DiaZinc

DiaZinc Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DiaZinc, No.19, Ma Kyee Kyee Street, Yangon.

သားသားမီးမီးတို့ နေ့စဉ်စားနေတဲ့ အစားအစာတွေထဲမှာ ဇင့် (Zinc) ဓာတ် လုံလုံလောက်လောက် ပါဝင်ရဲ့လား? 🥩🥚 ဇင့်ဓာတ်ဟာ ခန္ဓာကိုယ်ထ...
04/04/2026

သားသားမီးမီးတို့ နေ့စဉ်စားနေတဲ့ အစားအစာတွေထဲမှာ ဇင့် (Zinc) ဓာတ် လုံလုံလောက်လောက် ပါဝင်ရဲ့လား? 🥩🥚

ဇင့်ဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ အလိုအလျောက် မထုတ်လုပ်နိုင်သလို သိုလှောင်ထားလို့လည်း မရတဲ့အတွက် အစားအသောက်တွေကတစ်ဆင့် နေ့စဉ်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ အနီရောင်အသား၊ ပင်လယ်စာ၊ ဥအမျိုးမျိုးနဲ့ ပဲအမျိုးမျိုးတို့မှာ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်တာမို့ မေမေတို့အနေနဲ့ သားသားမီးမီးတို့ရဲ့ နေ့စဉ်စားသောက်မှုမှာ ဒီအစားအစာတွေပါဝင်အောင် ကျွေးမွေးသင့်ပါတယ်နော်။

ဒါပေမယ့်လည်း တစ်ခါတလေမှာ
ကလေးငယ်တွေက အစားရွေးတတ်လို့ပဲဖြစ်ဖြစ်
ဇင့်ဓာတ်ကို ခန္ဓာကိုယ်က အပြည့်အဝ မစုပ်ယူနိုင်တာဖြစ်ဖြစ်
ချက်ပြုတ်မှုပုံစံကြောင့် အာဟာရဓာတ် လျော့နည်းသွားတာမျိုးပဲဖြစ်ဖြစ် တစ်နေ့တာလုံလောက်တဲ့ ဇင့်ဓာတ်ကို မရရှိနိုင်တာမျိုး ရှိတတ်ပါတယ်။

ဒါကြောင့် သင့်ကလေးရဲ့ တစ်နေ့တာ လိုအပ်တဲ့ ဇင့်ဓာတ်ကို ဟန်ချက်ညီညီ ဖြည့်ဆည်းပေးနိုင်ဖို့ DiaZinc ကိုသာ မှီဝဲလိုက်ပါ။ ဖြည့်စွက်အားဆေးဖြစ်တာမို့ တစ်နေ့တာလိုအပ်တဲ့ ဇင့်ဓာတ်ကို အပြည့်အဝရရှိစေဖို့အတွက် ကောင်းစွာအထောက်အကူပြုပါတယ်ရှင့်။

DiaZinc သည် မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် FDA ရရှိထားပြီး NAZCO Trading LTD. မှ တိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်နော်။

ကလေး တွေ ရဲ့ ကြီးထွားမှုကိုဇင့်ဓာတ်ကဘယ်လိုအထောက်အကူပေးလဲ?ဇင့် ဓာတ် ဟာ ကလေးတွေရဲ့ ကိုယ်ခန္ဓာကြီးထွားဖို့တင်မကဘဲ ဦးနှောက်ဖ...
27/03/2026

ကလေး တွေ ရဲ့ ကြီးထွားမှုကိုဇင့်ဓာတ်ကဘယ်လိုအထောက်အကူပေးလဲ?

