Doctor Home Care Service - အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • Doctor Home Care Service - အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု

Doctor Home Care Service - အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု Experienced doctors service home care & vaccination.We can guarantee your trust will never be broken.

💉💉💉 Flu shot in recent days 🤗မိုးလေးဖွဲဖွဲကျလာပြီဆိုတော့ တုပ်ကွေးကာကွယ်ဆေးထိုးကြတဲ့သူတွေ များလာပါပြီ 🌧️🌧️🌧️ပုံတွေက မရိုက...
19/05/2026

💉💉💉 Flu shot in recent days 🤗

မိုးလေးဖွဲဖွဲကျလာပြီဆိုတော့ တုပ်ကွေးကာကွယ်ဆေးထိုးကြတဲ့သူတွေ များလာပါပြီ 🌧️🌧️🌧️
ပုံတွေက မရိုက်ဖြစ်လို့သာ vaccine အလုံး ၁၀၀ ကျော် ကုန်သွားပါပြီ 🤍

ထပ်မှာရင်စျေးက မကျပဲ အတက်ပဲရှိတာမို့ စောစောထိုးလေ အကျိုးရှိလေ ကုန်ကျစားရိတ် သက်သာလေပါပဲမို့ အမြန် booking တင်လိုက်ပါနော် 💉💉💉




#ဆရာဝန်အိမ်ပင့်

🌱🌱🌱 ဒီနေ့ Junction Square မှာ ပြုလုပ်တဲ့ ဆယ်လီစိုက်ပျိုးရေး Fan Meeting Tour မှာ Medical Cover အဖြစ် Doctor Home Care mo...
26/04/2026

🌱🌱🌱 ဒီနေ့ Junction Square မှာ ပြုလုပ်တဲ့ ဆယ်လီစိုက်ပျိုးရေး Fan Meeting Tour မှာ Medical Cover အဖြစ် Doctor Home Care mobile team မှ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့တဲ့ ပုံလေးတွေပါရှင့် 🤗

ဖိတ်ကြားပေးတဲ့ MCIX group ကိုလဲ ကျေးဇူးအထူးတင်ပါတယ်ရှင် 🫶🏻

Event များအတွက် medical cover လိုအပ်သူများလဲ ဆက်သွယ်နိုင်ပါတယ်ရှင် 🤗🤗

Contact US for vaccination or home care service
09982770192
09778423588




#ဆရာဝန်အိမ်ပင့်

နှစ်တိုင်း flu vaccine ထိုးနေကြ Sanchaung garden က အဖွားတို့အိမ်အတွက် ဒီနှစ် လေးမျိုးစပ် တုပ်ကွေးကာကွယ်ဆေး သွားရောက်ထိုး...
20/04/2026

နှစ်တိုင်း flu vaccine ထိုးနေကြ Sanchaung garden က အဖွားတို့အိမ်အတွက် ဒီနှစ် လေးမျိုးစပ် တုပ်ကွေးကာကွယ်ဆေး သွားရောက်ထိုးနှံပေးတဲ့ ပုံလေးတွေပါ 🤍🤍🤍

နောက်လဆို မိုးရွာတော့မှာဆိုတော့ ကာကွယ်ဆေးကြိုထိုးထားဖို့ booking ယူနိုင်ပါပြီရှင် 📢📢📢

Contact US for vaccination or home care service
09982770192
09778423588




#ဆရာဝန်အိမ်ပင့်


နှစ်သစ်ကူး အခါသမယမှာ မင်္ဂလာအပေါင်းခညောင်းပီးစိတ်နှလုံး ရွှင်ပြုံး အေးချမ်းသာယာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည် ...
17/04/2026

နှစ်သစ်ကူး အခါသမယမှာ မင်္ဂလာအပေါင်းခညောင်းပီးစိတ်နှလုံး ရွှင်ပြုံး အေးချမ်းသာယာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည် 😊

ဒီတစ်ခါတော့ ကလေးတစ်ဖက်နဲ့ အလုပ်ခွင်ပြန်ဝင်ရတဲ့ မေမေတို့၊ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ညှစ်တိုက်ရတဲ့ မေမေတို့အသိချ...
14/04/2026

ဒီတစ်ခါတော့ ကလေးတစ်ဖက်နဲ့ အလုပ်ခွင်ပြန်ဝင်ရတဲ့ မေမေတို့၊ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ညှစ်တိုက်ရတဲ့ မေမေတို့အသိချင်ဆုံးမေးခွန်းလေးကို ပြောပြပေးချင်ပါတယ် 🤍

