Chan Myae Thar Health Care Clinic

Chan Myae Thar Health Care Clinic Primay Health Care for Community

12/03/2026

ထာဝရကုသိုလ်လေးပါ....

ဆရာဝန်ဖြစ်ကတည်းက နောက်ဆုံးထွက်သက်အထိ အာစိန္နကံ ဆေးအလှူပါ....

ချမ်းမြေ့သာ (ယုဇနဥယျာဉ်မြို့တော်)

၁. ၁. ၂၀၂၆ မှ ၂၈. ၂. ၂၀၂၆ ထိ

ရဟန်း ၇၂ ပါး

သီလရှင် ၁၈ ပါး

ယောဂီ ဥပုသ်သည် လူပုဂ္ဂိုလ် ၇၀၈ ဦး

စုစုပေါင်း ၇၉၈ ဦး

တစ်ဦးပျမ်မျှ ဆေးဝါးတန်ဖိုး ၁၀၀၀၀ ကျပ်.....
၇ ၉၈၀ ၀၀၀ ကျပ်ဖိုးလှူဒါန်းပါတယ်ခင်ဗျာ

အောင်သုခကုသိုလ်ဖြစ်ဆေးခန်း
၅.၁.၂၀၂၆ - ၈၆ ဦး
၁၂.၁.၂၀၂၆ - ၈၆ ဦး
၁၉.၁.၂၀၂၆ - ၈၃ ဦး
၂၆.၁.၂၀၂၀ - ၉၅ ဦး
၂.၂.၂၀၂၆ - ၈၀ ဦး
၉.၂.၂၀၂၆ - ၁၀၁ ဦး
၁၆.၂.၂၀၂၆ - ၉၁ ဦး
၂၃.၂.၂၀၂၆ - ၇၄ ဦး

စုစုပေါင်း ၆၉၆ ဦး

ဆေးကုသိုလ် အလှူပေးဖြစ်ပါတယ်....ခင်ဗျာ

ဤကုသိုလ်သည် လာရောက်ပြသကြသော လူနာများအားလုံး၏ ဆေးကုသိုလ် အလှူဒါနဖြစ်ပါသည်....

ယခုကဲ့သို့ လှူဒါန်းနိုင်အောင် ဆေးကုသိုလ်အလှူပါဝင်သော ဆေးဝါး အလှူရှင်များအား မှတ်တမ်းတင် ဂါဝရပြုအပ်ပါတယ်....

နတ်လူသာဓုခေါ်စေသော်....

ချမ်းမြေ့သာဆေးကုခန်း
🏥🏥🏥

ဆေးခန်းဖွင့်ချိန် ⏱️⏱️⏱️
မနက် ၆ မှ မနက် ၉ နာရီထိ
ညနေ ၄ နာရီ မှ ည ၉ နာရီထိ
ည အရေးပေါ်လူနာအချိန်မရွေးကုသပေးပါသည် 🚑

အခန်းနံပတ်၀၀၁ /တိုက်အမှတ်၃၄🏢
C-၁၄လမ်းယုဇနဉယျာဉ်မြို့တော်🌃
ဒဂုံဆိပ်ကမ်း/ရန်ကုန်မြို့🏘️

📞 09796735966📱

📞 09 789 184 544📱





04/01/2026

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၈) ကြိမ်မြောက် “လွတ်လပ်ရေးနေ့” ကို ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုအပ်ပါသည်။

မြန်မာပြည်သူပြည်သားများ ရင်ထဲကဆန္ဒများပြည့်ဝကြပါစေ....

မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ.....

ချမ်းမြေ့သာဆေးကုခန်းမိသားစု

ချမ်းမြေ့သာဆေးကုခန်း
🏥🏥🏥

ဆေးခန်းဖွင့်ချိန် ⏱️⏱️⏱️
မနက် ၆ မှ မနက် ၁၂ နာရီထိ
ညနေ ၄ နာရီ မှ ည ၉ နာရီထိ
ည အရေးပေါ်လူနာအချိန်မရွေးကုသပေးပါသည် 🚑

အခန်းနံပတ်၀၀၁ /တိုက်အမှတ်၃၄🏢
C-၁၄လမ်းယုဇနဉယျာဉ်မြို့တော်🌃
ဒဂုံဆိပ်ကမ်း/ရန်ကုန်မြို့🏘️

📞 09 796 735 966📱
📞 09 789 184 544📱
ကျန်းမာရေးနှင့်ပတ်သက်သော အကြံပြုချက်များ အချိန်မရွေးဖြေကြားပေးပါသည်.....

01/01/2026

Happy New Year 1.1.2026

ချမ်းမြေ့သာဆေးခန်း
ဒဂုံဆိပ်ကမ်း ယုဇန 2025 အနှစ်ချုပ်

Total patient - 11280
9630 ÷ 12 = 940 ‌ယောက် တစ်လပျမ်းမျှ
9630 ÷ 365 = 30.9 ယောက် တစ်ရက် ပျမ်းမျှ

ဒဂဆ အတွင်း - 7896 (70%)
ဒဂဆ ပြင်ပ - 3384 (30%)

ချမ်းမြေ့သာဆေးခန်း
ဆေးအလှူလူနာ (FOC)
ရဟန်းသံဃာ - ၃၅၇ ပါး
သီလရှင် - ၁၉၁ ပါး
ယောဂီ၊ဥပုသ်သည်၊လူပုဂ္ဂိုလ် - ၁၂၁၂ ဦး
စုစုပေါင်း - ၁၇၆၀ ဦး

