ရွှေဝလာ

ရွှေဝလာ We bring you the best...

Permanently closed.
24/07/2021

လက်ရှိ ကပ်ဘေးတွေ နဲ့ ရင်ဆိုင်နေကြရတဲ့ ကာလမှာ
အထောက်အပံ အနည်းငယ် ဖြစ်စေဖို့အတွက်ရည် ရွယ်ပါတယ်။ 🙏

https://www.facebook.com/CareOthersNYAN/posts/4089227604459055

၁ ရက်သာ လို.. 🤩
02/01/2021

၁ ရက်သာ လို.. 🤩

စာအုပ်နဲ့ Care Other Mobile App လေး မိတ်ဆက်ပေးရန် ၁ ရက်သာ လို.. 🤩

Event လေးကို join ပေးထားကြပါအုံး အမျိုးတို့ရေ 🥰
https://fb.me/e/1UhoB6utl

See Ya All

မိမိကိုယ်ကိုယ် စနစ်တကျ စီမံခန့်ခွဲခြင်းမှစတင်ပါ
09/12/2020

မိမိကိုယ်ကိုယ် စနစ်တကျ စီမံခန့်ခွဲခြင်းမှစတင်ပါ

မိမိကိုယ်ကိုယ် စနစ်တကျ စီမံခန့်ခွဲခြင်းမှစတင်ပါ
===============================

ငယ်စဉ်အခါက Management ဆိုတဲ့ စကားလုံးကို မြင်ရင် ဒီစာလုံးဟာ ကိုယ့်အတွက်မဟုတ်ပဲ အသက်ကြီးကြီး မန်နေဂျာ ရာထူးနဲ့ အလုပ်လုပ်နေတဲ့ သူတွေအတွက်ပဲလို့ မျက်လုံးထဲ ပေါ်လာတယ်။ ဒါကြောင့် စီမံခန့်ခွဲမှုဆိုတဲ့ စကားလုံးတွေ မြင်ရင်ကို ကိုယ့်ကိုကိုယ် စီမံခန့်ခွဲမှုလုပ်တာထက် တခြားသူတွေကို အုပ်ချုပ်တဲ့ နေရာတွေမှာသာ သုံးတဲ့ လုပ်ငန်းစဉ်တစ်ခုလို့ပဲ မြင်မိခဲ့တယ်။

#နှမ်းဖြူးခြင်းအတတ်ပညာစာအုပ်မှ

COVID19 နဲ့အတူယှဉ်တွဲပြီး ဘယ်လိုနေထိုင်ကြမလည်း 🙏
04/10/2020

COVID19 နဲ့အတူယှဉ်တွဲပြီး ဘယ်လိုနေထိုင်ကြမလည်း 🙏

ညီမလေးတို့လည်း လမ်းတွေ ပျောက်နေတယ် ၊ Motivation မရဘူး ၊ စိတ်တွေ လေနေတယ် အကိုရေ။

ယနေ့ စကား ပြောခွင့် ပေးတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။🙏
ပတ်ဝန်းကျင်က မိတ်ဆွေ တချို့နဲ့ ယနေ့ဆွေးနွေးဖြစ်ခဲ့ကြတဲ့ အချက်ကလေး တွေ ...

၁။ တရား ထိုင်ပါ ။ (မိမိ အဆင်ပြေတဲ့ ပုံစံ/ဣရိယာပုတ် ဖြင့်ထိုင်ပါ )
Oxford Sayadaw ထံမှာ သင်ကြားမိသော တရားထိုင်နည်း လေး မျှဝေပေးရရင်
(က) အသက်ကို ဖြေးဖြေး ရှုသွင်းနေတဲ့ အချိန် ၁ ၊ ၂ ၊ ၃ ဟု အမှတ်စဉ် ရေတွက်ပါ
(ခ) ရှုပြီးလျှင် ၁၊၂၊၃ ဟု ထပ်မံ ရေတွက် ပြီး အသက်ကို အောင့်ထားပါ။
(ဂ) ပြီးလျှင် ၃၊၂၊၁ ဟုတ် ရေပြီးရှုထားသော လေကို ပြန်ထုတ်ပါ။

