May Thae

May Thae Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Thae, Alternative & holistic health service, Yangon.

🌸🙏 မြေဇင်း သမထ ဝိပဿနာ (၃)ရက် တရားစခန်းနှင့် တရားပွဲအလှူတော် မင်္ဂလာဖိတ်ကြားလွှာ 🙏🌸 ဓမ္မမိတ်ဆွေအပေါင်းတို့ရှင့် ...​ဦးဇော...
01/08/2026

🌸🙏 မြေဇင်း သမထ ဝိပဿနာ (၃)ရက် တရားစခန်းနှင့် တရားပွဲအလှူတော် မင်္ဂလာဖိတ်ကြားလွှာ 🙏🌸

ဓမ္မမိတ်ဆွေအပေါင်းတို့ရှင့် ...
​ဦးဇော်မင်းအေး + ဒေါ်မေသဲစိုး
သား မောင်ကောင်းဆက်​ဇော် မိသားစုတို့၏ တရားပွဲအလှူတော်မင်္ဂလာသို့ ကြွရောက်၍ တရားတော်များ နာယူကြည်ညိုကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

​🎤 ဓမ္မကထိက ဆရာတော်
အရှင်ပညာဒီပ (မြေဇင်းကမ္မဋ္ဌာနာစရိယ၊ ဓမ္မာစရိယ၊ လှည်းကူး အပြည်ပြည်ဆိုင်ရာ ဗောဓိအေးငြိမ်းရိပ်သာ တိုက်အုပ်ဆရာတော်)

​📅 တရားစခန်း အစီအစဉ်
• ​📆 ရက်စွဲ – ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက် မှ (၃၀) ရက် အထိ (၃ ရက်)
• ​🕚 အချိန် – နေ့လည် ၁၁:၀၀ နာရီ မှ ညနေ ၅:၃၀ နာရီ အထိ
• ​📍 နေရာ – ကံ့ကော်ပင်ကျောင်းတိုက်၊ ပြည်ရိပ်မွန်အိမ်ယာ၊ လှည်းတန်း။
​📌အထူးမေတ္တာရပ်ခံချက်
တရားပွဲ/တရားစခန်း နေရာထိုင်ခင်းနှင့် အစစအဆင်ပြေစေရန်အတွက် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။
• ​စာရင်းပေးသွင်းရန် ဖုန်းနံပါတ် : [09250811803/09980328784]
• ​စာရင်းပေးသွင်းရန်နောက်ဆုံးရက် : [15.Aug.2026]
• ​လူဦးရေ : အကန့်အသတ်ရှိပါသဖြင့် ကြိုတင်စာရင်းပေးသွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

​"တရားနာခြင်းသည် မင်္ဂလာ၊ တရားကျင့်ခြင်းသည် ဘဝအလင်းရောင်"

​🙏🙏🙏

11/07/2026

ဝါဆိုလပြည့်​နေ့ 29ရက်​နေ့အတွက် (7)ရက်သားသမီး စု​ပေါင်းအလှူအ​နေနဲ့ စတုဒီသာ ထမင်း​ကျွေးအလှူ​လေးကို လူဦး​ရေ (200)စာ ... မနက်စာအတွက် မုန့်ဟင်းခါးနဲ့ ​နေ့လည်စာအတွက် ထမင်းဟင်း​လေး လှူဖို့ စီစဥ်ထားပါတယ်

မနက်စာအတွက် - 3သိန်း
​နေ့လည်စာအတွက် - 6သိန်း စုစု​ပေါင်း ၉သိန်းပါ

လှူရတဲ့ ရည်ရွယ်ချက်က​တော့ ...
ဘဝအဆက်ဆက်က ​​တော်စပ်ခဲ့ဖူးတဲ့ ဆွေမျိုး​တွေကို ရည်မှန်းပြီး သူတို့​တွေ ဒီကုသိုလ်ကို ကိုယ်​တွေနဲ့ထပ်တူရပါ​စေ ,
ကိုယ်​တွေလှူလို့ လူ​တွေ ဝဝစားရသလို ... ဘဝအဆက်ဆက်က ​တော်စပ်ခဲ့ဖူးတဲ့ ​ဆွေမျိုး​တွေလဲ ​ရောက်ရာ​နေရာဌာနမှာ အစားအ​သောက်​တွေ ပြည့်စုံပါ​စေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူတာပါ

