Apex Physio and Sport Health

Apex Physio and Sport Health "Fueling your peak performance. � "

28/08/2026
28/08/2026

COME. BACK

Injury ကုသမှုကလဲအရေးကြီးသလိုဒဏ်ရာကနေcome back ဖြစ်ဖို့ Rehabilitation ကလဲအရေးကြီးပါတယ်။ဒါအပြင်ကစားသမားရဲ့ဇွဲစိတ်ဓါတ်ခိုင်မာမှုကလဲအရေးပါပါတယ်။

YCDC Dream Team ကအိရန်ကစားသမားအလီဟာချမှတ်ထားတဲ့guide line အတိုင်းဇွဲရှိရှိနဲ့ Rehabilitation Program ကိုလိုက်နာနိုင်ခဲ့ပါတယ်။အခုဆိုထောက်ကူပြုကရိယာတွေမပါဘဲလမ်းလျှောက်နိုင်နေပါပြီ။

Hydrotherapy ဟာလဲအရေးပါတဲ့အခန်းမှာပါဝင်ပါတယ်။ Apex ဆေးခန်းရှေ့မှာရှိတဲ့ SAKURA Swimming Pool မှာသေချာလေ့ကျင့်လို့ရပါတယ်။6weeks ပြီးတဲ့အခါမှာ light training စလို့ရတော့မှာပါ။

ကစားသမားများအားလုံးဒဏ်ရာကင်းကင်းကစားနိုင်ကြပါစေ။

With YCDC Dream Team Futsal Club – I just made it onto their weekly engagement list by being one of their top engagers! ...
26/08/2026

With YCDC Dream Team Futsal Club – I just made it onto their weekly engagement list by being one of their top engagers! 🎉

ဘောလုံးသမားအများဆုံးဒဏ်ရာရတာankle ပါဒဏ်ရာအားလုံးရဲ့၃၀-၄၀%ဟာ ankle မှာအဖြစ်များပါတယ်  YCDC Dream အသင်းရဲ့အားထားရတဲ့အီရန်က...
20/08/2026

ဘောလုံးသမားအများဆုံးဒဏ်ရာရတာankle ပါ
ဒဏ်ရာအားလုံးရဲ့၃၀-၄၀%ဟာ ankle မှာအဖြစ်များပါတယ် YCDC Dream အသင်းရဲ့အားထားရတဲ့အီရန်ကစားသမား အလီဟာပြိုင်ပွဲမှာ ankle injury ရခဲ့ပါတယ်။ MRI စစ်ဆေးချက်အရ(ATFL) anterior talofibular ligament ဒဏ်ရာရသွားပါတယ်။

အခုဆိုရင် Apex မှာကုသမှုခံယူနေပြီးသက်သာစပြုလာပါပြီ။6weeks ပြီးရင်အပေါ့စားလေ့ကျင့်ခန်းများလုပ်ဆောင်နိုင်တော့မှာပါ ။

High power laser နဲ့ကုသပေးရာမှာအထူးကောင်းမွန်တဲ့ရလဒ်ကိုရရှိခဲ့ပါတယ်။
ကုသမှုကိုသေချာစွာမပြုလုပ်ခဲ့ရင် ankle instability လို့ခေါ်တဲ့ complications ဖြစ်သွားမှာပါ။

အားကစားသမားများအနေဖြင့် ankle injury ရရင်မပေါ့ဆဘဲ ကုသမှုသေချစွာခံယူသင့်ပါတယ်။

17/08/2026

𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁

𝗬𝗖𝗗𝗖 𝗗𝗿𝗲𝗮𝗺 𝗧𝗲𝗮𝗺 𝗧𝗲𝗮𝗺 𝗙𝘂𝘁𝘀𝗮𝗹 𝗖𝗹𝘂𝗯 🤝 Apex Physio and Sport Health

ကျွန်တော်တို့ YCDC Dream Team Club သည် ကစားသမားများ Injury ပိုင်းအတွက် Apex Physio & Sport Health နဲ့ Official Partner အဖြစ် လက်တွဲ သွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခဗျာ။

