TravelPatient.com

TravelPatient.com Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TravelPatient.com, Medical and health, No. 23/5 C , Thiri Mingalar Avenue Street, 7 Qt, Yankin township, Yangon.

𝐓𝐫𝐚𝐯𝐞𝐥𝐏𝐚𝐭𝐢𝐞𝐧𝐭.𝐜𝐨𝐦 သည်ထိုင်းနှင့်အိန္ဒိယနိုင်ငံရှိ ထိပ်တန်း​ဆေးရုံကြီးများ (𝐁𝐚𝐧𝐠𝐤𝐨𝐤, 𝐈𝐧𝐝𝐢𝐚)တွင်သွား​ရောက်​ဆေးကုသလိုသူများအတွက် 𝐎𝐧𝐞-𝐒𝐭𝐨𝐩 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐨𝐮𝐫𝐢𝐬𝐦 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ဝန်​ဆောင်မှု​ပေး​​နေပါသည်

27/05/2026

တစ်သက်လုံးဒီတိုင်းနေသွားရတော့မယ်ထင်တာ ...

ငယ်စဉ်က နားအနာပိုးဝင်ပြီး နားတစ်ဖက်ဆုံးရှုံး မျက်နှာတစ်ခြမ်းရွဲ့ကာ အခြေအနေကနေ လွတ်မြောက်နိုင်ခဲ့တဲ့ ညီမငယ်လေး ရဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေ ပြောပြခဲ့တဲ့ Video လေးကို မျှဝေပေးလိုက်ပါတယ် ...

“ TravelPatient.com နှင့်စတင်ပါ
ပိုမို ကျန်းမာသော ကမ္ဘာ “

တစ်ခါတစ်လေ ခါးနာတာပဲဆိုပြီး လျစ်လျူရှုထားတုန်းလား? 🤔"ခါးနာတာ ခဏပါပဲ... အကြောညှပ်တာ နေမှာပါ" ဆိုပြီး အကိုက်အခဲပျောက်ဆေးလေ...
25/05/2026

တစ်ခါတစ်လေ ခါးနာတာပဲဆိုပြီး လျစ်လျူရှုထားတုန်းလား? 🤔

"ခါးနာတာ ခဏပါပဲ... အကြောညှပ်တာ နေမှာပါ" ဆိုပြီး အကိုက်အခဲပျောက်ဆေးလေးသောက်၊ အကြောပြင်ဆီလေးလိမ်းပြီး ကျော်ဖြတ်နေပါသလား?
ဒါဟာ ရိုးရိုးခါးနာတာ မဟုတ်ဘဲ ပြင်းထန်တဲ့ ခါးရိုးဆစ်ကျွံခြင်း (Herniated Disc) ရဲ့ ကနဦးလက္ခဏာ ဖြစ်နေနိုင်ပါတယ်။

🔎 ခါးရိုးဆစ်ကျွံခြင်း ဆိုတာဘာလဲ❓
ကျွန်တော်တို့ ကျောရိုးဆစ်တွေကြားမှာ လှုပ်ရှားရတာ အဆင်ပြေအောင်၊ ဒဏ်ခံနိုင်အောင် ပံ့ပိုးပေးထားတဲ့ "အင်္ဂတေပြား" လို နူးညံ့တဲ့ အရိုးနုပြားလေးတွေ (Discs) ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီအရိုးနုပြားလေးတွေ နေရာလွဲပြီး အပြင်ကို ကျွံထွက်လာကာ ကျောရိုးအာရုံကြောမကြီးကို သွားဖိမိတဲ့အခြေအနေကို ခါးရိုးဆစ်ကျွံခြင်း လို့ ခေါ်ပါတယ်။
ခါးရိုးဆစ်ကျွံခြင်းရဲ့ လက္ခဏာများ -
• ခါးအောက်ပိုင်း ပြင်းထန်စွာနာကျင်ခြင်း
• တင်ပါးမှတစ်ဆင့် ခြေထောက်၊ ခြေဖဝါးအထိ ကျင်တက်သွားခြင်း (Sciatica)
• ခြေထောက်များ ထုံကျင်ခြင်း၊ အားနည်းခြင်း တို့ပဲဖြစ်ပြီး