ဇင့် ဓာတ် ဟာ ကလေးတွေရဲ့ ကိုယ်ခန္ဓာကြီးထွားဖို့တင်မကဘဲ
ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ရော ကိုယ်ခံအားစနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။
ဇင့်ဓာတ်ရဲ့ အကျိုးကျေးဇူးတွေကတော့-
(1)အရပ်ရှည်ဖို့နှင့် ကိုယ်အလေးချိန် ကြီးထွားဖို့ ကူညီထောက်ပံ့ပေးပါတယ်။
(2)ကလေးငယ်တွေရဲ့ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။
(3)အနာကျက်မြန်စေပါတယ်။
(4) အစာစားချင်စိတ် တိုးစေပါတယ်။
(5)ဦးနှောက်နှင့် သင်ယူနိုင်စွမ်းအတွက် အရေးကြီးတဲ့
neurotransmitter တွေ ထုတ်လွှတ်ရာမှာကူညီပေးပြီး အာရုံ စူးစိုက်မှု၊မှတ်ဉာဏ်နှင့် သင်ယူနိုင်စွမ်းတိုးပွါးစေပါတယ်။
(6) ကြီးထွားမှုဟော်မုန်း (Growth Hormone)အလုပ်လုပ်ရာမှာ ကူညီထောက်ပံ့ပေးပါတယ်။
ဒီလိုအချက်တွေကြောင့် ကလေး တွေ ရဲ့ ကြီးထွားမှုမှာ ဇင့်က အရေးပါတာပဲဖြစ်ပါတယ်။



TikTok Link : https://www.tiktok.com/

ဝမ်းလျှောခြင်းဟာကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ထဲက အရေးကြီးတဲ့ ရေဓာတ်နဲ့ သတ္တုဓာတ်တွေကို လျင်မြန်စွာ ဆုံးရှုံးစေပါတယ်။ အထူးသဖြင...
14/03/2026

ဝမ်းလျှောခြင်းဟာကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ထဲက အရေးကြီးတဲ့ ရေဓာတ်နဲ့ သတ္တုဓာတ်တွေကို လျင်မြန်စွာ ဆုံးရှုံးစေပါတယ်။ အထူးသဖြင့် ဇင့် (Zinc) ဓာတ်ဆုံးရှုံးမှုကြောင့် အူလမ်းကြောင်းရဲ့ ခုခံအားစနစ် အားနည်းသွားပြီး ဝမ်းလျှောတာ ပိုကြာရှည်တာ ဒါမှမဟုတ် ခဏခဏ ပြန်ဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာဇင့်ဓာတ် ပြည့်ဝအောင်ပြန်လည်ဖြည့်တင်းပေးမယ်ဆိုရင်
✅ ဝမ်းသွားတဲ့အကြိမ်ရေနဲ့ ဝမ်းလျှောတဲ့ ရက်အရေအတွက်ကို လျော့နည်းသွားအောင် ကူညီပေးပါတယ်။
✅ ပျက်စီးသွားတဲ့အူလမ်းကြောင်း နံရံဆဲလ်တွေကို ပြန်လည်တည်ဆောက်ရာမှာ အထောက်အကူပြုပါတယ်။ ဒါ့အပြင်
✅ နောက်ထပ်ဝမ်းပျက်၊ဝမ်းလျှော မကြာခဏ ထပ်မဖြစ်အောင် ခန္ဓာကိုယ်ရဲ့ ခုခံအားကို အားဖြည့်ပေးပါတယ်။

ဒါကြောင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ကလေးငယ်တွေ ဝမ်းလျှောတဲ့အခါ ဇင့်ဓာတ်ကို မဖြစ်မနေ ဖြည့်စွက်တိုက်ကျွေးဖို့ အကြံပြုထားတာ ဖြစ်ပါတယ်။

ဒါဆိုသင့်ကလေးငယ်လေးကို ဝမ်းပျက်ဝမ်းလျှောခြင်းကနေ အမြန်ဆုံး ပြန်လည်ကျန်းမာလာဖို့နဲ့ ကိုယ်ခံအား ပြန်လည်ကောင်းမွန်လာစေဖို့ DiaZinc (Zinc Sulphate Syrup) ကိုသာမှီဝဲလိုက်ပါ။ DiaZinc သည် မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် FDA ရရှိထားပြီး NAZCO Trading LTD. မှတိုက်ရိုက်တင်သွင်းဖြန့်ချီိတာမို့အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်ရှင့်။