ဘာကြောင့် တရားထိုင်ရတာလည်း? ထိုင်ဖို့ လိုအပ်တာလည်း?
ဉာဏ်မှီသလောက် ရိုးရှင်းစွာ နားလည်သလိုလေး ဝေမျှပေးရရင် မိမိ ရဲ့ သိမှု(consciousness) ကို ပိုမိုပြီးတော့ သိနိုင်ဖို့ ၊ ထိန်းနိုင်ဖို့ ဖြစ်ပါတယ်။
(ဥပမာ မိမိ စိတ်တွေက ဒေါသထွက်နေလား ၊ မကောင်းမြင်တဲ့စိတ်တွေ များနေတာလား ၊ ပျင်းရိနေတာလား ၊ စိတ်မကြည်မသာ ဖြစ်နေတာလား ၊ စိုးရိမ်မှု စိတ်ဖိစီးမှုတွေ များနေတာလား စသည်တို့ကို ချက်ချင်း သတိပြုဆင်ခြင်မိပြီး ပိုကောင်းတဲ့ စိတ် ကလေး ကို ချက်ချင်း ပြောင်းနိုင်စေတဲ့ သိမှု ဆိုတဲ့ ပုံမှန်အလေ့အကျင့်လေး ဖြစ်ဖို့အတွက် တရားထိုင်ပေးရခြင်းလို့ လွယ်လွယ် ကူကူ မှတ်ယူထားလို့ ရပါတယ်။
Muscle ‌တွေကို သန်မာအောင် ကိုယ်ကာယအားကစား လုပ်ပေးရသလို
ကိုယ်နဲ့စိတ် တစ်သားတည်းဖြစ်နိုင်စေဖို့ ၊ ကိုယ့်ရဲ့ သိမှု(consciousness) သည် ကိုယ့်နဲ့ထပ်ကြပ်မကွာ ရှိနေစေနိုင်ဖို့ ဆိုရင်လည်း မိမိစိတ်ရဲ့ အလယ်ဗဟိုတည့်တည့်ဖြစ်တဲ့ သိမှု(သို့) ပစ္စုပ္ပန် တည့်တည့် ကို သိအောင်ကူညီပေးနိုင်တဲ့ တရားထိုင်ခြင်းအမှုကို များများ ပြုလုပ်ပေးရန် လိုအပ်ပါတယ်။)
(တရားထိုင်ခြင်းဖြင့် ရနိုင်တဲ့ လောကီ အကျိုးအနည်းငယ်မျှကို မိမိနားလည်သလို ပြန်လည်ဝေမျှပေးတာ ဖြစ်တဲ့အတွက် လိုအပ်ချက်များ ၊ အမှားများပါခဲ့လျှင် ဆရာသမားများ ၊ ဘုန်းဘုန်းများမှ ခွင့်လွှတ်နားလည်ပေးပါရန် ၊ လမ်းညွှန်ပြသပေးပါရန် ဂါရဝရှေ့ထားမေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ။ ‌လောကုတ္တရာ အကျိုးတွေကို ဝေမျှပေးနိုင်လောက်တဲ့အထိ ဉာဏ်ရည်မဖွင့်ဖြိုးသေးတဲ့အတွက် မဆွေးနွေးဝံ့ပါဘူးခင်ဗျာ။)

၂။ Goals ‌တွေ ကို သေချာ ပြန်ချရေးပါ ။ (အကြောင်းအရာတွေ အပြင် နေ့ ၊ လ ၊ ရက် ၊ နှစ်တွေကို ပါထည့်ရေးပါ)

