29/08/2026
✨ A New Milestone in Children’s Healthcare
မလေးရှားနိုင်ငံ၊ Kuala Lumpur ရှိ Sunway Medical Centre, Sunway City ၏ New Children’s Tower Opening Ceremony သို့ တက်ရောက်ခွင့်ရရှိခဲ့တဲ့အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
ဒီလို အရေးကြီးတဲ့ ကျန်းမာရေးကဏ္ဍဆိုင်ရာ မှတ်တိုင်တစ်ခုကို ကိုယ်တိုင်ပါဝင်တွေ့မြင်ခွင့်ရခဲ့ခြင်းဟာ ကျွန်မအတွက် အမှတ်တရဖြစ်စရာ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။
ကလေးငယ်များအတွက် ပိုမိုခေတ်မီပြီး အရည်အသွေးမြင့် Healthcare Services တွေကို ပိုမိုကောင်းမွန်စွာ ပေးစွမ်းနိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ New Children’s Tower ဟာ Children’s Healthcare ရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခုလို့ ယုံကြည်ပါတယ်။
Healthcare ကဏ္ဍဟာ နည်းပညာတိုးတက်လာတာနဲ့အမျှ အမြဲတမ်းပြောင်းလဲတိုးတက်နေတဲ့ နယ်ပယ်တစ်ခုဖြစ်တာကြောင့် နိုင်ငံတကာအဆင့်မီ Medical Care တွေကို လေ့လာပြီး မြန်မာနိုင်ငံမှ လူနာများအတွက် ပိုမိုကောင်းမွန်တဲ့ Healthcare Access တွေ ဖန်တီးပေးနိုင်ဖို့ကလည်း ကျွန်မတို့ Medic Journey ရဲ့ အဓိကရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်။
ဒီထူးခြားတဲ့ အောင်မြင်မှုအတွက် Sunway Healthcare Group Management Team နှင့် အဖွဲ့သားများအားလုံးကို Many Congratulations! 🎉
ကလေးငယ်တိုင်းအတွက် ပိုမိုကျန်းမာပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုဆီသို့… 💙