#ဝမ်းပျက်ဝမ်းလျှော

TikTok Link : https://www.tiktok.com/

ဈေးကွက်ထဲမှာဇင့်ဆေးတွေ အများကြီးရှိပေမယ့် DiaZinc က ဘာကြောင့် ထူးခြားတာလဲဆိုရင်(1) DiaZinc 5ml တိုင်းမှာသားသားမီးမီးတို့...
12/03/2026

ဈေးကွက်ထဲမှာဇင့်ဆေးတွေ အများကြီးရှိပေမယ့် DiaZinc က ဘာကြောင့် ထူးခြားတာလဲဆိုရင်
(1) DiaZinc 5ml တိုင်းမှာသားသားမီးမီးတို့ရဲ့ခန္ဓာကိုယ်ကတကယ်လိုအပ်ပြီး တိုက်ရိုက်စုပ်ယူနိုင်တဲ့ Elemental Zinc 10mg တိတိပါဝင်ပါတယ်။
(2) အကောင်းဆုံးအရည်အသွေးများနှင့်အညီထုတ်လုပ်ထားပြီး NAZCO Trading LTD. ကတိုက်ရိုက်တင်သွင်းဖြန့်ချိတာကြောင့် Quality အတွက် အထူးစိတ်ချရတယ်
(3) မြန်မာနိုင်ငံ FDA လက်မှတ်ရရှိထားတာမို့မေမေတို့အနေနဲ့ သားသားမီးမီးတို့အတွက် စိတ်ချယုံကြည်စွာ ရွေးချယ်နိုင်ပါတယ်
(4) ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိသော Zinc Sulphate ပါဝင်တဲ့အတွက်ကိုယ်ခံစွမ်းအားကောင်းမွန်စေပြီး
ခန္ဓာကိုယ်ဖွံ့ဖြိုးကျန်းမာစေတဲ့အပြင်ရောင်ရမ်းမှုများကိုလျော့ပါးစေပြီးအနာကျက်မြန်စေပါတယ်ရှင့်။

🛒DiaZinc အကြောင်း ပိုမိုသိရှိလိုပါက Page Messenger ကို လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။


TikTok Link : https://www.tiktok.com/

သားသားမီးမီးတို့အတွက်ဇင့် (Zinc) ဓာတ်ဟာ မျက်စိထဲက Visual Pigment တွေ ဖွဲ့စည်းမှုမှာ ပါဝင်ပြီး အမြင်အာရုံ ကြည်လင်ဖို့ ကူည...
14/02/2026

သားသားမီးမီးတို့အတွက်ဇင့် (Zinc) ဓာတ်ဟာ မျက်စိထဲက Visual Pigment တွေ ဖွဲ့စည်းမှုမှာ ပါဝင်ပြီး အမြင်အာရုံ ကြည်လင်ဖို့ ကူညီပေးတယ်ဆိုတာ သိပါသလား?
ဇင့်ဓာတ်ချို့တဲ့လာရင်တော့ညဖက်မှာ အမြင်အာရုံ ဝေဝါးတာ (Night Blindness) နဲ့ အလင်းရောင်ကို ခံနိုင်ရည်နည်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ မျက်စိကျန်းမာ‌ေရးအတွက်လည်းအကျိုးပြုတဲ့ ဇင့်ဓာတ်မချို့တဲ့ ရလေအောင် ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေ ရွေးချယ် စားသုံးဖို့နှင့် ဇင့် ဖြည့်စွက်ဆေးများသောက်သုံးဖို့အကြံပြုလိုက်ပါတယ်ရှင်။

DiaZinc သည်မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် FDA ရရှိထားပြီး NAZCO Trading LTD. မှတိုက်ရိုက်တင်သွင်းဖြန့်ချီတာမို့အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။