ခု အလှူ​လေးကို တူတူ ပြုကြတဲ့သူ​တွေဟာလဲ သံသရာတ​ကွေ့မှာ ​ဆွေမျိုး​တော်စပ်ခဲ့ဖူးတဲ့သူ​တွေပဲ ဖြစ်ပါလိမ့်မယ်
အဲဒီသူ​တွေပဲ လှူဖြစ်လိမ့်မယ်လို့ ယူဆထားပါတယ်

ဒါ​ကြောင့်မို့ အဲဒီ ၂ချက်က ကိုယ့်အတွက် အဆင်​ပြေတယ် ကိုယ်လဲ ဒီလိုလှူတဲ့ ရည်ရွယ်ချက်​လေးကို သ​ဘောကျတယ်ဆိုမှ ပါဝင်လှူဒါန်းလို့ရပါတယ်ရှင်

ဘယ်မှာလှူမှာလဲဆိုရင် https://www.facebook.com/share/14fDShoo1Yq/ သူ့ဆီကမှာပြီး သူတို့ရပ်ကွက်ထဲမှာပဲ လှူမှာပါ

လှူဒါန်းလိုသူ​တွေရှိရင် Cb မှာ Kpay no ​လေး လာယူပြီး အလှူရှင်နာမည်​လေး​ပေးလို့ရပါတယ်

🌸 ဝါဆိုလပြည့်နေ့ကုသိုလ်လက်ဆောင် 🌸 ဒီနေ့ ကျရောက်တဲ့ ဝါဆိုလပြည့်နေ့ အခါသမယမှာ အားလုံးပဲ ကိုယ်စိတ်နှစ်ပါး အေးချမ်းပြီး ကောင...
29/06/2026

🌸 ဝါဆိုလပြည့်နေ့ကုသိုလ်လက်ဆောင် 🌸

ဒီနေ့ ကျရောက်တဲ့ ဝါဆိုလပြည့်နေ့ အခါသမယမှာ အားလုံးပဲ ကိုယ်စိတ်နှစ်ပါး အေးချမ်းပြီး ကောင်းခြင်းများနဲ့ ပြည့်စုံကြပါစေကြောင်း မေတ္တာပို့သအပ်ပါတယ် 🙏

နေ့စဉ်ဘဝကို ပိုမိုတည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့အတွက် မနက်ခင်းတိုင်းအတွက် အလေ့အကျင့်ကောင်းလေးတစ်ခုကို ​နေ့ထူး​နေ့မြတ်​လေးရဲ့ ကုသိုလ်အဖြစ် မျှဝေပေးချင်ပါတယ်

🌞☀️ Mindful Morning Ritual 🌞☀️
မနက်ခင်းအချိန်လေးမှာ စိတ်ကို တည်ငြိမ်စေပြီး တစ်နေ့တာအတွက် အကောင်းဆုံးစွမ်းအင်နဲ့ စတင်နိုင်အောင် လေ့ကျင့်ပေးနိုင်မယ့် Guided Practice လေး ဖြစ်ပါတယ်

ဒီ Record လေးဟာ အရင်က မျှဝေခဲ့တဲ့ (ရက် 100) Gratitude Practice 15မိနစ်စာ Record လေးကို ပိုမိုအေးချမ်းစွာ လေ့ကျင့်နိုင်အောင် နောက်ခံ Music လေးနဲ့ ပြန်လည်ပြင်ဆင်ထားတာ ဖြစ်ပါတယ်

YouTube မှာ တင်ပေးထားပေမယ့် Public မလုပ်ထားပဲ တကယ်စိတ်ပါဝင်စားပြီး လက်တွေ့လိုက်နာလေ့ကျင့်ချင်သူများအတွက်သာ သီးသန့် မျှဝေပေးသွားမှာ ဖြစ်ပါတယ်

​လေ့ကျင့်ချင်သူများက ​မေသဲဆီမှာ Link လေး ယူပေးပါ​နော် 💛

ချစ်ရတဲ့ ​မေသဲရဲ့ Clients များရှင် 😍မေသဲရဲ့  မရည်ရွယ်ထားတဲ့ ခရီးအသစ်လေးတစ်ခု စတင်ပါပြီ 🌿✨အသစ်တစ်ခုကို စတင်တဲ့အချိန်တိုင်...
17/06/2026

ချစ်ရတဲ့ ​မေသဲရဲ့ Clients များရှင် 😍

မေသဲရဲ့ မရည်ရွယ်ထားတဲ့ ခရီးအသစ်လေးတစ်ခု စတင်ပါပြီ 🌿✨

အသစ်တစ်ခုကို စတင်တဲ့အချိန်တိုင်းမှာ အားပေးသူတွေရဲ့ မေတ္တာနဲ့ ယုံကြည်မှုက အရေးကြီးဆုံးပဲမို့ .....