⚠️ ဘယ်လိုအခြေအနေတွေက ခါးရိုးဆစ်ကျွံစေတာလဲ?
1. အလေးအပင် မ-ခြင်း - ခါးအနေအထားမမှန်ဘဲ အလေးအပင်တွေကို ရုတ်တရက် ကုန်းမခြင်း။
2. အထိုင်များခြင်း - ကွန်ပျူတာရှေ့မှာ တစ်နေကုန် ပုံစံမမှန်ဘဲ ကြာရှည်ထိုင်ခြင်းနှင့် တုန်ခါမှုကို ရေရှည်ခံရသူများ (ဥပမာ - ခရီးဝေး ကားမောင်းသူများ) တွင် ခါးရိုးဆစ်ကြားပြားများစောစီးစွာ ခမ်းခြောက်ပျက်စီးတတ်ခြင်း။

3. အသက်အရွယ် - အသက်အရွယ်ရလာ၍ ကျောရိုးဆစ်များ ဆုတ်ယုတ်လာသောအခါ ကျောရိုးဆစ်အတွင်းရှိ အာရုံကြောမကြီး ဖြတ်သန်းရာလမ်းကြောင်း ကျဉ်းလာတတ်ခြင်းအပြင် အရိုးအတက်ထွက်ခြင်း (Osteophytes) နှင့် အရွတ်များထူလာခြင်းတိုကြောင့် အာရုံကြောများ ပိတ်မိတတ်ခြင်း။
4. ကိုယ်အလေးချိန် - ဝလွန်းသဖြင့် ခါးရိုးဆစ်ပေါ် ဝန်ပိမှုများခြင်း။
5. ထိခိုက်ဒဏ်ရာ - ချော်လဲခြင်း သို့မဟုတ် မတော်တဆ ထိခိုက်မိခြင်း ဒီအခြေနေတွေကနေ တစ်ဆင့် ခါးရိုးဆစ်ကျွံခြင်းကို ဖြစ်စေနိုင်တာပဲဖြစ်ပါတယ် ...

🩺 ကုသမှုတွေကို ဘယ်လိုခံယူသင့်လဲ?
ခါးရိုးဆစ်ကျွံတိုင်း ချက်ချင်းခွဲစိတ်ဖို့ မလိုပါဘူး။ ရောဂါအဆင့်အလိုက် စနစ်တကျ ကုသနိုင်ပါတယ်။
ခွဲစိတ်စရာမလိုသော ကုသမှုများ (အစောပိုင်းအဆင့်) - ရောဂါသိပ်မပြင်းထန်သေးတဲ့ အစောပိုင်းအဆင့်တွေမှာ ခွဲစိတ်စရာမလိုဘဲ အောက်ပါနည်းလမ်းတွေနဲ့ သက်သာပျောက်ကင်းနိုင်ပါတယ်။
• ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ဆေး၊ ထိုးဆေးများဖြင့် ကုသခြင်း
• အကြောအဆစ် ပြန်လည်သန်စွမ်းရေး (Physical Therapy) စနစ်တကျ ပြုလုပ်ခြင်း
• နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့် ခါးလေ့ကျင့်ခန်းလုပ်ခြင်း
ခွဲစိတ်ကုသခြင်း (ရောဂါအခြေအနေ ပြင်းထန်လာပါက) - အထက်ပါနည်းလမ်းတွေနဲ့ (၄) ပတ်မှ (၆) ပတ်အထိ ကုသသော်လည်း မသက်သာခြင်း၊ လမ်းမလျှောက်နိုင်လောက်အောင် နာကျင်ခြင်း၊ ခြေထောက်များ အားနည်းပိန်လှီလာခြင်းနှင့် ဆီးဝမ်းမထိန်းနိုင်ခြင်း စတဲ့ ပြင်းထန်တဲ့ အာရုံကြောဖိမိတဲ့ လက္ခဏာတွေ ရှိလာရင်တော့ ခွဲစိတ်ကုသမှုကို မဖြစ်မနေ ခံယူသင့်ပါတယ်။

လက်ရှိမှာတော့ Microscopic သို့မဟုတ် Endoscopic စတဲ့ မှန်ပြောင်းကြည့်ခွဲစိတ်မှု (Minimal Invasive Surgery) တွေကြောင့် ဒဏ်ရာသေးသေးလေးနဲ့ သွေးထွက်နည်းနည်း၊ အမြန်ဆုံး ပြန်လည်နာလန်ထူနိုင်မယ့် ကုသမှုတွေကို ပြည်ပ (ထိုင်း၊ အိန္ဒိယ) ရှိ နိုင်ငံတကာအဆင့်မီဆေးရုံကြီးတွေမှာ သမားတော်ကြီးများနဲ့ စနစ်တကျ တိုင်ပင်ကုသနိုင်ပြီ ဖြစ်ပါတယ်။