📩ဆေးနှင့်ပတ်သက်ပြီး စိတ်ဝင်စားပါက Page Messenger တွင် အသေးစိတ်ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင့်။

ဖေဖော်ဝါရီလလိုဆောင်းအကုန် နွေအကူးမှာ မနက်အေးပြီး နေ့ခင်းပူတာကြောင့် ကလေးတွေရဲ့ ကိုယ်ခံအားစနစ်က ကမောက်ကမ ဖြစ်တတ်ပါတယ်။ ဒါ...
07/02/2026

ဖေဖော်ဝါရီလလိုဆောင်းအကုန် နွေအကူးမှာ မနက်အေးပြီး နေ့ခင်းပူတာကြောင့် ကလေးတွေရဲ့ ကိုယ်ခံအားစနစ်က ကမောက်ကမ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် လေထဲမှာ ဖုန်မှုန့်တွေများလာတာကြောင့်ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ ကူးစက်ဖို့ ပိုလွယ်ကူလာပါတယ်။

ဒီလိုအချိန်မှာ ကလေးတစ်ယောက် နေမကောင်းဖြစ်ပြီဆိုရင် အစားအသောက်ပျက်၊ ကိုယ်အလေးချိန်ကျပြီး ပြန်လည်ကျန်းမာဖို့ အချိန်အတော်ကြာ ပေးရတတ်ပါတယ်။ ဒီပြဿနာတွေကို ကြိုတင်ကာကွယ်ဖို့ဆိုရင်တော့ကလေးရဲ့ ကိုယ်ခံအား (Immune System) အားကောင်းနေဖို့ လိုအပ်မှာပါ။

ဒီအတွက် DiaZinc ( Zinc Sulphate Syrup ) ဟာခန္ဓာကိုယ်ရဲ့ ခုခံအားဆဲလ်တွေကို အားဖြည့်ပေးပြီး ရောဂါပိုးမွှားတွေကို ထိထိရောက်ရောက် တိုက်ထုတ်နိုင်စွမ်း ရှိပါတယ်။
လိမ္မော်အရသာမို့ကလေးတွေအတွက် တိုက်ရလွယ်ကူစေပြီး တစ်နေ့ ၅ မီလီလီတာ တိုက်ရုံနဲ့လိုအပ်တဲ့ Elemental Zinc 10mg ကို အပြည့်အဝ ရရှိစေပါတယ်ရှင့်။

DiaZinc သည်မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် FDA ရရှိထားပြီး NAZCO Trading LTD. မှတိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။ ✅

📲 အသေးစိတ်သိရှိလိုပါက Page Messenger ကို အခုပဲ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။

#ရာသီဥတုအပြောင်းအလဲ

"သင့်ကလေးရဲ့ အရေပြားကျန်းမာရေးနဲ့ အနာကျက်နှုန်း မြန်ဆန် ကောင်းမွန်စေဖို့ဆို Zinc ဓာတ်ကိုသာ သတိရလိုက်ပါ"ဘာကြောင့်လည်းဆိုတ...
22/01/2026

"သင့်ကလေးရဲ့ အရေပြားကျန်းမာရေးနဲ့ အနာကျက်နှုန်း မြန်ဆန် ကောင်းမွန်စေဖို့ဆို Zinc ဓာတ်ကိုသာ သတိရလိုက်ပါ"

ဘာကြောင့်လည်းဆိုတော့ ဇင့်ချို့တဲ့ တဲ့ ကလေးတွေမှာ အရေပြား ခြောက်သွေ့လွယ်ခြင်း၊ နှင်းခူလို အရေပြားပြဿနာတွေ ဖြစ်ပေါ်လွယ်ခြင်း၊ ဒါမှမဟုတ် အနီစက်တွေ ထွက်လွယ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒီအတွက် ဇင့်ဓာတ် ပြန်လည်ဖြည့်စွက်ခြင်းက အရေပြားဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့နဲ့ အရေပြားတင်းရင်းမှုအတွက် လိုအပ်တဲ့ ကော်လာဂျင် (Collagen) ထုတ်လုပ်မှုကို ထောက်ပံ့ပေးပါတယ်။