ပြင်ပဆေးကုသမှုအလှူ
ဆေးအလှူလူနာ အရေအတွက်
အောင်သုခ ကုသိုလ်ဖြစ်ဆေးခန်း
၈.၉.၂၀၂၅ - ၄၃ ဦး
၁၅.၉.၂၀၂၅ - ၆၄ ဦး
၂၂.၉.၂၀၂၅ - ၇၃ ဦး
၂၉.၉.၂၀၂၅ - ၇၅ ဦး

၆.၁၀.၂၀၂၅ - ၈၃ ဦး
၁၃.၁၀.၂၀၂၅ - ၇၅ ဦး
၂၀.၁၀.၂၀၂၅ - ၈၁ ဦး
၂၇.၁၀.၂၀၂၅ - ၉၈ ဦး

၃.၁၁.၂၀၂၅ - ၉၅ ဦး
၁၀.၁၁.၂၀၂၅ - ၈၃ ဦး
၁၉.၁၁.၂၀၂၅ - ၆၈ ဦး
၂၄.၁၁.၂၀၂၅ - ၁၀၄ ဦး

၁.၁၂.၂၀၂၅ - ၁၀၅ ဦး
၈.၁၂.၂၀၂၅- ၁၀၈ ဦး
၁၅.၁၂.၂၀၂၅ - ၁၂၅ ဦး
၂၂.၁၂.၂၀၂၅ - ၁၀၆ ဦး
၂၉.၁၂.၂၀၂၅ - ၉၄ ဦး

ဓမ္မပါလကျောင်းတိုက်၊ ကျားကွင်းကျေးရွာ၊
မြောင်းမြ‌မြို့နယ်
၁၂.၁၂.၂၀၂၅ - ၁၇၀ ဦး
စုစုပေါင်း - ၁၆၅၀ ဦး

ဆေးအလှူ စုစုပေါင်း - ၃၄၁၀ ဦး

နတ်လူသာဓုခေါ်စေသော်.....

ရေလည်းခပ်ရပါတယ်....ရေလဲလောင်းဖြစ်ပါတယ်....

မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ.....
ပြည်သူ့တွေရဲ့ ဆန္ဒများအမြန်ဆုံးပြည့်ကြပါစေ....

ဒေါက်တာ‌ဝေဖြိုး - ပြည်သူ့ကျန်းမာ

19/12/2025

❣️ Happy Karen New Year❣️

ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ခရစ်နှစ် 19.12.2025 မှာကျရောက်တဲ့ ကရင်နှစ်သစ် နေ့ထူးနေ့မြတ် မှစတင်ပြီး
တိုင်းရင်းသူ/တိုင်းရင်းသားများ နှင့်တကွ မြန်မာနိုင်ငံသူ/နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းပြီး ဘုရားသခင် ၏ကောင်းကြီးမဂ်လာများအားလုံးအပေါ်သက်ရောက်ပါစေကြောင်း ဆုမွန်းကောင်းတောင်းပေးပါသည်🙏🙏🙏

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်လေးဖြစ်ပါစေ။

#ကရင်နှစ်သစ်ကူး🇳🇱

ချမ်းမြေ့သာဆေးကုခန်းမိသားစု

02/11/2025

သူနာပြုအကူ ၂ ယောက် အမြန်အလိုရှိသည်
လစာညှိနှိုင်း

လာရောက်လျှောက်ထားရန်......

ချမ့်မြေ့သာဆေးကုခန်း ၁

အခန်းနံပါတ်၀၀၁ /တိုက်အမှတ်၃၄
C-၁၄လမ်း/ ယုဇနဉယျာဉ်မြို့တော်
ဒဂုံဆိပ်ကမ်း/ရန်ကုန်မြို့

ဆက်သွယ်ရန် 09796735966

ချမ်းမြေ့သာဆေးကုခန်း ၂
🏥🏥🏥

ဆေးခန်းဖွင့်ချိန် ⏱️
မနက် ၈ နာရီ မှ ညနေ ၄ နာရီထိ

အခန်း ၂ အမှတ် ၁၃၃၈ 🏢
ဗိုလ်ချိုလမ်းထိပ် ၄၆ - ရပ်ကွက် 🌃
ဒဂုံမြို့သစ်(မြောက်ပိုင်း) ရန်ကုန်🏘️

📞 09 789 184 544📱

ဆီးချိုသွေးချိုရောဂါဖြစ်ရင် မဖြစ်မနေ ဆန်ကို ပြောင်းစားစရာမလိုပါဘူး။ မိသားစု စားနေကျဆန်ကိုပဲ ဆက်ပြီးစားသုံးလို့ရပါတယ်။ဆန်...
25/10/2025

ဆီးချိုသွေးချိုရောဂါဖြစ်ရင် မဖြစ်မနေ ဆန်ကို ပြောင်းစားစရာမလိုပါဘူး။ မိသားစု စားနေကျဆန်ကိုပဲ ဆက်ပြီးစားသုံးလို့ရပါတယ်။
ဆန်ကြမ်းဖြစ်စေ၊ ဆန်ချောဖြစ်စေ ပြောင်း၍စားရန်မလိုပါ၊ ချက်နည်းပြောင်းရန်မလိုပါ လို့ ဆိုထားပါတယ်။
(ရေခန်းဖြစ်စေ၊ ရေငှဲ့ဖြစ်စေ၊ မိသားစု စားနေကျ ထမင်းတစ်အိုးတည်းကိုသာ စားသုံးဖို့ဖြစ်ပါတယ်)
ထမင်းစားရာမှာ အဝမလွန်သူများအဖို့ စားနေကျအတိုင်း တင်းတိမ်အောင် စားနိုင်ပါတယ်လို့ ဆိုပါတယ်။
အဝလွန်သူများကတော့ ထမင်းလျှော့စားရပါမယ်။
(တစ်နေ့လျှင် လက်ဖက်ရည်ပန်းကန် (၃)လုံးစာသာ စားသင့်ပါတယ်)