ခါးနာတာကို ရိုးရိုးလေးတွေးပြီး အချိန်ဆွဲမထားပါနဲ့။ အချိန်မီ ကုသမှုခံယူခြင်းက ရောဂါမပြင်းထန်ခင် ခွဲစိတ်စရာမလိုဘဲ ပျောက်ကင်းဖို့ အခွင့်အလမ်း ပိုများစေပါတယ်။

မိမိမှာ ခါးနာတဲ့ ဝေဒနာ ခံစားနေရရင် Page Chat Box (သို့) Viber ကနေတစ်ဆင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ 👇

“ပြည်တွင်း၊ ပြည်ပ အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု”
☎️ 09 949 221 640, 09 949 221 641

#ခါးရိုးဆစ်ကျွံခြင်း

👩‍⚕️“သေးငယ်တဲ့ အကျိတ်လေးပဲဆိုပြီး ပေါ့ဆနေတုန်းပဲလား❓”ဒီနေ့ မေလ ၂၅ ရက်နေ့ဟာ World Thyroid Day (ကမ္ဘာ့သိုင်းရွိုက်နေ့) ဖြစ...
25/05/2026

👩‍⚕️“သေးငယ်တဲ့ အကျိတ်လေးပဲဆိုပြီး ပေါ့ဆနေတုန်းပဲလား❓”

ဒီနေ့ မေလ ၂၅ ရက်နေ့ဟာ World Thyroid Day (ကမ္ဘာ့သိုင်းရွိုက်နေ့) ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာတွေကို ပြည်သူလူထု ပိုမိုသတိပြုမိလာစေဖို့နဲ့ ကုသကာကွယ်နိုင်မယ့် နည်းလမ်းတွေကို သိရှိစေဖို့ ရည်ရွယ်ပြီး ဒီနေ့ရက်ကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒီနှစ် ၂၀၂၆ ခုနှစ်ရဲ့ 𝐖𝐨𝐫𝐥𝐝 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐃𝐚𝐲 ဆောင်ပုဒ် (𝐓𝐡𝐞𝐦𝐞) ကတော့ ... "𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐚𝐧𝐝 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧" (သိုင်းရွိုက်နှင့် အာဟာရ) ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အာဟာရ (အထူးသဖြင့် အိုင်အိုဒင်းဓာတ် ချို့တဲ့မှု သို့မဟုတ် လွန်ကဲမှု) ဟာ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိလဲဆိုတာကို လူထုအတွင်း ပိုမိုနားလည်သဘောပေါက်ပြီး မှန်ကန်တဲ့ စားသောက်မှုပုံစံနဲ့ သိုင်းရွိုက်ကျန်းမာရေးကို စောင့်ရှောက်နိုင်ဖို့ ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။

နောက်ထပ် Campaign Theme တစ်ခုအနေနဲ့ကတော့ "Closing the gap between symptoms onset and timely Diagnosis " ဖြစ်ပြီး "ရောဂါလက္ခဏာ စတင်ပြသချိန်နှင့် အချိန်မီရောဂါရှာဖွေနိုင်မှုအကြား ကွာဟချက်ကို လျှော့ချစို့" ဖြစ်ပြီး ရည်ရွယ်ချက်ကတော့ သိုင်းရွက်ဝေဒနာများကို စောစီးစွာ သိရှိနားလည်ပြီး အချိန်မီ တိကျစွာ ရောဂါရှာဖွေနိုင်ရန် အရေးကြီးပုံကို အဓိကမီးမောင်းထိုးပြထားပြီး၊ လူနာများ နှစ်ရှည်လများ ဆေးကုသမှုမခံယူရဘဲ ကြန့်ကြာနေတတ်သည့် အခြေအနေများကို လျှော့ချရန် ရည်ရွယ်ခြင်းပဲဖြစ်ပါတယ် ...