တစ်ဖက်မှာလဲ ကလေးတွေ ထိခိုက်ဒဏ်ရာရတဲ့အခါ ဒဏ်ရာကျက်ဖို့အတွက် ခန္ဓာကိုယ်ဟာ ဆဲလ်အမြောက်အမြားကို အမြန်ဆုံး ပြန်လည်တည်ဆောက်ရပါတယ်။ ဒီနေရာမှာလည်း ဇင့်ဓာတ်က ဆဲလ်တည်ဆောက်မှု လုပ်ငန်းစဉ်မှာ အဓိကပါဝင်တဲ့အတွက် ဇင့်ဓာတ် လုံလောက်မှသာ အနာတွေ မြန်မြန်ကျက်စေနိုင်မှာဖြစ်ပါတယ်။

DIAZINC Zinc Sulphate Syrup ကိုနေ့စဉ်သောက်သုံးပေးမယ်ဆိုရင်တော့ သင့်ကလေးငယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဇင့်ဓာတ်ကို ရရှိနေစေမှာပါနော်။ ✅
📜DIAZINC ကတော့ မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် FDA ရရှိထားပြီး NAZCO TRADING LTD. မှ တိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်ရှင့်။
#အသားအရေကျန်းမာရေး #ဒဏ်ရာအနာကျက် #ဇင့်ဓာတ် #ကလေးကျန်းမာရေး
TikTok Link : https://www.tiktok.com/

"ဆေးခါးလို့မသောက်ချင်ဘူး" ဆိုပြီး အမြဲငြင်းလေ့ရှိတဲ့ သားသားမီးမီးတွေရှိကြလား? ဒါက ကလေးတွေကို ဖျားနာလို့ ဆေးတိုက်တဲ့အခါ  ...
19/01/2026

"ဆေးခါးလို့မသောက်ချင်ဘူး" ဆိုပြီး အမြဲငြင်းလေ့ရှိတဲ့ သားသားမီးမီးတွေရှိကြလား?

ဒါက ကလေးတွေကို ဖျားနာလို့ ဆေးတိုက်တဲ့အခါ မိဘတိုင်းကြုံရတဲ့ ပြဿနာတစ်ခုပါ။

DIAZINC Zinc Sulphate Syrup ကိုတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သဘာဝ လိမ္မော်ရည်အရသာ (Orange Flavour) နဲ့ ဖော်စပ်ထားတာကြောင့် ကလေးငယ်တွေဟာ ဆေးရည်လို့တောင်မထင်ရဘဲ ဖျော်ရည်လေးသောက်သလို လွယ်ကူစွာသောက်သုံးနိုင်ပါတယ်နော်😎။

DIAZINC သည် မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် FDA ရရှိထားပြီး NAZCO TRADING LTD. မှ တိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်ရှင့်။

TikTok Link : https://www.tiktok.com/

ဆောင်းတွင်းနှောင်းပိုင်းဖြစ်တဲ့ ဇန်နဝါရီလဟာ သင့်ကလေးကို အအေးမိ၊ တုပ်ကွေးနဲ့ အခြား ဗိုင်းရပ်စ် ကူးစက်ရောဂါတွေ ခပ်လွယ်လွယ်...
08/01/2026

ဆောင်းတွင်းနှောင်းပိုင်းဖြစ်တဲ့ ဇန်နဝါရီလဟာ သင့်ကလေးကို အအေးမိ၊ တုပ်ကွေးနဲ့ အခြား ဗိုင်းရပ်စ် ကူးစက်ရောဂါတွေ ခပ်လွယ်လွယ် ကူးစက်နိုင်တဲ့ကာလ ဖြစ်ပါတယ်။

