Ultra Health Services - UHS

Ultra Health Services - UHS "Traveling for Wellness: Where Every Step Is Guided with Care"

🚨 GERDဆိုတာ အစာအိမ်ထဲမှာရှိတဲ့ အစာခြေရည်နှင့်အက်စစ်တွေ က အနောက်ပြန် ပြန်စီးဆင်းမှုကြောင့်ဖြစ်လာတဲ့ ရောဂါဖြစ်ပါတယ်ရှင့်📍 ...
27/05/2026

🚨 GERDဆိုတာ အစာအိမ်ထဲမှာရှိတဲ့ အစာခြေရည်နှင့်အက်စစ်တွေ က အနောက်ပြန် ပြန်စီးဆင်းမှုကြောင့်ဖြစ်လာတဲ့ ရောဂါဖြစ်ပါတယ်ရှင့်

📍 အစာခြေရည် နှင့်အက်စစ်တွေဟာ အစာရည်မြိုပြွန် နံရံရှိ cell များကို ထိခိုက်ပျက်စီးစေပြီး ၊ ရောင်ယမ်းခြင်းကိုဖြစ်စေပါတယ်ရှင့်

‼️ ရောဂါလက္ခဏာတွေကတော့
✔️ ရင်ပူခြင်း
✔️ ရင်ဘတ် အလယ်တစ်ဝိုက် တွင် အောင့်ခြင်း
✔️ ချောင်းဆိုးခြင်း
✔️ အစာများပြန်တက်လာခြင်း
✔️ ပါးစပ်ထဲတွင် ချဉ်စူးစူးအရသာခံစားရခြင်း
✔️ အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း
✔️ အစာစားပြီးတိုင်း မအီမသာဖြစ်ခြင်း
✔️ ပျို့အန်ခြင်း တို့ ခံစားရတတ်ပါတယ် ရှင့်

📍 GERD ခံစားရသူများအနေဖြင့်

#အစာကိုအချိန်မှန်မှန်စားပေးရပါမယ်

#ညအိပ်ခါနီး အစာစားခြင်း ကိုရှောင်ရပါမယ်

#အိပ်ချိန် နှင့် အစာစားချိန် ၄ နာရီလောက် အနည်းဆုံး ခြားထားရပါမယ်

#အလွန်အကျွံစားသုံးခြင်းကို ရှောင်ရပါမယ်

နှင့် Caffeine ပါသော ဖျော်ရည်များ ရှောင်ရပါမယ်

#အငန်အစပ် များရှောင်ရပါမယ်

#ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်း ရှောင်ရပါမယ်

#တင်းကြပ်သောအဝတ်အစားများ မဝတ်သင့်ပါ

#လေ့ကျင့်ခန်းပုံမှန်ပြုလုပ် ရပါမယ် ရှင့်

🚨 အကယ်၍ ရောဂါလက္ခဏာ များပြင်းထန်ပြီး မသက်သာပါက
သက်ဆိုင်ရာ ဆရာဝန် နှင့်ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုကိုပါ ခံယူသင့်ပါတယ်ရှင့်

‼️ GERD ဟာ မကုဘဲ ကြာရှည်စွာခံစားလာရပြီဆိုရင် နောက်ဆက်တွဲအနေနဲ့
✔️ Esophagitis အစာရည်မြိုပြွန် ရောင်ခြင်း
✔️ Stenosis အစာရည်မြိုပြွန် ကျဉ်းလာသောကြောင့် အစာမြိုရခက်ခဲခြင်း
✔️ Esophageal cancer အစာရည်မြိုပြွန် ကင်ဆာ အဖြစ်ပြောင်းသွားခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်

🚨 GERD အသက်အရွယ်မရွေး ခံစားရတတ်တဲ့ ရောဂါဖြစ်တာကြောင့် နောက်ဆက်တွဲရောဂါ များမဖြစ်ရအောင် ကျန်းမာရေးဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ရပါတယ်ရှင့် ❤️

̀ 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐢𝐧𝐠 𝐅𝐨𝐫 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬:𝐖𝐡𝐞𝐫𝐞 𝐄𝐯𝐞𝐫𝐲 𝐒𝐭𝐞𝐩 𝐈𝐬 𝐆𝐮𝐢𝐝𝐞𝐝 𝐖𝐢𝐭𝐡 𝐂𝐚𝐫𝐞 ́

📌𝐔𝐇𝐒 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သော်လည်းကောင်း၊
📞𝟎𝟗 𝟒𝟐𝟔 𝟐𝟔𝟑 𝟕𝟑𝟕 ကို လည်းကောင်း ဆက်သွယ်
စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်
𝐌𝐚𝐢𝐥: [email protected]
📍လိပ်စာ-အမှတ် 15C , အင်းလျားမြိုင်လမ်း,ရွှေတောင်ကြား,ဗဟန်းမြို့နယ်,ရန်ကုန်မြို့






👁️မျက်လုံးမှာ တိမ်စွဲတယ် တိမ်ဖြစ်တယ် ဘာလဲ ❓Cataract လို့ ခေါ်တဲ့ တိမ်ဖြစ်တယ် ဆိုတာဟာ မျက်လုံးထဲမှာရှိတဲ့ lens ဟာ အသက်အရွ...
25/05/2026