🍼 ပထမ တစ်ခုက အမေနို့ညှစ်ပြီး သိမ်းထားရင် ဘယ်လောက်ကြာကြာခံလဲပေါ့နော်

👶 အမေနို့က ညှစ်ပြီးသိမ်းရင်

🤍 အခန်းအပူချိန်မှာဆို ၄ နာရီ
🤍 ရေခဲသေတ္တာ မခဲတဲ့အကန့်ဆို ၄ ရက်
🤍 ရေခဲသေတ္တာ ခဲတဲ့အကန့်ဆိုရင် ၄-၆ လ ခံပါတယ်တဲ့။

🍼 အမေနို့ညှစ်ပြီး သိမ်းမယ်ဆိုရင်

👶 တခါသုံးပမာဏပဲ ခွဲသိမ်းပါ။ ကလေးတစ်ခါသောက်ရုံ (ဥပမာ ၂ အောင်စ သို့မဟုတ် ၄ အောင်စ) ခွဲသိမ်းခြင်းက လေလွင့်မှုကို သက်သာစေပါတယ်။

👶 ရက်စွဲတပ်ပါ။ နို့ဘူး/နို့အိတ်ပေါ်မှာ ညှစ်တဲ့ နေ့စွဲနဲ့ အချိန် ကို သေချာရေးထားပါ။ အဟောင်းကို အရင်တိုက်ပါ။

🍼 အမေနို့ခဲထားတာကို ကလေးကိုတိုက်မယ်ဆိုရင်

👶 နို့ကို ပြန်နွေးနည်း

👶 ရေခဲသေတ္တာထဲက နို့ကို ပြန်တိုက်မယ်ဆိုရင် ရေနွေးနွေးရှိတဲ့ ခွက်ထဲမှာ ခဏစိမ်ပြီး နွေးပေးပါ။ မီးဖိုပေါ်တင်ပြီး ကျိုတာ ဒါမှမဟုတ် Microwave နဲ့ အပူပေးတာမျိုး လုံးဝမလုပ်ရပါ။ (နို့ထဲက အာဟာရဓာတ်တွေ ပျက်စီးသွားနိုင်လို့ပါ)

🚫⛔️ ကျန်တဲ့နို့ကို ပြန်မသိမ်းပါနဲ့။ ကလေးတစ်ခါ သောက်လို့ကျန်တဲ့နို့ကို နောက်တစ်ခါ ပြန်တိုက်ဖို့ မသိမ်းသင့်တော့ပါဘူး (ဘက်တီးရီးယား ပွားနိုင်လို့ပါ)။
နို့ကို မညှစ်ခင်မှာ လက်ကို စင်ကြယ်အောင် ဆေးကြောဖို့နဲ့ နို့သိမ်းတဲ့ ပစ္စည်း၊ နို့ညှစ်တဲ့ပစ္စည်းတွေကို ပိုးသတ်သန့်စင်ထားဖို့လည်း အထူးဂရုစိုက်ပေးဖို့လိုပါတယ်။

နို့ညှစ်တိုက်တဲ့ မေမေတို့ အဆင်ပြေကြပါစေရှင် 🤍

⚠️စာများအား copy ယူပြီးပြန်တင်ခွင့်မပြုပါဘူးရှင့်
လွတ်လပ်စွာ share လို့ရပါတယ် 🤗

Contact US for vaccination or home care service
09982770192
09778423588

🤧 တုပ်ကွေးဖြစ်လို့ဆေးခန်းပြရရင် တခါပြရင် ၂၀၀၀၀-၃၀၀၀၀ ကုန်ပြီး အလုပ်ပျက် လူပင်ပန်းရပါသေးတယ်။ 💛 အဲဒါကြောင့် ကာကွယ်ခြင်းသည်...
11/04/2026

🤧 တုပ်ကွေးဖြစ်လို့ဆေးခန်းပြရရင် တခါပြရင် ၂၀၀၀၀-၃၀၀၀၀ ကုန်ပြီး အလုပ်ပျက် လူပင်ပန်းရပါသေးတယ်။
💛 အဲဒါကြောင့် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းပါတယ်ဆိုတဲ့အတိုင်း မိုးရာသီတုပ်ကွေးမဖြစ်ခင် တုပ်ကွေးကာကွယ်ဆေး ထိုးကြပါစို့ 📢📢📢

ပုံလေးတွေကတော့ နှစ်တိုင်း တစ်အိမ်လုံး တုပ်ကွေးကာကွယ်ဆေးထိုးတဲ့ ရွှေပြည်သာလူနာအိမ်က ပုံလေးတွေပါရှင် 🤍