ရောဂါပိုးတွေနဲ့ ထိတွေ့တဲ့အခါ ကလေးရဲ့ ကိုယ်ခံအား (Immune System) က တွန်းလှန်ပေးရပါတယ်။ ဒီစနစ်အားကောင်းဖို့အတွက် ခန္ဓာကိုယ်ဟာ ဇင့်ဓာတ် (Zinc) လိုအပ်ပါတယ်။

ဇင့်ဓာတ် မပြည့်ဝတဲ့အခါ ကလေးငယ်ဟာ အပြင်က ရောဂါပိုးတွေကို ထိထိရောက်ရောက် တိုက်ထုတ်နိုင်စွမ်း နည်းပါးပြီး မကြာခဏ ဖျားနာတတ်တာမို့ DIAZINC Zinc Sulphate Syrup ကို နေ့စဉ် ပုံမှန်တိုက်ကျွေးပါ။ DIAZINC ရဲ့ 5ml မှာ ပါဝင်တဲ့ 10mg of elemental zinc ဟာ ကလေးငယ်ရဲ့ တစ်နေ့တာ ဇင့်လိုအပ်ချက် (RDA) ကို ဖြည့်ဆည်းပေးပြီး ကိုယ်ခံအားကို အားဖြည့်ပေးပါတယ်။ လိမ္မော်ရည် အရသာဖြစ်လို့ ကလေးတွေလည်း သောက်ရလွယ်ကူပါတယ်။

DIAZINC ကတော့ မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် FDA ရရှိထားပြီး NAZCO TRADING LTD. မှ တိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်ရှင့်။

#ကိုယ်ခံအားကောင်းဖို့ #ကလေးကျန်းမာရေး #ဇင့်ဓာတ် #ဆောင်းတွင်းကျန်းမာရေး
TikTok Link : https://www.tiktok.com/

"ကလေးငယ်တွေမှာ ဝမ်းသွားတာ များတဲ့အခါ ရေဓာတ်နဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးတာကြောင့်  အားအင်ချည့်နဲ့ပြီး နေ့စဉ် ပုံမှန်ကစားနို...
05/01/2026

"ကလေးငယ်တွေမှာ ဝမ်းသွားတာ များတဲ့အခါ ရေဓာတ်နဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးတာကြောင့် အားအင်ချည့်နဲ့ပြီး နေ့စဉ် ပုံမှန်ကစားနိုင်ခြင်းနဲ့ သင်ယူလေ့လာနိုင်စွမ်းတွေ နည်းပါးလာတတ်ပါတယ်"
ဒီလိုအချိန်မှာ မိဘတွေအနေနဲ့ ဝမ်းသွားတာရပ်ဖို့ကိုပဲ အဓိကထားကြပေမယ့် နောက်ဆက်တွဲ အားအင်ချည့်နဲ့မှုနဲ့ ကိုယ်ခံအားကျဆင်းမှုကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။✅

▸အထူးသဖြင့် ဝမ်းလျှောပြီးတဲ့အခါ အူလမ်းကြောင်းနံရံတွေ ပျက်စီးသွားပြီး အရေးကြီးတဲ့ ဇင့် (Zinc) ဓာတ်တွေလည်းပျက်ဆီးဆုံးရှုံးလေ့ရှိပါတယ်။ အခုလို ဇင့်ဓာတ်ဆုံးရှုံးမှုက သင့် ကလေးကို နောက်ထပ် ရောဂါကူးစက်မှု (ဥပမာ- နောက်တစ်ကြိမ် ဝမ်းလျှောတာမျိုး)တွေ ထပ်ဖြစ်ဖို့ ပိုမိုလွယ်ကူစေပါတယ်။

▸ဒါကြောင့် ကလေးဝမ်းလျှောပြီဆိုတာနဲ့ ဝမ်းရပ်ရုံမကဘဲ၊ ကလေးရဲ့ အူလမ်းကြောင်းပြန်လည်ကောင်းမွန်ဖို့နဲ့ ကိုယ်ခံအားကို အမြန်ဆုံးပြန်တည်ဆောက်ပေးဖို့ ဇင့် (Zinc) ဓာတ်က မဖြစ်မနေလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်ပါတယ်။

