Family General Hospital

Family General Hospital ပိတ်ရက်မရှိနေ့စဉ်ဖွင့်ပါသည်
Reception Ph - 013 580844 , 09897426746, 09897426748

25/03/2026

Family အထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်း​ဆောင်ရန် ​အောက်ပါ ရာထူး​နေရာများအတွက် ခေါ်ယူနေပါသည်။

1. Nurse Aid -5 posts (လစာညှိနှိုင်း)

လုပ်ငန်းအတွေ့အကြုံရှိပြီးသူဦးစားပေးပါမည်။

စိတ်ဝင်စား၍ ​လျှောက်ထားလိုပါက ​​ဆေးရုံသို့ လူကိုယ်တိုင်လာ​ရောက်၍ဖြစ်​စေ viberနှင့်ဖြစ်​စေ ​​လျှောက်ထားနိုင်ပါသည်။

လိပ်စာ: အမှတ် ၁၁၉၇၊ ပင်လုံလမ်း၊ ၃၇ရပ်ကွက်၊ ဒဂုံမြို့သစ်​မြောက်ပိုင်းမြို့နယ်
Email: [email protected]
Phone: 095048853 (Viber) သို့ CVတင်ရန်
အင်တာဗျူးချက်ချင်းရှိပါသည်။

19/11/2025

ကင်ဆာ အလုံးအကျိတ်ကုသမှုများအတွက်
M : BLATOR (Microwave Ablation) မြန်မာပြည်ကို ပထမဆုံးရောက်ရှိလာပါပြီ
(*** THE FIRST IN MYANMAR)
Now at FAMILY GENERAL HOSPITAL

✅Q.​Mi BLATOR Microwave Ablation (လျှပ်စစ်သံလိုက်လှိုင်း မိုက်ခရိုဝေ့ဖ်ဖြင့် ချေဖျက်ခြင်းဆိုတာ ဘာလဲ?

​လျှပ်စစ်သံလိုက်လှိုင်း မိုက်ခရိုဝေ့ဖ့်ဖြင့် ချေဖျက်ခြင်းဆိုသည်မှာ လူနာကို ခွဲစိတ်စရာမလိုဘဲ အရေပြားတွင် သေးငယ်သော အပေါက်ကလေးဖြင့် ကင်ဆာနှင့် အလုံးအကျိတ်များကို ဖယ်ရှားခြင်းဖြစ်ကာ မိုက်ခရိုဝေ့ဖ် Probe မှ ထွက်လာသောအပူဖြင့် ကင်ဆာနှင့် အလုံးအကျိတ်များကို ဖျက်ဆီးခြင်းဖြစ်ပါသည်။

​ဤနည်းပညာသည် ကုသမှုအချိန်တိုခြင်း၊ ပိုကြီးသောစက်ဝိုင်းပုံချေဖျက်မှုဧရိယာကို ဖန်တီးနိုင်ခြင်းနှင့် ကင်ဆာ/အလုံးအကျိတ် ပတ်ဝန်းကျင်တစ်သျှူးများ ထိခိုက်မှုနည်းခြင်း တို့ကြောင့် နာမည်ကြီးပါသည်။ နိုင်ငံတကာတွင် တွင်ကျယ်စွာ အသုံးပြုနေသော နောက်ဆုံးပေါ် နည်းပညာဖြစ်ပါသည်။

✅Q. Mi BLATOR Microwave Ablation ကို ဘယ်လိုလူနာတွေအတွက် အသုံးပြုနိုင်သလဲ?

​ ‼️ခွဲစိတ်ကုသမှုဖြင့် ကင်ဆာအကျိတ်ကို ဖယ်ရှားရန်

📍ကင်ဆာအကျိတ်၏ အရွယ်အစားကြောင့် သော်လည်းကောင်း

​​📍ကင်ဆာအကျိတ်၏ တည်နေရာကြောင့် သော်လည်းကောင်း

📍ကင်ဆာဝေဒနာခံစားနေရသော လူနာ၏ အသက်/ရောဂါ အခြေအနေ၊ ကျန်းမာရေးအရ သော်လည်းကောင်း ခွဲစိတ်ကုသရန် အခက်အခဲရှိသော လူနာများတွင် အဓိက အသုံးပြုနိုင်ပါသည်။

✅Q. Mi BLATOR Microwave Ablation သည် ကင်ဆာအကျိတ်ကိုပဲ ကုသလို့ရတာလား?

