Alice in Her Realm

Alice in Her Realm 🌻 Living with intention. 💛 Sharing with heart. - Welcome to my realm. 🦋

🍃 တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေ ထွက်တော့မယ် ဆိုတော့ ကိုယ်တွေခေတ်တုန်းက ဆယ်တန်းအောင်စာရင်းထွက်တဲ့အချိန်ကိုတောင် သတိရသွား...
27/07/2025

🍃 တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေ ထွက်တော့မယ် ဆိုတော့ ကိုယ်တွေခေတ်တုန်းက ဆယ်တန်းအောင်စာရင်းထွက်တဲ့အချိန်ကိုတောင် သတိရသွားတယ်။ အခုခေတ်ကလေးတွေကတော့ ဆယ့်နှစ်တန်းအထိ တက်ရတာလားမသိ ခေတ်တွေလည်း မတူတော့ဘူး ဆိုတော့လေ။

💭 ဘာလိုလိုနဲ့ Alice ဆယ်တန်းအောင်ပြီးခဲ့တာ
ဆယ်စုနှစ် တစ်ခုကို အတော်ကျော်ရောပေါ့။
အောင်စာရင်း ထွက်မယ့်ညက အမေက Alice ကို
အောင်စာရင်း သွားကြည့်ဖို့ပြောတော့ Alice ကလည်း သတ္တိခဲလေ။ အမေပဲသွား မလိုက်ဘူးလို့။ ကိုယ့်ဘာသာလည်း မကြည့်ရဲတာတကယ် … Chemistry နေ့က မဖြေနိုင် ထားတာမို့လေ။ အဲ့ဒါနဲ့ အမေက Alice ညမ အငယ်ဆုံးလေးကို အဖော်ခေါ်ပြီး သွားကြည့်တာပေါ့။ အောင်တယ် ဆိုတဲ့အကြောင်း အဖေ့ကို ဖုန်းလှမ်းဆက်ချိန် အဖေ့ ဖုန်းကလည်း မဖွင့်ထားဘူး။ အဲ့ခေတ်တုန်းက အခုလို mobile phone တွေက ပေါသော မနေဘူးရယ်။ အမေ့ဆီက ဘာမှစာမလာ သတင်းမကြားနဲ့ ဆိုတော့ ရင်တွေက ပိုတုန် ငါများ Chemistry နဲ့ ခြေချော်လက်ချော် ဖြစ်ပြီလား ပေါ့။
အမေအိမ်ပြန်ရောက်လို့ အောင်မှန်းသိရမှ အပျော်လွန်ပြီး ညပါအိပ်မပျော်တော့တာ။ နောက်နေ့ မနက်ကျမှ ရဲရဲကြီး အောင်စာရင်းကို သွားကြည့်ရဲတာနော်။ အဲ့လိုသတ္တိခဲပါဆို။ အောင်စာရင်း ထွက်ပြီးတဲ့နေ့က ဘယ်သူမေးမေး “အောင်တယ်” လို့ ဖြေရတဲ့ခံစားချက်က ပြောမပြတတ်အောင်ပဲ။ ဘဝမှာ မေ့မရတဲ့ အမှတ်တရတွေထဲကလည်း တစ်ခုပေါ့။

🍃 ပြန်စဉ်းစားကြည့်ရင် ဘဝမှာ သေချာနားခဲ့ရတဲ့ အချိန်က ဆယ်တန်းအောင်စာရင်းထွက်ပြီး တက္ကသိုလ် မတက်ခင်ဆက်ကြား ကာလလေးပဲ။ အောင်စာရင်းက ၆ လပိုင်းလောက်လားမသိ ထွက်တာ နှစ်တွေကြာပြီ ဆိုတော့ နည်းနည်းမေ့တေ့တေ့။ တက္ကသိုလ်က ၁၂ လပိုင်းမှာ တက်ရတာဆိုတော့ အဲ့ကြားထဲ ၆ လလောက်ပဲ ဘဝမှာ long term period နားခဲ့ဖူးတယ်။ အဲ့နောက်ပိုင်း ဘဝရဲ့ chapter မျိုးစုံမှာ ရုန်းကန် လှုပ်ရှားခဲ့တာ အခုအသက် ၃၀ ကျော်လာတဲ့ အထိပဲ။

