Eco Asia Company Limited

Eco Asia Company Limited Improves Quality of life High quality product of Multivitamin and Minerals with affordable price

📢 We Are Hiring – Product Executive
06/05/2026

📢 We Are Hiring – Product Executive

💊 Pregabalin (ပရီဂါဘာလင်) ဆေးအကြောင်း သိကောင်းစရာPregabalin ဆိုတာ အာရုံကြောနဲ့ ပတ်သက်တဲ့ ဝေဒနာရှင်တွေအတွက် ဆရာဝန်တွေ အညွ...
22/04/2026

💊 Pregabalin (ပရီဂါဘာလင်) ဆေးအကြောင်း သိကောင်းစရာ

Pregabalin ဆိုတာ အာရုံကြောနဲ့ ပတ်သက်တဲ့ ဝေဒနာရှင်တွေအတွက် ဆရာဝန်တွေ အညွှန်းအများဆုံး ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဒီဆေးကို ဘယ်လိုနေရာတွေမှာ သုံးစွဲသလဲ၊ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလဲဆိုတာကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

✅ ဘယ်လိုရောဂါတွေမှာ သုံးလေ့ရှိသလဲ?
၁။ အာရုံကြောကြောင့်ဖြစ်တဲ့ နာကျင်မှုများ (Neuropathic Pain): ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ပြီး ခြေလက်တွေ ထုံကျဉ်တာ၊ ပူစပ်ပူ ဓာတ်လိုက်သလို ခံစားရခြင်း၊ ပိုးကောင်များ သွားသလို တရွရွဖြစ်ခြင်းစတဲ့ ပုံမှန်နာကျင်မှုထက် ထူးကဲတဲ့ အာရုံကြော နာကျင်မှုများကို သက်သာစေပါတယ်။
၂။ ခါးနာ၊ အကြောညှပ်ဝေဒနာ: ခါးဆစ်ထဲက အာရုံကြောဖိမိလို့ ခြေထောက်အထိ နာကျင်ကိုက်ခဲတာမျိုးအတွက်လည်း သုံးလေ့ရှိပါတယ်။
၃။ ရေယုန်ကြောင့်ဖြစ်တဲ့ နာကျင်မှု: ရေယုန်ပျောက်သွားပေမယ့် ကျန်ခဲ့တဲ့ အာရုံကြောကိုက်ခဲမှုကို သက်သာစေပါတယ်။
၄။ Fibromyalgia: တစ်ကိုယ်လုံး အနှံ့အပြား ကိုက်ခဲနာကျင်နေတဲ့ ဝေဒနာအတွက်လည်း သုံးပါတယ်။
၅။ စိုးရိမ်ပူပန်မှုလွန်ကဲခြင်း (Anxiety): တချို့သော စိုးရိမ်စိတ်လွန်ကဲတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေမှာလည်း အသုံးပြုတတ်ပါတယ်။

🛑အဖြစ်အများဆုံးမှ အဖြစ်နည်းပါးသော ဘေးထွက်ဆိုးကျိုးများတွေကတော့
-ခေါင်းမူးခြင်းနှင့် အိပ်ငိုက်ခြင်း၊
-ခံတွင်းခြောက်ခြင်း
-လက် နှင့် ခြေထောက်များ ရောင်ရမ်းခြင်း
-အမြင်အာရုံမှုန်ဝါးလာခြင်း
-ကိုယ်အလေးချိန်တိုးလာခြင်း(အစာစားချင်စိတ်တိုးလာခြင်း)
-အာရုံစူးစိုက်ရန် ခက်ခဲခြင်း
-ဝမ်းချုပ်ခြင်း
ဤဘေးထွက်ဆိုးကျိုးများသည် သင့်ခန္ဓာကိုယ် pregabalin နှင့်လိုက်လျောညီထွေဖြစ်လာသည်နှင့်အမျှ ပို၍သက်သာလာတတ်ပါတယ်။