Goal တွေချမှတ်တဲ့နေရာမှာ
(က) တိကျရေရာမှု ရှိရပါမယ်။ (ဥပမါ ဆရာဝန် ဖြစ်ဖို့ ဆိုတာထပ် ဘယ်လိုရောဂါမျိုးကို အထူးပြုပြီး ကုသတဲ့ ဆရာဝန်မျိုးဆို ပိုတိကျရေရာမှုရှိတဲ့ အတွက် ကိုယ့်ကို ပိုကြိုးစားစေပါလိမ့်မယ်)
(ခ) တကယ့်လက်တွေ့ ဖြစ်နေသလိုမျိုးပုံဖော်ရပါမယ်။ (Fake it untill you make it)
(ဂ) လက်တွေ့ အကောင်အထည် ဖော်နိုင်လောက်တဲ့ အနေ အထားမှာလည်း ရှိရပါမယ်၊ Tangible goal
တွေ ဖြစ်ရပါမယ်။ (လာမယ့် တစ်နှစ် အတွင်း နှလုံးအထူးကု ပါရဂူကြီး ဖြစ်လာရန် ဆိုတဲ့ Goal မျိုးက လက်တွေ့မကျ သလို ၊ ယုတ္တိ လည်းမရှိပါဘူး။

၃။ Progress/Result မိမိလုပ်ခဲ့ သမျှ အလုပ်ကလေးတွေ ရဲ့ တိုးတက်မှုအဆင့်ဆင့် နှင့် ရလဒ်တွေ ကို နေ့စဉ် ပြန် ပြီးတော့ ပုံဖော် ကြည့်ပါ။
(ယခုလို ပုံဖော် ကြည့်ခြင်းအားဖြင့် ညီမလေးတို့ကို ပိုပြီးတော့ ဆက်လုပ်ချင်စိတ် ကို ဖြစ်စေနိုင်ပါတယ်။ အကိုတို့ လူသားတွေ တော်တော်များများက Goal ‌တွေတော့ ပုံမှန် ချလေ့ ရှိကြပါတယ် ဒါပေမယ့် ချထားတဲ့ Goal ‌တွေကို ပြန်မလှန် ကြည့်ဖြစ်ကြသလို ၊ မိမိ လုပ်ခဲ့တဲ့ အလုပ်ကလေးတွေ ရဲ့ ရလဒ်ကလေးတွေ ၊ တိုးတက်မှုလေးတွေကိုလည်း ပုံမှန် ပြန် မသုံးသပ် ဖြစ်ကြခြင်းရဲ့ အကျိုးရလဒ်က အဲ့ဒီ Goal ‌တွေကို ဆက် ပြီးတော့ အကောင်အထည် မဖော်ဖြစ်တော့တာမျိုး ၊ နောက်ဆုတ်လိုက်တာမျိုး ၊ အချိန်ဆွဲလိုက်မိတာမျိုးတွေကို ဖြစ်စေပါတယ်။)
၄။ မိမိရဲ့ ပတ်ဝန်းကျင်ကို ပြောင်းပါ ။ (မိမိ လက်ရှိ ရှိနေတဲ့ နေရာက စိတ်ညစ်စေရရင် ၊ မိမိ အိမ်မှာ တစ်ယောက်ယောက် အနားမှာ လာပြီးတော့ အပူတွေ ပေးနေရင် တစ်ယောက်ထဲ နေလို့ ရမယ့် နေရာ တစ်ခုကို ရွှေ့ပါ ၊ ကိုယ့်ရဲ့ အခန်းက မှောင်နေရင် လင်းတဲ့ နေရာကို သွားပါ အခန်းရဲ့ လိုက်ကာတွေ တံခါးတွေကို ဖွင့်ထားပါ ၊ မိမိအတွက် အကောင်းမြင်စိတ် ကို ဖြစ်စေမယ့် လူတွေ နဲ့ များများ ရှိနေပေးပါ။) ဥပမာ သူတို့ နဲ့ ဖုန်းပြောတာ စကားပြောတာတွေ လုပ်ပြီးတော့လည်း ပတ်ဝန်းကျင်ကို ပြောင်းလို့ရပါတယ် လူကိုယ်တိုင် သွားတွေ့တာမျိုးမှ မဟုတ်ပါဘူး။