Apex Physio & Sport Health Center မှာဆိုရင် အားကစားဝန်ကြီးဌာန နှင့် ဘောလုံးအဖွဲ့ချုပ်တို့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့် ဆရာဝန်၊Physiotherapist များမှ လူကြီးမင်းတို့ရဲ့ အရိုးအဆစ်၊အကြော၊အားကစားထိခိုက်ဒဏ်ရာ တို့ကို ဒဏ်ရာပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ၊ ခေတ်မီစက်ကိရိယာများနှင့်ကုသပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် နာတာရှည်လူနာများ၏ ပြန်လည်သန်စွမ်းရေး၊ အားကစားသမားများ (Football, Golf, Tennis, Badminton, etc ...) တို့ရဲ့ ဒဏ်ရာပြဿနာများကို ဆွေးနွေးတိုင်ပင်ကုသပေးခြင်း၊ ခွဲစိတ်မှုပြုလုပ်ထားသည့် လူနာများ၏ ပြန်လည်သန်စွမ်းရေး (After Sugery), ဒူးအရွတ်, ACL Knee, Tendon Achilles rupture ပြန်လည်သန်စွမ်းရေး ၊ နာကျင်ရောင်ယမ်းမှု သက်သာအောင်ကုသရေး (Back Pain, Cervical Pain) တို့ကိုလည်း ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။

ဆိုင်လိပ်စာ - ၆၃(ခ)/ချယ်ရီဥယျာဥ်အိမ်ယာ၊ ချယ်ရီ(၃)လမ်း၊ ၁၄/၃ ရပ်ကွက်/တောင်ဥက္ကလာပမြို့နယ်
ဖုန်း - 09250830570 , 095017308
Working Days and Hours - Mon to Fri (12:00 to 8:00 PM) Sat-Sun ( on Request)

21/07/2026

ခြေသလုံးကြွက်သားနာကျင်မှုအတွက်ကုသပေးရန်အကောင်းဆုံး Shock Wave Threapy

ဘောလုံးကစားသမား တာတိုတာဝေးအပြေးသမားတို့မှာအဖြစ်များတဲ့ Gastrocnemius muscle strainအတွက်shock wave therapy ဟာအလွန်ကောင်းမွန်တဲ့ကုသမှုဖြစ်ပါတယ်

Shock wave therapy ရဲ့အားသာချက်တွေက
Accelerate healing (ဒဏ်ရာအကျက်မြန်)
Tissue remodeling (ဒဏ်ရာကိုနဂိုအတိုင်းကြွက်သားပုံမှန်ဖြစ်ခြင်း)
Non invasive treatment ဖြစ်တဲ့အတွက်ခွဲစိတ်ဖြတ်တောက်မှုမရှိခြင်းတို့ရရှိပါတယ်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှကစားသမားလွင်မိုးအောင်ရဲ့ခြေသလုံးကြွက်သားနာကျင်မှုဒဏ်ရာကို shock wave therapy နဲ့ကုသပေးနေပါတယ်

12/07/2026

ဒဏ်ရာတွေကို အချိန်တိုအတွင်း အမြန်ဆုံး သက်သာစေမယ့် High Intensity Laser Technology ⚡

အားကစားလုပ်ရင်း ထိခိုက်မိတာပဲဖြစ်ဖြစ်၊ အဆစ်အမြစ်နဲ့ ကြွက်သားတွေ နာကျင်ရောင်ရမ်းတာဖြစ်ဖြစ်... နာကျင်မှုကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေ ထိခိုက်လာရပြီ အမြန်ဆုံး သက်သာပျောက်ကင်းဖို့က အရေးအကြီးဆုံးပါပဲ။

ဒီလိုအခြေအနေတွေအတွက် ခွဲစိတ်စရာမလို၊ အကိုက်အခဲပျောက်ဆေးတွေအပေါ် အမြဲမှီခိုနေစရာမလိုဘဲ အချိန်တိုအတွင်း သက်သာလာစေမယ့် BTL ရဲ့ High Intensity Laser Technology ရှိပါတယ်။

High Intensity Laser ရဲ့ အားသာချက်တွေကတော့ -

✅ သာမန်လေဆာတွေထက် စွမ်းအားပိုမြင့်တဲ့အတွက် အရေပြားအောက် နက်ရှိုင်းတဲ့နေရာက ကြွက်သားနဲ့ အရွတ်တွေအထိ ထိထိမိမိ ကုသပေးနိုင်ပါတယ်။