အိမ်အရောက် ကာကွယ်ဆေးထိုးဖို့ ဆက်သွယ်နိုင်ပါပြီ 🤍

⚠️စာများအား copy ယူပြီးပြန်တင်ခွင့်မပြုပါဘူးရှင့်
လွတ်လပ်စွာ share လို့ရပါတယ် 🤗

Contact US for vaccination or home care service
09982770192
09778423588




#ဆရာဝန်အိမ်ပင့်


#လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေး

တုပ်ကွေးကာကွယ်ဆေးဆိုတာ မိုးရွာမှ မိုးတွင်းမှ ထိုးရတာဆို 🤔😱လူနာအများစု အမှတ်မှားနေကြတဲ့ အချက်လေးပါ 😇💉လေးမျိုးစပ်တုပ်ကွေးက...
03/04/2026

တုပ်ကွေးကာကွယ်ဆေးဆိုတာ မိုးရွာမှ မိုးတွင်းမှ ထိုးရတာဆို 🤔😱

လူနာအများစု အမှတ်မှားနေကြတဲ့ အချက်လေးပါ 😇

💉လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးဆိုတာ တစ်နှစ်တစ်ကြိမ် ထိုးရတဲ့ ကာကွယ်ဆေးပါ။ တုပ်ကွေးအဖြစ်များတဲ့ မိုးရာသီမတိုင်မှီ စောနိုင်သမျှ စောစောထိုးလေ ပိုအာနိသင်ရှိလေပါပဲ။

💉ဘာလို့လဲဆိုတော့ ကာကွယ်ဆေးထိုးပြီး antibody ထွက်ဖို့က ၂ ပတ်ကနေ ၄ ပတ်လောက်ထိ ကြာတတ်တာမို့ မိုးရာသီ တုပ်ကွေးမဖြစ်ခင် ready ဖြစ်နေမှ ကာကွယ်မှုနှုန်းလဲ ပိုကောင်းမှာဖြစ်ပါတယ်။

💉 ဒါကြောင့် တုပ်ကွေးအန္တရာယ် ကာကွယ်ဖို့ လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးထိုးဖို့ Doctor Home Care Page မှာ booking ယူနိုင်ပါပြီရှင် 🤍

ပုံလေးတွေက ဒီနှစ်ကာကွယ်ဆေးထိုးတဲ့ပုံအချို့ပါ ဆေးရောက်တာ ၂ ရက်ပဲရှိသေးပေမယ့် အလုံး ၄၀ ကျော်ကုန်ပါပြီရှင် 🤗

Contact US for vaccination or home care service
09982770192
09778423588




#ဆရာဝန်အိမ်ပင့်

Influvac tetra 2026လေးမျိုးစပ် ရာသီ တုပ်ကွေးကာကွယ်ဆေး🍀 ရာသီတုပ်ကွေးဆိုတာ ဘာလဲ🌷 ရာသီတုပ်ကွေးဆိုတာ ရာသီအကူးအပြောင်းမှာ တုပ...
01/04/2026

Influvac tetra 2026
လေးမျိုးစပ် ရာသီ တုပ်ကွေးကာကွယ်ဆေး

🍀 ရာသီတုပ်ကွေးဆိုတာ ဘာလဲ

🌷 ရာသီတုပ်ကွေးဆိုတာ ရာသီအကူးအပြောင်းမှာ တုပ်ကွေး ဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်တဲ့ အအေးမိ ဖျားနာခြင်း တမျိုးပါပဲ

🍀 တုပ်ကွေးကာကွယ်ဆေး

🌷 အခု မိုးရာသီမတိုင်ခင် အထိုးများနေတဲ့ လေးမျိုးစပ် တုပ်ကွေးကာကွယ်ဆေး ကတော့ တုပ်ကွေး ဗိုင်းရပ်စ် ၄ မျိုး ဖြစ်တဲ့
1. A/ H1N1
2. A/H3N2
3. B/Austria
4. B/Phukhet ကြောင့်ဖြစ်တဲ့ တုပ်ကွေးကို တစ်နှစ်ပတ်လုံးကာကွယ်နိုင်ပါတယ်။
ဒါကြောင့် တုပ်ကွေးကာကွယ်ဆေး ထိုးထားခြင်းဖြင့်တုပ်ကွေးဖြစ်ပွါးမှုကို လျှော့ချနိုင်သည့်အပြင် လေပြွန်ရောင်ရမ်းခြင်း ၊ အသက်ရှူကြပ်ခြင်း ၊ အဆုတ်ရောင်ခြင်း ၊ oxygen ကျခြင်း စတဲ့တုပ်ကွေးရဲ့ နောက်ဆက်တွဲ ပြသနာတွေ အတော်အသင့် ကာကွယ်နိုင်ပါတယ်။