👁️မျက်လုံးမှာ တိမ်စွဲတယ် တိမ်ဖြစ်တယ် ဘာလဲ ❓

Cataract လို့ ခေါ်တဲ့ တိမ်ဖြစ်တယ် ဆိုတာဟာ မျက်လုံးထဲမှာရှိတဲ့ lens ဟာ အသက်အရွယ် ကြီးလာတာနဲ့အမျှ ပျက်စီးလာပြီး lens ထဲ မှာ စုပုံလာတဲ့ ပျက်စီးလာတဲ့ products တွေ ကြောင့် အမြင်အာရုံကြည်လင်ပြတ်သားမှုမရှိဘဲ ဝေဝါးလာခြင်းကို တိမ်ဖြစ်တယ် လို့ ခေါ်ကြပါတယ် 💙

မျက်လုံး တိမ်စွဲတာဟာ ကျားမ မရွေး⚧️ အသက်ရွယ် မရွေးဖြစ်နိုင်ပေမယ့် အသက် ၆၀ ကျော် လူကြီး တွေ မှာ တော်တော်များများ ဖြစ်ပွါးတတ်ပါတယ်ရှင့် 🤍

မျက်လုံးတိမ်စွဲခြင်း ရဲ့ early signs တွေကတော့

📍အမြင်အာရုံ ဝေဝါးခြင်း
📍ကြည်လင်ပျက်သား မှုမရှိခြင်း
📍ညပိုင်း တွင် နေ့ဘက်ပိုင်းထက် ပိုမမြင်ရခြင်း
📍မျက်လုံး တစ်ဘက်နှင့်တစ်ဘက် ညီမျှစွာ မမြင်ရခြင်း
📍အနီးမှုန် အဝေးမှုန် လက္ခဏာ များရှိလာခြင်း တို့ ဖြစ်ပါတယ် ရှင့်

မျက်လုံးတိမ်👁️ ဟာ အဆိုးဆုံးအဆင့်အခြေအနေတွင် မျက်လုံးကွယ်ခြင်း အဆင့်ထိ ရောက်ရှိသွားနိုင်တာဖြစ်လို့
မိမိ တို့ ရဲ့ မျက်လုံး ကျန်းမာရေး စစ်ဆေးခြင်း ဟာလဲ ပုံမှန် ပြုလုပ်သင့်တဲ့ စစ်ဆေးမှုမျိုး တစ်ခုထဲ ပါဝင်ပါတယ် 💚

ဒါ့ကြောင့် ဒီအပတ်ရဲ့ ကျန်းမာရေး ဗဟုသုတအနေနဲ့ မျက်လုံးတိမ်စွဲခြင်း အကြောင်းလေး မျှဝေပေးလိုက်ရပါတယ်ရှင့် 🤎

မျက်လုံး နဲ့ ပတ်သတ်တဲ့ စစ်ဆေးခြင်း package တွေ ခွဲစိတ်ခြင်း package တွေ အတွက် UHS page တွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်❤️

̀ 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐢𝐧𝐠 𝐅𝐨𝐫 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬:𝐖𝐡𝐞𝐫𝐞 𝐄𝐯𝐞𝐫𝐲 𝐒𝐭𝐞𝐩 𝐈𝐬 𝐆𝐮𝐢𝐝𝐞𝐝 𝐖𝐢𝐭𝐡 𝐂𝐚𝐫𝐞 ́

📌𝐔𝐇𝐒 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သော်လည်းကောင်း၊
📞𝟎𝟗 𝟒𝟐𝟔 𝟐𝟔𝟑 𝟕𝟑𝟕 ကို လည်းကောင်း ဆက်သွယ်
စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်
𝐌𝐚𝐢𝐥: [email protected]
📌လိပ်စာ-အမှတ် 15C , အင်းလျားမြိုင်လမ်း,ရွှေတောင်ကြား,ဗဟန်းမြို့နယ်,ရန်ကုန်မြို့




📣‘ပြည်ပ သွားချင်သူများအတွက် သတင်းကောင်းလေး'📣မင်္ဂလာပါ🙏ကျွန်မတို့ 📍UHS -Ultra Health Services မှ medical tour services မျ...
23/05/2026

📣‘ပြည်ပ သွားချင်သူများအတွက် သတင်းကောင်းလေး'📣

မင်္ဂလာပါ🙏
ကျွန်မတို့ 📍UHS -Ultra Health Services မှ medical tour services များ အပြင် ပြည်ပနိုင်ငံများသို့ သွားရောက်လို သူတွေအတွက်
🤝**လေယာဉ် လက်မှတ်များ ဝယ်ယူနိုင်ခြင်း**🤝
🤝**Visa ကိစ္စများအတွက် စီစဉ်ပေးခြင်း**🤝
စတဲ့ ဝန်ဆောင်မှုတွေပါ ရရှိနိုင်ပါကြောင်း သတင်းကောင်းလေး ပါးလိုက်ရပါတယ်နော်

🍀‘နိုင်ငံခြားမှာ ဆေးကုချင်တယ်’
🍀’ဆေးစစ်ချင်တယ်’
🍀‘ဘယ်က စရမလဲ မသိဘူး’ဆိုရင်တော့
ကျွန်မတို့ 📍UHS-Ultra Health Services ကို အခုပဲ ဆက်သွယ် မေးမြန်းလိုက်ပါနော်👋

ပြည်ပနိုင်ငံတွေမှာ ဆေးကုသဖို့နဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို နိုင်ငံတကာ အဆင့်မှီ ဆေးရုံကြီးတွေမှာ ပြုလုပ်ချင်တယ်ဆိုရင်

