကွယ်ပါ

• အလွှာလိုက် ဝတ်ဆင်ပါ: အနွေးထည်ကို အလွှာလိုက် (အတွင်းအကျီ၊ အလယ်အကျီ၊ အပြင်ကုတ်) ဝတ်ဆင်ခြင်းဖြင့် ကိုယ်အပူချိန်ကို အထိရောက်ဆုံး ထိန်းထားနိုင်ပါတယ်။
• ဦးခေါင်းနှင့် လက်/ခြေထောက်: ခန္ဓာကိုယ်ရဲ့ ၇၀% နီးပါးရှိတဲ့ အပူဓာတ်ဟာ ဦးခေါင်း၊ လက်ဖဝါးနဲ့ ခြေဖဝါးတွေကနေ ဆုံးရှုံးတာမို့ ဦးထုပ်၊ လက်အိတ်၊ ခြေအိတ် ထူထူ ဝတ်ဆင်ပါ။

၃။ ပိုးမွှား ကူးစက်မှု ရှောင်ပါ

• လက်ဆေးခြင်း: ပုံမှန်အတိုင်း လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးကြောပါ။
• ကာကွယ်ဆေး ထိုးခြင်း: တုပ်ကွေး (Flu) ကာကွယ်ဆေးကို နှစ်စဉ်ထိုးနှံထားခြင်းဖြင့် ဆောင်းတွင်းမှာ ရောဂါကြီးကြီးမားမား ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ပါတယ်။

🚨 ဘယ်အချိန် ဆေးခန်းလာပြသင့်လဲ?
အောက်ပါလက္ခဏာတွေ ရှိနေရင် ကိုယ့်သဘောနဲ့ကိုယ် ဆေးဝယ်သောက်တာထက် ဆေးခန်းကို အမြန်လာရောက်ပြသသင့်ပါတယ်-
• ဖျားတာ၊ ကိုယ်ပူတာက (၃) ရက်ထက် ပိုကြာနေရင်။
• အသက်ရှူရ မဝ/ခက်ခဲလာရင်။
• ရင်ဘတ်မှာ ပြင်းထန်စွာ နာကျင်လာရင်။
• အမြဲတမ်း မောပန်းနွမ်းနယ်နေပြီး အားအင်မရှိရင်
အမြန်ဆုံး နီးစပ်ရာဆေးခန်း ကို သွားရောက်ကုသရပါမယ်ရှင်..

🩺 ချမ်းမြေ့ဆေးခန်း သည် ဆောင်းရာသီ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အသင့်ရှိနေပါပြီ။
ကျွမ်းကျင်ဆရာဝန်များနှင့် စနစ်ကျသော ကုသမှုများဖြင့် ကူညီပေးပါမယ်ရှင့်။

🏨 အထွေထွေရောဂါကု ဆရာ၀န်များ

ဖုန်း 📱 09-77 99 88 586
📱 09-400 33 7870

နေ့စဉ် မနက် 8 နာရီမှ ညနေ 7 နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

နေရာ - လိူင်သာယာ - တွံတေး လမ်းမကြီး ၊ ဆိပ်ကြီးခနောင်တို လမ်းခွဲ အနီး ၊ အိုင်ကြီး ကျေးရွာ ။

စိတ်ရော ကိုယ်ရော ချမ်းမြေ့ကြပါစေ ☘️☘️☘️

🤝 ပြီးပြည့်စုံသော ကျန်းမာရေး 💯ခေတ်မီ ကျန်းမာရေးဆိုင်ရာ ရှုထောင့်အရဆိုရင်တော့ "လူကိုလည်း ကုရမယ်၊ စိတ်ကိုလည်း ကုရမယ်" ဆိုတ...
08/01/2026

🤝 ပြီးပြည့်စုံသော ကျန်းမာရေး 💯

ခေတ်မီ ကျန်းမာရေးဆိုင်ရာ ရှုထောင့်အရဆိုရင်တော့ "လူကိုလည်း ကုရမယ်၊ စိတ်ကိုလည်း ကုရမယ်" ဆိုတဲ့ အချက်က အမှန်တရားပါပဲ။