ဒါကြောင့် ဒီနေ့ ကမ္ဘာ့သိုင်းရွိုက်နေ့မှာ ကျွန်တော်တို့ လုံးဝ (လုံးဝ) ပေါ့ဆလို့မရတဲ့ Thyroid Cancer (သိုင်းရွိုက်ကင်ဆာ) အကြောင်းကို အဓိကထားပြီး ဝေမျှပေးချင်ပါတယ်။

သိုင်းရွိုက်ကင်ဆာ (Thyroid Cancer) ဆိုတာ ဘာလဲ?
လည်ပင်းအရှေ့ဘက်မှာရှိတဲ့ လိပ်ပြာပုံသဏ္ဌာန် သိုင်းရွိုက်ဂလင်းထဲက ဆဲလ် (Cells) တွေဟာ ပုံမှန်မဟုတ်ဘဲ အထိန်းအကွပ်မဲ့ တိုးပွားလာပြီး အကျိတ်ဖြစ်လာရာကနေ ကင်ဆာအဆင့်အထိ ကူးပြောင်းသွားတာကို ခေါ်တာ ဖြစ်ပါတယ်။

❗️ဘယ်လို လက္ခဏာတွေ ပြတတ်လဲ?
အစောပိုင်းမှာ လက္ခဏာ သိပ်မပြတတ်ပေမယ့် ရောဂါအခြေအနေ ရှိလာရင် အောက်ပါအတိုင်း ပြတတ်ပါတယ်။
• လည်ပင်းမှာ တဖြည်းဖြည်း ကြီးလာတဲ့ အကျိတ်/အလုံး စမ်းမိခြင်း။
• အစာမျိုရ ခက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်း။
• အသက်ရှူရ ခက်ခဲခြင်း။
• အကြောင်းရင်းမရှိဘဲ အသံဝင်လာခြင်း၊ အသံပြောင်းလာခြင်း။
• လည်ပင်း သို့မဟုတ် နားအထိ နာကျင်ကိုက်ခဲခြင်း တို့ဖြစ်လာနိုင်ပါတယ် ...

❗️ဘယ်လို ကုသရမလဲ?
သိုင်းရွိုက်ကင်ဆာဟာ အချိန်မီသိရင် ထိရောက်စွာ ကုသပျောက်ကင်းနိုင်ခြေ အလွန်မြင့်မားတဲ့ ကင်ဆာအမျိုးအစား ဖြစ်ပါတယ်။ ကုသနည်းတွေအနေနဲ့ -
1. ခွဲစိတ်ကုသခြင်း (Surgery): ကင်ဆာဖြစ်နေတဲ့ သိုင်းရွိုက်ဂလင်း တစ်ခုလုံး (သို့) တစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖယ်ရှားခြင်း။
2. ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဖြင့် ကုသခြင်း (Radioactive Iodine Therapy): ခွဲစိတ်ပြီးနောက် ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်တွေကို အိုင်အိုဒင်းဆေးသောက်ပြီး ဖျက်ဆီးခြင်း။
3. ဟော်မုန်း အစားထိုးကုသခြင်း (Thyroid Hormone Therapy): ခွဲစိတ်ပြီးနောက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သိုင်းရွိုက်ဟော်မုန်းကို ဆေးပြားဖြင့် နေ့စဉ်သောက်သုံးစေခြင်း။
4. အဆင့်မြင့် ကုသမှုများ: လိုအပ်ပါက Target Therapy၊ ဓာတ်ရောင်ခြည်ပြ ကုသခြင်း (Radiotherapy) သို့မဟုတ် ကီမို (Chemotherapy) တို့ဖြင့် စနစ်တကျ ကုသခြင်းတို့ကို ပြုလုပ်နိုင်ပါတယ် ...

❗️ဘယ်လို ကာကွယ်ရမလဲ?
တိကျတဲ့ ကာကွယ်နည်း မရှိသေးပေမယ့် ဖြစ်ပွားနိုင်ခြေကို အောက်ပါအတိုင်း လျှော့ချနိုင်ပါတယ်။
• ဓါတ်ရောင်ခြည်နှင့် ဝေးဝေးနေပါ: လည်ပင်းပိုင်းကို မလိုအပ်ဘဲ ပြင်းထန်တဲ့ ဓာတ်ရောင်ခြည် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
• ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ပါ: အိုင်အိုဒင်းဓာတ် မျှတစွာ စားသုံးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပါ။
• ကြိုတင်စစ်ဆေးပါ: မိသားစုထဲမှာ သိုင်းရွိုက်ကင်ဆာ ရာဇဝင်ရှိရင် ဖြစ်စေ၊ လည်ပင်းမှာ သေးငယ်တဲ့ အကျိတ်တွေ့ရင်ဖြစ်စေ ပေါ့ဆမနေဘဲ Ultrasound နှင့် လိုအပ်သော စစ်ဆေးမှုများ ကြိုတင်ပြုလုပ်ခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ် ...