​Mi BLATOR သည် ကင်ဆာအလုံးအကျိတ်အပြင် ရိုးရိုး အလုံးအကျိတ်များကိုလည်း ကုသနိုင်ပါသည်။ အဓိကအားဖြင့် အသည်း၊ ကျောက်ကပ်၊ အဆုတ်နှင့် သိုင်းရွိုက် အကျိတ်များကို ကုသရာတွင် အသုံးပြုပါသည်။

​အမျိုးသမီးများ ဖြစ်ပွားမှုများသော သားအိမ်အသားလုံးများကို ခွဲစိတ်စရာမလိုဘဲ ကုသရာတွင်လည်း အသုံးပြုနိုင်သည်။

✅Q. Mi BLATOR Microwave Ablation ၏ အားသာချက်ကဘာတွေလဲ?

​အထက်တွင်ဖော်ပြခဲ့သော အားသာချက်များအပြင်

📌အသည်းကင်ဆာများကို ကုသရာတွင် ထိရောက်မှုများခြင်း

📌ဘေးထွက်ဆိုးကျိုးထိခိုက်မှုနည်းခြင်း

📌ယခု မြန်မာပြည်တွင် အသုံးပြုနေသော RFA လျှပ်စစ်သံလိုက်လှိုင်းသုံး ချေဖျက်ခြင်း နည်းပညာနှင့်နှိုင်းယှဉ်လျှင် အပူမြန်မြန်ထွက်ကာ ကင်ဆာ အကျိတ်ကို ချေဖျက်နိုင်ခြင်း၊ ပိုကြီးသော ကုသမှုဧရိယာကို ပေးနိုင်ခြင်းနှင့် အပူပျံ့နှံ့မှုနှုန်းညီခြင်းကြောင့် သွေးစီးဆင်းမှု များသော အင်္ဂါများ (ဥပမာ အသည်း)ကို ကုသမှုတွင် ပိုကောင်းခြင်း စသည့် အားသာချက်များလည်း ရှိပါသည်။

✅အဆိုပါနည်းပညာဖြင့် မိသားစု အထွေထွေ ရောဂါကု ဆေးရုံတွင် ကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်ကြီးများနှင့် ဓာတ်မှန် ဆရာဝန်ကြီးများမှ တာဝန်ယူ၍ ဆောင်ရွက်ပေးနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

🏥လိပ်စာ- အမှတ်(၁၁၉၇)၊ပင်လုံလမ်းမကြီး၊(၃၇)ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ရန်ကုန်။

☎️ဖုန်း- ၀၉-၅၀၄၈၈၅၃၊ ၀၉-၇၉၉၅၈၀၃၂၉၊ ၀၉-၉၇၄၀၄၁၁၁၅

📥Email - [email protected]

06/10/2025

🚢Seafarer လူကြီးမင်းတို့အတွက်-
Medical Check-up 🚢

ISO 9001:2015 လက်မှတ်ရ၊
ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (DMA)
အသိအမှတ်ပြု လက်မှတ်ရ Family General Hospital ( မိသားစုအထွေထွေရောဂါကုဆေးရုံ ) တွင် Seafarers များအတွက် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါသည်။

✅ Seafarer Medical Check-up
( Periodic Examination)

✅ Pre-sea Medical Check-up

✅ Seafarer အသစ်လျှောက်ထားမည့်
လူသစ်လေးများအတွက်
(New Seafarer Medical Check-up )

✅ All in one / COC သက်တမ်းတိုးများ အတွက်
Medical Check-up စသည်ဖြင့် Package
စုံစုံလင်လင်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု
ပေးလျက်ရှိပါသည်။

📌 လူကြီးမင်းတို့၏ SRPS Company များမှ
လိုအပ်ချက်အရ ထပ်မံ စစ်ဆေးလိုသော
Examinations / Investigations / Vaccinations
များကိုလည်း မှန်ကန် တိကျစွာဖြင့် အဆင်ပြေစေ
ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

📌 Flag State အလိုက် Medical Certificate
များကိုလည်း စုံစုံလင်လင် ရရှိနိုင်မှာ ဖြစ်လို့
တစ်နေရာတည်း ပြီးပြည့်စုံစွာ စစ်ဆေးပေးနေ
ပါသည်။

🏥 Family General Hospital တွင် ကျန်းမာရေး
စစ်ဆေးခဲ့ဖူးသော Seafarers မိတ်ဆွေဟောင်း
များနှင့် အသစ်လာရောက် စစ်ဆေးလိုသည့်
Seafarers မိတ်ဆွေသစ်များ အားလုံးကို
နွေးထွေးပျူငှါစွာ ဆောင်ရွက်ပေးနေပါကြောင်း
သတင်းကောင်း ပါးအပ်ပါသည်။

☎️ ဆက်သွယ်ရန်
Office Ph / Viber : 09-799 580 329
FGH phone: 09-897 426 746, 09-897 426 748
Email- [email protected]

🏥 Address- No. (1197), Pinlon Road, 37th Ward, North Dagon Township, Yangon.