ကျွန်မတို့ 📍UHS မှ ဆရာဝန် ကိုယ်တိုင်နှင့် 💝**အခမဲ့ **💝ဆွေးနွေး တိုင်ပင်န်ိုင်သည့် အပြင်

☝️1.ဆေးရုံရက်ချိန်း booking စီစဉ်ပေးခြင်း၊
☝️2.လူနာရဲ့ အခြေအနေနဲ့ ကိုက်ညီနိုင်မည့်
ဆေးရုံများအား ရွေးချယ် အကြံပြုပေးခြင်း၊
☝️3.လူနာရဲ့ ဆေးကုသမှု၊ ကျန်းမာရေးစစ်ဆေးမှုများအတွက် ခန့်မှန်း ကုန်ကျစရိတ် တွက်ပေးခြင်း၊
☝️4.လေယာဉ် လက်မှတ်များ ဝယ်ယူနိုင်ခြင်း၊booking လုပ်ပေးခြင်း၊
☝️5.Visa ကိစ္စများအတွက် စီစဉ်ပေးခြင်း တို့အပြင်
* လို အပ် ပါ က *
✅စကားပြန်စီစဉ်ပေးခြင်း၊
✅ဟိုတယ်နှင့် ဆေးရုံသို့ အကြိုအပို့ စီစဉ်ပေးခြင်း၊
✅လေဆိပ် အကြိုအပို့လုပ်ပေးခြင်း
စတဲ့ ဝန် ဆောင် မှု များ ကို ရရှိနိုင်ပါတယ် …

‘'Travelling For Wellness:Where Every Step Is Guided With Care’’

အသေးစိတ်သိရှိလိုပါက page messenger နဲ့
**09426263737**ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်
Email- [email protected]
📍လိပ်စာ-အမှတ် 15C , အင်းလျားမြိုင်လမ်း,ရွှေတောင်ကြား,ဗဟန်းမြို့နယ်,ရန်ကုန်မြို့



ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ အထွဋ်အမြတ်ဆုံးနေ့ဖြစ်တဲ့ 🌕ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် 💦အချိန်အခါသမယမှ...
30/04/2026

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ အထွဋ်အမြတ်ဆုံးနေ့ဖြစ်တဲ့ 🌕ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် 💦အချိန်အခါသမယမှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ✨UHS - Ultra Health Services Team မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်💚

ကျွန်မတို့ Ultra Health Services ၏ ဝန်ဆောင်မှုများအကြောင်းကိုအသေးစိတ်သိရှိလိုပါက
ဖုန်း- 0͟9͟4͟2͟6͟2͟6͟3͟7͟3͟7͟ ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်
𝐌𝐚𝐢𝐥: [email protected]
📍လိပ်စာ-အမှတ် 15C , အင်းလျားမြိုင်လမ်း,ရွှေတောင်ကြား,ဗဟန်းမြို့နယ်,ရန်ကုန်မြို့


🥵 အပူဒဏ် အန္တရာယ် 🥵အခုဆိုရင် မြင့်မားတဲ့ အပူဒဏ်ကြောင့် နေထိုင်မကောင်းဖြစ်တာအပြင် အပူလျှပ်တဲ့သတင်းတွေကို မကြာခဏ ဆိုသလို မ...
27/04/2026

🥵 အပူဒဏ် အန္တရာယ် 🥵

အခုဆိုရင် မြင့်မားတဲ့ အပူဒဏ်ကြောင့် နေထိုင်မကောင်းဖြစ်တာအပြင် အပူလျှပ်တဲ့သတင်းတွေကို မကြာခဏ ဆိုသလို မြင်တွေ့နေရပါတယ်။

ပြင်းထန်တဲ့ အပူဒဏ်ကြောင့် နေလောင်တာ(Sunburn),အပူကြောင့်ကြွက်တက်တာ(Heat Cramps), အပူဓါတ်လွန်ကဲတာ / အပူကြောင့် ပင်ပန်းနွမ်းနယ်တာ(Heat Exhaustion) တို့အပြင် အဆိုးဆုံး ကတော့👉 ‘အပူလျှပ်တာ (Heat Stroke)’စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

ဒီဆိုးကျိုးတွေထဲမှာ မှ
၁.အပူကြောင့်ပင်ပန်းနွမ်းနယ်ခြင်း(Heat Exhaustion)👈🤒
၂.အပူလျှပ်ခြင်း (Heat Stroke) 👈🤒
စတဲ့ ဖြစ်စဉ်တွေဟာ အသက်အန္တရာယ်ရှိနိုင်တဲ့ အတွက် သိထားသင့်တဲ့ လက္ခဏာများကို ဖော်ပြ ပေးလိုက်ပါတယ်

📌🔆အပူကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)လက္ခဏာများ
-ချွေးအလွန်အကျွံထွက်ခြင်း
-ခေါင်းကိုက်ခြင်း
-ပင်ပန်းနွမ်းနယ်ပြီးနုံးချိလာခြင်း
-ရေအလွန်ငတ်ခြင်း
-မူးဝေအော့အန်ခြင်း
-အသက်ရှူမြန်ခြင်း,နှလုံးခုန်မြန်ခြင်း
-ကြွက်တက်ခြင်း တို့ပဲ ဖြစ်ပါတယ်