"လည်ပင်းမှာ စမ်းမိတဲ့ အကျိတ်လေးက သေးသေးလေးပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဆိုပြီး အချိန်ဆွဲ ပေါ့ဆနေရင်းကနေ ကုသရခက်ခဲတဲ့ အဆင့်ထိ ရောက်သွားတတ်ပါတယ်။ မိမိကိုယ်တိုင်နဲ့ မိမိချစ်ရသူတွေမှာ အထက်ပါလက္ခဏာတွေ တွေ့ရှိရရင် ချက်ချင်းပြသ စစ်ဆေးဖို့ ကျွန်တော်တို့ TravelPatient.com ကနေ တိုက်တွန်းလိုက်ပါရစေခင်ဗျာ ...

👩‍⚕️ဒါ့အပြင် အိန္ဒိယနှင့် ဘန်ကောက်ရှိ နိုင်ငံတကာက အဆင့်မြင့် ဆေးရုံကြီးတွေမှာ သိုင်းရွိုက်ကင်ဆာကို အထိရောက်ဆုံး ရှာဖွေကုသနိုင်ဖို့အတွက် ဆေးကုသမှုဆိုင်ရာ အကြံဉာဏ်များနှင့် ချိတ်ဆက်မှုများကို TravelPatient.com မှ သေချာစွာ ကူညီဆောင်ရွက်ပေးနေပါတယ်။

🎁သွေးပေါင်ချိန်စက် ကံထူးရှင်များထွက်ပေါ်လာပါပြီ 🎉🎉မေလ (၁၇)ရက်နေ့တွင်ကျရောက်ခဲ့သော "World Hypertension Day" အထိန်းအမှတ်အန...
24/05/2026

🎁သွေးပေါင်ချိန်စက် ကံထူးရှင်များထွက်ပေါ်လာပါပြီ 🎉🎉

မေလ (၁၇)ရက်နေ့တွင်ကျရောက်ခဲ့သော "World Hypertension Day" အထိန်းအမှတ်အနေနဲ့ ပြုလုပ်ခဲ့သော သွေးပေါင်ချိန်စက် Giveaway ကြီးတွင် ပါဝင် ကံစမ်းပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို TravlePatient.com မှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🙏

ကံထူးသွားတဲ့ ကံထူးရှင်လေးတွေအနေနဲ့ Page ရဲ့ Messenger ကိုလာရောက်ဆက်သွယ်ဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ ...

နောက်ထပ် ကျန်းမာရေးနှင့်ပက်သက်တဲ့ ဗဟုသုတများစွာနဲ့ အထူးကံစမ်းမဲအစီစဉ်များကို ပါဝင်ကံစမ်းနိုင်ဖို့အတွက်လည်း TravelPatient.com Page လေးကို Like & Follow လေးလုပ်ထားဖို့ တိုက်တွန်းလိုက်ပါစေခင်ဗျာ ...

"TravelPatient.com နှင့်အတူစတင်ပါ
ပိုမိုကျန်းမာသော ကမ္ဘာ "

👩‍⚕️ကျောရိုးခွဲစိတ်ဖို့ လိုနေပေမယ့် ခွဲကြောင်းရာအကြီးကြီးနဲ့ အကြာကြီး နာကျင်ရမှာကို စိုးရိမ်နေသူများအတွက် (Minimally Inv...
22/05/2026

👩‍⚕️ကျောရိုးခွဲစိတ်ဖို့ လိုနေပေမယ့် ခွဲကြောင်းရာအကြီးကြီးနဲ့ အကြာကြီး နာကျင်ရမှာကို စိုးရိမ်နေသူများအတွက် (Minimally Invasive Spine Surgery) ...

