08/06/2026
မနက်ခင်း အိပ်ရာနိုးနိုးချင်းမှာ ခန္ဓာကိုယ်က အစားအသောက် အာဟာရတွေစုပ်ယူဖို့ အဆင်သင့်ဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် ပထမဆုံးစားတဲ့ မနက်စာ (Break-fast) မှာ သကြားဓာတ် မြင့်တာတွေ စားလိုက်ရင် အင်ဆူလင် Curve ရုတ်တရက် ထိုးတက်သွားပြီး ခဏနေရင် ပြန်ငိုက်တာ၊ ဗိုက်ပြန်ဆာတာမျိုး ဖြစ်တတ်ပါတယ်။
တစ်နေ့လုံး စွမ်းအင်လည်းပြည့်၊ အင်ဆူလင် Curve လည်း ငြိမ်နေစေမယ့်"Smart Food Pairing"လျှို့ဝှက်ချက် (၃) ချက်နဲ့ သိထားသင့်တဲ့ Note လေးကို မျှဝေပေးချင်ပါတယ်။
💡
1. ကာဗိုဟိုက်ဒရိတ်ကို အကာအကွယ်ပေးပါ (Clothe Your Carbs):
ပေါင်မုန့်အဖြူ or ကာဗိုဟိုက်ဒရိတ်တွေကို ဒီတိုင်း မစားပါနဲ့။ သကြားဓာတ်စုပ်ယူမှု နှေးသွားအောင် Healthy Fats (အဆီကောင်း) သို့မဟုတ် Protein (ပရိုတိန်း) တွေဖြစ်တဲ့ Avocado (ထောပတ်သီး)၊ ကြက်ဥတို့နဲ့ တွဲစားပေးပါ။
2. Complex & clean Carbs ကိုပဲ ရွေးချယ်ပါ
အစာခြေစနစ်က ဖြည်းဖြည်းချင်းပဲ ချေဖျက်ရတဲ့ Fiber (အမျှင်ဓာတ်) အပြည့်ပါတဲ့ Rye bread,Wholemeal Bread (ဂျုံကြမ်းပေါင်မုန့်) ဒါမှမဟုတ် Oat (အုတ်ဂျုံ) ကို စားသုံးခြင်းဖြင့် တည်ငြိမ်တဲ့ ရေရှည်စွမ်းအင် (Sustained Energy) ကို ရစေပါတယ်။
Naturally fermented ဖြစ်တဲ့ sourdough က steady energy, gut health အထောက်အကူပြုဖြစ်ပါတယ်။
3. အစာစားတဲ့ ပုံစံ ပြောင်းလဲပါ (Food Order):
Fiber ➡️ Protein & Fat ➡️ Carbs အစီအစဉ်အတိုင်း စားပါ။ အသီးအရွက်ကို အရင်စား၊ ပြီးမှ ကြက်ဥ/nutစား၊ နောက်ဆုံးမှ ပေါင်မုန့်ကို စားပါ။ အမျှင်ဓာတ်က အူလမ်းကြောင်းမှာ အကာအကွယ် Barrier ကြိုဆောက်ပေးလိုက်တဲ့ သဘောပါ။
📝 CRITICAL NOTE: Coffee ဘယ်အချိန် သောက်မလဲ။
"မနက်စာစားပြီး (၃၀) မိနစ်ခန့် နေမှ coffe သောက်တာက အကောင်းဆုံးပါ။"
:မနက်နိုးနိုးချင်းမှာ ခန္ဓာကိုယ်က ရှင်သန်နိုးကြားစေတဲ့ Cortisol ဟော်မုန်းကို သဘာဝအတိုင်း အမြင့်ဆုံး ထုတ်ပေးပါတယ်။ ကဖိန်းဓာတ် ချက်ချင်းထည့်လိုက်ရင် ခန္ဓာကိုယ်ရဲ့ သဘာဝစနစ်ကို ကမောက်ကမ ဖြစ်စေပါတယ်။
Gut Health (အစာအိမ်နံရံ ကာကွယ်ဖို့): ဗိုက်ဟောင်းလောင်းနဲ့ Black Coffee သောက်ရင် ကော်ဖီရဲ့ အက်စစ်ဓာတ်ကြောင့် ရင်ပူတာ၊ လေပွတာ ဖြစ်တတ်ပါတယ်။
Blood Sugar ပိုငြိမ်စေဖို့: ဗိုက်ထဲ ဘာမှမရှိဘဲ ကဖန်းဓာတ် ဝင်သွားရင် အင်ဆူလင်တုံ့ပြန်မှု (Insulin Sensitivity) ကို ခဏတာ ကျဆင်းစေလို့ သကြားဓာတ် ပိုတက်လွယ်ပါတယ်။ မနက်စာစားပြီး နာရီဝက်နေမှ သောက်တာက အင်ဆူလင် Curve ကို အငြိမ်ဆုံး ဖြစ်စေပါတယ်။
⏱️ Smart Routine မနက်ခင်း အစီအစဉ်
နိုးနိုးချင်း: ရေနွေးနွေးလေး တစ်ခွက် သောက်ပါ။
မနက်စာ: Fiber ➡️ Protein/Fat ➡️ Complex Carbs (bread/ rice/ noodle ) အစီအစဉ်အတိုင်း စားပါ။
မနက်စာအပြီး : မိမိနှစ်သက်တဲ့ Coffee ပူပူလေးကို အရသာရှိရှိ သောက်သုံးပါ။
မနက်ခင်း အင်ဆူလင် Curve ကို စမတ်ကျကျ ထိန်းညှိတာက ဆီးချို ကာကွယ်ရုံတင်မကဘဲ ဝိတ်ထိန်းရတာ
ကိုပါ ပိုပြီး လွယ်ကူသွားစေပါတယ်ရှင်။ 🌾☕🤍
ကျွန်မအနေနဲ့ bread delivery ပြင်ဆင်နေတုန်း ရေနွေးအဖြူသောက်လေ့ရှိပြီး Breakfast မှာ yogurt/ green tea သောက်ပါတယ်။ Routine တွေအပြီး လုပ်ငန်းခွင်ဝင်တော့မယ်ဆိုကာမှ ကော်ဖီသောက်လေ့ရှိပါတယ်။
မှန်ကန်သောရွေးချယ်မှုဖြင့် ကျန်းမာသောဘဝကို ပုံဖော်ကြပါစို့
Delivey Status: Monday bread order လေးတွေကို Delivery ပို့နေပါပြီ။ Downtown area လေးတွေဆို 12:00 မထိုးမီ ရောက်ပါလိမ့်မယ် 👩🏼🍳
AYA / KBZ/ Wave pay & Cash on delivery available 💰
အစဉ်တစိုက်အားပေးမှုအတွက် စားသုံးသူမိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🙏