🎓 ကျောင်းတွေပြီးလို့ လုပ်ငန်းခွင်ထဲမှာလည်း
နှစ်တွေကြာလာတဲ့အခါ နားလည်မိလာတာက
တက္ကသိုလ်ဝင်တန်း စာမေးပွဲကပဲ ဘဝအတွက်
တစ်ခုတည်းသော အဆုံးအဖြတ် တစ်ခုတော့လည်း မဟုတ်ဘူးရယ်။ မြန်မာနိုင်ငံမှာတော့ ခြွင်းချက်အနေနဲ့ အရေးကြီးတဲ့ turning point တစ်ခုပေါ့။ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ဝင်ခွင့်ရဖို့ဆိုတာ ဒီစာမေးပွဲ result အပေါ် အများကြီး မူတည်တာကိုး။

▪️ တကယ်တော့ Alice တို့တွေရဲ့ ဘဝမှာ ဆယ်တန်းစာမေးပွဲ (အခုခေတ် ဆယ့်နှစ်တန်း) လိုပဲ အရေးကြီးတဲ့ test တွေ မျိုးစုံ ကြုံတွေ့ ဖြေဆိုရတတ်ပါတယ်။ တစ်ချို့ test တွေမှာ တစ်ကြိမ်တည်းနဲ့ အောင်ပေမယ့် တစ်ချို့ test တွေကို တစ်ကြိမ်မက ဖြေဆိုပြီးမှ အောင်တတ်ပါတယ်။
အောင်တယ် မအောင်ဘူးထက် ပိုအရေးကြီးတာက ကိုယ့်ဘက်က လက်မလျော့လိုက်ဖို့ပါ။ တစ်ခါတစ်လေမှာ ကိုယ်ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကံမလိုက်တဲ့အခါ ဘယ်လိုမှ အဆင်မပြေတတ်ပါဘူး။ ကိုယ်က 100% effort ထည့်ထားချိန် ကံတရားကလည်း ကိုယ့်ဘက်မှာရှိတဲ့အခါ result ကတော့ အတိုင်းထက်အလွန်ပါ။ ဒါကြောင့်လည်း ရှေးလူကြီးတွေက ကံ၊ ဥာဏ်၊ ဝီရိယ ၃ ခုလုံးပေါင်းမှ အောင်မြင်တာလို့ ပြောခဲ့ကြတာ ထင်ပါရဲ့။

▪️ အဲ့ဒါကြောင့်မို့ အခုချိန်မှာ ကိုယ်က ကိုယ်ဖြစ်ချင်တဲ့အောင်မြင်မှု အတိုင်းတာတစ်ခုကို achieve မဖြစ်သေးရင်တောင် ဆက်ကြိုးစားပါ။ Failure တိုင်းဟာ အချည်းနှီးတော့လည်း မဟုတ်ပါဘူး။ ဒီ Failure တစ်ခုကနေ lesson learn လုပ်ပြီး ကိုယ်အားနည်းနေတဲ့ အစိတ်ပိုင်းတွေမှာ ပြုပြင်မွမ်းမံမှုလေးတွေ လုပ်နိုင်တာကလည်း small achievement တစ်ခုလို့ Alice ကတော့ မြင်ပါတယ်။ အရေးကြီးတာက ရပ်မနေဖို့ပါပဲ။ Alice တို့တွေဟာ ဘယ်သူ့ဘယ်သူအတွက်မှ မဟုတ်တောင် ကိုယ့်အတွက်ကိုယ်တော့ အကောင်းဆုံး ကြိုးစားရှင်သန်နေဖို့ တာဝန်ရှိတယ်မလား …