"ကျောရိုးခွဲစိတ်မှု" လို့ ပြောလိုက်တာနဲ့ လူတော်တော်များများက ကြောက်လန့်သွားတတ်ကြပါတယ်။ ဒါပေမယ့် အခုခေတ်မီ ဆေးပညာလောကမှာတော့ ခွဲစိတ်ဒဏ်ရာ အကြီးကြီးတွေ၊ လနဲ့ချီပြီး အိပ်ရာထဲလဲနေရတဲ့ ခေတ်တွေ ကုန်ဆုံးသွားပါပြီ။

လူနာတွေအတွက် အန္တရာယ်အနည်းဆုံးနဲ့ အထိရောက်ဆုံး ဖြစ်လာတဲ့ Minimally Invasive Spine Surgery (ခွဲကြောင်းရာအသေးဆုံး ကျောရိုးခွဲစိတ်မှု) နည်းပညာက သင့်ကျောရိုးဝေဒနာကို အချိန်တိုအတွင်း ပျောက်ကင်းသွားစေနိုင်ပါတယ် ...

🔍ဒါဆို Minimally Invasive Spine Surgery ဆိုတာ ဘာလဲ?
ဒါဟာ သမားရိုးကျ ကျောရိုးခွဲစိတ်မှုတွေလို အသားတွေကို အများကြီးလှီးဖြတ်စရာမလိုဘဲ ခွဲကြောင်းအကြီးခွဲစရာမလိုဘဲ အထူးပြုလုပ်ထားတဲ့ မှန်ပြောင်းငယ်လေးတွေ၊ ခေတ်မီစက်ကိရိယာတွေကို သုံးပြီး ခွဲကြောင်းရာ သေးသေးလေး (တစ်လက်မ/နှစ်လက်မ ဒါမှမဟုတ် သော့ပေါက်အရွယ်ခန့်) သာ သုံးပြီး ကုသတဲ့ နည်းလမ်းဖြစ်ပါတယ်။

ဒီခေတ်မီနည်းပညာရဲ့ လူနာတိုင်း သဘောကျရတဲ့ အဓိက အားသာချက်(၄) ချက် ကတော့ -

1️⃣ သွေးထွက်မှု အလွန်နည်းခြင်း (Minimal Blood Loss)
သမားရိုးကျခွဲစိတ်မှုတွေလို ကြွက်သားနဲ့ အသားမျှင်တွေကို အများကြီး လှီးဖြတ်စရာမလိုဘဲ ဘေးကိုသာ အသာအယာ ဖယ်ရှားပြီး လုပ်ဆောင်တာကြောင့် ခွဲစိတ်စဉ်အတွင်း သွေးထွက်မှု အလွန်နည်းပါးပါတယ်။ သွေးသွင်းရမယ့် အန္တရာယ်နဲ့ လူနာမောပန်းနွမ်းနယ်မှုကို အထိရောက်ဆုံး လျှော့ချပေးနိုင်ပါတယ်။

2️⃣ နာကျင်မှု နည်းပါးခြင်း (Less Post-Operative Pain)
ခွဲစိတ်ဒဏ်ရာက သော့ပေါက်အရွယ် သေးသေးလေးပဲ ရှိတာကြောင့် ခွဲစိတ်ပြီးနောက်ပိုင်း ခံစားရမယ့် နာကျင်ကိုက်ခဲမှုက သမားရိုးကျနည်းလမ်းတွေနဲ့ ယှဉ်ရင် သိသိသာသာကို နည်းပါးပါတယ်။ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေ အကြာကြီး သောက်ဖို့ မလိုတော့ပါဘူး။

3️⃣ ခွဲစိတ်ပြီး ပိုးဝင်နိုင်ခြေ နည်းခြင်း (Lower Risk of Infection)
ခွဲကြောင်းရာ အလွန်သေးငယ်ပြီး လေထုထဲကို ခွဲစိတ်ဒဏ်ရာ ပွင့်ထွက်နေတဲ့ အချိန်တိုတောင်းတာကြောင့် ခွဲစိတ်ပြီးနောက် အနာပိုးဝင်ခြင်း၊ အနာရင်းခြင်း ဖြစ်နိုင်ခြေ (Infection Risk) ကို အနည်းဆုံးအဆင့်အထိ လျှော့ချပေးထားပါတယ်။