⚠️ အရေးကြီးသော သတိပေးချက်

Pregabalin သည် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ အတိအကျ သောက်သုံးရမည့် ဆေးအမျိုးအစား ဖြစ်ပါတယ်။

မိမိသဘောဖြင့် ဆေးကို ရပ်ခြင်း၊ ပမာဏ လျှော့ခြင်း/တိုးခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရပါ။

ဆေးကို ရုတ်တရက် ရပ်လိုက်ပါက တက်ခြင်း (Seizures) နှင့် အခြားသော ပြင်းထန်သည့် လက္ခဏာများ ခံစားရနိုင်ပါတယ်။⚠️

မိမိမှာ အာရုံကြောဆိုင်ရာ ဝေဒနာများ ခံစားနေရပါက နီးစပ်ရာ ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးပြီးမှသာ သောက်သုံးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

#ကျန်းမာရေးဗဟုသုတ #အာရုံကြောရောဂါ

Clarace (Clarithromycin 500mg) အကြောင်း သိကောင်းစရာ 💊ပိုးသတ်ဆေးဆိုတာ စနစ်တကျ သောက်သုံးဖို့ အရေးကြီးပါတယ်။ Clarace (Clari...
25/03/2026

Clarace (Clarithromycin 500mg) အကြောင်း သိကောင်းစရာ 💊

ပိုးသတ်ဆေးဆိုတာ စနစ်တကျ သောက်သုံးဖို့ အရေးကြီးပါတယ်။ Clarace (Clarithromycin) ဟာ Macrolide Antibiotics အုပ်စုဝင် ဖြစ်ပြီး Bacteria တွေရဲ့ Protein Synthesis ကို ဖျက်စီးခြင်းဖြင့် ရောဂါပိုးများကို သေစေနိုင်စွမ်းရှိပါတယ်။

✅ ဘယ်လိုရောဂါတွေမှာ အဓိက သုံးသလဲ?

အသက်ရှုလမ်းကြောင်းဆိုင်ရာ - လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း၊ လေပြွန်ရောင်ခြင်း နှင့် အဆုတ်ရောင်ခြင်း။

အစာအိမ်နှင့် အူလမ်းကြောင်း - ပိုးဝင်ခြင်းကြောင့်ဖြစ်သော ဝေဒနာများ။

အခြား - ဆီးလမ်းကြောင်း ပိုးဝင်ခြင်း နှင့် အရေပြားဆိုင်ရာ ကူးစက်ရောဂါများ။

✨ ထူးခြားချက် - Clarace ဟာ Acid Stable ဖြစ်တာကြောင့် Antacid (အစာအိမ်ဆေး) နဲ့ တွဲသောက်စရာ မလိုဘဲ ဆေးအာနိသင်ကို ကြာရှည် ထိန်းထားနိုင်ပါတယ်။

မြန်မာနိုင်ငံမှ FDA လက်မှတ်ရရှိပြီးသား Antibiotic – Clarace 500mg

⚠️ ဆေးကိုဆရာဝန်ညွန်ကြားချက်ဖြင့်သာသောက်သုံးရန်ဖြစ်သည်။

Dolium Oral suspension (120ml)🛑Domperidone အကြောင်း တစ်စေ့တစ်စောင်းDomperidoneသည် dopamine receptor blocking agent ဖြစ်ပ...
20/03/2026

Dolium Oral suspension (120ml)

🛑Domperidone အကြောင်း တစ်စေ့တစ်စောင်း
Domperidoneသည် dopamine receptor blocking agent ဖြစ်ပါတယ်။အစာအိမ်ထဲမှအစာများ အူသိမ်သို့ပို့ဆောင်ခြင်းကို မြန်ဆန်အောင်လှုံ့ဆော်ပေးသည့်အပြင် အစာရေမျိုကြွက်သားများကိုလည်း ရှုံ့စေသောအာနိသင်ရှိခြင်းကြောင့် အန်ခြင်းကို သက်သာစေသောဆေးဖြစ်သည်။