စားသောက်မှုပုံစံကိုတော့ ပြောင်းလဲဖို့လိုပါမယ်။

ဆီးချိုရောဂါရှင်များအတွက် အာဟာရလမ်းညွှန် ဆိုပြီး အောက်ပါအတိုင်း ထုတ်ပြန်ထားတာရှိပါတယ်။
♦ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစားအစာများကို ရှောင်ကြဉ်ပါ။
♦ အချိုရည်များ သောက်သုံးခြင်း၊ ကစီဓာတ်များ (ထမင်းများ) လွန်ကျွံစွာ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။
♦ တိရိစ္ဆာန်မှ ရသောအဆီများ၊ စားအုန်းဆီများစားသုံးခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။
♦ ထပ်ဖန်တလဲလဲ အသုံးပြုပြီးကြော်ထားသောဆီများဖြင့် ကြော်ထားသော အစားအစာများကို ရှောင်ကြဉ်ပါ။
♦ အငန်ဓာတ်စားသုံးမှု (ငါးပိ၊ ငါးခြောက်၊ ငံပုရာရည်၊ ဆားနှင့် အချိုမှုန့်)ကို လျှော့ပြီးစားသုံးပါ။
♦ ဆားကိုတစ်နေ့လျှင် လက်ဖက်စားဇွန်း တစ်ဇွန်းထက်ပိုပြီး မစားသုံးသင့်ပါ။
♦ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများစားသုံးပါ။

သစ်သီးဝလံများကိုမူ လက်ဖက်ရည်ပန်းကန်တစ်လုံးစာခန့် နေ့စဉ်စားသုံးသင့်ပါသည်။

ဆီးချိုရောဂါရှင်များ စားသုံးနိုင်သော အစားအစာများ

ဆန်ဖြင့်ပြုလုပ်ထားသောအစားအစာများ✅

မုန့်ဟင်းခါး၊ ညှပ်ခေါက်ဆွဲ၊ မုန့်တီ၊ ဆန်ပြုတ်၊ နန်းကြီးသုပ်၊ ကောက်ညှင်း၊ မြူစွမ် စသည့်အစားအစာများကို စားသုံးနိုင်ပါသည်။

(သကြားနှင့် အုန်းသီးမပါသင့်ပါ။)

ဂျုံဖြင့်ပြုလုပ်ထားသော အစားအစာများ✅

ဂျုံခေါက်ဆွဲ၊ ဂျုံကြာဇံ၊ ချာပါတီ၊ နံပြား၊ ပလာတာများ စားသုံးနိုင်ပါသည်။

(သကြားနှင့် အုန်းသီးမပါသင့်ပါ။ အုန်းနို့ခေါက်ဆွဲ မစားသင့်ပါ။)

အသား၊ ငါး၊ ပုစွန်အုပ်စု✅

မိမိစားနေကျ အသားအမျိုးမျိုး (ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ အမဲသား)၊ ငါးအမျိုးမျိုးနှင့် ပုစွန်တို့ကို စားသုံးနိုင်ပါသည်။

(အဆီများဖယ်ထုတ်ပြီး စားသုံးသင့်ပါသည်။
အရေပြား၊ ကလီစာ၊ ပုစွန်ခေါင်းများကို ဖယ်စားသင့်ပါသည်။)

ဟင်းသီးဟင်းရွက်များ✅

ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဘူးရွက်၊ ဘူးသီး၊ ဗုံလုံသီး၊ ဟင်းနုနွယ်ရွက်၊ ကင်ပွန်းချဉ်ရွက်၊ မုန်ညင်းရွက်၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ မုန်လာဥအမျိုးမျိုး၊ ပဲသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ကြက်ဟင်းခါးသီး၊ ပဲစောင်းလျားသီး စသည့် ဟင်းသီးဟင်းရွက်များကို ကြိုက်သလောက် စားသုံးနိုင်ပါသည်။

ချက်ထားသော ဟင်းသီးဟင်းရွက်ကို တစ်နေ့လျှင် အနည်းဆုံး (၉)ဇွန်း စားသုံးပေးသင့်သည်။

ပဲအမျိုးမျိုး✅

ပဲအမျိုးမျိုး စားသုံးနိုင်ပါသည်။

ဥများ✅

ကြက်ဥ၊ ဘဲဥ များကို တစ်နေ့လျှင် တစ်လုံး စားသုံးနိုင်ပါသည်။ ကစီဓာတ်များသော အာလူး၊ ပိန်းဥ၊ ကန်စွန်းဥ၊ ပဲမြစ်၊ အာတာလွတ်ဥ၊ ပီလောပီနံဥ စသည်တို့မှာ ကစီဓာတ်များ၍ ချင့်ချိန်၍ စားသုံးသင့်ပါသည်။

ဆီးချိုသွေးချိုရောဂါသည်များ ရှောင်ကြဉ်သင့်သော အစားအစာများ🚫🚫🚫🚫🚫

အချိုဓာတ်ပါသော အရည်အုပ်စု❎

အချိုရည်ပုလင်းများ၊ ဗူးများ
ကော်ဖီမစ်

(ကောဖီမှုန့်/လက်ဖက်ခြောက်အကျရည်+ရေနွေး+ ဆီးချိုသကြား+ နို့စိမ်းတို့ဖြင့် ဖျော်သောက်လျှင် ရသည်။ နွားနို့စစ်စစ်ဖြင့်လည်း သောက်နိုင်သည်။
တီးမစ်
အသင့်သောက် နို့ပုလင်းများ၊ နို့ဗူးများ
နို့မှုန့်မျိုးစုံ
အာဟာရ နို့မှုန့်မျိုးစုံ)

