Y.M.Z Online Shop

Y.M.Z Online Shop Focus Beauty Product and Skin Care
လက်လီလက္ကားရောင်း၀ယ်ရေး

 # #ငါတို့ လမ်းခွဲကြရအောင် # #ဒီစကားတွေပြောဖို့ တို့ဘက်ကအကြိမ်ကြိမ်စဉ်း စားပြီးပါပြီ.... ငါတို့တွဲလာတာ ဆယ်စုနှစ် နှစ်စု ...
25/08/2024

# #ငါတို့ လမ်းခွဲကြရအောင် # #

ဒီစကားတွေပြောဖို့ တို့ဘက်ကအကြိမ်ကြိမ်စဉ်း စားပြီးပါပြီ.... ငါတို့တွဲလာတာ ဆယ်စုနှစ် နှစ်စု ကျော်ကျော်ရှိပြီဆိုတာ မင်လည်းသိတယ် ငါ လည်းသိတယ် မင်းကို 200ဆိုကတည်းကစ တွေ့ခဲ့ တာ စောစောတုန်းကတော့ မင်းကသစ္စာရှိ တယ် အချိန်တွေကြာကြီးမင်းကိုယ့်နားမှာနေ ပေးခဲ့တယ် နောက်တော့မင်းဘက်ခြေလှမ်းတွေ စမှားလာတယ် 300ဆိုပြီးတော့ အေးဆေးရ တယ် နောက်ထပ်မင်းကထပ်ပြီးကိုယ့်နားထွက် သွားဖို့ 400တဲ့ မသွားပါနဲ့ ဆိုပြီး ကိုယ့်ဘက်ကပဲ အလျှော့ပေးခဲ့တယ် နောက်တော့မင်းကပိုပိုဆိုး ပြီး ဟော အခု600ဆိုတော့ လမ်းခွဲသင့်ပြီလို့ ကိုယ်လည်းဆုံးဖြတ်ချက်ချလိုက်တာပဲ မလွယ်ပေမဲ့ ကိုယ် မင်းကိုမေ့နိုင်ဖို့ အများကြီးကြိုးစားရဦးမှာပါ 🥹

Crd #

24/12/2023
Hello!!!! မဂ်လာပါ ချစ်သောတို့ရေ:::::::::::::::::::::::::မင်မင်ရဲ့ Pageမှာ Focus Beauty Productလေးတွေ အစုံလင်ရရှိနိုင်ပါပ...
24/12/2023

Hello!!!! မဂ်လာပါ ချစ်သောတို့ရေ:::::::::::::::::::::::::
မင်မင်ရဲ့ Pageမှာ Focus Beauty Product
လေးတွေ အစုံလင်ရရှိနိုင်ပါပြီ။
လက်လီလက္ကားဖြန့်ချီရောင်းချပေးနေပါပြီ။
မှာယူလိုပါက Cb (သို့)09453655268 ကိုဆက်သွယ်နိုင်ပါသည်။

ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ....? ‼️ပရီမီယာ ၁ထုပ် ၂၅၀ ဖြစ်သွားပြီတဲ့။ ၁၀၀၀ ဖိုး အရင်က ၁၀ ထုပ်ရပေမယ့် အခု ၄ထုပ်ပဲရတော့တ...
19/12/2023

ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ....? ‼️

ပရီမီယာ ၁ထုပ် ၂၅၀ ဖြစ်သွားပြီတဲ့။
၁၀၀၀ ဖိုး အရင်က ၁၀ ထုပ်ရပေမယ့် အခု ၄ထုပ်ပဲရတော့တယ်။ အရင်က တနေ့ ၁ထုပ်ဖျော်သောက်နေရတဲ့ကော်ဖီဟာ အခုတော့ အမှုန့်တဝက် နဲ့ ကော်ဖီ တခွက်လုပ်လိုက်ရပြီ။
ငါတို့ကော်ဖီ တဝက် ဘယ်သူယူသွားတာလဲ။