အစာအိမ် နဲ့ အူလမ်းကြောင်း တစ်လျှောက်ရှိ ကြွက်သားလှုပ်ရှားမှု ပုံမှန်မဟုတ်ခြင်းကြောင့်
💊 မအီမသာဖြစ်ခြင်း
💊 အစာမကြေ ရင်ပြည့်ခြင်း
💊 မူးဝေခြင်း
💊 အန်ခြင်း
💊 စားချဉ့်ပြန်ခြင်း စသည့် လက္ခဏာများကိုသက်သာစေသည်။

ထို့ပြင် ကင်ဆာဝေဒနာရှင်များသည် ဆေးသွင်းကုသမှု နှင့် ဓာတ်ရောင်ခြည်ကုသမှုတို့၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်းများကိုလည်း သက်သာစေသည်။

ထို့ကြောင့် Domperidone ကို အအန်ပျောက်ဆေးအဖြစ် လူသိများသည်။
Dolium ကို အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ ပျို့အန်ခြင်းများအတွက် အစားမစားခင် တစ်နေ့ ၃ ကြိမ် သောက်သုံးနိုင်သည် (သို့) ဆရာဝန်ညွှန်ကြားသည့် အတိုင်းသောက်သုံးနိုင်သည်။

💧💧 Dolium ကို ဆေးပြားပုံစံအပြင် စုပ်ယူမှု ပိုမိုအားကောင်းသော Suspension အရည်ပုံစံဖြင့် ရရှိနိုင်ပါသည်။ 💧💧

🔰 မြန်မာ FDA ၏ ထောက်ခံချက်ရရှိထားသောကြောင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါသည်။🔰

Oral suspension

မှာဝယ်ယူလိုပါက hotline 📞☎️ 09-944043060 📞☎️ တွင် စုံစမ်းမှာယူနိုင်ပါသည်ရှင့် ။

🛑အခြားဝယ်ယူလိုသော ဆေး၀ါးများ နှင့် စျေးနှုန်းများ အကြောင်းသိရှိလိုပါကလဲ chat box တွင်စုံစမ်းမေးမြန်းနိုင်ပါသည် ။🛑

BEVAC (အသည်းရောင် အသားဝါဘီပိုးကာကွယ်ဆေး)Hepatitis B Vaccine (rDNA) BP ♦️အသည်းရောင်အသားဝါ (B) ပိုးဟာ ခန္ဓာကိုယ်ထဲမှာ ဘာလက...
07/03/2026

BEVAC (အသည်းရောင် အသားဝါဘီပိုးကာကွယ်ဆေး)
Hepatitis B Vaccine (rDNA) BP

♦️အသည်းရောင်အသားဝါ (B) ပိုးဟာ ခန္ဓာကိုယ်ထဲမှာ ဘာလက္ခဏာမှမပြဘဲ နှစ်ပေါင်းများစွာ ခိုအောင်းနေတတ်ပြီး နောက်ဆုံးမှာ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာ အထိ ဖြစ်စေနိုင်ပါသည်။

♦️ဘယ်သူတွေမှာ ကူးစက်နိုင်ခြေအများဆုံးလဲ?

-ပိုးရှိသူနဲ့ အသုံးအဆောင်ပစ္စည်း (သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား) အတူသုံးသူများ။

-အကာအကွယ်မဲ့ လိင်ဆက်ဆံမိသူများ။

-ပိုးရှိသောမိခင်မှ မွေးဖွားလာသော ကလေးငယ်များ။

-ဆေးထိုးအပ်ကို အတူတကွ သုံးစွဲသူများ။

✅ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်ပါသည်။
B ပိုးဟာ ကုသဖို့ခက်ခဲပေမဲ့ ကာကွယ်ဆေး (၃) ကြိမ် တိတိကျကျ ထိုးထားရုံနဲ့ တစ်သက်စာနီးပါး စိတ်ချရတဲ့ ခုခံအားကို ရရှိနိုင်ပါသည်။