4️⃣ ဆေးရုံတက်ရက် လျှော့ချနိုင်ခြင်း (Shorter Hospital Stay)
ဒဏ်ရာက သေးသေးလေးမို့ နာလန်ထရက် အလွန်မြန်ပါတယ်။ ဆေးရုံမှာ လနဲ့ချီ၊ အပတ်နဲ့ချီ အိပ်ရာထဲ လဲနေစရာမလိုဘဲ ခွဲစိတ်ပြီး ၁ ရက်၊ ၂ ရက်အတွင်းမှာတင် ဆေးရုံက ဆင်းနိုင်ပါတယ်။ တချို့လူနာတွေဆိုရင် ခွဲစိတ်တဲ့နေ့မှာတင် လမ်းထလျှောက်နိုင်လို့ ရက်ပိုင်းအတွင်း ပုံမှန်ဘဝကို ပြန်လည်ရောက်ရှိစေပါတယ်။

နာကျဉ်မှုမရှိတော့ဘဲ ပေါ့ပါးတဲ့ဘဝကို အချိန်တိုအတွင်းပြန်လည်ပိုင်ဆိုင်နိုင်ဖို့ ခွဲကြောင်းရာအသေးဆုံးနဲ့ (Minimally Invasive Spine Surgery) ကို အိန္ဒိရှိနိုင်ငံတကာဆေးရုံကြီးတွေမှာ သွားရောက်ကုသလိုတယ်ဆိုရင်တော့ အခမဲ့ ဝန်ဆောင်မှုပေးနေတဲ့ ကျွန်တော်တို့ TravelPatient.com ကို ဆွေးနွေးတိုင်ပင်နိုင်ပါတယ် ...

#ကျောရိုးခွဲစိတ်မှု

ခွဲစိတ်စရာမလိုဘဲ ခါးနာရောဂါကို ကုသလို့ရလား? 🤔💡"ခါးခဏခဏနာတယ်... လမ်းလျှောက်ရင်လည်း တင်ပါးကနေ ခြေထောက်အထိ ကျဉ်တက်သွားတယ်.....
20/05/2026

ခွဲစိတ်စရာမလိုဘဲ ခါးနာရောဂါကို ကုသလို့ရလား? 🤔💡

"ခါးခဏခဏနာတယ်... လမ်းလျှောက်ရင်လည်း တင်ပါးကနေ ခြေထောက်အထိ ကျဉ်တက်သွားတယ်... လေဖြတ်မလိုလို ဖြစ်နေလို့ ဆရာဝန်ပြချင်ပေမယ့် 'ခွဲစိတ်ရမှာ ကြောက်လို့' အောင့်အီးသည်းခံနေရပါသလား?"

ခါးနာ၊ ခါးဆစ်အရိုးကျီးပေါင်းတက်၊ ဒါမှမဟုတ် အာရုံကြောညှပ်တဲ့ ဝေဒနာ ခံစားနေရသူ အများစုဟာ "ခါးနာရင် ခွဲရတော့မှာပဲ" ဆိုတဲ့ အတွေးနဲ့တင် လန့်နေတတ်ကြပါတယ်။

ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့... ခါးနာဝေဒနာရှင် ၈၀% ကျော်ဟာ ခွဲစိတ်စရာမလိုဘဲ (Non-Invasive Spine Treatment) တွေနဲ့တင် အရှင်းပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ✨

🛑 ခွဲစိတ်စရာမလိုတဲ့ နည်းလမ်း (Non-Invasive Treatment) ဆိုတာ ဘာလဲ?

ခန္ဓာကိုယ်ကို ဓားလှီးရာ တစ်ချက်မှ မပေးဘဲ၊ အရိုးနဲ့ အာရုံကြောတွေကို မထိခိုက်စေဘဲ အဆင့်မြင့် ခေတ်မီနည်းပညာတွေ၊ ဆေးဝါးတွေနဲ့ ပြန်လည်သန်စွမ်းရေး နည်းလမ်းတွေကို ပေါင်းစပ်ကုသတဲ့ စနစ်ဖြစ်ပါတယ်။

နိုင်ငံတကာက အဆင့်မြင့် ကျောရိုးအထူးကုဆေးရုံကြီးတွေမှာ အသုံးပြုနေတဲ့ ခွဲစိတ်စရာမလိုဘဲ ခါးနာသက်သာစေမယ့် အဓိက ကုသမှုပုံစံများ ကတော့-