ဒီအတွက် လိမ္မော်ရည်အရသာရှိတဲ့ DIAZINC Zinc Sulphate Syrup မှာဆိုရင် ကလေးများ တစ်နေ့တာ လိုအပ်တဲ့ 10 mg of elemental zinc ကို 5 ml တိုင်းမှာ ပြည့်ဝစွာထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် DIAZINC ကို သောက်သုံးခြင်းဖြင့် ဝမ်းသွားတာကို လျှော့ချပေးနိုင်ပြီး နောက်ဆက်တွဲ ဝမ်းလျှောခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်ရှင့်။

🏆DIAZINC ကတော့ မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် FDA ရရှိထားပြီး NAZCO TRADING LTD. မှ တိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။

🛒DIAZINC အကြောင်း ပိုမိုသိရှိလိုပါက Page Messenger ကို လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။
#ဝမ်းလျှောခြင်း #ကလေးကျန်းမာရေး #ကိုယ်ခံအား
TikTok Link : https://www.tiktok.com/

ဝမ်းလျှောချိန်တိုင်း မမေ့ဘဲ ဇင့်လေး အမြန်တိုက်ကျွေးပေးကိုယ့်ရဲ့ ရင်သွေးလေး ဝမ်းသွားတဲ့အခါ👶  ဝမ်းလျှောတာကို ရပ်တန့်စေဖို့...
30/12/2025

ဝမ်းလျှောချိန်တိုင်း မမေ့ဘဲ
ဇင့်လေး အမြန်တိုက်ကျွေးပေး

ကိုယ့်ရဲ့ ရင်သွေးလေး ဝမ်းသွားတဲ့အခါ👶 ဝမ်းလျှောတာကို ရပ်တန့်စေဖို့သာမက ရေရှည် ကျန်းမာရေးအတွက်ပါ ဂရုစိုက်ဖို့ လိုပါတယ်။ ဝမ်းလျှောတဲ့အခါ ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲက အရေးပါတဲ့ ဇင့်ဓာတ် (Zinc) တွေ အများအပြား ဆုံးရှုံးသွားပါတယ်။ ဇင့်ဓာတ်ဆုံးရှုံးရင် ကိုယ်ခံအားကျဆင်းပြီး နောက်ထပ်
ဝမ်းလျှောတာတွေ ထပ်ဖြစ်နိုင်ခြေ များလာပါတယ်။ ဝမ်းလျှောနေချိန် DiaZinc ကိုတိုက်ပေးမယ်ဆိုရင်

✅ ဝမ်းလျှောမှုကို လျှော့ချပေးခြင်း : ဝမ်းလျှောတဲ့ အကြိမ်ရေနဲ့ ဝမ်းပျက်တဲ့ ကြာချိန်ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

💪 ကိုယ်ခံအား ပြန်လည်တည်ဆောက်ပေးခြင်း: ဝမ်းသွားတာကြောင့် ဆုံးရှုံးသွားတဲ့ ဇင့်ဓာတ်ကို အမြန်ဆုံး ဖြည့်တင်းပေးပါတယ်။ ဇင့်ဓာတ်ပြည့်ဝသွားတဲ့အခါ ကလေးရဲ့ ကိုယ်ခံအားစနစ်ဟာ ပိုမိုအားကောင်းလာပြီး နောက်ထပ် ရောဂါကူးစက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