မေသဲရဲ့ အလုပ်အသစ်လေးကို စောင့်ကြည့်အားပေးချင်သူများနဲ့ ​မေသဲနဲ့တူတူ ခရီးသွားချင်တယ်ဆိုတဲ့သူ​တွေအနေနဲ့ Page လေးကို Like & Follow လုပ်ပြီး အားပေးကြပါဦးနော် 💛

အားပေးမှုတိုင်းကို တန်ဖိုးထားကျေးဇူးတင်ပါတယ်ရှင် 🙏

👉 Page Link - https://www.facebook.com/share/p/14hw4rrWBGB/

ချစ်ခင်ရပါသော မေသဲရဲ့ Clients များရှင် 😍 ပြီးခဲ့တဲ့ မေလ (၁) ရက်နေ့မှာ မေသဲ Healer တစ်ယောက်အဖြစ် လျှောက်လှမ်းခဲ့တဲ့ ခရီးစ...
06/05/2026

ချစ်ခင်ရပါသော မေသဲရဲ့ Clients များရှင် 😍

ပြီးခဲ့တဲ့ မေလ (၁) ရက်နေ့မှာ မေသဲ Healer တစ်ယောက်အဖြစ် လျှောက်လှမ်းခဲ့တဲ့ ခရီးစဉ် (၄) နှစ်ပြည့်မြောက်ခဲ့တဲ့နေ့ ဖြစ်ပါတယ်

ဒီနေ့မှာတော့ မေသဲအနေနဲ့ ဝမ်းနည်းစွာနဲ့ပဲ အသိပေးစရာလေးတစ်ခုရှိပါတယ် 💔

တကယ်တော့ ဒီဆုံးဖြတ်ချက်ကို မေသဲ (၁) နှစ်ခွဲနီးပါး အချိန်ယူပြီး အထပ်ထပ်အခါခါ စဉ်းစားခဲ့တာဖြစ်ပါတယ်

အခုဆိုရင်တော့ မေသဲရဲ့ ဘဝစာမျက်နှာသစ်တစ်ခုကို လှန်ဖို့ အချိန်ရောက်လာပြီမို့
Healer အလုပ်ကို ဒီနေရာမှာပဲ ရပ်နားတော့မှာဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါတယ်ရှင် 🙆‍♀️

ကိုယ်တန်ဖိုးထားတဲ့, ကိုယ့်ကိုယုံကြည်ပြီး အားကိုးခဲ့ကြတဲ့ Clients ​တွေအတွက် ဒီအလုပ်ကို ရပ်နားဖို့ ဆုံးဖြတ်ရတာဟာ
မေသဲအတွက် တကယ်ကို မလွယ်ကူခဲ့ပါဘူး

ဒါပေမယ့် ဘဝရဲ့ အလှည့်အပြောင်းတစ်ခုမှာ
နောက်ထပ် ရည်မှန်းချက်အသစ်တွေ အောင်မြင်ဖို့
ကိုယ့်ကိုယ်ကို အချိန်နဲ့အာရုံစိုက်မှု ပိုပေးဖို့ လိုအပ်လာတဲ့အတွက်
ဒီဆုံးဖြတ်ချက်ကို ချခဲ့ရတာဖြစ်ပါတယ်

ဒီ ၄ နှစ်တာခရီးအတွင်း .....
မေသဲကို ယုံကြည်ပြီး ရင်ဖွင့်ခဲ့ကြတဲ့သူတွေ,
အတူတူ ငိုခဲ့ကြ, အတူတူ ရယ်ခဲ့ကြပြီး
စိတ်ခွန်အားတွေ ပြန်လည်တည်ဆောက်ခဲ့ကြတဲ့
Client တစ်ယောက်ချင်းစီတိုင်းကို မေသဲက အမြဲတမ်း ကျေးဇူးတင်နေပါ့မယ် 🥰