အချိုဓာတ်ပါသော မုန့်များအုပ်စု❎

သကြား၊ ထန်လျက်၊ ကြံသကာ၊ အုန်းသီးပါသော မြန်မာမုန့်များ၊ ပေါင်မုန့်၊အဖြူရောင်ရှိသော ပေါင်မုန့်မစားသင့်ပါ။ ကိတ်မုန့်၊ ကိတ်ခြောက်၊ မုန့်ကြွပ်၊ ပေါင်မုန့်ခြောက်၊ ဘီစကစ်မျိုးစုံ မစားသင့်ပါ။

(အညိုရောင်ရှိသော ပေါင်မုန့်၊ ပေါင်မုန့်ကြမ်းများ စားနိုင်သည်။)

ရှောင်သင့်သော သစ်သီးများအုပ်စု❎

ပန်းသီး၊ လိမ္မော်သီး၊ မာလကာသီး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ သရက်သီး၊ သစ်တော်သီး၊ ပန်းသစ်တော်သီး၊ ဖရဲသီး၊ ဒူးရင်းသီး၊ မင်းကွတ်သီး၊ စပျစ်သီး၊ နဂါးမောက်သီး၊ ရှောက်ချိုသီး၊ ပိန်နဲသီး၊ ကျွဲကောသီး စသည့် သစ်သီးများကို 🩸🩸🩸သွေးတွင်းသကြားဓာတ်များနေစဉ်ကာလအတွင်း မစားသုံးသင့်ပါ။

(သွေးတွင်းသကြားဓာတ်ကောင်းနေလျှင် ချင့်ချိန်၍ သင့်တော်ရုံ စားနိုင်သည်။)

အလွယ်မှတ်လိုပါက လျှာပေါ်တင်မြည်းကြည့်လိုက်လို့ ချိုလွန်းတဲ့ အစားအစာမှန်သမျှကို သွေးတွင်းသကြားဓာတ်များနေစဉ်အတွင်း လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။

ဒေါက်တာဝေဖြိုး-ပြည်သူ့ကျန်းမာ

SLE ခေါ်  အရေပြားလေးဘက်နာဘယ်တော့မှမပျောက်ဘူး၊ ဆေးပုံမှန်မှီဝဲရတယ်၊ဒုတိယကင်ဆာလို့တောင်တင်စားကြတာဗျSLE  ဖြစ်နေရင် ဆေးလည်းသ...
24/10/2025

SLE ခေါ် အရေပြားလေးဘက်နာ

ဘယ်တော့မှမပျောက်ဘူး၊ ဆေးပုံမှန်မှီဝဲရတယ်၊
ဒုတိယကင်ဆာလို့တောင်တင်စားကြတာဗျ

SLE ဖြစ်နေရင် ဆေးလည်းသေချာကု၊ သေချာစား၊ အစာအစာလည်းဂရုစိုက်ပါဗျ

စားရန် /ဆောင်ရန်
1. SLE မှာ ယောက်ယမ်းတာ ဆိုးတဲ့ အတွက် ယောင်ယမ်း တာ သက်သာစေတဲ့ - ပင်လယ်ငါး - ငါးတန်၊ ငါးကွမ်းရှပ်၊ ငါးသေတ္တာငါး၊ ငါးမုတ်၊ ကက္ကတစ်၊ ငါးရွှေ၊ သံလွင်ဆီ၊ အစေ့အဆန်၊
2. အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်
3. ဘယ်ရီသီးများ - စတော်ဘယ်ရီ၊ ဘောက်သီး၊ ဇီးဖြူသီး
4. ဓါတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ - ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံ၊
5. နနွင်း၊ ဂျင်း
6. အသားစစ်စစ်၊ ငါး စစ်စစ်၊
7. တိုဟူး၊ ပဲ၊ ဥ အမျိုးမျိုး
8. ဆန်လုံးညို၊ အုပ်ဂျုံ၊ ဂျုံကြမ်း၊ ခင်းဝါ
9. အဆီထုတ်နို့၊ ပဲနို့

မစားရန် /ရှောင်ရန်
1. ချိုလွန်းသော အစားအစာ များ
2. ဆီကြော်၊ ထောပတ်၊ မာဂျရင်း၊ တိရိစ္ဆာန် အဆီ
3. SLE က ကျောက်ကပ်ထိတော့ ငန်လွန်းသော အစားအစာ တွေ ရှောင်ရပါမယ်- ငပိ၊ ငါးချဉ်၊ ပုဇွန်ချဉ်၊ ဝက်သားချဉ်၊ ချဉ်ဖတ်၊ ငါးခြောက်၊ ပုဇွန်းခြောက်၊ ခေါက်ဆွဲခြောက်ထုပ်
4. အရက်၊ ဘီယာ၊

နေ့စဉ်လုပ်ရန်/ ပုံမှန်လေးပေါ့
1. ရေများများသောက်ပါ။
2. အရိုးအားကောင်းအောင် ပြင်းအားပျော့ Vitamin D အားဆေး လိုအပ်ရင် သောက်ပါ။
3. ကိုယ်အလေးချိန် ထိန်းပါ။
4.စိတ်ဖိစီးမှုလျှော့ချပါ။

ဒေါက်တာဝေဖြိုး-ပြည်သူ့ကျန်းမာ

ဟုတ်ကဲ့.... အူလမ်းကြောင်း ကျန်းမာရေးအတွက် Prebiotics နဲ့ Probiotics အကြောင်း ကြားဖူးကြမှာပါ။ နာမည်တွေ ဆင်တူပေမယ့် သူတို့...
21/10/2025

ဟုတ်ကဲ့....