Keep moving! I 🐝 🍃 you can do it, dear! 💪🏻

With much love,
Alice

💌 ဒါကတော့ အဖေချစ်လေး Alice ရဲ့ ကိုယ့်အဖေ ကိုယ်ပြန်ကြူးတဲ့ post လေးပေါ့။💕 ဒီခေတ်ရဲ့ သားသမီးဝတ်တ္တရားထဲမှာ လူကြီး မိဘတွေ ခ...
26/07/2025

💌 ဒါကတော့ အဖေချစ်လေး Alice ရဲ့
ကိုယ့်အဖေ ကိုယ်ပြန်ကြူးတဲ့ post လေးပေါ့။

💕 ဒီခေတ်ရဲ့ သားသမီးဝတ်တ္တရားထဲမှာ လူကြီး မိဘတွေ ချက်ကျွေးသမျှ စားရမယ်ဆိုတာလည်း တစ်ခုအပါဝင်ပဲရယ်။

🚨 Diet ဝင်မယ်လို့များ အသံမထွက်လိုက်နဲ့
နောက်နေ့တွေမှာ စုံစိနေအောင် ချက်ထားပြီပဲ
(In fact, I know that’s a blessing 😊)
ညစာမစားတာ၊ အစားလျော့တာဆိုတာ မိဘတွေ အတွက်က allergy ပဲနော်။ ဒီတော့ အိမ်က ချက်ကျွေးသမျှ အကုန်စား၊ လေ့ကျင့်ခန်းတွေလည်းလုပ်နဲ့ Alice တော့ ကျန်းမာတဲ့ဝက်ကလေး ဖြစ်တော့မှာ တကယ် 😂

✨ အဖေတို့တွေခေတ်တုန်းက Facebook လို social media apps တွေ မပေါ်သေးလို့သာရယ်
မဟုတ်လို့ကတော့ ကိုယ့်အဖေလည်း သမီးတွေကို ထမင်းဘူးထည့်ပေးတဲ့ vlog တွေ ရိုက်ပြီး နာမည် ကြီးနေလောက်ပြီ။

🍃 ဒီနေ့အဖို့တော့ Alice တစ်ယောက် အဖေချက်ကျွေးတဲ့ healthy meal လေးနဲ့ ညစာအဆုံးသတ်ပြီး weekend တစ်နေ့တာ ကုန်ဆုံးသွားပါပြီ။

☘️ Alice လို အိမ်ကလူကြီးတွေချက်ကျွေးသမျှ
အကုန် အားပေးရတဲ့ သူတွေရှိရင်လည်း same feeling ဖြစ်မယ်ထင်ပါတယ်။

🙌🏻 Welcome to Team Fitgy ပါနော် ချစ်တို့ရေ
▪️Fitgy means Fit + Piggy
(ကျန်းမာတဲ့ဝက်ကလေးတွေပေါ့) 😉

💖 ပုံကတော့ အဖေ့လက်ရာ ဂျူးဖူးနဲ့ ပဲသီးကြော်ရယ် အမဲသားနှပ်ရယ်ကို brown rice လေးနဲ့။
Nutritionist ကိုပြဖို့ ပုံလေးရိုက်ပြီးသားမို့။

So, that’s all for now!
And see you all in the next post.