Client တွေရဲ့ အပြောင်းအလဲတွေ, တိုးတက်မှုတွေကို မြင်တွေ့ရတာဟာ .......
မေသဲအတွက် အမြဲတမ်း ဂုဏ်ယူစရာ အမှတ်တရတွေ ဖြစ်နေမှာပါ 🤩

Healer အလုပ်ကို ရပ်နားလိုက်ပေမယ့်
မေသဲရဲ့ စေတနာ, မေတ္တာတွေနဲ့ ဖန်တီးထားတဲ့
Candles လေးတွေ နဲ့ တခြား Products ​တွေကိုတော့
ပုံမှန်အတိုင်း ဆက်လက်ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်

ခရီးတစ်ခု ပြီးဆုံးသွားပေမယ့်
နောက်ထပ် လှပတဲ့ ခရီးအသစ်တွေမှာ
မေသဲတို့ ပြန်လည်ဆုံတွေ့ကြဦးမယ်လို့လဲ ​မေသဲ ယုံကြည်ပါတယ် 🤍

အမြဲတမ်း နားလည်ပေးပြီး
အားပေးဝန်းရံပေးခဲ့ကြတဲ့ Client တစ်ယောက်ချင်းစီတိုင်းကို
မေသဲက ရင်ထဲကနေ အထူးကျေးဇူးတင်ရှိပါတယ်ရှင် 🤍🤍🤍

ကျေးဇူးတင်လေးစားစွာဖြင့်
May Thae

Body, Mind, Soul ဆိုတာ ဘာလဲ? ဘယ်လို အလုပ်လုပ်သလဲ? 🧍‍♀️Body ဆိုတာ (ခန္ဓာကိုယ်) 🧠 Mind ဆိုတာ (စိတ်)🕊 Soul ဆိုတာ( စိတ်ဝိညာဥ...
09/04/2026

Body, Mind, Soul ဆိုတာ ဘာလဲ? ဘယ်လို အလုပ်လုပ်သလဲ?

🧍‍♀️Body ဆိုတာ (ခန္ဓာကိုယ်)
🧠 Mind ဆိုတာ (စိတ်)
🕊 Soul ဆိုတာ( စိတ်ဝိညာဥ်/အတွင်းစိတ်)
တချို့က Soul ကို နှလုံးလို့ ​ခေါ်ပြီး ကိုယ်, စိတ်, နှလုံး 3ပါး ချိတ်ဆက် အလုပ် လုပ်တယ်လို့ ​ပြောကြပါတယ်
မေသဲက​တော့ Soul ကို အတွင်းစိတ် လို့ သုံးရတာကို ပိုသ​ဘောကျပါတယ်

"Body, Mind, Soul" ဆိုတာက လူ့ဘဝရဲ့ အဓိက အစိတ်အပိုင်း 3 ခုဖြစ်ပြီး သုံးခုစလုံးက တစ်ပြိုင်နက်တည်း ချိတ်ဆက်မှုရှိပါတယ် တစ်ခုခု ပျက်လိုက်ရင် အခြားနှစ်ခုမှာပါ သက်ရောက်မှု ဖြစ်လာတတ်တာမို့ တစ်ခုချင်းစီကို နားလည်ထားဖို့က အရေးကြီးပါတယ်

🧍‍♀️ Body (ကိုယ်ခန္ဓာ)
Body ဆိုတာက ကိုယ့်ရဲ့ ကိုယ်ရုပ်ဖြစ်တယ်
လက်, ခြေ, မျက်စိ, နှလုံးသား, အဆုတ်, အစာအိမ်… စတဲ့ ကိုယ်အတွင်း, ကိုယ်အပြင် အစိတ်အပိုင်းတွေ ပါဝင်ပြီး ကိုယ်အသက်ရှင်နေဖို့အတွက် ခန္ဓာကိုယ်ကို ကောင်းကောင်း စောင့်ရှောက်ဖို့လိုပါတယ်
ခန္ဓာကိုယ်မကျန်းမာရင် ရုပ်ပိုင်းဆိုင်ရာချို့ယွင်းလာတဲ့အပြင် စိတ်ပင်ပန်းတာ, စိတ်ဓါတ်ကျတာ စသဖြင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်လာ​စေပါတယ်
ခန္ဓာကိုယ်ကို စောင့်ရှောက်ဖို့အတွက် .......
• သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာစားပါ
• ရေများများသောက်ပါ (အနည်းဆုံးတစ်နေ့ ၆-၈ ခွက်)
• နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ
• အိပ်​ရေးဝဝအိပ်ပါ