အဲ့လိုတွေ ခံစားလာရပြီ ဆိုရင်တော့ လူနာကို ❄️အေးတဲ့ နေရာမှာ အနားယူစေပြီး ရေဓါတ်ဖြည့် ပေးဖို့ နဲ့ ခန္ဓာကိုယ်ကို အေးမြသွားအောင်လုပ်ဖို့ အထူးအရေးကြီးပါတယ်👍
မိနစ် ၃၀ အတွင်း အထက်ပါ လက္ခဏာများ မသက် သာရင် နီးစပ်ရာဆေးရုံဆေးခန်းကို🩺 အမြန်ဆုံး သွားရောက် ကုသမှုခံယူရမှာ ဖြစ်ပါတယ်

အပူဓါတ်လွန်ကဲခြင်း/အပူကြောင့်နွမ်းနယ်ခြင်း (Heat Exhaustion) အဆင့်ကို သတိမပြုမိဘူး မကုသဘူး ဆိုရင် ပိုပြီးပြင်းထန်တဲ့ ❗️အပူရှပ်ခြင်း (Heat Stroke) အဆင့် သို့ရောက်နိုင်ပါတယ်
🌡️အပူရှပ်ခြင်း ကို မကုသ ပဲ ပေါ့ဆ စွာ နေရင် အသက်ပါဆုံးရှုံးနိုင် ပါတယ်နော်

📌🔆အပူရှပ်ခြင်း (Heat Stroke) လက္ခဏာများ
-ခန္ဓာကိုယ် အပူချိန် 40'C နှင့် အထက် ရှိခြင်း
-ချွေးမထွက်ပဲ အသားအရည် နီရဲ ပူခြစ် ခြောက်သွေ့မှုရှိနိုင်ခြင်း
-တက်ခြင်း
-သတိလစ်ခြင်း
စတဲ့ လက္ခဏာတွေ ရှိလာရင်တော့ အရေးပေါ် အခြေအနေဖြစ်တဲ့ အတွက် နီးစပ်ရာ ဆေးရုံဆေးခန်းသို့🩺 ***အမြန် ဆုံး သွားရောက်ဖို့ အထူးလို အပ်ပါတယ်👍

ဆေးရုံဆေးခန်းကို မရောက်ခင်မှာ လူနာကို အတတ်နိုင်ဆုံး အေးမြသွားအောင် အရေးပေါ်ပြုစုတဲ့ အနေနဲ့
✅လူနာကို အေးတဲ့နေရာမှာထားပါ
✅လူနာသတိရှိပါက ရေ/ဓါတ်ဆားရည်တိုက်ပေးပါ
✅ အဝတ်ထူထူကျပ်ကျပ် ဝတ်ထားတာ ရှိရင် ချွတ်ပေးပါ
✅လူနာကို လှဲလျောင်းစေပြီး ခြေထောက်ကို အနည်းငယ် မြှင့်ထားပါ
✅ ခေါင်း, လည်ပင်း, ဂျိုင်း, ပေါင်ခြံ, စတဲ့နေရာတွေကို ရေအေးစွတ်ထားတဲ့ ရေပတ်ဝတ်နဲ့တိုက်ပေးပါ
စတာတွေကို ပြုလုပ်ပေးပြီး နီးစပ်ရာဆေးရုံ ဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ပေးဖို့ လိုအပ်ပါတယ်နော်..🛎️

လူကြီးလူငယ် အရွယ်မရွေး စိတ်ချ ယုံကြည်စွာ နဲ့
ထိုင်းနိုင်ငံမှာရှိ တဲ့ ကမ္ဘာ့အဆင့်မီ ဆေးရုံကြီးတွေ မှာ ကျန်းမာရေး စစ်ဆေးကုသမှုတွေကို ပြုလုပ် ချင်တယ်ဆိုရင်တော့ ကျွန်မတို့ 📍UHS-Ultra Health Services ကို အခုပဲ ဆက်သွယ်လိုက်ပါနော်.

Travelling For Wellness:Where Every Step Is Guided With Care’

အသေးစိတ်သိရှိလိုပါက
📞09426263737 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
[email protected]
📍လိပ်စာ-အမှတ် 15C , အင်းလျားမြိုင်လမ်း,ရွှေတောင်ကြား,ဗဟန်းမြို့နယ်,ရန်ကုန်မြို့



သင်္ကြန်အတာရေအေးလေး💦နဲ့အတူ စိတ်ရွှင်လန်းပါစေ💚ဘေးဘယာဝေးကွာပြီး လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ ကြောင်း ✨UHS မိ...
13/04/2026

သင်္ကြန်အတာရေအေးလေး💦နဲ့အတူ စိတ်ရွှင်လန်းပါစေ💚
ဘေးဘယာဝေးကွာပြီး လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ ကြောင်း
✨UHS မိသားစု မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင့် 🤍

̀ 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐢𝐧𝐠 𝐅𝐨𝐫 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬:𝐖𝐡𝐞𝐫𝐞 𝐄𝐯𝐞𝐫𝐲 𝐒𝐭𝐞𝐩 𝐈𝐬 𝐆𝐮𝐢𝐝𝐞𝐝 𝐖𝐢𝐭𝐡 𝐂𝐚𝐫𝐞 ́

ကျွန်မတို့ 📌𝐔𝐇𝐒 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သော်လည်းကောင်း၊
📞𝟎𝟗 𝟒𝟐𝟔 𝟐𝟔𝟑 𝟕𝟑𝟕 ကို လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်
𝐌𝐚𝐢𝐥: [email protected]
📍လိပ်စာ-အမှတ် 15C , အင်းလျားမြိုင်
လမ်း,ရွှေတောင်ကြား,ဗဟန်းမြို့နယ်,ရန်ကုန်မြို့