လူသားတစ်ဦးမှာ စိတ်နဲ့ ကိုယ်ဟာ ခွဲခြားလို့မရပါဘူး။

✅ စိတ်ကြောင့် ကိုယ်ဖြစ်

စိတ်ဖိစီးမှု ပြင်းထန်လွန်းတဲ့အခါ ခေါင်းကိုက်တာ၊ အစာအိမ်နာတာ၊ ကိုယ်ခံအားကျတာ စတဲ့ ကိုယ်ခန္ဓာ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

✅ကိုယ်ကြောင့် စိတ်ဖြစ်

နာတာရှည် ကိုယ်ခန္ဓာ ဝေဒနာ (Chronic Pain) တစ်ခုခု ခံစားနေရသူဟာ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကိုပါ ခံစားရနိုင်ပါတယ်။

မိတ်ဆွေမှာ ဘယ်လိုကျန်းမာရေးပြဿနာမျိုးပဲ ရှိပါစေ…
ချမ်းမြေ့ ဆေးခန်း မှာ လာရောက် ပြသတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို စစ်ဆေးသလို၊
မိတ်ဆွေရဲ့ စိတ်ဖိစီးမှု အတိုင်းအတာ နှင့် စိတ်ခံစားမှု အခြေအနေကိုပါ ဆရာဝန် နဲ့ ပွင့်ပွင့်လင်းလင်း ပြောပြဆွေးနွေးနိုင်ပါတယ်..

ကိုယ်ခန္ဓာ ကျန်းမာဖို့ စိတ်က အရေးကြီးသလို၊ စိတ်ကျန်းမာဖို့ ကိုယ်ခန္ဓာကိုလည်း ဂရုစိုက်ဖို့ လိုပါတယ် ✅💯

မိတ်ဆွေများ အားလုံး ချစ်ခင်ကျန်းမာပျော်ရွှင်ကြပါစေ။ 🙏

ဖုန်း 📱 09-77 99 88 586
📱 09-400 33 7870

နေ့စဉ် မနက် 8 နာရီမှ ညနေ 7 နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

နေရာ - လိူင်သာယာ - တွံတေး လမ်းမကြီး ၊ ဆိပ်ကြီးခနောင်တို လမ်းခွဲ အနီး ၊ အိုင်ကြီး ကျေးရွာ ။

စိတ်ရော ကိုယ်ရော ချမ်းမြေ့ကြပါစေ ☘️☘️☘️

💖 ချမ်းမြေ့ဆေးခန်းတွင် ရရှိနိုင်သော ကျန်းမာရေး ဝန်ဆောင်မှုများ 💖တွံတေးမြို့နယ်နှင့် အနီးတဝိုက်မှာ နေထိုင်ကြသော မိဘပြည်သူ...
24/02/2025

💖 ချမ်းမြေ့ဆေးခန်းတွင် ရရှိနိုင်သော ကျန်းမာရေး ဝန်ဆောင်မှုများ 💖

တွံတေးမြို့နယ်နှင့် အနီးတဝိုက်မှာ နေထိုင်ကြသော မိဘပြည်သူများ ကျန်းမာရေးအတွက် အခက်မတွေ့ရ​အောင်

ချမ်းမြေ့အထူးကုဆေးခန်းမှာ အောက်ပါ ဝန်ဆောင်မှုတွေကို စျေးနှုန်းချိုသာစွာဖြင့် ဆောင်ရွက်ပေးနေပါပြီနော်...

🏥🏥 ကျန်းမာရေးပြဿနာများ ဆွေးနွေးတိုင်ပင် ကုသပေးခြင်း။

✅ အထွေထွေ ကျန်းမာရေး။
✅ သားဖွားမီးယပ်ဆိုင်ရာ ကျန်းမာရေး
✅ ကလေးကျန်းမာရေး။
✅ အရေပြား ကျန်းမာရေးနဲ့ အလှအပဆိုင်ရာများ။
✅ ဆီးချို၊သွေးတိုး နှလုံး ကျန်းမာရေး။
✅အရိုး အကြောအဆစ် ။
✅ခွဲစိတ် ကုသမူ့များ။
✅ နားနှာခေါင်းလည်ချောင်းကျန်းမာရေး။