🧠 Mind (စိတ်လို့​ခေါ်တဲ့ အတွေးအခေါ်)
Mind က ကိုယ့်ရဲ့ အတွေးအခေါ်တွေ, သတိ, မှတ်ဉာဏ်, စိတ်ခံစားချက်တွေကို ကိုင်တွယ်ထိန်းချုပ်နေတဲ့ အစိတ်အပိုင်းပါ
ဘယ်အရာကိုမှတ်မိတယ်, ဘယ်အချိန်မှာ စိတ်က မတည်မငြိမ်ဖြစ်​နေတယ်, ဘယ်အရာကို သဘောကျသလဲဆိုတာ Mind က​နေ ဖြစ်ပါတယ်
ဒါ​ကြောင့်မို့ စိတ်က ဖြစ်စဉ်တွေကို တွေးတော, သုံးသပ်, ဆုံးဖြတ်ပေးပါတယ်
ခန္ဓာကိုယ်မကျန်းမာလို့ စိတ်ပင်ပန်းတာ, စိတ်ဓါတ်ကျတာ​တွေဖြစ်လာပြီး စိတ်မကျန်းမာတဲ့အခါ Soul ဆိုတဲ့ "အတွင်း" ထဲက စစ်မှန်တဲ့အသံကို မကြားနိုင်ဖြစ်တတ်ပါတယ်
စိတ်​လေး ကျန်းမာ​စေဖို့အတွက် .......
• Meditation လုပ်ပါ
• ​Relax ဖြစ်​စေမဲ့ Frequency ​တွေ နား​ထောင်ပါ
• စိတ်အပန်း​ပြေ​စေဖို့ သဘာဝနဲ့ ထိ​တွေ့ပါ
• ခွင့်လွှတ်နိုင်​အောင် ​လေ့ကျင့်ပါ

🕊️ Soul (ဝိညာဉ်, အတွင်းစိတ်)
တခါတ​​လေမှာ .......
“ဒီအလုပ်က ငါ့အတွက်မဟုတ်ဘူးလို့ စိတ်ထဲက ပြောနေတာမျိုး ခံစားရတယ်”
“ဒီလမ်းကို မသွားသင့်ဘူးလို့ ခံစားရတယ်”
"ဒီလူနဲ့ ဆက်သွားလို့ မဖြစ်​တော့ဘူး ဆိုတာမျိုး ခံစားရတယ်"
“ဒါ​တွေက ကိုယ့်ရဲ့ Soul လို့​ခေါ်တဲ့ (စိတ်ဝိညာဉ်, အတွင်းစိတ်) ရဲ့ အသံနဲ့ ခံစားချက်တွေ ဖြစ်ပါတယ်

Soul က ​သေဆုံးပြီး​နောက်မှာ ဆက်လက် တည်ရှိ​နေပြီး (Cycle of Rebirth & Karma) ပြန်လည်​မွေးဖွားခြင်းနဲ့ ကံရဲ့ သံသရာစက်ဝန်းလို့လဲ ယူဆကြပါတယ်
​နောက်ပြီး အတိတ်ကပါလာတဲ့ ပါရမီတို့ အထုံတို့ဆိုတာဟာ Soul က​နေ လာတယ်လို့လဲ ယူဆကြပါတယ်

Soul ရဲ့အသံက တိုးတိုး​လေးဖြစ်ပေမဲ့ ခိုင်မာပြီး လမ်းမှန်ကို ပြပေးပါတယ် ဒါ​ကြောင့် ကိုယ်က Soul ရဲ့အသံကို နား​ထောင်ပါလို့ ​ပြောကြတာပါ