📣မြန်မာFDAထောက်ခံချက်အသိအမှတ်ပြု လက်မှတ် ရရှိထားသည့် BEVAC အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးကို ECO ASIA Company မှ တစ်ဦးတည်းကိုယ်စားလှယ်အဖြင့် တရားဝင်တင်သွင်းဖြန့်ချီနေပြီးဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။📣

hotline 📞☎️ 09-944043060 📞☎️တွင် စုံစမ်းမှာယူနိုင်ပါသည် ။

🛑ဆီးချိူသမားများအတွက် Glimepiride ဆေးကြောင်းသိကောင်းစရာ🛑🔸Glimepiride ဆေးသည် sulfonylurea လို့‌ခေါ်တဲ့ဆေးအုပ်စုဝင်ဖြစ်ပြီ...
03/03/2026

🛑ဆီးချိူသမားများအတွက် Glimepiride ဆေးကြောင်းသိကောင်းစရာ🛑

🔸Glimepiride ဆေးသည် sulfonylurea လို့‌ခေါ်တဲ့ဆေးအုပ်စုဝင်ဖြစ်ပြီးခန္ဓာကိုယ်ထဲက Pancreas (ပန်ကရိယ)ကို လှုံဆော်ပေးပါသည်။အဲ့ဒီခါ Pancreas (ပန်ကရိယ) ကနေ Insulin(အင်ဆူလင်)ဓာတ်တွေပိုထွက်လာစေပြီသွေးထဲကသကြားဓာတ်ကိုေလျာ့ကျစေတာဖြစ်ပါသည်။ Glimepiride ဆေးကသွေးထဲကသကြားဓာတ်ကိုထိန်းချုပ်ပေးရုံတင်မကပဲရှေရည်မှာဆီးချိုကြောင့်ဖြစ်တက်တဲ့ ကျောက်ကပ်ပျက်စီးခြင်း၊ အမြင်အာရုံချိူ့ယွင်းခြင်းနှင့် အာရုံကြောပြသနာ တွေမဖြစ်အောင်ကာကွယ်ပေးပါသည်။

🔸ဘယ်လိုလူတွေ သောက်သင့်သလဲ?
-Type 2 Diabetes ခေါ် လူကြီးပိုင်းမှာဖြစ်တဲ့ ဆီးချိုရောဂါရှိသူများ။
-အစားအသောက် ဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့တင် သွေးချိုမကျ
သူများ။

🔸ဆီးချိုသမားများသည်ဆေးသောက်ရုံနဲ့ မပြီးပါဘူး၊ အလေ့အကျင့်လေးတွေပါ ပြင်ရပါမယ်

🔹 အစာစားချိန် မှန်ပါစေ: ဆေးသောက်ပြီးရင် အစာကို အချိန်မှန်စားပါ။ အစာကျော်လိုက်ရင် သွေးချိုကျပြီး မူးလဲတတ်ပါတယ်။
🔹 ခြေထောက်ကို ဂရုစိုက်ပါ: ဆီးချိုသမားတွေအတွက် ခြေထောက်ဒဏ်ရာဟာ သတိထားရမယ့်အချက်ပါ။ ဖိနပ်အမြဲစီးပါ၊ ခြေထောက်ကို ပုံမှန်စစ်ဆေးပါ။
🔹 သကြားလုံး ဆောင်ထားပါ: ရုတ်တရက် လက်တုန်၊ ချွေးစေးထွက်လာရင် သောက်ဖို့ သကြားလုံး ဒါမှမဟုတ် အချိုရည် အမြဲအနားမှာ ရှိပါစေ။
🔹 ကျောက်ကပ် စစ်ဆေးပါ: ဒီဆေးကို ရေရှည်သောက်နေရင် ကျောက်ကပ်နဲ့ အသည်း လုပ်ဆောင်ချက်ကို တစ်နှစ်တစ်ခါလောက် စစ်ဆေးပေးသင့်ပါတယ်။