ကိုယ်ချစ်ရတဲ့ မိသားစု နဲ့အတူ ကျန်းမာအသက်ရှည်စေဖို့ အထွေထွေ ကျန်းမာရေးစစ်ဆေးခြင်း ⭐️Health Screening Package⭐️ လေး တွေ နဲ...
10/04/2026

ကိုယ်ချစ်ရတဲ့ မိသားစု နဲ့အတူ ကျန်းမာအသက်ရှည်စေဖို့ အထွေထွေ ကျန်းမာရေးစစ်ဆေးခြင်း
⭐️Health Screening Package⭐️ လေး တွေ နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ရှင့် 🤍

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကမ္ဘာ့အဆင့်မှီ ဆေးရုံ ကြီးတွေမှာ 🏥
Medical Checkup လုပ်နိုင်ရန် ကျွန်မတို့ ✨UHS မှ အစအဆုံး အခမဲ့ တာဝန်ယူစီစဉ်ပေးလျက်ရှိပါတယ်် ရှင့် 💚

Medical Checkup Program မှာ ဘာတွေပါလဲ ဆိုရင်

➡️အထွေထွေ သွေးစစ်ဆေးခြင်း 🩸

➡️Sugar & Lipid Profile (သွေးတွင်း သကြား၊အဆီဓာတ် စစ်ဆေးခြင်း) 🌡️

➡️Liver & Kidney Function (အသည်း နှင့် ကျောက်ကပ် စစ်ဆေးခြင်း)🫁

➡️Thyroid function ( သိုင်းရွိုက် ဟော်မုန်းစစ်ဆေးခြင်း)🩺

➡️Tumor Markers ( ကင်ဆာ စစ်ဆေးခြင်း)🧬

➡️Bone Densitometry ( အရိုးသိပ်သည်းဆ စစ်ဆေးခြင်း)🔬

➡️Urine& Stool Examination ( ဆီးနှင့်ဝမ်း စစ်ဆေးခြင်း🧪

➡️Imaging Investigation ( ဓာတ်မှန် နှင့် အာထရာဆောင်း )🩻

➡️Cardiovascular Investigation ( နှလုံးနှင့် သွေးကြော စစ်ဆေးခြင်း)🫀

➡️Vitamin D profile ( ဗီတာမင် D ပမာဏစစ်ဆေးခြင်း) တို့ပါဝင်ပါတယ် ရှင့် 👐🏻

ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းဖြင့် ရောဂါများကိုကြိုတင်ကာကွယ်နိုင်ပြီး အသက်ရှည်
ကျန်းမာစေပါတယ်ရှင့် 🫶🏻

ကျန်းမာရေးစစ်ဆေးခြင်းများအပြင် ကမ္ဘာ့အဆင့်မှီဆေးရုံကြီးတွေ မှာ ကုသမှုခံယူစေနိုင်ဖို့ ကျွန်မတို့ ✨UHS မှ စေတနာ အပြည့်ဖြင့် ဆောင်ရွက်ပေးနေပါတယ် ရှင့် ❤️

အသေးစိတ်စုံစမ်း မေးမြန်းလိုပါက UHS messenger မှ တစ်ဆင့် ဆက်သွယ်လိုက်တော့နော်🤙🏻

̀ 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐢𝐧𝐠 𝐅𝐨𝐫 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬:𝐖𝐡𝐞𝐫𝐞 𝐄𝐯𝐞𝐫𝐲 𝐒𝐭𝐞𝐩 𝐈𝐬 𝐆𝐮𝐢𝐝𝐞𝐝 𝐖𝐢𝐭𝐡 𝐂𝐚𝐫𝐞 ́

ကျွန်မတို့ 📌𝐔𝐇𝐒 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သော်လည်းကောင်း၊
📞𝟎𝟗 𝟒𝟐𝟔 𝟐𝟔𝟑 𝟕𝟑𝟕 ကို လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်
𝐌𝐚𝐢𝐥: [email protected]
📍လိပ်စာ-အမှတ် 15C , အင်းလျားမြိုင်လမ်း,ရွှေတောင်ကြား,ဗဟန်းမြို့နယ်,ရန်ကုန်မြို့



ဆီးချိုရောဂါဟာ နာတာရှည် ကျောက်ကပ်ပျက်စီးစေတဲ့ရောဂါဖြစ်ပြီး silent killer ထဲ မှာ တစ်ခုအပါအဝင်ဖြစ်ပါတယ် 🫢🦠ဆီးချိုရောဂါ အတွ...
08/04/2026

ဆီးချိုရောဂါဟာ နာတာရှည် ကျောက်ကပ်ပျက်စီးစေတဲ့ရောဂါဖြစ်ပြီး silent killer ထဲ မှာ တစ်ခုအပါအဝင်ဖြစ်ပါတယ် 🫢🦠

ဆီးချိုရောဂါ အတွက် ဘာတွေ စစ်ဆေးသင့်သလဲ ? ❗️❓🤔

ပုံမှန် လက်ထိပ်ဖောက်💉ပြီး သွေးတွင်းအချိုဓာတ် တိုင်းတာခြင်းဖြင့် သိရှိနိုင်ပါတယ် 🌡️

📌Fasting Blood Sugar (FBS)
ည၁၀နာရီနောက်ပိုင်း ဘာမှမစားရပါ 🚫ရေသောက်လို့ရပါတယ် မနက်၇နာရီတွင် စစ်ရပါမယ် 🙌
👉Normal FBS - 80-130mg%
၃ရက်/၅ရက်/၁ပတ် တစ်ခါစစ်ဆေးသင့်ပါတယ်ရှင့် 👌

