28/08/2026
💰ပိုက်ဆံအိတ်ထဲ ငွေတချို့ထည့်ပြီး “ဒီတနေ့တာ ဒါနဲ့လောက်အောင်သုံး…” ဆိုပြီး ကျွန်မတို့ ခန္ဓာကိုယ်မှာ နေ့စဉ်ဖြည့်တင်းရမယ့် ကယ်လိုရီရဲ့ limit ကိုသတ်မှတ်မယ်ဆိုရင်.. ဒီပိုက်ဆံအိတ်ထဲက ငွေ (သို့) မိမိရဲ့ ကယ်လိုရီ ဘတ်ဂျက် ကို ဘယ်လို အကျိုးရှိရှိ စီမံခန့်ခွဲကြမလဲ?
ဒီဘတ်ဂျက်ကို ကိုယ်မကြိုက်ပဲ အတင်းကြိုးစား စားရမယ့် diet food တွေအတွက် အသုံးချမလား.. ဒါမှမဟုတ်.. သေချာတွေးကြည့်ပြီး မိမိ တကယ်ကြိုက်နှစ်သက်တဲ့ အရာတွေ ကို စည်းကမ်းတကျ စားသုံးခြင်းအားဖြင့် အသုံးချမလား..
ဥပမာ - ကိုယ့်ရဲ့ ကယ်လိုရီ ဘတ်ဂျက်က ၁၅၀၀ ဆိုကြပါစို့..
🥗Clean eating ချည့်ပဲ တနေကုန်စားစရာ မလိုပါဘူး
⚡️အာဟာရဓါတ်စုံလင်အောင် ပရိုတင်း၊ အသီးအရွက်၊ ဗိုက်ဘာဓါတ်၊ ကာဘိုဟိုက်ဒြိပ် စသဖြင့်ကို ၁၅၀၀ ထဲက အဓိကထားစားသုံးမယ်
🍫လက်ကျန် ဘတ်ဂျက်လေးကို ကိုယ့်ကို ပျော်ရွှင်စေမယ့် ကော်ဖီ ချောကလက် စသဖြင့်တို့အတွက် နည်းနည်းပါးပါး အသုံးပြုမယ်ဆိုရင် ဘတ်ဂျက်တွင်းလဲဝင်မယ်.. ကိုယ်လဲနှစ်သက်တာ စားရတယ်..
မစားချင်တာတွေ စားပြီး မိမိကိုယ်ကိုချောင်ပိတ်တာက အဖြေမဟုတ်ပါဘူး.. သဘာဝအရ ကိုယ်စားချင်တာတွေကို တထိုင်ထဲ အကုန်ပြန်စားမိမှာပါ.. ဒါကြောင့်မျှတတဲ့စားသောက်မှုကသာ အဓိကကျပါတယ်..
ဒီပိုက်ဆံအိတ်လေးထဲက ငွေကို အကန့်အသပ်နဲ့ အသုံးပြုကြရသလိုပဲ ခန္ဓာကိုယ်က လိုအပ်တဲ့ ဓါတ်အမျိုးမျိုးကို ဖြည့်ဆည်းရင်း မိမိရဲ့ ကယ်လိုရီ ဘတ်ဂျက်ပြင်ပ ရောက်မသွားအောင် ထိန်းသိမ်းရုံပါပဲ..
ဒါကြောင့် အိတ်ထဲကငွေ (သို့) ကယ်လိုရီ ဘတ်ဂျက် ကိုမသုံးခင်မှာ
🤔“ငါတကယ် ဒီငွေကို ဒီအတွက် သုံးမှာလား.. “
🤔“ဒီမှာ သုံးလိုက်ရင် တနေကုန်အတွက် လက်ကျန်ဘယ်လောက် ကျန်မှာလဲ.. “
🤔“တနေ့တာ မဖြစ်မနေ ဝယ်ရမယ့် essentials (proteins, fiber) ဝယ်ဖို့အရင် စဉ်းစားရဦးမယ်..”
စသဖြင့်လေး ဆင်ခြင်မိပြီး မိမိနှစ်သက်ရာ အစားအစာလေးတွေကို စားသောက်ရင်း ရေရှည်ထိရောက်တဲ့ ဝိတ်ထိမ်းမှုကို ရရှိနိုင်ပါစေ 🌼🌸