ဆီးချိုရောဂါဆိုတာ ကြောက်စရာမဟုတ်ပါဘူး၊ စနစ်တကျ ထိန်းသိမ်းတတ်ရင် ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။ Glimepiride နဲ့အတူ မှန်ကန်တဲ့ နေထိုင်မှုပုံစံကို ပေါင်းစပ်ပြီး သင့်ရဲ့ ကျန်းမာရေးကို ဒီနေ့ပဲ ပြန်လည် တည်ဆောက်လိုက်ပါ။

⚠️ သတိပြုရန်: ဤဆေးသည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရမည့် ဆေးဖြစ်ပါသည်။

#ဆီးချိုဗဟုသုတ

မင်္ဂလာပါရှင်💚အခုလိုရာသီအကူးအပြာင်းကာလမှာ  ခုခံအားကျဆင်းပြီး ပင်ပန်းနွမ်းနယ်မှု ဖြစ်တတ်ကြတယ်ဟုတ်🙎🙅ဝမ်းပျက်၊ ဝမ်းလျှောဖြစ...
23/02/2026

မင်္ဂလာပါရှင်💚

အခုလိုရာသီအကူးအပြာင်းကာလမှာ ခုခံအားကျဆင်းပြီး ပင်ပန်းနွမ်းနယ်မှု ဖြစ်တတ်ကြတယ်ဟုတ်🙎
🙅ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တာ
🙅အင်အားကုန်ခမ်းတာ
🙅ပျို့အန်မှုဖြစ်ပွားတာတွေနဲ့မလွှဲမသေတွေ့ကြုံရတတ်ပါတယ်
နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်နဲ့ အီလက်ထရိုလိုက်ဓာတ်များ ဆုံးရှုံးရပါတယ်⬇️

ဒါတွေကိုဘယ်လိုဖြေရှင်းမလဲ❓
💧⚡ဆုံးရှုံးသွားတဲ့ ရေဓာတ်နှင့် အီလက်ထရိုလိုက်ဓာတ်များကို အမြန်ဆုံးဖြည့်ပေးနိုင်သော အရသာလည်းရှိပြီး WHO standard နှင့်ထုတ်လုပ်ထားတဲ့ Electrokick ဓာတ်ဆားလေးရှိပါတယ်နော် 💯

✅Electrokick ဓာတ်ဆားမှာ ဆိုဒီယမ်နှင့် ပိုတက်ဆီယမ် စတဲ့ သက်စောင့်ဓာတ်တို့ပါ၀င်တာကြောင့် ဆုံးရှုံးသွားတဲ့ အီလက်ထရိုလိုက်များကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ပါတယ်⚡⚡⚡

Electrokick ဓာတ်ဆားကို 🍋လီမွန်အရသာ (Lemon) ဖြင့်သောက်သုံးနိုင်ပါတယ်🤗

🏃🏻‍♂ 🏋️‍♂️🚴‍♀️ဒါတွေအပြင် GYM ဆော့သူများ၊ လေ့ကျင့်ခန်းပြုလုပ်သူများ၊ အားကစားပြုလုပ်သူများလည်း ချွေးထွက်များပြီးရေဓာတ်ဆုံးရှုံးတာဖြစ်လို့ အားကစားမလုပ်ခင်၊ လုပ်နေစဥ်အတွင်းနှင့် လုပ်ပြီးချိန် တွေမှာ Electrokick ဓာတ်ဆားကို ဖျော်သောက်နိုင်ပါတယ်နော်🥇

✅Electrokick ဓာတ်ဆားကိုရေတစ်လီတာနှင့် ဖျော်သောက်ပြီး ၂၄နာရီ အတွင်းသောက်သုံးပေးပါနော်

✨ ဆုံးရှုံးသွားတဲ့ရေဓတ်ကိုအကောင်းဆုံးပြန်လည်ဖြည့်ပေးနိုင်မယ့် Electrokick ဓာတ်ဆား ✨

🔰မြန်မာ FDA ၏ ထောက်ခံချက်ရရှိထားသောကြောင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါသည်။🔰