📌2Hour Post Pranial (2HPP)
အစာစားပြီး ၂ နာရီ အကြာမှာ စစ်ရပါမယ်
👉Normal 2HPP- 140-180 mg%

📌Random Blood Sugar (RBS)
ကြိုက်တဲ့အချိန်စစ် နိုင်ပါတယ်
👉Normal RBS 200mg% အောက် ရှိရပါမယ်

ဆီချိုရောဂါဟာ အစားအသောက်နဲ့ အင်မတန်သက်ဆိုင်တာဖြစ်လို့
အရွက်🥦၊အသား🍖၊ငါး၊ပဲ🫘 တို့ကို အဓိကထား စားသုံးသင့်ပြီး
ဆန်၊ဂျုံ 🍚🍞အစရှိတဲ့ carbohydrate ပါဝင်မှုများတဲ့အစားအသောက်တွေကို လျှော့စားသင့်ပါတယ်ရှင့်🤗

အချိုလွန်ကဲသောအစားစာများ🍭၊ သကြား ၊ဖျော်ရည် 🧃၊သစ်သီး တို့ကို တတ်နိုင်သလောက်ရှောင်ကြဉ်သင့်ပါတယ်ရှင့်🚫
📌နောက်ဆုံးတစ်ချက်အနေနဲ့တော့ ဆီးချိုရှိသူတွေမှာ ဆီးချိုဆေးသောက်သုံးရာမှာ ဆရာဝန်ညွှန်ကြားတဲ့အချိန်အတိုင်း တိတိကျကျသောက်သုံးဖို့အရေးကြီးပါတယ် 🤍

ဆီးချိုရောဂါကို ကြိုတင်သတိထားကာကွယ်နိုင်စေရန် ရည်ရွယ်ပြီး ဒီနေ့ ကျန်းမာရေးဗဟုသုတအနေနဲ့ ဆီးချိုရောဂါအကြောင်း ဆွေးနွေးပေးလိုက်ရပါတယ် ရှင့် 💚

̀ 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐢𝐧𝐠 𝐅𝐨𝐫 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬:𝐖𝐡𝐞𝐫𝐞 𝐄𝐯𝐞𝐫𝐲 𝐒𝐭𝐞𝐩 𝐈𝐬 𝐆𝐮𝐢𝐝𝐞𝐝 𝐖𝐢𝐭𝐡 𝐂𝐚𝐫𝐞 ́

ကျွန်မတို့ 📌𝐔𝐇𝐒 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သော်လည်းကောင်း၊
📞𝟎𝟗 𝟒𝟐𝟔 𝟐𝟔𝟑 𝟕𝟑𝟕 ကို လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်
𝐌𝐚𝐢𝐥: [email protected]
📍လိပ်စာ-အမှတ် 15C , အင်းလျားမြိုင်လမ်း,ရွှေတောင်ကြား,ဗဟန်းမြို့နယ်,ရန်ကုန်မြို့



လူတော်တော်များများဟာ ကျန်းမာရေး ပုံမှန်စစ်ဆေးရမှာကို မေ့လျော့နေကြပြီး ရောဂါဖြစ်မှသာ ကုသတတ်ကြပါတယ် ဒီနေ့မှာတော့ ⛑️𝐇𝐞𝐚𝐥𝐭𝐡 ...
03/04/2026

လူတော်တော်များများဟာ ကျန်းမာရေး ပုံမှန်
စစ်ဆေးရမှာကို မေ့လျော့နေကြပြီး ရောဂါဖြစ်မှသာ ကုသတတ်ကြပါတယ်

ဒီနေ့မှာတော့ ⛑️𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐡𝐞𝐜𝐤𝐮𝐩 ရဲ့ အရေးပါပုံကို မျှဝေပေးလိုက်ပါတယ်ရှင့်

✅𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐡𝐞𝐜𝐤𝐮𝐩 ပြုလုပ်တယ်ဆိုတာဟာ လူတစ်ယောက်ရဲ့ ✨𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 ရော ✨𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 အကောင်းဆုံးဖြစ်နေဖို့ လိုအပ်တဲ့ အရာတွေ အကုန်လုံးကို စုစည်းပြီး စစ်ဆေးခြင်း ဖြစ်ပါတယ်ရှင့်

📋𝐂𝐡𝐞𝐜𝐤𝐮𝐩 မှာပါတဲ့ စစ်ဆေးမှု တစ်ခုဆီဟာ •ရောဂါတွေဖြစ်စေတဲ့ 𝐑𝐢𝐬𝐤 𝐅𝐚𝐜𝐭𝐨𝐫 များ ၊
•ခန္ဓာကိုယ်မှာဖြစ်ပေါ်နေသော 𝐃𝐢𝐬𝐨𝐫𝐝𝐞𝐫 များ ၊
•အသေးစိတ်ကုသမှုလိုအပ်သော ရောဂါများ ကို အခြေခံစစ်ဆေးလိုက်ခြင်းဖြစ်ပါတယ်

ဒါ့ကြောင့်
▪️ရောဂါကို ကြိုတင်သိရှိခြင်း
▪️စောစီးစွာကုသနိုင်ခြင်း
▪️ကြိုတင်ကာကွယ်နိုင်ခြင်း တို့ကြောင့်
ပိုမို အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ပါတယ်ရှင့်