အူလမ်းကြောင်း ကျန်းမာရေးအတွက် Prebiotics နဲ့ Probiotics အကြောင်း ကြားဖူးကြမှာပါ။
နာမည်တွေ ဆင်တူပေမယ့် သူတို့ရဲ့ လုပ်ဆောင်ပုံတွေက တကယ်ကို မတူပါဘူး။

☘️ဒါပေမဲ့ သူတို့နှစ်ခုပေါင်းစပ်လိုက်ရင် ကျွန်တော်တို့ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စွာအလုပ်လုပ်စေပြီး ကိုယ်ခံအားစနစ်ကိုလည်း ပိုမိုကောင်းမွန်စေမှာပါ။

💚Prebiotics ဆိုတာတွေက အူထဲမှာရှိတဲ့ ကောင်းတဲ့ ဘက်တီးရီးယားတွေအတွက် အစာဖြစ်ပြီး
🩵 Probiotics တွေကတော့ အသက်ရှိတဲ့
အူလမ်းကြောင်း အကျိုးပြုဘက်တီးရီးယား
တွေပါ။

သူတို့နှစ်ခု ပေါင်းစပ်လိုက်တဲ့အခါ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အာဟာရတွေကို စုပ်ယူနိုင်စွမ်းလည်း မြင့်တက်စေပါတယ်။
ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း အားကောင်းစေပြီး မကောင်းတဲ့ ဘက်တီးရီးယားတွေရန်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

🔎Prebiotics ကို အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆံတွေနဲ့ အခွံမာသီးတွေမှာ တွေ့နိုင်ပြီး
🫛🍐🍈🍋‍🟩🍋🌽🍌🍍🥭🥕🍊🍑
Probiotics ကိုတော့ ဒိန်ချဉ်၊ Kefir ကင်ချီနဲ့ Miso တွေမှာ တွေ့နိုင်ပါတယ်။
🥛🧋🥤🧃🥤🧋🧃🥛🥤🧋🥛🧃

✅ဒါကြောင့် ဒီနေ့ကစပြီး Prebiotics နဲ့ Probiotics နှစ်မျိုးလုံးပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးခြင်းဖြင့် သင့်ရဲ့ အူလမ်းကြောင်းကို ကျန်းမာအောင် ထိန်းသိမ်းလိုက်ပါ။

ဒေါက်တာဝေဖြိုး-ပြည်သူ့ကျန်းမာ

ကျွန်တော်ဆရာကြီး အကြံပြုပြောပြသည့်"ကင်ဆာ မဖြစ်အောင် ကာကွယ်ကြရအောင်"ကင်ဆာ မဖြစ်အောင် ကာကွယ်လို့ ရပါသလား ဆိုရင် အဖြေကတော့ ...
17/10/2025

ကျွန်တော်ဆရာကြီး အကြံပြုပြောပြသည့်

"ကင်ဆာ မဖြစ်အောင် ကာကွယ်ကြရအောင်"

ကင်ဆာ မဖြစ်အောင် ကာကွယ်လို့ ရပါသလား ဆိုရင် အဖြေကတော့ ရပါတယ်လို့ ဖြေရမှာပါပဲ။

သဘာဝအကျဆုံး ဖြစ်ပြီး ဥပါဒ်လည်း မရှိတဲ့နည်းကတော့ ဘဝနေနည်းကို ပြုပြင်လိုက်ရမှာ ဖြစ်ပါတယ်။
Lifestyle changes.........

American Cancer Society က ထုတ်ဆိုထားပါတယ်

ဘဝနေနည်းကို ပြုပြင်လိုက်မယ်ဆိုရင် ကင်ဆာဖြစ်နိုင်တဲ့ အလားအလာ 62% လောက် လျော့ကျသွားနိုင်ပါတယ် တဲ့။

သူတို့ပြောတဲ့ 62% နဲ့ပဲ ကျေနပ်နေကြတော့မှာလား မိတ်ဆွေတို့ ......

သေသေချာချာ လိုက်နာမယ်ဆိုရင် ၆၂% ထက် မက ဖြစ်နိုင်စရာ အကြောင်း အများကြီး ရှိပါတယ်။

သုတေသနတွေနဲ့ သက်သေ မပြနိုင်ပေမဲ့ ဖြစ်နိုင်စရာ အကြောင်း အများကြီး ရှိတယ်လို့ ထင်မြင်ယူဆစရာရှိပါတယ်။

ကျွန်‌တော်တို့တွေက အလွန် ကြိုးစားသင့်ပါတယ်။

💯ဘာကြောင့်လဲ ဆိုတော့ ကင်ဆာ ဖြစ်လာပြီဆိုရင်

၁။ မချိမဆန့် ခံရတတ်ပါတယ်

ရောဂါကြောင့် ဖြစ်စေ၊ ဆေးကုသမှုကြောင့် ဖြစ်စေ၊ ကုသမှုတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေကြာင့် ဖြစ်စေ၊ အဘိဓမ္မာစကားနဲ့ ပြောရမယ် ဆိုရင် အကုသဝိပါက်၊ ဒုက္ခသဟဂုတ်၊ ကာယဝိဥာဏ်စိတ် ဖြစ်ပါတယ်။

၂။ ပိုက်ဆံ အလွန် ကုန်စေတဲ့ ရောဂါ ဖြစ်ပါတယ်။

၃။ ဆွေမျိုးသားချင်းတွေလဲ စိတ်ညစ်ရ၊ ကိုယ့်ကို ပြုစုရ၊ မအားမလပ်တွေ ဖြစ်ပြီး ခြေကုန် လက်ပမ်းကျ၊ စိတ် မချမ်းသာ ဖြစ်ရတတ်ပါတယ်။