With much love,
Alice

🔍  ဘာရယ်မဟုတ် ကိုယ်လိုလူ​တွေ ရှိလားလို့ပါAlice ကတော့ Gym သွားတဲ့နေ့တွေ Treadmill ပေါ်ရောက်ရင် motivation ရအောင်လို့ သီချ...
17/07/2025

🔍 ဘာရယ်မဟုတ် ကိုယ်လိုလူ​တွေ ရှိလားလို့ပါ

Alice ကတော့ Gym သွားတဲ့နေ့တွေ Treadmill ပေါ်ရောက်ရင် motivation ရအောင်လို့ သီချင်းလိုက်ရှာရတာကလည်း အလုပ်တစ်ခု …

ဘာလို့ဆို Treadmill ပေါ်မှာ ၁၅ မိနစ် / မိနစ် ၂၀ လောက်အထိက ညောင်းတောင့်ပြီး ပြန်ပြေးဆင်းချင်းစိတ်က တစ်ဖွားဖွားမို့လေ … Gym ကလည်း ရုံးဆင်းမှ သွားတော့ စိတ်ကမပါ့ပါချင်ကိုး။

သို့ပေသိ အသက်က early mid age ထဲ ဝင်လာပြီမို့
ကျန်းမာရေးလိုအပ်ချက်အရ လေ့ကျင့်ခန်းကို
ရသလောက်လေး လုပ်နိုင်အောင်ကြိုးစားချင်လို့
မနည်းဟဲနေရတာရယ်။

ဒီတော့ ကိုယ့်လက်ရှိ vibe ကိုမြူးစေမယ့်
သီချင်းကလည်း မရှိမဖြစ် လိုပြန်ရော။

လူ့စိတ်ဆိုတာလည်း ဒီနေ့ဒီသီချင်းနဲ့ အရမ်းကို
မြူးကြွထကချင်ပေမယ့် နောက်နေ့ကျ
တခြားသီချင်းတစ်ပုဒ်နဲ့မှ chemistry မိတာမျိုး။

Alice ကတော့ 90’s baby ပီပီ လောလောဆယ် Ri Ri (Rihanna) ရဲ့ သီချင်းအဟောင်းတွေ ပြန်ဓာတ်ကျနေတာ။ နောက်ပြီး Funk Music ခေါ်မလား YouTube မှာ နောက်ပိုင်းတွေ့မိတာ နားထောင်လို့တော့ မိုက်တယ် ကြိုက်ရင်ပေါ့။

✨ ဆိုတော့ ဒီ post လေးကတော့ lazy bone Alice ရဲ့ ဟောဟဲ hours ကို (လေ့ကျင့်ခန်းလုပ်ရတာမောလို့) ကျော်ဖြတ်ပုံလေးပါပဲ။

ဒီတော့ workout လုပ်ဖို့ စိတ်မပါတဲ့အခါတိုင်း
❌“သင်ပျင်းနေတာ မဟုတ်ပါဘူး”
✅ “သင်နဲ့ chemistry မိတဲ့ music ရှာမတွေ့သေးလို့ပါ” လို့ Alice က moti ပေးချင်ပါတယ်။

🏃🏻‍♀️ So, stay active and see you all in the next post!

With much love,
Alice 💫

🍃 Hello!! အားလုံးပဲမင်္ဂလာပါ။🌿 Alice အနေနဲ့ ဒီ Weekend လေး မကုန်ဆုံးခင်အချိန်မှာ Monday Blue ကို ကျော်ဖြတ်ဖို့ sweet rem...
06/07/2025

🍃 Hello!! အားလုံးပဲမင်္ဂလာပါ။

🌿 Alice အနေနဲ့ ဒီ Weekend လေး မကုန်ဆုံးခင်အချိန်မှာ Monday Blue ကို ကျော်ဖြတ်ဖို့ sweet reminder လေးတစ်ချို့ sharing လုပ်ပေးချင်ပါတယ်။

🌿 Alice တို့ငယ်ငယ်ကဆို တနင်္ဂနွေနေ့ ညနေလောက် ရောက်လာပြီဆို နောက်နေ့ကျောင်းတက်ရမှာကို ကြိုပြီး stress ဝင်တတ်ခဲ့ကြတယ်ဟုတ်။ Alice အမြင်တော့ စာလုပ်ရမှာ အရမ်းပျော်တယ်ဆိုတဲ့ ကလေး​ကတော့ super genius လေးတွေကလွဲရင် မရှိလောက်ဘူးထင်တာပဲ။
ဒီခေတ် Gen Alpha လေးတွေတော့ မသိဘူးပေါ့နော် ကိုယ်တွေက Gen Y / Millennial ဆိုတော့လေ။