Family အထူးကုဆေးရုံတွင် တာဝန်ထမ်း​ဆောင်ရန် ​အောက်ပါ ရာထူး​နေရာများအတွက် ခေါ်ယူနေပါသည်။1. Cashier- 2 posts2. Pharmacist A...
30/09/2025

Family အထူးကုဆေးရုံတွင် တာဝန်ထမ်း​ဆောင်ရန် ​အောက်ပါ ရာထူး​နေရာများအတွက် ခေါ်ယူနေပါသည်။

1. Cashier- 2 posts

2. Pharmacist Aid - 2 posts

စိတ်ဝင်စား၍ ​လျှောက်ထားလိုပါက ​​ဆေးရုံသို့ လူကိုယ်တိုင်လာ​ရောက်၍ဖြစ်​စေ viberနှင့်ဖြစ်​စေ ​​လျှောက်ထားနိုင်ပါသည်။

လိပ်စာ: အမှတ် ၁၁၉၇၊ ပင်လုံလမ်း၊ ၃၇ရပ်ကွက်၊ ဒဂုံမြို့သစ်​မြောက်ပိုင်းမြို့နယ်
Email: [email protected]
Phone: 09761228464 (Viber) သို့ CVတင်ရန်
အင်တာဗျူးချက်ချင်းရှိပါသည်။

Family General Hospital တွင်  (လေးမျိုးစပ်) တုတ်ကွေးကာကွယ်ဆေး ထိုးနှံနိုင်ပါပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်။ တ...
08/04/2025

Family General Hospital တွင် (လေးမျိုးစပ်) တုတ်ကွေးကာကွယ်ဆေး ထိုးနှံနိုင်ပါပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်။

တုတ်ကွေး ကာကွယ်ဆေးမှ ကာကွယ်ပေးသည့် တုတ်ကွေးအမျိူးအစားများ
✅Influenza strain - A(H1N1)
✅Influenza strain - A(H3N2)
✅Influenza strain - B(Austria)
✅Influenza strain - B(Phuket)

ကာကွယ်ဆေးထိုးသင့်သူများ

⭕️ အသက် ၆ လမှ ၉ နှစ် အောက် တုတ်ကွေးကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးသောကလေးငယ်များ တလခြားပြီး ၂ ကြိမ်ထိုးရန်

⭕️ အသက် ၉ နှစ်အထက် ၁ ကြိမ်သာထိုးရန်လိုပါတယ်

⭕️ သက်ကြီးရွယ်အို နဲ့ နာတာရှည်ရောဂါရှိသူများလည်းမဖြစ်မနေ ထိုးနှံသင့်ပါတယ်

⭕️ ကိုယ်ဝန်ဆောင်များကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် မိခင်နှင့် ရင်သွေးငယ် (မွေးကင်းစ မှ ၆ လထိ ) တို့အား အပြင်းအထန် တုတ်ကွေး ဖြစ်ခြင်းမှကာကွယ်ပေးပါတယ်

ဆက်သွယ်စာရင်းပေးသွင်းရန်>>

𝗣𝗵𝗼𝗻𝗲 : 09- 897426746 ၊ 09-761228464
𝗔𝗱𝗱𝗿𝗲𝘀𝘀 : အမှတ် (၁၁၉၇)၊ ပင်လုံလမ်း ၊ (၃၇) ရပ်ကွက် ၊ မြောက်ဒဂုံ


#တုတ်ကွေးကာကွယ်ဆေး
#ရာသီတုတ်ကွေး

09/02/2025

𝐔𝐫𝐠𝐞𝐧𝐭 𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐟𝐨𝐫 𝐌&𝐄 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧

Family အထူးကုဆေးရုံတွင် တာဝန်ထမ်း​ဆောင်ရန် M&E Technician အမျိုးသားဝန်ထမ်း ၁ဦး (1 post) ခေါ်ယူနေပါသည်။

Job Description
• ဆေးရုံသုံး စက်ပစ္စည်းများအား လိုက်လံတပ်ဆင်/ပြုပြင်ခြင်းများကိုအထက်လူကြီးများအား တင်ပြ၍ အချိန်မှီ လုပ်ဆောင်နိုင်ရမည်။
• လျှပ်စစ်မီး၊ မီးစက်များနှင့် သက်ဆိုင်သည့် လုပ်ငန်းများ၊ ရေပိုက်လိုင်း၊ ​ဘေစင်၊ ရေမော်တာ ပြုပြင်တပ်ဆင်ခြင်းများကို သိရှိနားလည်ပြီး ကောင်းစွာလုပ်ဆောင်နိုင်ရမည်။