🏥🏥 ရောဂါများကို ရှာဖွေ စစ်ဆေးပေးခြင်း။

✅ ဓာတ်ခွဲစစ်ဆေးခြင်း။
✅ နှလုံးဓာတ်မှန်ရိုက်ခြင်း။
✅ Ultrasound ရိုက်ခြင်း။

🏥🏥 အိမ်တိုင်ရာရောက် ဆေးကုသပေးခြင်း။

🏥🏥 ကာကွယ်ဆေးမျိုးစုံ ထိုးပေးခြင်း။

စတဲ့ ကျန်းမာရေးဝန်ဆောင်မှု အစုံအလင်ကို ချမ်းမြေ့အထူးကုဆေးခန်းမှာ ရရှိနိုင်ပါပြီ ။

ဖုန်း
☎ 09400337870
☎ 09779988586

🕗 ဆေးခန်းဖွင့်ချိန် - နံနက် (၈) နာရီ မှ ည (၇) နာရီအထိ (နေ့စဉ်ပိတ်ရက်မရှိ )

💛 ဖေဖေ ဦး‌စော၀င်းထူး               + မေမေ ဒေါ်ခင်၀င်းမော် တို့ရဲ့ 💛သားဦးလေး 💕💕💕ယနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင...
17/02/2025

💛 ဖေဖေ ဦး‌စော၀င်းထူး
+
မေမေ ဒေါ်ခင်၀င်းမော် တို့ရဲ့ 💛

သားဦးလေး 💕💕💕

ယနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ဖေဖေ မေမေတို့ အားကိုးရသော သား‌ ကောင်း ရတနာလေး ဖြစ်ပါစေလို့ ချမ်းမြေ့အထူးကုဆေးရုံ မိသားစုမှ ဆုတောင်း မေတ္တာပို့သ​ပေးလိုက်ပါသည်ရှင့် 🙏🙏🙏

သူတို့ရဲ့ စကားသံ တချို့ ကလေး နေမကောင်းလို့မြို့ထဲအထိ သွားပြဖို့  စဉ်းစားပေမယ့် လူခွဲလည်း မရှိဘူး ။ ဒါကြောင့် အနီးအနားမှာ...
29/01/2025

သူတို့ရဲ့ စကားသံ တချို့

ကလေး နေမကောင်းလို့
မြို့ထဲအထိ သွားပြဖို့ စဉ်းစားပေမယ့် လူခွဲလည်း မရှိဘူး ။

ဒါကြောင့် အနီးအနားမှာရှိတဲ့ Chan Myae ဆေးခန်းလေးမှာ စပြကြည့်လိုက်မိတာကစပြီး အခုဆို မြို့ထဲကို သွားစရာမလိုအောင်ကို စိတ်ချလက်ချ တိုင်ပင်ဆွေးနွေးလို့ရပြီ ။

ဆေးခန်းမှ
အထူးကု ဆရာ၀န်များ

🏨အထွေထွေ ရောဂါကု ဆရာ၀န်များ။

🏨ကလေးအထူးကု ဆရာ၀န်များ။

🏨သားဖွားမီးယပ်အထူးကုဆရာ၀န်များ။

🏨ခွဲစိတ်ဆရာ၀န်ကြီးများ။

🏨သွေးတိုး နှလုံး ဆီးချိုအထူးကု သမားတော်များ။

🏨အရိုးအထူးကု ဆရာ၀န်များ။

🏨နား နှာခေါင်း လည်ချောင်း အထူးကုများ

🏨 မျက်နှာ ခွဲစိတ်ကုသမူ့ ဆရာ၀န်များ။

ဖုန်း 📱 09-77 99 88 586
📱 09-400 33 7870

နေ့စဉ် မနက် 8 နာရီမှ ညနေ 7 နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

နေရာ - လိူင်သာယာ - တွံတေး လမ်းမကြီး ၊ ဆိပ်ကြီးခနောင်တို လမ်းခွဲ အနီး ၊ အိုင်ကြီး ကျေးရွာ ။

စိတ်ရော ကိုယ်ရော ချမ်းမြေ့ကြပါစေ ☘️☘️☘️

Address

Hpa Yar Ngoke To (North), Twantay, Yangon South

152397

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959400337870

Website

Alerts

Be the first to know and let us send you an email when ChanMyae ချမ်းမြေ့အထူးကုဆေးခန်း တွံတေးမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ChanMyae ချမ်းမြေ့အထူးကုဆေးခန်း တွံတေးမြို့:

  • Want your business to be the top-listed Health & Beauty Business?

Share