🌿 ဒီလိုပဲ ကျောင်းတွေပြီး လုပ်ငန်းခွင်ထဲဝင်တဲ့ အချိန် ရောက်လာပြန်တော့လည်း weekend ဆိုတာ ဟပ်ချလောင်း ဆိုတာနဲ့ ကုန်သွားတဲ့ အမျိုးစားပါပဲ။
ကိုယ်က ကိုယ့်လုပ်ငန်းခွင်မှာ ပျော်တဲ့သူဆို အကြောင်း မဟုတ်ပေမယ့် Unhappy Work Environment မှာ လုပ်နေရတဲ့သူဆို Monday Blues ကတော့ ကျိန်းသေပေါက် ရင်ဆိုင်ရစမြဲပါ။

🌿 Alice ကိုယ်တိုင်လည်း ကိုယ့် Work Environment က ကောင်းမွန်နေသည့်တိုင် လုပ်ငန်း သဘော သဘာဝအရ stressful ဖြစ်စရာတွေတော့ အမြဲ ကြုံရလေ့ရှိပါတယ်။ အထူးသဖြင့် တင်္နလာနေ့တွေ ဆိုပါတော့။ ဒီလိုနေရာမှာ Alice တို့ရဲ့ တစ်ပတ်လုံးစာ သုံးရမယ့် Energy တွေက တနင်္လာ၊ အင်္ဂါ ၂ ရက် လောက် နဲ့တင် Burn Out ဖြစ်သွားတတ်ပါတယ်။ ဒီတော့ Alice တို့ရဲ့ Energy ကို ဘယ်လိုမျှသုံးကြမလဲ?

🌿 Alice အနေနဲ့ Corporate Life မှာ tight schedule တွေနဲ့ နှစ်အကြာကြီး လုပ်လာပြီးတဲ့နောက်မှာတော့ လုပ်ငန်းခွင်မှာ Work Management, Time Management တွေအပြင် Energy Management လုပ်တတ်ဖို့လိုလည်း လိုအပ်တယ်လို့ မြင်ပါတယ်။

✨ ဒီတော့ တနင်္လာနေ့ ရောက်လာတဲ့အခါမှာ …

- အရင်ဦးဆုံး အရေးကြီးတဲ့ urgent အဖြစ်ဆုံး case တွေကို list down လုပ်ပြီး case တစ်ခုချင်းစီ စကိုင်ပါ။

- Follow up လိုက်စရာ case တွေရှိရင်လည်း memory recall ခေါ်ပါ၊ follow up လုပ်ပါ။

- Computer ရှေ့မှာ ၃/၄ နာရီတောက်လျှောက် ထိုင်လုပ်နေတာထက် အလုပ်တစ်ခုနဲ့တစ်ခုကြား water break, washroom break လေးလောက်တော့ ရှိပါစေ။ (ကိုယ်က ၃/၄ နာရီ computer ရှေ့မှာ မထတမ်း ဆီးချုပ် ဝမ်းချုပ် လုပ်နေလို့ ဘယ်သူမှ လာချီးကျူးမှာတော့ မဟုတ်ဘူး။ ဆိုတော့ ကျန်းမာရေးကိစ္စလေးတွေလည်း အချိန်ပေးနိုင်ပါစေ။)

- Issue တွေတက်လာတိုင်း တတ်နိုင်သမျှ panic မဖြစ်အောင် ကြိုးစားပါ။ ပြသနာတိုင်းမှာ solution ရှိပါတယ်။ ခေါင်းပူနေရင်တော့ solution ရှာတွေ့မှာ မဟုတ်ပါဘူး။