Soul ရဲ့ အသံကို နား​ထောင်နိုင်ဖို့ Meditation များများလုပ်ပါ

ခန္ဓာကိုယ်မကျန်းမာရင် စိတ်ပိုင်းဆိုင်ရာမှာ ဖိစီးမှု​တွေဖြစ်လာပြီး Soul ရဲ့ လမ်းညွှန်မှု​တွေ ပျောက်ဆုံး​ကာ ဘဝဟာ က​မောက်ကမ​တွေ ဖြစ်​နေတတ်ပါတယ်

ဒါ​ကြောင့် Body, Mind, Soul ကို Balance ဖြစ်​စေဖို့အတွက် . . .
🌸 ခန္ဓာကိုယ်ကို ကျန်းမာ​အောင် ဂရုစိုက်ပါ
🌸 စိတ်ကို ​အေးချမ်း​အောင်​နေပါ
🌸 အတွင်းက လမ်းညွှန်မှုကို လိုက်နာပါ
ဒါဆိုရင် ဘဝကို ဟန်ချက်ညီညီနဲ့ ​လျှောက်လှမ်းနိုင်ပါလိမ့်မယ်

April 11 က​နေ April 20 ထိ Body, Mind, Soul Healing Online Retreat ရှိတာမို့ စိတ်ဝင်စားရင် Link ကို ဝင်ကြည့်လို့ရပါတယ်
https://www.facebook.com/share/p/18vjRmFPU1/


2.June.2025 (9:36Am)

"သင်္ကြန်မှာ ကိုယ့်ကိုယ်ကိုယ်ပေးမဲ့ အကောင်းဆုံး​သော လက်ဆောင်မွန်" 🌿 Body, Mind & Soul Healing Retreat : 9 Days of Deep T...
07/04/2026

"သင်္ကြန်မှာ ကိုယ့်ကိုယ်ကိုယ်ပေးမဲ့ အကောင်းဆုံး​သော လက်ဆောင်မွန်"

🌿 Body, Mind & Soul Healing Retreat : 9 Days of Deep Transformation 🌿

​🌿 ဒီ (9) ရက်တာ Online Retreat က ဘယ်သူတွေအတွက်လဲ? 🌿

​သင်္ကြန်ပိတ်ရက်မှာ ခရီးလည်းမသွားဖြစ်ဘူး, တရားစခန်းလည်း မဝင်ဖြစ်ဘူးဆိုရင် ... အိမ်မှာတင် အေးအေးချမ်းချမ်းနဲ့ ကိုယ့်ရဲ့ Body, Mind & Soul ကို ပြန်လည်ပြုပြင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်

​ဒီ (9) ရက်တာအတွင်းမှာ...
​🌿 Body - ခန္ဓာကိုယ်ထဲက ပိတ်ဆို့နေတဲ့ Energy တွေကို ဖယ်ရှားပြီး ပေါ့ပါးလန်းဆန်းလာစေမယ်
🌿 Mind - မောပန်းနွမ်းနယ်နေတဲ့ စိတ်တွေကို ကုသပေးပြီး အတွေးသစ်, အမြင်သစ်နဲ့ ငြိမ်းချမ်းလာစေမယ်
🌿 Soul - ကိုယ့်ရဲ့ အတွင်းစိတ်ဝိညာဉ်နဲ့ နက်နက်ရှိုင်းရှိုင်း ပြန်လည်ချိတ်ဆက်နိုင်ပြီး စစ်မှန်တဲ့ ပျော်ရွှင်မှုကို ခံစားရစေမယ်
​Body, Mind, Soul က်ု အသစ်တစ်ဖန် ပြန်လည်မွေးဖွားသလို သန့်စင်သွားဖို့ ဒီ Retreat လေးက ကူညီပေးသွားမှာပါ 🤍

​ဒါဆိုရင်တော့ ဒီ 9 Days of Deep Transformation အစီအစဉ်က ကိုယ့်အတွက် အဖြေပါပဲ!