Job Requirements
• အ​ခြေခံပညာအထက်တန်းအဆင့် (သို့)တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီး Mechanical / Electrical နှင့် ပတ်သက်​သော သင်တန်းတက်​ရောက်ပြီးသူ ဖြစ်ရမည်။
• M&E လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိရမည်။
• အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် မခိုမကပ်ပဲ လုပ်ငန်းများ ပြီးစီးအောင် လုပ်ကိုင်နိုင်သူဖြစ်ရမည်။
• ရေရှည်လုပ်ကိုင်နိုင်ရမည်။ လုပ်ငန်းလိုအပ်ချက်ရှိပါက နေ့ည တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
• အလုပ်ချိန် Mon-Fri 8am to 5pm
• လစာ-ညှိနှိုင်း

စိတ်ဝင်စား၍ ​လျှောက်ထားလိုပါက ​​ဆေးရုံသို့ လူကိုယ်တိုင်လာ​ရောက်၍ဖြစ်​စေ Emailနှင့်ဖြစ်​စေ ​​လျှောက်ထားနိုင်ပါသည်။

လိပ်စာ: အမှတ် ၁၁၉၇၊ ပင်လုံလမ်း၊ ၃၇ရပ်ကွက်၊ ဒဂုံမြို့သစ်​မြောက်ပိုင်းမြို့နယ်
Email: [email protected]

Family အထွေထွေရောဂါကုဆေးရုံတွင်အမေရိကန်နိုင်ငံ FDA စံချိန်စံညွှန်းများနှင့်အညီ *GE Healthcare (USA)* မှထုတ်လုပ်ထားသော နေ...
13/12/2024

Family အထွေထွေရောဂါကုဆေးရုံတွင်
အမေရိကန်နိုင်ငံ FDA စံချိန်စံညွှန်းများနှင့်အညီ *GE Healthcare (USA)* မှထုတ်လုပ်ထားသော နောက်ဆုံးပေါ် GE Voluson S8 Ultrasoundစက်ဖြင့်
ကျွမ်းကျင်သောဆရာဝန်ကြီးများမှအောက်ပါစမ်းသပ်စစ်ဆေးမှုများကိုဆောင်ရွက်ပေးနေပါပြီ။
* ရင်သား အကျိတ်ရှိ၊ မရှိစစ်ဆေးပေး‌ခြင်း။
* လည်ပင်း အကျိတ်ရှိ၊ မရှိ‌စစ်ဆေးပေးခြင်း။
* လည်ပင်း၊ ခြေထောက်၊ လက်တွင်ရှိသော သွေးကြောများ ပိတ်၊ မပိတ်စစ်‌ဆေးပေးခြင်း။
* ကျောက်ကပ်၊ သည်းခြေအိတ်၊ ဆီးအိမ် တို့တွင် ကျောက်ရှိ၊ မရှိ စစ်ဆေးပေးခြင်း။
* အသည်းခြောက်၊ အသည်းအဆီဖုံး စသည့် အသည်းနှင့် ပတ်သက်သော ရောဂါများ စစ်ဆေးပေးခြင်း။
* ဆီးကျိတ်ရှိ၊ မရှိ စစ်ဆေးပေးခြင်း။
* ကိုယ်ဝန်ဆောင် မိခင်များအတွက် မိမိ၏ ရင်သွေး ပုံမှန်ကြီးထွား ကျန်းမာမှု ရှိ၊ မရှိ နှင့် အမျိုးသမီး သားအိမ်၊ သားအိမ်ခေါင်း၊ သားဥအိမ်/ပြွန်တွင် ရောဂါရှိ၊ မရှိ စစ်ဆေးပေးခြင်း။
* ထို့အပြင် *4D Ultrasound* နည်းပညာဖြင့် လှုပ်ရှားနေသော ရင်သွေးငယ်၏ ပုံရိပ်ကို ရုပ်ရှင်၊ ဗီဒီယို ကြည့်ရသကဲ့သို့ မြင်တွေ့ခံစားနိုင်ခြင်း။
* သန္ဓေသား၏ မျက်နှာ၊ နှာခေါင်း၊ နှုတ်ခမ်းတို့၏ သဏ္ဍာန် စသည်တို့ မှန်၊မမှန်ကိုပါ ပုံမှန် စစ်တိုင်း ပြသနိုင်ခြင်း၊ မွေးဖွားလာမည့် ရင်သွေးငယ်၏ အနီးစပ်ဆုံး ရုပ်သွင်ကို မြင်တွေ့နိုင်ခြင်း။
* ရင်သွေးငယ်၏ ချစ်စဖွယ် လှုပ်ရှားမှုများ (ပြုံးခြင်း၊ သမ်းဝေခြင်း၊ လက်ချောင်း၊ ခြေချောင်းများ လှုပ်ရှားခြင်း) တို့ကိုပါ ကြိုတင် ကြည့်ရှု ခံစားနိုင်ပါသည်။