ကြက်ဥတလုံး အရင်က ၁၀၀။ အခု ၂၀၀ ၊ ၂၂၀၊ ၂၅၀ ဖြစ်သွားပြီ။ မနက်တိုင်း ထမင်းနဲ့ ကြက်ဥကြော်စားနေရတဲ့ငါ။ အခုတော့ တရက်ခြားပဲ ကြက်ဥနဲ့ စားနိုင်တော့တယ်။
ငါတို့ကြက်ဥတွေ ဘယ်သူယူသွားတာလဲ။

ဆိုင်ကယ်လေး နဲ့ အလုပ်သွားတော့ ဆီထည့်ရဦးမယ်။ အရင်က ၁၀၀၀ ပေးရင် ဆီ ရေသန့်၁ဘူးရတယ်။ ခု ၁၀၀၀ က ရေသန့်ဘူး ၃ပုံ ၁ပုံပဲရတော့တယ်။
ငါတို့ဆီဘူးတဝက်ကျော် ဘယ်ရောက်သွားတာလဲ

ဆန်ဆိုင်ရောက်တော့ စားနေကြပေါ်ဆန်းက ၄၀၀၀ နီးပါးဖြစ်သွားလို့ တဆင့်နိမ့်တဲ့ဆန်ပဲ ယူခဲ့ရတယ်။ ငါတို့ပေါ်ဆန်းဆန်ကို တခြားဆန်နဲ့ ဘယ်သူယူလဲသွားတာလဲ။

ပဲဆီအရင်က ၈၀၀၀ ကို ၁ပိသာရတယ်။ အခုတော့ ၅၀ သားပဲရတော့မယ်တဲ့။
ငါတို့ဆီ ၅၀သားဘယ်ရောက်သွားတာလဲ။

ငါတို့က ဆင်းရဲတာကို။
ချမ်းသာတဲ့သူတွေ ကတော့ အေးဆေးပါတဲ့။
အံမယ် မထင်နဲ့ တော့ ။

USA Skincare မှ သုံးတဲ့ ဟိုအမကြီးလဲ အခု စျေးချိုတဲ့ Korea Brand တွေမွှေနှောက်ရှာနေရပြီ။

ကားကို 0 milage နဲ့ Brand New စစ်စစ် စီးချင်ပါတယ်ဆိုတဲ့ ဟိုအကိုလဲ သူ့ရှိတဲ့ကားလေးမပွန်းမပဲ့အောင် ဥစ္စာခြောက်နေရပြီ။

ကလေးဖိနပ် ၊ လွယ်အိတ်ကို BPA Free တွေ ၊ Singapore Brand တွေမှ ဝယ်ပေးတဲ့ ဟိုမေမေလဲ တရုတ်ကလာတဲ့ ရေဘူးလေးတွေ၊ အိတ်လေးတွေ
ရှာဝယ်ပေးနေပြီ။

ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ။
ငါတို့ပစ္စည်းတွေ ဘာလို့ တဆင့်နိမ့်တွေဖြစ်ကုန်တာလဲ။
ကိုယ်လုပ်မှ ကိုယ်စားရမှာလို့ခံယူထားတဲ့ ငါတို့ အတွက် အလုပ် အစွမ်းကုန်နှုန်းအတိုင်း မပျင်းမရိ အလုပ်လုပ်တာတောင် ငါတို့ ဘာလို့တဖြည်းဖြည်းဆင်းရဲလာတာလဲ။

ငါတို့တွေဟာ ရင်ဆိုင်နေရတဲ့ ဘဝကို
စဉ်းစားရင်း ............😢
Credit 📌
#ပြန်လည်မျှဝေသည်။

31/10/2023

Address

ကနောင်အိမ်ယာ၊ကနောင်မင်းသားကြီးလမ်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ရန်ကုန်။
Yangon

Website

Alerts

Be the first to know and let us send you an email when Y.M.Z Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share