🍀ဘယ်လိုထိုးရမလဲ

🌷 လေးမျိုးစပ် တုပ်ကွေးကာကွယ်ဆေးကို အသက် ၆ လ မှ စပြီး ထိုးနှံနိုင်ပါတယ်။

🩵 အသက် ၆ လ မှ ၉ နှစ်ထိ ကလေးများ အခုမှ စတင်ထိုးနှံမည်ဆိုပါက ကာကွယ်ဆေးကို ၂ ကြိမ် တစ်လစီခြားပြီး ထိုးရပါမယ်။
🩵 ၉ နှစ်မှ စ၍ ထိုးမည့်သူများက တစ်ကြိမ်သာ ထိုးရန် လိုအပ်ပါတယ်။

🍀 ဘယ်အချိန်ထိုးရမလဲ

🌷 ကာကွယ်ဆေးထိုးပြီး antibody ထွက်ဖို့က ၁၀ရက်မှ ၁၄ ရက်ထိ ကြာမြင့်ပါ၍ မိုးရာသီ မတိုင်ခင် စောစောထိုးလျှင် ပိုကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

🍀 ဘယ်သူတွေ ပိုပြီးထိုးသင့်သလဲ

🌷 ကလေးသူငယ်များ
🌷 အသက်အရွယ်ကြီးသူများ
🌷ကိုယ်ဝန်ဆောင်မိခင်များ
🌷ဆီးချို ၊ သွေးတိုးနှင့် အခြားရောဂါအခံရှိသူများ ပိုထိုးသင့်ပါတယ်

🌷 လေးမျိုးစပ် တုပ်ကွေးကာကွယ်ဆေး Vaxigrip tetra ကို cold chain မှန်ကန်စွာနဲ့ အိမ်တိုင်ရာရောက် စျေးသက်သာစွာ ထိုးနှံနိုင်ပါပြီရှင် 🩵

⚠️စာများအား copy ယူပြီးပြန်တင်ခွင့်မပြုပါဘူးရှင့်
လွတ်လပ်စွာ share လို့ရပါတယ် 🤗

Contact US for vaccination or home care service
09982770192
09778423588




#ဆရာဝန်အိမ်ပင့်

💉 သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး 💉အခုတလော ဆေးခန်းမှာ အမေးများနေတဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်းလေး ပြောပြပေးချင်ပါတယ...
12/01/2026

💉 သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး 💉

အခုတလော ဆေးခန်းမှာ အမေးများနေတဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်းလေး ပြောပြပေးချင်ပါတယ် ။

🌷 ဘယ်အရွယ်မှာစထိုးလို့ရတာလဲ ?

❤️ အသက် ၉ နှစ်အရွယ်မှ စပြီးထိုးလို့ရပါတယ်။
❤️ Sexual exposure မရှိခင်ထိုးလျှင် ပိုပြီး အကျိုးအာနိသင်ရှိပါတယ်။
❤️ sexual exposure ရှိဖူးရင်တော့ pap smear လို့ခေါ်တဲ့ သားအိမ်ခေါင်းကင်ဆာရှိ/မရှိ စစ်ဆေးပြီးမှသာ ထိုးလို့ရမှာဖြစ်ပါတယ်။

🌷 ဘယ်နှကြိမ်ထိုးရမှာလဲ ?

❤️ အသက် ၁၅ နှစ်အောက်ဆို ၆ လ စီခြားပြီး ၂ ကြိမ်ထိုးရပါမယ်။
❤️ အသက် ၁၅ နှစ်အထက်ဆို ၃ ကြိမ် ၁-၂-၆ လစီခြားပြီး ထိုးရပါမယ်။

🌷 ဆေးအမျိုးအစား ဘယ်နှမျိုးရှိတာလဲ ?

❤️ Cervarix vaccine
- HPV type 16 & 18 ကို ကာကွယ်ပေးတဲ့ vaccine ဖြစ်ပြီး အရင်ကသုံးခဲ့တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။

❤️ Gadasil 4
- HPV type 6,11,16,18 ဆိုတဲ့ type 4 မျိုးကို ကာကွယ်ပေးတဲ့ vaccine ဖြစ်ပြီး လက်ရှိိမှာလဲ သုံးနေတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။

❤️ Gadasil 9
- HPV type 6,11,16,18,31,33,45,52,58 ဆိုတဲ့ type 9 မျိုးအထိ ကာကွယ်ပေးတဲ့ လက်ရှိအကောင်းဆုံး ကာကွယ်ဆေးဖြစ်ပါတယ်။ သူက လိင်အင်္ဂါကြွက်နို့ဖြစ်စေတဲ့ virus အချို့ကိုပါ ကာကွယ်ပေးပါတယ်။

🌷 တစ်ခါထိုးပြီး ဘယ်လောက်ခံလဲ ?