၅။ မိမိလက်ရှိ စားနေတဲ့ အစားအသောက်တွေကို ဆင်ခြင်စားပါ ။ (အကိုတို့ရဲ့ အစာအိမ်သည် ဒုတိယ ဦးနှောက် ဖြစ်သည်လို့ Michael D. Gershon ရဲ့ The Second Brain ဆိုတဲ့ စာအုပ်ထဲမှာ လေ့လာ မှတ်သားဖူးပါတယ် ။ မိမိ စားတဲ့ အစားအစာ တွေက နေ ပေးတဲ့ ကောင်းခြင်း ဆိုးခြင်းကို မိမိတို့ ခန္ဓာကိုယ်က ခံစားရပါတယ်။
ဥပမာ ငါးသလောက် ၊ အုန်းနို့ခေါက်ဆွဲ စားပြီးရင် သွေးတိုး သွေးလေး ပြီး အိပ်ချင်တာမျိုးပါ။
မစားရဘူးလို့ မဆိုလိုပါဘူး စားလိုက်မယ် ဆိုရင် အကျိုုးဆက် တစ်ခုကို ခံစားရမယ် ဆိုတာမျိုးကို ပြောချင်တာပါ။ ယခု လို စားလိုက်မိရင် ကိုယ် မနေ့ က လုပ်မယ် ဆိုပြီး သတ်မှတ်ထားတဲ့ အလုပ်တွေ ကို လုပ်နိုင်စေမယ့် စိတ်ကို ဒီအစားအသောက် တွေကနေ ဖြစ်ပေါ်လာတဲ့ သွေးလေးမှုတွေ ၊ မတက်ကြွမှုတွေကြောင့် မလုပ်ဖြစ်လိုက်တော့တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။
ဘာကြောင့် Goals ‌တွေ ချ ပြီးရင် အကိုတို့ ဆက်မလုပ်ဖြစ်ကြသလည်း ဆိုတဲ့ မေးခွန်းမှာ ညီမလေး တို့ အ ရှေ့မှာ ဖြေ ထားတဲ့ အဖြေနဲ့သွားတူတာကို တွေ့ရပါလိမ့်မယ်။ "ကိုယ်လုပ်မယ်လို့ သတ်မှတ်ထားတဲ့ အရာ က အချိန်လွန်သွားရင် လုပ်ချင်စိတ် ပျောက်သွားတဲ့ အတွက် ဆက်မလုပ်ဖြစ်တော့တဲ့ အခါမျိုးမှာ Goals ‌တွေ ဝေဝါးသွားတာမျိုး ဖြစ်ပေါ်စေတတ်ပါတယ်"။

၆။ ကျေးဇူးတရားကို အောက်မေ့ပါ။ (Gratitude to Attitude)
(မိမိကိုယ်ကို ကျေးဇူးတင်ခြင်းဖြင့် နိုးထပါ ၊ မျက်စိ နှစ်လုံးဖွင့်တာ နဲ့ ယခုလို အသက်ရှင်နေခွင့်ရသေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ၊ မွေးဖွားပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်ပါတယ် စသည်ဖြင့် ကျေးဇူးတရား အောက်မေ့ပြီးမေတ္တာ ပွားများခြင်း ဖြင့် နေ့သစ်တစ်ခုကို စတင်ကြည့်ပါ။
‌ကျေးဇူးတင်ကြည့်ခြင်းခြင့် ပိုကောင်းတဲ့ ကိုယ်စိတ်အမှုအရာကို ဖြစ်စေပါတယ်။ (Gratitude to Attitude)
ဥပမာ စိတ်နှလုံးမသာမယာနဲ့ကျေးဇူးတင်တယ်လို့ သူများကိုပြောလိုက်မိတာက မထိရောက်သွားသလိုမျိုးပါ။
ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားလေးကို စိတ်ကြည်လင်အေးချမ်းစွာနဲ့ ရေရွတ်လိုက်တဲ့ အခါမှာ နှုတ်ခမ်းကအလိုလိုပြုံးမိသွားပါတယ် ၊ အကြည်ဓာတ်ကလေး ရလာပါတယ် ။ ဒါကြောင့် ‌ကျေးဇူးတရားအောက်မေ့ခြင်းက ပိုကောင်းတဲ့ ကိုယ်စိတ်အမူအရာကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အားလုံးပဲ အေးချမ်းသာယာ ကြပါစေ။
မအိပ်ခင် ၁၀ မိနစ် လောက် အလိုမှာ ဖုန်းကို ခပ်ဝေးဝေးမှာ ထားပါ ။
ဒီနေ့ တိုင်ပင် ဖြစ်ခဲ့တဲ့ တရားထိုင်နည်းလေးကို စမ်းသပ်ကြည့်ပါ ။မိမိ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားစေမယ့် ခန္ဓာကိုယ် အနေအထားမျိုး မဖြစ်ပါစေနဲ့ ။ ခန္ဓာကိုယ်မှာ ရှိတဲ့ အကြောတွေ အားလုံးကို လျှော့ချထားပါ။
အိပ်ပျော်သွားတဲ့ အချိန်ထိ နံပါတ်စဉ် ရေနေတာကို ပဲ စိတ်ကလေး မှတ်ကြည့်ပါ။
မနက်မိုးလင်းလာရင် ထူးခြားမှုလေးတွေ စတင်တွေ့ရပါမယ်။ (အကိုပြောတိုင်း မယုံပါနဲ့ ။ မိမိကိုယ်တိုင် ကိုယ်ကျ ဟုတ်မဟုတ် စမ်းသပ်ကြည့်ပါ။ )
....................................
Stay Safe Everyone 🙏.....................................