ဝယ်ယူလိုပါက Hot Line No.09-944043060 တွင် စုံစမ်းမှာယူနိုင်ပါသည်ရှင် ။

🛑 Dolium Oral suspension (120ml)🛑Domperidone အကြောင်း တစ်စေ့တစ်စောင်းDomperidoneသည် dopamine receptor blocking agent ဖြစ...
02/02/2026

🛑 Dolium Oral suspension (120ml)

🛑Domperidone အကြောင်း တစ်စေ့တစ်စောင်း

Domperidoneသည် dopamine receptor blocking agent ဖြစ်ပါတယ်။အစာအိမ်ထဲမှအစာများ အူသိမ်သို့ပို့ဆောင်ခြင်းကို မြန်ဆန်အောင်လှုံ့ဆော်ပေးသည့်အပြင် အစာရေမျိုကြွက်သားများကိုလည်း ရှုံ့စေသောအာနိသင်ရှိခြင်းကြောင့် အန်ခြင်းကို သက်သာစေသောဆေးဖြစ်သည်။

အစာအိမ် နဲ့ အူလမ်းကြောင်း တစ်လျှောက်ရှိ ကြွက်သားလှုပ်ရှားမှု ပုံမှန်မဟုတ်ခြင်းကြောင့်
💊 မအီမသာဖြစ်ခြင်း
💊 အစာမကြေ ရင်ပြည့်ခြင်း
💊 မူးဝေခြင်း
💊 အန်ခြင်း
💊 စားချဉ့်ပြန်ခြင်း စသည့် လက္ခဏာများကိုသက်သာစေသည်။

ထို့ပြင် ကင်ဆာဝေဒနာရှင်များသည် ဆေးသွင်းကုသမှု နှင့် ဓာတ်ရောင်ခြည်ကုသမှုတို့၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်းများကိုလည်း သက်သာစေသည်။

ထို့ကြောင့် Domperidone ကို အအန်ပျောက်ဆေးအဖြစ် လူသိများသည်။
Dolium ကို အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ ပျို့အန်ခြင်းများအတွက် အစားမစားခင် တစ်နေ့ ၃ ကြိမ် သောက်သုံးနိုင်သည် (သို့) ဆရာဝန်ညွှန်ကြားသည့် အတိုင်းသောက်သုံးနိုင်သည်။

💧💧 Dolium ကို ဆေးပြားပုံစံအပြင် စုပ်ယူမှု ပိုမိုအားကောင်းသော Suspension အရည်ပုံစံဖြင့် ရရှိနိုင်ပါသည်။ 💧💧

🔰 မြန်မာ FDA ၏ ထောက်ခံချက်ရရှိထားသောကြောင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါသည်။🔰

Oral suspension

မှာ၀ယ်ယူလိုပါက hotline 📞☎️ 09-944043060 📞☎️ တွင် စုံစမ်းမှာယူနိုင်ပါသည်ရှင့် ။

🛑အခြား၀ယ်ယူလိုသော ဆေး၀ါးများ နှင့် စျေးနှုန်းများ အကြောင်းသိရှိလိုပါကလဲ chat box တွင်စုံစမ်းမေးမြန်းနိုင်ပါသည် ။🛑

👩‍⚕️သွေးတိုးရောဂါအကြောင်းသိကောင်းစရာကျွန်ုပ်တို့အများစုကသွေးတိုး (သွေးပေါင်တက်) ခြင်းကိုခံစားနေရပြီးသတိမမူတက်ကြပါဘူး၊သွေ...
27/01/2026

👩‍⚕️သွေးတိုးရောဂါအကြောင်းသိကောင်းစရာ
ကျွန်ုပ်တို့အများစုကသွေးတိုး (သွေးပေါင်တက်) ခြင်းကိုခံစားနေရပြီးသတိမမူတက်ကြပါဘူး၊သွေးတိုးရောဂါအား “တိတ်တဆိတ်လူသတ်သမား” ဟုခေါ်ဆိုကြပါတယ်။သွေးတိုးသည် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ၏ အဓိကတရားခံလည်းဖြစ်နိုင်ပါတယ်။