❤️ တချို့ ကာကွယ်ဆေးတွေလို booster dose ထိုးဖို့တော့မလိုအပ်ပါဘူး။ Full course မှန်မှန်ထိုးထားတယ်ဆို တသက်တာအတွက်လုံလောက်ပါတယ်။

🌷 နောက်ဆုံးတခုက အမျိုးသားတွေရော ထိုးလို့ရပါသလား ?

❤️ ထိုးလို့ရပါတယ်။ အမျိုးသားတွေအတွက်ကျ လိင်အင်္ဂါကြွက်နို့ဖြစ်စေတဲ့ virus type တွေကနေ ကာကွယ်ပေးပါတယ်။

ကာကွယ်ဆေးထိုးချင်တယ်ဆို page messenger မှ တစ်ဆင့်ဖြစ်စေ ဆေးခန်း ph no တွေကတစ်ဆင့်ဖြစ်စေ booking ယူနိုင်ပါတယ်ရှင်။

⚠️စာများအား copy ယူပြီးပြန်တင်ခွင့်မပြုပါဘူးရှင့်
လွတ်လပ်စွာ share လို့ရပါတယ် 🤗

Contact US for vaccination or home care service
09982770192
09778423588




#ဆရာဝန်အိမ်ပင့်

🎉 HAPPY NEW YEAR 2026 🎉🌷 2026 နှစ်သစ်မှာ စိတ်အသစ် လူအသစ်နဲ့ လုပ်ငန်းအသစ်တွေ စတင်နိုင်ကြပါစေ 🌷🌷 စိတ်ချမ်းသာ ကိုယ်ကျန်းမာက...
01/01/2026

🎉 HAPPY NEW YEAR 2026 🎉

🌷 2026 နှစ်သစ်မှာ စိတ်အသစ် လူအသစ်နဲ့ လုပ်ငန်းအသစ်တွေ စတင်နိုင်ကြပါစေ 🌷
🌷 စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ 🌷
🌷 ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေ လို့ Doctor Home Care မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🌷

လစဉ် တနင်္ဂနွေနေ့တိုင်း နိုင်သလောက်အလှူလေး လုပ်ရင်း တလပြီးတလကုန်ဆုံးပြီး ၂၀၂၆ ကိုရောက်ပါတော့မယ် 🥳ညဖက် ဆေးခန်းပိတ်ပြီးရင်...
31/12/2025

လစဉ် တနင်္ဂနွေနေ့တိုင်း နိုင်သလောက်အလှူလေး လုပ်ရင်း တလပြီးတလကုန်ဆုံးပြီး ၂၀၂၆ ကိုရောက်ပါတော့မယ် 🥳
ညဖက် ဆေးခန်းပိတ်ပြီးရင် ကားနဲ့ပတ်ပြီး စည်ပင်ဝန်ထမ်း၊ ချို့တဲ့တဲ့လူတွေ၊ food panda / Grab rider လေးတွေကို ကြုံသလို ခေါက်ဆွဲကြော် ကြာဇံကြော်လေးတွေ လှူခဲ့ဝေခဲ့ပါတယ်။ ပြုသမျှကောင်းမှုကုသိုလ်တွေထဲ လူနာတွေရဲ့အလှူလည်းပါတာမို့ အားလုံးကုသိုယ် ထပ်တူရကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ရှင် 🙏
၂၀၂၆ မှာလဲ ဒီထက် လှူနိုင် ကုသိုလ်ပြုနိုင်အောင် ကြိုးစားပါမယ်ရှင့် 🙏

အလှူခံပုဂ္ဂိုလ်ပုံတွေကတော့ ၁၀ခါ ၁ ခါ မရိုက်ဖြစ်ပါဘူးမျက်နှာလဲ မပါပါဘူး မုဒိတာပွါးရအောင် ၂ ပုံလောက်ပဲရိုက်ဖြစ်တာပါ 🙏

အားလုံးလဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အန္တရာယ်ကင်းကြပါစေ 🙏

Address

Yangon

Opening Hours

Monday 06:00 - 23:00
Tuesday 06:00 - 23:00
Wednesday 06:00 - 23:00
Thursday 06:00 - 23:00
Friday 06:00 - 23:00
Saturday 06:00 - 23:00
Sunday 06:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Doctor Home Care Service - အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share