With Love










#နှမျးဖွူးခွငျးအတတျပညာ
#တဈနေ့တဈယောကျကူညီမယျ

ဘဝမှာ မိမိကို ပြောင်းလဲပေးခဲ့တဲ့သူ တစ်ယောက်လောက်တော့ လူတိုင်းမှာ ရှိဖူးပါလိမ့်မယ်။
02/03/2020

ဘဝမှာ မိမိကို ပြောင်းလဲပေးခဲ့တဲ့သူ တစ်ယောက်လောက်တော့ လူတိုင်းမှာ ရှိဖူးပါလိမ့်မယ်။

သင်ဘာတွေ လုပ်နေတယ် ဆိုတာထက်သင်ဘာကြောင့်လုပ်နေတယ်ဆိုတဲ့ အကြောင်းကိုသိလာတဲ့အခါ အားလုံးက ဝိုင်းဝန်းကူညီဖေးမပေးကြပါလိမ့်မယ်။...
11/02/2020

သင်ဘာတွေ လုပ်နေတယ် ဆိုတာထက်
သင်ဘာကြောင့်လုပ်နေတယ်ဆိုတဲ့ အကြောင်းကိုသိလာတဲ့အခါ အားလုံးက ဝိုင်းဝန်းကူညီဖေးမပေးကြပါလိမ့်မယ်။ 🥰

သင်ဘာတွေ လုပ်နေတယ် ဆိုတာထက်
သင်ဘာကြောင့်လုပ်နေတယ်ဆိုတဲ့ အကြောင်းကိုသိလာတဲ့အခါ အားလုံးက ဝိုင်းဝန်းကူညီဖေးမပေးကြပါလိမ့်မယ်။ 🥰

ဒီနေ့ နှမ်းဖြူးခြင်းအတတ်ပညာ စာအုပ် ထုတ်လုပ်ရေးအတွက်
♟ စာရွက်ကုန်ကြမ်း
♟ စာမျက်နှာ ၂၀၀ ကို ကာလာ ၄ မျိုးအသုံးပြု၍ ရိုက်နှိပ်ခ
♟ ဖြတ်ညှပ်ခ နှင့် ကော်ကပ်ခ
♟ဝန်ဆောင်ခ တွေ အားလုံးကို လှူဒါန်းတဲ့
အောင်တေဇမျိုး Company ( http://aungtayzamyotrading.com/ ) အား တည်ထောင်သူ အလှူရှင် ကိုအောင်ဇော်သန့် နဲ့ တွေ့ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၅ရက်နေ့ က အခြား အလုပ်ကိစ္စအကြောင်း သူနဲ့ဖုန်းပြောဖြစ်ရင်း
ပတ်ဝန်းကျင်ကလူငယ်လူရွယ်တွေအတွက် ညီလေးစာအုပ်လေး တစ်အုပ် ရေးနေတယ် ဆိုတာကို သူ ကြားရုံနဲ့တင် ချက်ချင်းပဲ စာအုပ်ရဲ့ ထုတ်လုပ်မှုတွေ ရဲ့ ကုန်ကျစရိတ်တွေအားလုံးကို လှူမယ်လို့ ကမ်းလှမ်းလာခဲ့ပါတယ်။