𝐂𝐡𝐞𝐜𝐤𝐮𝐩 ကို ဘယ်လောက် တစ်ခါလုပ်သင့်လဲ❓
ကျန်းမာရေးစစ်ဆေးမှုဟာ❗️တစ်နှစ်တစ်ကြိမ်❗️ပုံမှန် ပြုလုပ်သင့်ပါတယ်ရှင့်

𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐡𝐞𝐜𝐤𝐮𝐩♻️ ပုံမှန်ပြုလုပ်ခြင်းဖြင့် ရောဂါများကို စောစောစီးစီးကြိုတင် ကုသမှု ခံယူနိုင်တာဖြစ်လို့ ကုသမှုအောင်မြင်နှုန်း ပိုများပါတယ်ရှင့်

ဒါ့ကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး 🎊အနာဂတ်တွင် ရောဂါဘယကင်းဝေးကြစေရန် ရည်ရွယ်ပြီး ဒီအပတ်ရဲ့ ဗဟုသုတ အနေနဲ့ မျှဝေလိုက်ပါတယ်

̀ 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐢𝐧𝐠 𝐅𝐨𝐫 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬:𝐖𝐡𝐞𝐫𝐞 𝐄𝐯𝐞𝐫𝐲 𝐒𝐭𝐞𝐩 𝐈𝐬 𝐆𝐮𝐢𝐝𝐞𝐝 𝐖𝐢𝐭𝐡 𝐂𝐚𝐫𝐞 ́

အသေးစိတ်သိလိုသမျှကို 📌𝐔𝐇𝐒 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သော်လည်းကောင်း၊
📞𝟎𝟗 𝟒𝟐𝟔 𝟐𝟔𝟑 𝟕𝟑𝟕 ကို လည်းကောင်း ဆက်သွယ်
စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်
𝐌𝐚𝐢𝐥: [email protected]
📍လိပ်စာ-အမှတ် 15C , အင်းလျားမြိုင်လမ်း,ရွှေတောင်ကြား,ဗဟန်းမြို့နယ်,ရန်ကုန်မြို့



📣ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံ👀ကို ပေါ့ပေါ့ပါးပါးပိုင်ဆိုင်ဖို့ ထိုင်းနိုင်ငံရဲ့ ✨ဝါရင့် Laser Vision LASIK Center ✨မှာ သ...
01/04/2026

📣ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံ👀ကို
ပေါ့ပေါ့ပါးပါးပိုင်ဆိုင်ဖို့ ထိုင်းနိုင်ငံရဲ့ ✨ဝါရင့် Laser Vision LASIK Center ✨မှာ သင့်အတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးနောက်ဆုံးပေါ်လေဆာကုထုံးတွေကို တစ်နေရာတည်းမှာ ရွေးချယ်နိုင်ပါပြီ❤️

🌎 ဘန်ကောက်မျက်စိဆေးရုံ Laser Vision LASIK Center ရဲ့ အားသာချက်များ🔥

🌈No-Blade AI: နောက်ဆုံးပေါ် Blade-free နည်းပညာတွေနဲ့ ဘေးကင်းစိတ်ချရမှု အမြင့်ဆုံးစင်တာ

🌈နောက်ဆုံးပေါ်နည်းပညာစုံလင်မှု: တစ်ဦးချင်းစီရဲ့ မျက်လုံးအခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံးဖြစ်မယ့် အကောင်းဆုံးနည်းလမ်းကို ဝါရင့်အထူးကုဆရာဝန်ကြီးတွေကနေ ရွေးချယ်ပေးခြင်း

🌈၂၇ နှစ်အတွင်း ကုသမှုပေါင်း ၁ သိန်းကျော် အောင်မြင်စွာ ပြုလုပ်ခဲ့ပြီးတဲ့ အတွေ့အကြုံ: ဝါရင့်ကုသမှုစင်တာရဲ့ တိကျသေချာတဲ့ရလဒ်အတွေ့အကြုံကို ခံစားရစေမှာပါ🤍

🌸 တစ်နေရာတည်းမှာ ရွေးချယ်နိုင်မယ့် နောက်ဆုံးပေါ်လေဆာနည်းပညာများ

💫SMILE Pro™: မျက်ကြည်လွှာလှန်စရာမလိုဘဲ လေဆာပစ်ချိန် ၈-၁၀ စက္ကန့်သာကြာမယ့် Carl ZEISS ဂျာမနီရဲ့ နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာ

💫NanoRelex®️: မျက်ကြည်လွှာလှန်စရာမလိုတဲ့အပြင် မျက်ကြည်လွှာအပေါ်မှာ အညင်သာဆုံး Nano လေဆာအသုံးပြုတဲ့ SMILE ကုထုံး

💫NanoLASIK: မျက်ကြည်လွှာအပေါ်မှာ အညင်သာဆုံး Nano လေဆာအပြင် Excimer လေဆာကိုပါ အသုံးပြုပြီး လေဆာ ၂ မျိုးနဲ့ ကုသတာကြောင့် ပါဝါနဲ့ ဆလင်ဒါများသူတွေအတွက် အထူးသင့်တော်တဲ့ အဆင့်မြင့် LASIK နည်းပညာ

💁🏻‍♀️ဒီလိုနောက်ဆုံးပေါ်နည်းပညာ၊ ဝါရင့်ကျွမ်းကျင်မှုတွေနဲ့ အတူ သင့်ရဲ့ မျက်လုံးကျန်းမာရေးကို ကျွမ်းကျင်သူတွေလက်ထဲ ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါ👐🏻