🌱 အူလမ်းကြောင်း ကျန်းမာရေး: ဇင့်ဟာ အူလမ်းကြောင်းနံရံရဲ့ ကျန်းမာရေးကို ထောက်ပံ့ပေးလို့ အာဟာရစုပ်ယူမှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဘေဘီလေးတို့ ဝမ်းလျှော
ချိန်တိုင်းမှာ DiaZinc ကို တိုက်ကျွေးပေးခြင်းဖြင့် ရင်သွေးလေးရဲ့ ဝမ်းလျှောခြင်းကို ကုသရုံသာမက၊ ကိုယ်ခံအားစနစ်ကိုပါ အဆင့်မြှင့်တင်ပေးလိုက်ပါ။

DiaZinc အားဆေးက မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် FDA ရရှိထားပြီး NAZCO TRADING LTD. မှတိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်❤️။

#ကိုယ်ခံအားပြည့်ဇင့်ဓာတ်ဖြည့်ဖို့diazincကိုတိုက်ကြစို့
TikTok Link : https://www.tiktok.com/

ဇင့်ဓာတ် အဓိကလိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများဇင့်ဓာတ်ဟာဆိုရင် ခန္ဓာကိုယ် အတွက် အရေးကြီးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး...
20/12/2025

ဇင့်ဓာတ် အဓိကလိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ

ဇင့်ဓာတ်ဟာဆိုရင် ခန္ဓာကိုယ် အတွက် အရေးကြီးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီးခန္ဓာကိုယ် တွင်းရှိ အင်ဇိုင်းအမျိုးပေါင်း (၃၀၀) ကျော်ရဲ့ လုပ်ငန်းတွေမှာပါဝင်နေတာဖြစ်ပါတယ်။ဒီနေ့မှာ​တော့ ဇင့်ဓာတ် အဓိကလိုအပ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁)ကိုယ်ခံအားစနစ်
ဇင့်ဓာတ်ဟာ ခန္ဓာကိုယ်တွင်းရှိ ကိုယ်ခံအားဆဲလ်တွေရဲ့ အလုပ်ကိုထောက်ပံ့ပေးပြီးကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။
(၂)ကြီးထွားဖွံ့ဖြိုးမှုစနစ်
ဇင့်ဓာတ်ဟာပရိုတင်းတည်ဆောက်တာနှင့်ကြွက်သားပြုပြင်မှုတွေအတွက်လိုအပ်ပါတယ်။ဇင့်ဓာတ်ချို့တဲ့မယ်ဆိုရင် ကလေးငယ်တွေမှာကြီးထွားမှုနှေးစေနိုင်ပါတယ်။

(၃)ဦးနှောက်
ဇင့်ဓာတ်ဟာ ဦးနှောက်မှတ်ဉာဏ်နှင့်စိတ်ခံစားမှု တွေ ကို အထောက်အကူပြုပါတယ်။
(၄)ဟော်မုန်းစနစ်
သွေးတွင်းသကြားပမာဏကိုထိန်းချုပ်ပေးတဲ့အင်ဆူလင်၊သိုင်းရွိုက် ဟော်မုန်းနှင့် အမျိုးသားဟော်မုန်း(Testosterone) စတာတွေရဲ့ ထုတ်လုပ်မှုမှာ လည်း ဇင့်ဓာတ်ပါဝင်ပါတယ်။
(၅)အရေပြား
ဇင့်ဓာတ်ဟာ အနာကျက်မြန်စေပါတယ်။ကော်လဂျင်ထုတ်လုပ်မှုမှာပါဝင်တာကြောင့် ဇင့်ဓာတ်ချို့တဲ့ရင် အနာကျက်နှေးစေတတ်ပါတယ်နော်။
DiaZinc အားဆေးက မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် FDA ရရှိထားပြီး NAZCO TRADING LTD. မှတိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်❤️။



#ကိုယ်ခံအားပြည့်ဇင့်ဓာတ်ဖြည့်ဖို့diazincကိုတိုက်ကြစို့
TikTok Link : https://www.tiktok.com/

Address

No.19, Ma Kyee Kyee Street
Yangon
11111

Telephone

+959769361736

Website

Alerts

Be the first to know and let us send you an email when DiaZinc posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DiaZinc:

Share