ဒီနေ့လည်း နေမကောင်းတဲ့ ကြားက အချိန်ပေးပြီး နားထောင်ပေးတယ်။
သူ့ညီ ဘာတွေ လုပ်ထားတယ် ၊
ဘယ်အကြောင်းအရာတွေ ရေးထားတယ်ဆိုတာကိုတောင် ဒီနေ့မှသူ သိတယ်။
သူလည်း ချိန်းထားပြီးသား ရှိနေလို့ နှစ်ယောက်သားသိပ်စကားပြောချိန်မရလိုက်ဘူး။ လိုအပ်တာ မှန်သမျှ အားလုံးကို အကောင်းဆုံး အကူအညီပေးမယ်လို့ပြောလာတော့ အားတွေ အရမ်းတက်နေပါပြီ အကိုရေ။


ကြော်ငြာ post မဟုတ်ပါ။
သူနဲ့ Facebook မှာ Friend မဟုတ်တဲ့ အတွက် ဒီ post ကိုလည်း သူ မြင်မှာ မဟုတ်ပါဘူး။

အလှူရှင်ရဲ့ စိတ်စေတနာကိုပြန်တွေးပြီး ပီတိလေး ဖြစ်လို့ ပြန်လည် ဝေမျှပေးချင်ရုံဖြစ်ပါတယ်။

အားလုံးပဲ စိတ်အစဉ်လန်းရွှင်ကြပါစေ ခင်ဗျာ 🙏🙏🙏

How can I find my passion ⁉️
11/02/2020

How can I find my passion ⁉️

♟♟ စိတ်ရှည်ရှည်ထား နားထောင်ပါ သင်ပြောဖို့အလှည့်ရောက်လာပါလိမ့်မယ်။
07/02/2020

♟♟ စိတ်ရှည်ရှည်ထား နားထောင်ပါ သင်ပြောဖို့အလှည့်ရောက်လာပါလိမ့်မယ်။

☺️ စိတ်ရှည်ရှည်ထား နားထောင်ပါ သင်ပြောဖို့အလှည့်ရောက်လာပါလိမ့်မယ်။ ☺️

Nelson Mandela အတ္ထုပ္ပတ္တိ ကို ပညာရှင်များက လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ကြတဲ့ အင်တာဗျူးတစ်ခုမှာ ဘယ်အချက်က သင့်ကို အရမ်း လေးစား အားကျဖွယ်ရာကောင်းတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာစေခဲ့သလဲ ဆိုတဲ့ မေးခွန်းကို မေးတဲ့အခါ
သူ့ရဲ့ ဖခင် အစည်းအဝေးတွေ လုပ်တဲ့အခါ လိုက်ပါသွားတိုင်း သတိပြုမိတဲ့ အချက် ၂ ချက်ရှိတယ်။
နံပါတ် (၁) အချက်က တက်ရောက်လာသူ အားလုံးဟာ စက်ဝိုင်းပုံသဏ္ဍာန် အနေအထား နေရာယူပြီးတော့ ထိုင်ကြရတယ်။
နံပါတ် (၂) သူ့ ရဲ့ ဖခင်ဟာ နောက်ဆုံးမှ ပြောလေ့ရှိတယ်။
ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ချင်ရင် များများ နားထောင်တတ်တဲ့ အလေ့အကျင့်ကို
မွေးမြူဖို့ လူကြီးသူမတွေရဲ့ ဆိုဆုံးမခြင်း ခံခဲ့ရတယ်။
ဒါပေမယ့် Nelson Meldalon ရဲ့ ဖခင်ကတော့ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့ဆို နောက်ဆုံးမှ ပြောတဲ့ သူတစ်ယောက် ဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို မီးမောင်းထိုးပြသွားတယ်။
လူတိုင်းက ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကိုအရင်ဆုံး ပြောပြချင်ကြတယ်။
များများ နားထောင်တာမျိုးထက် မြန်မြန်ပြောခွင့်ရဖို့ပဲ ပိုပြီးတော့ အလေးထားကြတယ်။
နောက်ဆုံးမှာ ပြောတဲ့သူတစ်ယောက်အဖြစ် ပြုမူကျင့်ကြံနိုင်ခဲ့ရင်
နံပါတ် (၁) အဖွဲ့သားတွေရဲ့ အခက်အခဲတွေ ၊ ထင်မြင်ယူဆချက်တွေကို ကွဲကွဲပြားပြား သိရှိ နားလည်နိုင်ပြီး မိမိရဲ့ ထင်မြင်ယူဆချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိနဲ့ မှန်မမှန်ကို ပြန်လည် သုံးသပ်နိုင်မယ်။
နံပါတ် (၂) ဆွေးနွေးရမယ့် အကြောင်းအရာတွေ အားလုံးကို သိရှိပြီးသွားပြီဆိုတဲ့ ခံစားမှုမျိုးကို ရစေမယ်။
နံပါတ်(၃) အဖွဲ့သားတွေ အနေနဲ့ အကျိုးသက်ရောက်မှု တစ်ခု လုပ်လိုက်နိုင်တယ် ဆိုတဲ့ ခံစားမှုမျိုးကိုလည်း ရစေတယ်။
ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့အတွက် အရည်အချင်းတွေ များစွာရှိရမယ့် အထဲမှာမှ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို ဦးစားမပေးတာဟာလည်း ခေါင်းဆောင်မှုရဲ့ အရည်အချင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။