(9) ရက်တာအတွင်း မနက် (1)ကြိမ်, ည (1)ကြိမ်နဲ့ Session (18) ကြိမ်လုံးမှာ ​မေသဲက စနစ်တကျ လမ်းညွှန်ပေးသွားမှာပါ

​📍 Fees - 90,000/-
📍 Date - 11.April --- 19.April
📍6:00 Am - 7:00 Am, 8:30 Pm - 10:00 Pm
📍Zoom , Telegram

​နှစ်သစ်မှာ လူသစ်, စိတ်သစ်, Energy အသစ်နဲ့ အောင်မြင်မှုတွေကို ကြိုဆိုဖို့ အခုချက်ချင်းပဲ Join လိုက်ပါ

လူဦးရေ ကန့်သတ်ထားတာမို့ Messenger ကို အမြန်ဆုံး လှမ်းခဲ့ဖို့ မမေ့နဲ့နော် 🕊️

#ဆုလာဘ်ရတနာ



ကိုယ့်ရဲ့ Client ​တွေကို ပို ပိုပြီး ​ကောင်း​အောင် လုပ်​ပေးနိုင်ဖို့အတွက် ..... ​မေသဲ ပညာတစ်ခု ထပ်ဖြည့်ဖြစ်ပါတယ်  🤩🤩🤩Coa...
06/04/2026

ကိုယ့်ရဲ့ Client ​တွေကို ပို ပိုပြီး ​ကောင်း​အောင် လုပ်​ပေးနိုင်ဖို့အတွက် ..... ​မေသဲ ပညာတစ်ခု ထပ်ဖြည့်ဖြစ်ပါတယ် 🤩🤩🤩

Coach တစ်​ယောက်ဖြစ်လာဖို့ ဟိုအရင်က စိတ်မဝင်စား, မနှစ်သက်ခဲ့ပဲ
Mentor ဖြစ်ဖို့ပဲ စိတ်ဝင်စားခဲ့​ပေမဲ့ ..... လုပ်သက်အရ

လူ​တွေရဲ့ သ​ဘောက ​တချို့အရာ​တွေမှာ ရှေ့က နည်းပြ​ပေးတာထက် ကိုယ်တိုင်ရှာ​တွေ့သွားတဲ့ အရာကို ပိုပြီး အားစိုက်လုပ်ဖြစ်တာကို မြင်လာ​တော့

ကိုယ် လမ်းပြ​ပေးတာထက် သူ့သူရှာပါ​စေ​တော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့

Certified Coach တစ်​ယောက်ဖြစ်ဖို့ ကြိုးစားဖြစ်ခဲ့တာပါ

Coach ဆိုတာ ဘာလဲ? Coaching ဆိုတာ ဘာလဲဆိုတာကိုလဲ ​နောက် Post တစ်ခုနဲ့ ရှင်းပြ​ပေးပါဦးမယ်​​နော် 🤩



🌿 Body, Mind & Soul Healing Retreat : 9 Days of Deep Transformation 🌿 April 11 – April 19🕊 Morning Session – 6:00 AM – 7...
01/04/2026

🌿 Body, Mind & Soul Healing Retreat : 9 Days of Deep Transformation 🌿

April 11 – April 19
🕊 Morning Session – 6:00 AM – 7:00 AM
🌙 Night Session – 8:30 PM – 10:00 PM

​မေသဲက ဒီနှစ် သင်္ကြန်မှာ အနားယူမယ်လို့ စိတ်ကူးထားခဲ့ပေမယ့် ..…

မနှစ်က “Body, Mind & Soul Healing Online Retreat” ​လေးမှာ
မေသဲနဲ့အတူ ပါဝင်ခဲ့တဲ့ Clients တွေက
Result ကောင်းတွေ အမှန်တကယ်ရရှိခဲ့တာကြောင့်
ဒီနှစ်လည်း ထပ်မံ ပြုလုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် 🤍

အားလုံးရဲ့ Body, Mind နဲ့ Soul ကို နှစ်သစ်နှင့်အတူ သန့်စင်ပြီးပြီး အသစ်တစ်ဖန် အသွင်​ပြောင်းနိုင်အောင် ပြုလုပ်ကြမယ် ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ မနှစ်ကလိုပဲ 🌿 Body, Mind & Soul Healing Retreat : 9 Days of Deep Transformation 🌿 လို့ နာမည်​ပေးထားပါတယ်

ဒီ (9)ရက်တာကာလအတွင်းမှာ နံနက် (1)ကြိမ် ည(1)ကြိမ်နဲ့ စုစု​ပေါင်း (18) ချိန် စီစဥ်ထားပါတယ်
📍မနှစ်ကဆို (15)ချိန်ပဲရှိပါတယ် ဒီနှစ်မှာ အချိန်ပို​ပေးပြီး (3)ကြိမ် ထပ်တိုး​ပေးထားပါတယ်​နော်