၄။ ကံကောင်းရင် Remission လို့ ခေါ်တဲ့ ကင်ဆာ ကလာပ်စည်းတွေ ခေတ္တခဏ ငြိမ်သွားတတ်ပါတယ်။

ကံမကောင်းရင်တော့ ဆေးကုရင်းနဲ့ပဲ ဆုံးပါးသွားကြတာတွေလဲ ရှိကြပါတယ်။

၅။ ကုပြီးပြန်တော့လဲ ကင်ဆာ ဘယ်တော့ ပြန်လာမလဲ ဆိုတာ တွေးပူနေရပြန်ပါတယ်။

၆။ ကင်ဆာဆေးတွေ၊ ဓာတ်ကင်တာတွေနဲ့ ကုပြီးပြန်ရင်လည်း PET scan, CT scan, MRI စသည်ဖြင့် ၃ လ တန်သည် ဖြစ်စေ၊ ၆ လ တန်သည် ဖြစ်စေ ၊ ရိုက်ရပြန်ပါတယ်။

ရိုက်ဖန်များပြန်တော့လဲ မလိုလားအပ်တဲ့ ဓာတ်ရောင်ခြည်တွေ ထပ်ရပြန်ပါတယ်။

ပိုဆိုးတာက အဖြေကို သိရမှာ တုန်လှုပ်ကြောက်လန့်နေတတ်ကြပါတယ်။

အကုန်ပြောရမယ်ဆိုရင် ကင်ဆာဖြစ်လာပြီ ဆိုတဲ့ သတင်းကို ကြားကတည်းက ကိုယ့်ဘဝကြီးဟာ ဇောက်ထိုးမိုးမြော် ဖြစ်ရတတ်ပါတယ်။

အခုလို အကြောင်းတွေကြောင့် ကင်ဆာရောဂါ မဖြစ်ရအောင် ကာကွယ်ရမှာ ဝန်မလေးသင့်ဘူးလို့ ထင်ပါတယ်။

မဖြစ်ခင်မှာဆို အမှန်တကယ် ကြောက်သူ နည်းလှပါတယ်။

လုပ်ရမှာလည်း ခက်ခက် ခဲခဲတော့လည်း မဟုတ်လောက်ဘူးလို့ ထင်ပါတယ်။

သေသေချာချာ လိုက်နာရဲ့သားနဲ့မှ ဖြစ်မယ် ဆိုရင်တော့လည်း ကံအကြောင်းတရားအတိုင်းပဲ ဖြစ်ပါတယ်။

🌟လိုက်နာသင့်သော အချက်များမှာ -

၁။ သကြားမျိုးစုံ နဲ့ ပြုပြင်ပြီး အစာ ( processed foods ) တွေကို ရှောင်ရမှာ ဖြစ်ပါတယ်။🍰🎂🧁🍨☕
ဒီလို ရှောင်လိုက်ခြင်းအားဖြင့် insulin hormone ကို ထိန်းထားနိုင်ပါတယ်။
ပြုပြင်ပြီး အစာတွေထဲမှာ အချိုမှုန့်၊ သကြားတု တမျိုးဖြစ်တဲ့ aspartame တွေ ပါနေတတ်ပါတယ်။

၂။ Omega 369 စားသုံးသင့်ပါတယ်။🍀🌿🌱

၃။ လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။🚶🏃⛹️🚴🏌️
လမ်းလျောက်တာ လူအများအတွက် အသင့်တော်ဆုံး ဖြစ်တယ်လို့ ထင်ပါတယ်။
လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် Insulin level ကို ကျလာစေနိုင်ပါတယ်။
ကင်ဆာ ကာကွယ်ရေးမှာ အရေးကြီးတဲ့ အကြောင်းတခု ဖြစ်ပါတယ်။
ဆီးချို ရှိတဲ့ လူတွေမှာ (Type 2 Diabetes) insulin ဓာတ်ဟာ များနေလေ့ ရှိပါတယ်။ ဒါဟာလည်း ဆီးချိုရောဂါရှင်တွေမှာ ကင်ဆာ ဖြစ်နှုံး များနေရခြင်းရဲ့ အကြောင်းတပါး ဖြစ်ပါတယ်။

၄။ Vitamin D level အကောင်းဆုံး အနေအထား ဖြစ်နေသင့်ပါတယ်။ 🌞🦴🦷
နေပူခံရမှာ ဖြစ်သလို D3 မှီဝဲလို့လဲ ရပါတယ်။ ဖြစ်နိုင်မယ် ဆိုရင် ကိုယ့်ရဲ့ D3 အတိုင်းအတာကို သွေးဖောက် စစ်ကြည့်သင့်ပါတယ်။

၅။ အစာ စားတဲ့အခါမှာလည်း ကဆီဓာတ်ကို လျော့နိုင်သမျှ လျော့၊ ပရိုတင်းဓာတ် အဆီ အနည်းငယ် စားပြီး အသီးအရွက် များများ စားပေးရမှာ ဖြစ်ပါတယ်။
🥗🥘🧄🫘🥤🥚🥑🥦🫐🥬🌽🥝🍏🍋‍🟩🍋

၆။ စိတ်ဖိစီးမှုကို ယောနိသော မနသိကာရ နဲ့ လျော့ရမှာ ဖြစ်ပါတယ်။🧘🧍🧑‍🤝‍🧑👭👬👫💑👩‍❤️‍👨👨‍❤️‍👨👩‍❤️‍👩
Stress လို့ ခေါ်တဲ့ စိတ်ဖိစီးမှုဟာ ကင်ဆာ ဗီဇတွေကို နိုးကြား ထကြွစေပါသတဲ့။