အကြားအာရုံဆုံးရှုံးမှုသည် မွေးဖွားမှု ၁၀၀၀ တွင် မွေးကင်းစကလေး ၁ ဦးမှ ၃ ဦးထိ ဖြစ်ပွားနိုင်ပြီး ၎င်းသည် အဖြစ်အများဆုံး မွေ...
10/10/2024

အကြားအာရုံဆုံးရှုံးမှုသည် မွေးဖွားမှု ၁၀၀၀ တွင် မွေးကင်းစကလေး ၁ ဦးမှ ၃ ဦးထိ ဖြစ်ပွားနိုင်ပြီး ၎င်းသည် အဖြစ်အများဆုံး မွေးရာပါ အာရုံခံရောဂါဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းတွင် အကြားအာရုံဆုံးရှုံးနေသော ကလေးပေါင်း ၁၇၀ သန်းခန့်ရှိသည်။
မွေးကင်းစကလေးများ နားစမ်းသပ်ခြင်း (Newborn hearing screening) သည် နားကြားခြင်း ဆုံးရှုံးမှုကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ရန် အလွန်
အရေးကြီးပါသည်။

နားစမ်းသပ်ခြင်း၏အကျိုးကျေးဇူးများမှာ

1.အကြားအာရုံ ဆုံးရှုံးမှုကို စောစီးစွာ သိရှိနိုင်ခြင်း

အကြားအာရုံ ချို့ယွင်းမှုများကို စောစီးစွာ တွေ့ရှိခြင်းက ဘာသာစကား၊ ဆက်သွယ်ရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုတွင် အချိန်မှီကာကွယ်နိုင်စေသည်။

2.ရောဂါကုသမှုများကို စောစီးစွာ လုပ်ဆောင်နိုင်ခြင်း

နားကြားခြင်း ပြဿနာကို တွေ့ရှိပါက နားကြပ်၊ ချို့ယွင်းသော အကြားအာရုံများကို အစားထိုးနိုင်သော (cochlear implant) များ သို့မဟုတ် စကားပြော သင်ကြားမှုကဲ့သို့သော ကုသမှုများကို စောစီးစွာ လုပ်ဆောင်၍ အနာဂတ်တွင် ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိစေပါသည်။

3. ဖွံ့ဖြိုးတိုးတက်မှု ပိုမိုကောင်းမွန်စေခြင်း

နားကြားမှု ပြဿနာကို စောစီးစွာ ကုသလိုက်ပါကဘာသာစကား ကျွမ်းကျင်မှုကို ဖွံ့ဖြိုးတိုးတက်စေပြီး လူမှုရေး၊ ပညာရေးနှင့် စိတ်ခံစားချက်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေပါသည်။

4. မိသားစုများအတွက် အထောက်အကူဖြစ်စေခြင်း

နားစမ်းသပ်ခြင်းကို စောစီးစွာ လုပ်ဆောင်ခြင်းက မိဘများအား မိမိတို့ ကလေး၏ လိုအပ်ချက်များကို ကူညီပံ့ပိုးနိုင်ရန် များစွာအထောက်အကူပြုနိုင်ပါသည်။

Family General Hospital တွင် အပတ်စဉ် အင်္ဂါနေ့ ညနေ သုံးနာရီတွင် ကလေးတစ်ဦးလျှင် 30000Ks ဖြင့်စစ်ဆေးပေးနေပါသည်။
အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့လည်း ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
09-897426746
09-897426748
01-580844

09-897426748

သင့်ရင်သွေး အကြားအာရုံ စစ်ဆေးခြင်းအတွက်စာရင်းပေးသွင်းနိုင်ပါပြီ။
12/08/2024

သင့်ရင်သွေး အကြားအာရုံ စစ်ဆေးခြင်းအတွက်စာရင်းပေးသွင်းနိုင်ပါပြီ။

Address

No/1197, Pin Lon Street, 37 Quarter, NorthDagon Township
Yangon

Telephone

+951580844

Website

Alerts

Be the first to know and let us send you an email when Family General Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share