(18)ချိန်ကို Topic ပေါင်းများစွာနဲ့ လိုအပ်တဲ့ Healing ​တွေ တစ်ခုချင်းစီကို လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်

Body, Mind, Soul Healing နဲ့ပတ်သက်ပြီး ဒီ Post ​လေးမှာ ကြည့်လို့ရပါတယ်
https://www.facebook.com/share/p/1PBya9G8Xb/

Fee အနေနဲ့ကလည်း ဘယ်​လောက်ပဲဖြစ်ဖြစ် တတ်နိုင်ပါတယ်ဆိုတဲ့သူက​နေ ဒီလို Program မျိုးကို Join ချင်​ပေမဲ့ မတတ်နိုင်ပါဘူးဆိုတဲ့သူ​တွေအထိပါ ​တွေး​ပေးပြီး (9) ရက်တာ (18) ချိန်စာလုံးကိုမှ . . .
🤍 Fees - 90000/- ဖြင့်သာ လုပ်ဆောင်သွားပေးမှာမို့ မေသဲ လူဦးရေလေး အကန့်အသတ်ဖြင့်သာ လက်ခံမှာပါရှင်

ဒါ​ကြောင့်မို့ Page Messenger http://m.me/172516130253661 မှာ ကြိုတင်စာရင်းပေးသွင်းပြီး Comfirm ပေးကြဖို့ လိုအပ်ပါတယ်

💧 သင်္ကြန်မှာ ခရီးမထွက်ဖြစ်ဘူး …
💧 တရားစခန်းလည်း မဝင်ဖြစ်ဘူးဆိုရင် …
ဒီ 9 ရက်အတွင်း Camp ဝင်သလိုမျိုး
စိတ်ရော, ကိုယ်ရော သန့်စင်ပြီး
မြန်မာနှစ်သစ်ကို
Energy အသစ်, ကံကောင်းမှုအသစ်နဲ့ စတင်နိုင်ဖို့
မေသဲနဲ့အတူ Join လုပ်ဖို့ ဖိတ်ခေါ်ပါတယ် 🌸

9-ရက်တာရဲ့ Session (18)ကြိမ်အတွင်း Result ​ကောင်း​တွေ ရချင်တယ်ဆိုရင် Send me Message --- http://m.me/172516130253661

*** သင်္ကြန်ပိပိတ်ရက် Online Retreat Program လေးမှာ အားလုံးနဲ့အတူ ဆုံတွေ့ချင်ပါတယ်ရှင် ***

#ဆုလာဘ်ရတနာ



💰 Money Block Clearing Healing Session 💰 ပိုက်ဆံမဝင်တာ…ဝင်လာရင်လည်း မတည်မြဲတာ…အမြဲ financial stress ဖြစ်နေရတာ… ဒါ​တွေက အ...
28/03/2026

💰 Money Block Clearing Healing Session 💰

ပိုက်ဆံမဝင်တာ…
ဝင်လာရင်လည်း မတည်မြဲတာ…
အမြဲ financial stress ဖြစ်နေရတာ…

ဒါ​တွေက အများအားဖြင့်
ကိုယ့်ရဲ့ မသိစိတ်ထဲက
Money Block တွေကြောင့် ဖြစ်တတ်ပါတယ်

ဒီ Healing Session မှာ
✨ Subconscious Money Block Clearing
✨ Scarcity Mindset Release
✨ Abundance Energy Activation
တို့ကို Hypnosis Healing နည်းလမ်းနဲ့ လုပ်ပေးသွားပါမယ်

ဒီ Session က
✔ ​ငွေ​ကြောင့် ဖိစီး​နေရတဲ့ စိတ်ဖိစီးမှု လျော့စေပါတယ်
✔ Abundance Energy ကို ဖွင့်ပေးပါတယ်
✔ ​ငွေ​ကြေးအခွင့်အလမ်းတွေကို ပိုမြင်လာစေပါတယ်

📅 Date – 29.March --- 31.March (3 Days)
⏰ Time – 8:30 Pm
💰 Fee – 180000/-

📌 ကိုယ့်မှာ Money Block ​တွေ ရှိ​နေတယ်လို့ ခံစားရရင် နက်ဖြန်စမှာမို့ join ဖို့ လက်လွတ်မခံပါနဲ့​နော်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when May Thae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share