ရက်ချိန်းမယူခင် ကုသမှုအကြောင်း အသေးစိတ်ကိုလည်း ကိုယ်တိုင်လေ့လာနေစရာမလိုဘဲ သိလိုသမျှကို
🔸 Laser Vision ရဲ့ In-House Consultant 🔸တွေထံမှာ မြန်မာဘာသာဖြင့် ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင့်💚

📨အခမဲ့တိုင်ပင်ဆွေးနွေးပြီး ရက်ချိန်းရယူရန် အခုပဲဆက်သွယ်လိုက်ပါ📞

̀ 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐢𝐧𝐠 𝐅𝐨𝐫 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬:𝐖𝐡𝐞𝐫𝐞 𝐄𝐯𝐞𝐫𝐲 𝐒𝐭𝐞𝐩 𝐈𝐬 𝐆𝐮𝐢𝐝𝐞𝐝 𝐖𝐢𝐭𝐡 𝐂𝐚𝐫𝐞 ́

ကျွန်မတို့ 📌𝐔𝐇𝐒 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သော်လည်းကောင်း၊
📞𝟎𝟗 𝟒𝟐𝟔 𝟐𝟔𝟑 𝟕𝟑𝟕 ကို လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်
𝐌𝐚𝐢𝐥: [email protected]
📍လိပ်စာ-အမှတ် 15C , အင်းလျားမြိုင်လမ်း,ရွှေတောင်ကြား,ဗဟန်းမြို့နယ်,ရန်ကုန်မြို့




⭐ UHS နှင့် လက်တွဲလိုက်ပြီဖြစ်တဲ့   Hospital ဟာ india  နိုင်ငံ Delhi မြို့ မှာ တည်ရှိပြီး  India နိုင်ငံ ရဲ့ အကောင်းဆုံး...
27/03/2026

⭐ UHS နှင့် လက်တွဲလိုက်ပြီဖြစ်တဲ့ Hospital ဟာ india နိုင်ငံ Delhi မြို့ မှာ တည်ရှိပြီး India နိုင်ငံ ရဲ့ အကောင်းဆုံးဆေးရုံများထဲမှ တစ်ခုအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်ရှင့် ⭐

📍 Apollo ဟာ အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် ဆေးရုံဌာနခွဲ 70 ကျော်ရှိပြီး၊ Chennai, Delhi, Hyderabad, Bangalore, Kolkata စသောမြို့ကြီးများတွင် အဓိကဆေးရုံကြီးများ ရှိပါတယ်ရှင့်

🏥 Apollo Hospitals မှ လူနာများအတွက် ကျန်းမာရေးအထူးကုဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါတယ်ရှင့်
✔️ ခွဲစိတ်ကုသမှု (Surgery)
✔️ နှလုံးရောဂါကုသမှု (Cardiology)
✔️ ကင်ဆာကုသမှု (Oncology )
✔️ ခန္ဓာကိုယ်အစားထိုးကုသမှု (Organ Transplant)
✔️ အရိုးအကြော ခွဲစိတ်ကုသမှု ( Orthopaedic surgery)
✔️ ဆီးနှင့်ကျောက်ကပ် ကုသမှု ( Urology) တို့အပြင် specialities ပေါင်းများစွာကို တစ်နေရာတည်းမှာ သင့်တင့်တဲ့စျေးနှုန်းများနဲ့ ကျွမ်းကျင်တဲ့ဆရာဝန်များက ကုသမှုပေးနေတာဖြစ်ပါတယ်ရှင့် ❤️

📍 Apollo ဆေးရုံဟာ NABH, JCI (International Accreditation) တွေလဲ ရရှိထားတဲ့အောင်မြင်ပြီးသား ထိပ်တန်းဆေးရုံ တစ်ခု ဖြစ်ပါတယ်ရှင့်

📍 UHS ရဲ့ မိတ်ဟောင်းမိတ်သစ်များ အနေနှင့် အိန္ဒိယ နိုင်ငံ Apollo Hospital တွင် ဆေးကုသမှုခံယူရန်အတွက် အသေးစိတ်သိရှိလိုပါက UHS ကို အချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ နော်

☎️ အသေးစိတ် စုံစမ်း သိရှိလိုသူများ UHS messenger မှ တစ်ဆင့် ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ပါတယ်ရှင့် ။

̀ 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐢𝐧𝐠 𝐅𝐨𝐫 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬:𝐖𝐡𝐞𝐫𝐞 𝐄𝐯𝐞𝐫𝐲 𝐒𝐭𝐞𝐩 𝐈𝐬 𝐆𝐮𝐢𝐝𝐞𝐝 𝐖𝐢𝐭𝐡 𝐂𝐚𝐫𝐞 ́

📌𝐔𝐇𝐒 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သော်လည်းကောင်း၊
📞𝟎𝟗 𝟒𝟐𝟔 𝟐𝟔𝟑 𝟕𝟑𝟕 ကို လည်းကောင်း ဆက်သွယ်
စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်
𝐌𝐚𝐢𝐥: [email protected]
📍လိပ်စာ-အမှတ် 15C , အင်းလျားမြိုင်လမ်း,ရွှေတောင်ကြား,ဗဟန်းမြို့နယ်,ရန်ကုန်မြို့




Address

15C Inya Myaing Road, Bahan, Golden Valley
Yangon
11201

Website

Alerts

Be the first to know and let us send you an email when Ultra Health Services - UHS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share