✅ အာရုံကြောတွေဆီက နာကျင်မှုလှိုင်းတွေကို တားဆီးပေးတဲ့အပြင် သွေးလည်ပတ်မှုကိုပါ ကောင်းမွန်စေလို့ ပထမဆုံးအကြိမ် ကုသမှုခံယူပြီးတာနဲ့ နာကျင်မှု သိသိသာသာ လျော့ကျသွားစေပါတယ်။

✅ ထိခိုက်သွားတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး တစ်ရှူးအသစ်တွေ ဖြစ်ပေါ်မှုကို အားပေးတဲ့အတွက် သဘာဝအတိုင်း ပြန်ကောင်းလာမယ့် အချိန်ထက် အဆပေါင်းများစွာ ပိုမြန်စေပါတယ်။

✅ ခွဲစိတ်မှုခံယူစရာမလိုသလို၊ နာကျင်မှုလုံးဝမရှိတဲ့ သဘာဝကုထုံးဖြစ်လို့ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘဲ စိတ်ချလက်ချ ကုသမှုခံယူနိုင်ပါတယ်။

ခါးနာ၊ ဇက်နာတာတွေကအစ အားကစားဒဏ်ရာတွေအထိ အမြန်ဆုံး သက်သာပျောက်ကင်းစေတဲ့ High Intensity Laser က အားထားရဆုံး ဆေးဘက်ဆိုင်ရာ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ 💯

08/06/2026

✨နာကျင်ကိုက်ခဲ ဝေဒနာများကို အမြန်ဆုံး သက်သာပျောက်ကင်း သွားစေဖို့✨
"ခန္ဓာကိုယ် ရှိအဆစ်အမြစ်အရွတ် အကြော ကြွက်သား နာကျင်မှူ များကို ခံစားနေရပါသလား?“
ထို နာကျင် မှူ များကို အမြန်ဆုံး ကင်းဝေး စေရန် ကမ္ဘာ့နောက်ဆုံးပေါ် High Intensity Laser နည်းပညာရှိနေပါပြီ။
အရင်က Laser ကုထုံးတွေထက် ပိုမိုတိကျပြီး ထိရောက်မှုရှိတဲ့ ပြင်းအားမြင့် Robotics Scanning စနစ်က ဘာတွေပိုထူးခြားသွားတာလဲ?
✅ တိကျမှု (High Precision): လူကိုယ်တိုင်ကိုင်ပြီး ကုသစရာမလိုဘဲ Robotics လက်တံက ခန္ဓာကိုယ်ရဲ့ နာကျင်တဲ့နေရာကို အလိုအလျောက် ပုံဖော် (Scan) ပြီး ထိထိရောက်ရောက် ကုသပေးပါတယ်။
✅ ပြင်းအားမြင့် မားမှု: တစ်ရှူးတွေရဲ့ နက်ရှိုင်းတဲ့နေရာအထိ Laser စွမ်းအင်ကို ပို့လွှတ်ပေးနိုင်လို့ နာကျင်မှုကို ချက်ချင်းသက်သာစေပါတယ်။
✅ အချိန်ကုန်သက်သာခြင်း :Scanning စနစ်ကြောင့် ကုသမှုဧရိယာကျယ်ကျယ်ကို အချိန်တိုအတွင်း ထိရောက်စွာ ကုသနိုင်ပါတယ်။
ကြွက်သားနဲ့အရိုးအဆစ်နာကျင်ရောင်ရမ်းမှုများ၊ အနာကျက်နှေးနေသော နာတာရှည်အနာများ နှင့် အားကစားဒဏ်ရာတွေအတွက် အကောင်းဆုံးဖြေရှင်းချက်ထဲက တစ်ခုဖြစ်ပါတယ်။

Address

No 63(B), Cherry 3rd Street, (14/3) Ward, Cherry Garden Housing, South Okkapla
Yangon
11091

Telephone

+959250830570

Website

Alerts

Be the first to know and let us send you an email when Apex Physio and Sport Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share