၇။ Organic ဟင်းရွက်များများ စားပေးရမှာ ဖြစ်ပါတယ်။ တတ်နိုင်ရင် ကြိတ်ပြီး သောက်သင့်ပါတယ်။ (Oxalates များတာတွေ ရှောင်ပါ)
🍓🍒🍎🍅🌶️🍉🍑🍊🥕🥭🍍🍌🌽🍋🍋‍🟩🍈🍐

၈။ ကိုယ်အလေးချိန်ကိုလည်း ထိန်းထားရမှာ ဖြစ်ပါတယ်။📝📝📝📝📝

၉။ အိပ်ရေး ဝအောင် အိပ်ပါ။🛌🛌🛌🛌🛌

၁၀။ ပတ်ဝန်းကျင် အဆိပ်များနှင့် ထိတွေ့မှုတွေကိုလည်း နည်းနိုင်သမျှ နည်းရအောင် သတိထားပြီး ဆင်ခြင်ရမှာ ဖြစ်ပါတယ်။☢️☣️⚠️♻️📳

၁၁။ အကြော်အလှော် ၊ မီးကင်ခြင်း စသည်တို့ကို တတ်နိုင်သလောက် ရှောင်ပြီး၊
အပြုတ်၊ ရေနွေးငွေ့ နဲ့ ကျက်စေခြင်း စသည်တို့ကို ဦးစားပေးစေချင်ပါတယ်။❎❎❎✅✅✅

၁၂။ နွားနို့လည်းရှောင်နိုင်ရင် ကောင်းပါတယ်။
🥛🥛🥛❎❎❎
နွားနို့မှာ ပါတဲ့ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်က foreign substance ထင်ပြီး တိုက်ခိုက်လေ့ ရှိပါတယ်။ ကင်ဆာ ဖြစ်တဲ့အခါ ကိုယ့် immune system (ခုခံအားတွေကို) ကင်ဆာ ကလာပ်စည်းတွေကိုသာ နှိမ်နင်းစေလိုပါတယ်။ အခြား အပိုအလုပ်တွေ နဲ့ မရှုပ်စေချင်ပါ။
နောက်တချက်ကတော့ နွားနို့တွေမှာ Virus ပိုးများ ပါလေ့ ရှိပါတယ်။ (lukemia and lymphoma viruses) Pasteurization လုပ်ပေမဲ့ အကုန် မသေကြပါ။ ဒါကြောင့်လဲ နွားနို့ကို ရေခဲသေတ္တာထဲမှာ ထားရင်းနဲ့ အချဉ်ဖောက်သွားတတ်တာ ဖြစ်ပါတယ်။
အထူးသဖြင့် ကင်ဆာ ဖြစ်စေတတ်တဲ့ virus ပိုးတွေ ရှိတတ်ပါတယ်။
ဒါဆိုရင် ဘာသောက်သင့်သလဲလို့ မေးလေ့ ရှိကြပါတယ်။
ဆိုင်မှာ ရောင်းတဲ့ almond milk, rice milk တွေဟာ သကြားတွေ အများကြီး ပါလေ့ ရှိပါတယ်။
Soy milk ကြပြန်တော့လဲ သဘာဝ glutamate (အချို မှုန့်ဓာတ်တွေ) အများကြီး ပါတတ်တာမို့
မသင့်တော်ဘူးလို့ ထင်ပါတယ်။

၁၃။သိုင်းရွိုက်ဟိုမုန်းကိုအမြဲစစ်ဆေးသင့်၊
(Hypothyroid)သမားတွေသတိထားသင့်ပါတယ်။🔬🔬🔬

ဒီအချက်တွေကို သေသေချာချာ လိုက်နာနိုင်မယ် ဆိုရင် ကင်ဆာရောဂါဆိုးကြီးမှ လွတ်မြောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကင်ဆာရောဂါဆိုတာ နှစ်နဲ့ ချီပြီး တဖြေးဖြေး ဖြစ်ပေါ်လာတဲ့ ရောဂါ ဖြစ်ပါတယ်။

နေ့ချင်း ညချင်း ရုတ်ချည်း ပေါ်လာတာမျိုး မဟုတ်ပါ။

မိတ်ဆွေများ အားလုံး ကင်ဆာရောဂါ ဘေးဆိုးကြီးမှ လွတ်ကင်းနိုင်ကြပါစေ။

ဒေါက်တာဝေဖြိုး-ပြည်သူ့ကျန်းမာ

#မူရင်းရေးသားသူအားအစဉ်လေးစားလျှက်

USA Supplements

ထာဝရကုသိုလ်လေးပါ....ဆရာဝန်ဖြစ်ကတည်းက နောက်ဆုံးထွက်သက်အထိ အာစိန္နကံ ဆေးအလှူပါ....ချမ်းမြေ့သာ ၁ (ယုဇနဥယျာဉ်မြို့တော်)၁. ၁....
16/10/2025

ထာဝရကုသိုလ်လေးပါ....

ဆရာဝန်ဖြစ်ကတည်းက နောက်ဆုံးထွက်သက်အထိ အာစိန္နကံ ဆေးအလှူပါ....

ချမ်းမြေ့သာ ၁ (ယုဇနဥယျာဉ်မြို့တော်)

၁. ၁. ၂၀၂၅ မှ ၃၀. ၉. ၂၀၂၅ ထိ

ရဟန်း ၂၆၈ ပါး

သီလရှင် ၁၄၃ ပါး

ယောဂီ ဥပုသ်သည် လူပုဂ္ဂိုလ် ၉၀၉ ဦး

စုစုပေါင်း ၁၃၂၀ ဦး

တစ်ဦးပျမ်မျှ ဆေးဝါးတန်ဖိုး ၁၀၀၀၀ ကျပ်.....
၁၃ ၂၀၀ ၀၀၀ ကျပ်ဖိုးလှူဒါန်းပါတယ်ခင်ဗျာ

ဆေးကုသိုလ် အလှူပေးဖြစ်ပါတယ်....ခင်ဗျာ

ဤကုသိုလ်သည် လာရောက်ပြသကြသော လူနာများအားလုံး၏ ဆေးကုသိုလ် အလှူဒါနဖြစ်ပါသည်....