- နောက်ဆုံးအချက်အနေနဲ့ တနင်္လာနေ့ တစ်ရက် တည်းနဲ့ အရာအားလုံး ဖြေရှင်းနိုင်ဖို့ မလိုဘူးဆိုတာ သတိရပါ။
ဖြေရှင်းနိုင်ရင်တော့ ကောင်းပေမယ့် ချက်ချင်းမဖြေရှင်းနိုင်လို့ ဒီအပေါ် စိတ်ဓာတ်မကျပါနဲ့။ အလုပ်ဆိုတာ သင် retire မယူမခြင်း လုပ်သွားရမယ့် အရာပါ။ အပြေးပြိုင်ပွဲမဟုတ်ပါဘူး။

🌿 ဒါတွေအားလုံးထက် အရေးကြီးဆုံးကတော့
အိပ်ရေးဝဖို့ပါပဲ။ Alice ကိုယ်တိုင်လည်း early mid age ကို ရောက်လာသည့်တိုင် အိပ်ရေးဝဝအိပ်နိုင်ဖို့အရေးကို တော်တော် struggle လုပ်ရပါတယ်။ အိပ်ရေးဝပြီး ရုံးတက်ရတဲ့နေ့နဲ့ အိပ်ရေးမဝပဲ ဂူဂူဂါဂါ ဖြစ်ပြီး ရုံးတက်ရတဲ့နေ့ရဲ့ Energy က လုံးဝကွာပါတယ်။ အထူးသဖြင့် ရက်သတ္တပတ်တစ်ခုရဲ့အစဖြစ်တဲ့ တနင်္လာ နေ့တွေမှာ အိပ်ရေးဝနေရင် အကောင်းဆုံးပါပဲ။ ဒါမှသာ ကိုယ့် Energy ကို လိုအပ်သလို manage လုပ်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။

✨ So, that’s the end of my sharing tips for Monday Blues!

✨ Hope your Monday doesn’t drain all your energy for the rest of the week!

✨ And, wish you all a Happy Working Week!

With Love,
Alice 💫
ďż˝

✨ Hello!!! အားလုံးပဲမင်္ဂလာပါ ✨💫 Alice in Her Realm page ကနေ ကြိုဆိုပါတယ်။🌿 ကျွန်မကတော့ Alice ပါ။ စာရေးရတာ ဝါသနာပါတဲ့သူမ...
05/07/2025

✨ Hello!!! အားလုံးပဲမင်္ဂလာပါ ✨

💫 Alice in Her Realm page ကနေ ကြိုဆိုပါတယ်။

🌿 ကျွန်မကတော့ Alice ပါ။
စာရေးရတာ ဝါသနာပါတဲ့သူမို့ ဒီ page လေးမှာ
နဲ့ အခြားသော လေးတွေကို ကျွန်မရဲ့ personal experience တွေကနေမှ sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

🌿 ကျွန်မ sharing လုပ်မယ့် အကြောင်းရာလေးတွေကနေ အားလုံးအတွက် ခဏတစ်ဖြုတ်ဖြစ်ပါစေ ဘဝအမောတွေပြေစေဖို့ ရည်ရွယ်ပါတယ်ရှင်။

With Love,
Alice

⬇️ English version as below!

✨ Hello, beautiful souls!
�Welcome to Alice in Her Realm 🌿💫

I’m Alice — and this page is my digital sanctuary where I’ll be sharing bits of my life through:�☕ Lifestyle moments�🧠 Mindset shifts�✈️ Travel stories�🍴 Food love�💬 Motivation for the soul
🔔 Gentle reminders to live your life with intention and heart

✨ This is a space to feel inspired, grounded, and connected to your most authentic self.
Let’s grow, glow, and live intentionally — together. 🤍

With Love,
Alice ďż˝

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Alice in Her Realm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share