🔑 အကယ်၍ တစ်စုံတစ်ယောက်နဲ့ သဘောတူညီရတော့မယ့် အခြေအနေ တစ်ခုရောက်နေရင်တောင် ချက်ချင်း အဖြေမပေးလိုက်ပါနဲ့။
🔑 အကယ်၍ တစုံတစ်ယောက်နဲ့ သဘောထားကွဲလွဲရမယ်ဆိုလျှင်လည်း ရုတ်တရက် မငြင်းဆန်လိုက်ပါနဲ့။

မေးခွန်းတွေ များများမေးပါ ။
ပြဿနာတွေ နားလည်အောင်လုပ်ပါ။
ထင်မြင်ယူဆချက်တွေကို ဝေဖန်ပိုင်းခြားပါ။
ဘာကြောင့်နဲ့ ဘယ့်အတွက် ပြောလဲ ဆိုတာကိုလည်း ခွဲခြမ်းစိတ်ဖြာကြည့်ပါ။
ခေါင်းစဥ် တစ်ခုချင်းစီကိုလည်း သေသေချာချာ နားထောင်နေကြောင်း အသိအမှတ်ပြုပေးပါ။
(ဥပမာ - နောက်ဆုံးမှ ပြောတယ်ဆိုပေမယ့် ကနဦး ကာယကံရှင်​တွေပြောသွားတဲ့ အကြောင်းအရာတွေ ကို မိမိဘက်က ထင်မြင်ယူဆချက်လေးတွေ ၊ အကောင်းအဆိုး ခွဲခြမ်းပြပေးပါ)
ဒီအချက်က သင် နောက်ဆုံးမှ ပြောတယ်ဆိုပေမယ့် ကာယကံရှင် တစ်ဦးချင်းစီ ရဲ့ ပြောပြတာတွေကို သေချာဂရုတစိုက်နားထောင် ပေးတယ် ၊ နောက်ဆုံးမှ နှမ်းဖြူးတာ မဟုတ်ဘူး ဆိုတဲ့
ခံစားမှုမျိုး ၊ ယုံကြည်မှုမျိုးကို ကာယကံရှင်တွေကို ရစေပါတယ်။

စိတ်ရှည်ရှည်ထား နားထောင်ပါ သင်ပြောဖို့အလှည့်ရောက်လာပါလိမ့်မယ်။

နှမ်းဖြူးခြင်းအတတ်ပညာ စာအုပ်
Learning to Lead အခန်းမှ

Inspired by Leaders Eat Last ( Sinek)

With Love

#ဿဿဉာဏ်


#နှမ်းဖြူးခြင်းအတတ်ပညာ
# #အဖော်မွန်ကောင်း

Address

No, Nantha Myaing Street, 24 Ward
Yangon
1062

Alerts

Be the first to know and let us send you an email when ရွှေဝလာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေဝလာ:

Share