ယခုကဲ့သို့ လှူဒါန်းနိုင်အောင် ဆေးကုသိုလ်အလှူပါဝင်သော ဆေးဝါး အလှူရှင်များအား မှတ်တမ်းတင် ဂါဝရပြုအပ်ပါတယ်....

နတ်လူသာဓုခေါ်စေသော်....

ချမ်းမြေ့သာဆေးကုခန်း ၁
🏥🏥🏥

ဆေးခန်းဖွင့်ချိန် ⏱️⏱️⏱️
မနက် ၆ မှ မနက် ၈ နာရီထိ
ညနေ ၄ နာရီ မှ ည ၉ နာရီထိ
ည အရေးပေါ်လူနာအချိန်မရွေးကုသပေးပါသည် 🚑

အခန်းနံပတ်၀၀၁ /တိုက်အမှတ်၃၄🏢
C-၁၄လမ်းယုဇနဉယျာဉ်မြို့တော်🌃
ဒဂုံဆိပ်ကမ်း/ရန်ကုန်မြို့🏘️

📞 09796735966📱

ချမ်းမြေ့သာဆေချမ်းမြေ့သာဆေးကုခန်း ၂
🏥🏥🏥

ဆေးခန်းဖွင့်ချိန် ⏱️
မနက် ၈ နာရီ မှ ညနေ ၄ နာရီထိ

အခန်း ၂ အမှတ် ၁၃၃၈ 🏢
ဗိုလ်ချိုလမ်းထိပ် ၄၆ - ရပ်ကွက် 🌃
ဒဂုံမြို့သစ်(မြောက်ပိုင်း) ရန်ကုန်🏘️

📞 09 789 184 544📱





ထာဝရကုသိုလ်လေးပါ....ဆရာဝန်ဖြစ်ကတည်းက နောက်ဆုံးထွက်သက်အထိ အာစိန္နကံ ဆေးအလှူပါ....ချမ်းမြေ့သာ ၁ (ယုဇနဥယျာဉ်မြို့တော်)၁. ၁....
15/10/2025

ထာဝရကုသိုလ်လေးပါ....

ဆရာဝန်ဖြစ်ကတည်းက နောက်ဆုံးထွက်သက်အထိ အာစိန္နကံ ဆေးအလှူပါ....

ချမ်းမြေ့သာ ၁ (ယုဇနဥယျာဉ်မြို့တော်)

၁. ၁. ၂၀၂၄ မှ ၃၁. ၁၂. ၂၀၂၄ ထိ

ရဟန်း ၃၁၂ ပါး

သီလရှင် ၁၇၆ ပါး

ယောဂီ ဥပုသ်သည် လူပုဂ္ဂိုလ် ၁၁၇၅ ဦး

စုစုပေါင်း ၁၆၆၃ ဦး

တစ်ဦးပျမ်းမျှ ဆေးဝါးတန်ဖိုး ၁၀၀၀၀ ကျပ်.....
၁၆ ၆၃၀ ၀၀၀ ကျပ်ဖိုးလှူဒါန်းပါတယ်ခင်ဗျာ

ဆေးကုသိုလ် အလှူပေးဖြစ်ပါတယ်....ခင်ဗျာ

ဤကုသိုလ်သည် လာရောက်ပြသကြသော လူနာများအားလုံး၏ ဆေးကုသိုလ် အလှူဒါနဖြစ်ပါသည်....

ယခုကဲ့သို့ လှူဒါန်းနိုင်အောင် ဆေးကုသိုလ်အလှူပါဝင်သော ဆေးဝါး အလှူရှင်များအား မှတ်တမ်းတင် ဂါဝရပြုအပ်ပါတယ်....

နတ်လူသာဓုခေါ်စေသော်....

ချမ်းမြေ့သာဆေးကုခန်း ၁
🏥🏥🏥

ဆေးခန်းဖွင့်ချိန် ⏱️⏱️⏱️
မနက် ၆ မှ မနက် ၈ နာရီထိ
ညနေ ၄ နာရီ မှ ည ၉ နာရီထိ
ည အရေးပေါ်လူနာအချိန်မရွေးကုသပေးပါသည် 🚑

အခန်းနံပတ်၀၀၁ /တိုက်အမှတ်၃၄🏢
C-၁၄လမ်းယုဇနဉယျာဉ်မြို့တော်🌃
ဒဂုံဆိပ်ကမ်း/ရန်ကုန်မြို့🏘️

📞 09796735966📱

ချမ်းမြေ့သာဆေချမ်းမြေ့သာဆေးကုခန်း ၂
🏥🏥🏥

ဆေးခန်းဖွင့်ချိန် ⏱️
မနက် ၈ နာရီ မှ ညနေ ၄ နာရီထိ

အခန်း ၂ အမှတ် ၁၃၃၈ 🏢
ဗိုလ်ချိုလမ်းထိပ် ၄၆ - ရပ်ကွက် 🌃
ဒဂုံမြို့သစ်(မြောက်ပိုင်း) ရန်ကုန်🏘️

📞 09 789 184 544📱





Address

No.001,Building (34),14th Street, C-Block, Yuzana Garden City, Dagon Seikkan Township, Yangon.
Yangon

Telephone

+959268997597

Website

Alerts

Be the first to know and let us send you an email when Chan Myae Thar Health Care Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share