♦️သွေးတိုးဖြစ်စေနိုင်သော အကြောင်းအရင်းမျိုးစုံမှာ
-သွေးတိုးမျိုးရိုးရှိခြင်း၊
-အဝလွန်ခြင်းနှင့် အထိုင်များခြင်း၊
-ဆေးလိပ်၊အရက်အလွန်အကျွံသောက်ခြင်း ၊
-စိတ်ဖိစီးမှုအလွန်များခြင်း၊
-နာတာရှည်ရောဂါများရှိခြင်း၊
-အငံဓါတ်(ဆိုဒီယမ်)များသောအစားစာ စားချင်အပြင် တခြားကြောင်း‌ကြောင့်လဲဖြစ်နိုင်ပါတယ်‌။

♦️သွေးတိုးနေတဲ့လူနာတချို့လက္ခဏာမှာ
- နှလုံးတုန်ခြင်း ၊
-မောပန်းနွမ်းနယ်ပြီး နုံးချိခြင်း ၊
-အမြင်အာရုံဝေဝါးခြင်း ၊
- နှာခေါင်းသွေးလျှံခြင်းတို့ခံစားရနိုင်ပါတယ်။ ဒါပေမယ့် အသက်အန္တရာယ်အထိဖြစ်စေနိုင်တဲ့အဆင့် (သို့) ပြင်းထန်တဲ့ အဆင့် မရောက်ခင်အထိ ဒီလို လက္ခဏာတွေကို မတွေ့ရပါဘူး။တချို့ကိုယ်ဝန်ဆောင်ချိန်မှာသွေပေါင်းတက်ခြင်းဖြစ်နိုင်ပါတယ်။

♦️သွေးတိုးခြင်းကို ကာကွယ်ရန်
-အာဟာရပြည့်ဝစွာစားပါ။
-အသင့်စား အစားအစာ(သို့) ဆော့စ်နှင့်ဟင်းခတ်အမွှေးအကြိုင်အတော်များများတွင်တွေ့ရသည့် ဆိုဒီယမ်ဓါတ်အများအပြားပါဝင်သော ဟင်းလျာများ၊ ဆားများစွာအသုံးပြုထားတဲ့ အစားအစာ များကို ရှောင်ကျဥ်ပါ။
-အရက်နဲ့ ဆေးလိပ်ကို ရှောင်ကျဥ်ပါ။
-ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အတိုင်းအတာတစ်ခုမှာ ထိန်းသိမ်းပါ။
-စိတ်ကိုတည်ငြိမ်အောင်ထားပြီး စိုးရိမ်မှုနဲ့ စိတ်ဖိစီးမှုများကိုလျှော့ချပါ။
-ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ညွှန်ကြားထားတဲ့ဆေးဝါးများကိုသောက်ပါ။

♦️သွေးတိုးလက္ခဏာများ သိသိသာပေါ်လာပြီး အဓိကရောဂါကြီးတစ်ခုဖြစ်မလာခင် သွေးတိုးကိုကာကွယ်တိုက်ဖျက်ခြင်းက ပိုမိုအကျိုးရှိပါတယ်။ သွေးတိုး(သွေးပေါင်တက်)ခြင်း အသက်အရွယ်မရွေး လူတိုင်း ဖြစ်နိုင် ပါတယ်။ ဒါကြောင့် သွေးပေါင်ကို အမြဲချိန်ပြီး ခန္ဓာကိုယ်တွင်း သွေးပေါင် အပြောင်း အလဲကို အမြဲ ဂရုစိုက်ရမှာဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခုပြတယ်ဆိုရင် ထိရောက်တဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှုအတွက် ဆရာဝန်နဲ့ ချက်ချင်း ပြသတိုင်ပင်သင့်ပါတယ်။❣️

Address

75/77 Thein Phyu Road Botahtaung Township
Yangon
1111

Telephone

+951385518

Website

Alerts

Be the first to know and let us send you an email when Eco Asia Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eco Asia Company Limited:

Share