• Targeted Injections (Epidural Steroid Injections): အာရုံကြောညှပ်ပြီး ရောင်ရမ်းနေတဲ့နေရာကို ကွန်ပျူတာဓာတ်မှန် (Fluoroscopy) လမ်းညွှန်မှုနဲ့ တိတိကျကျ ဆေးထိုး ကုသခြင်း (နာကျင်မှုကို ချက်ချင်း သက်သာစေပါတယ်)။
• Radiofrequency Ablation (RFA): နာကျင်မှုကို ဖြစ်စေတဲ့ အာရုံကြောဆဲလ်တွေကို ရေဒီယိုလှိုင်း သုံးပြီး ခေတ္တ အာရုံခံစားမှု ရပ်တန့်သွားအောင် လုပ်ဆောင်ခြင်း။
• Spinal Decompression Therapy: ခါးဆစ်အရိုးပြား ကျွံဝင်တာ၊ ဖိမိနေတာတွေကို ကွန်ပျူတာစနစ်သုံး စက်ပစ္စည်းနဲ့ ဆွဲဆန့်ပေးပြီး အာရုံကြော ဖိမိမှုကို လျှော့ချပေးခြင်း။
• Focus Physical Therapy & Rehabilitation: ခါးဆစ်နဲ့ ကြွက်သားတွေကို ပစ်မှတ်ထားပြီး အဆင့်မြင့်စက်ပစ္စည်းတွေနဲ့ အကြောအဆစ် ပြန်လည်သန်စွမ်းအောင် ပြုလုပ်ခြင်း။

🌟 ခွဲစိတ်စရာမလိုတဲ့ ကုသမှုရဲ့ အားသာချက်များ

✅ ဒဏ်ရာမရှိခြင်း: ဓားရာ၊ ချုပ်ရိုး မရှိတဲ့အတွက် ပိုးဝင်မယ့်အန္တရာယ် မရှိသလောက် နည်းပါးပါတယ်။
✅ ဆေးရုံတက်ရန်မလိုခြင်း: ကုသမှုကြာချိန် မိနစ်ပိုင်းသာ ကြာမြင့်ပြီး ဆေးရုံမှာ ရက်ရှည် အိပ်ရာထဲလဲနေစရာ မလိုပါဘူး။
✅ ပုံမှန်လူနေမှုဘဝသို့ ချက်ချင်းပြန်သွားနိုင်ခြင်း: ကုသမှုခံယူပြီး (၁) ရက်၊ (၂) ရက်အတွင်း မိမိအလုပ်ခွင်နဲ့ နေ့စဉ်ဘဝကို ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ပါတယ်။

🩺 ဘယ်လိုလူတွေ ခွဲစိတ်စရာမလိုဘဲ ကုသလို့ရလဲ?
• ခါးဆစ်ရိုးပြား ကျွံခြင်း (Herniated Disc) အစောပိုင်းအဆင့်များ
• ခါးဆစ်ရိုးကျီးပေါင်းတက်ခြင်း (Spinal Stenosis)
• ခါးကြွက်သားနှင့် အရွတ်များ နာတာရှည် ဒဏ်ရာရခြင်း
• အာရုံကြောညှပ်၍ တင်ပါးနှင့် ခြေထောက်များ ကျဉ်ကိုက်ခြင်း
အရေးကြီးတာက ဝေဒနာ အရမ်းမရင့်မှည့်ခင် စောစောစီးစီး ပြသပြီး စနစ်တကျ ကုသမှု ခံယူဖို့ပဲ ဖြစ်ပါတယ်။

🏥 ခါးနာဝေဒနာကြောင့် သင့်နေ့စဉ်ဘဝ ပျော်ရွှင်မှုတွေ မဆုံးရှုံးပါစေနဲ့။ ခွဲစိတ်စရာမလိုတဲ့ နည်းလမ်းတွေနဲ့ ကုသဖို့အတွက် သင့်ရဲ့ MRI Report သို့မဟုတ် ရောဂါအခြေအနေကို Page Messenger မှာ အခမဲ့ လာရောက် ဆွေးနွေးတိုင်ပင်နိုင်ပါပြီခင်ဗျာ။ 👇

"TravelPatient.com နှင့် စတင်ပါ ပိုမိုကျန်းမာသော ကမ္ဘာ"

#ခါးနာ #ကျန်းမာရေးဝန်ဆောင်မှု

🧠ဦးနှောက်ခွဲစိတ်မှုအတွက် အသုံးပြုတဲ့ Neuro – Navigation ဆိုတာဘာလဲ❓ဦးနှောက်ဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အနုစိတ်ဆုံးနဲ...
20/05/2026

🧠ဦးနှောက်ခွဲစိတ်မှုအတွက် အသုံးပြုတဲ့ Neuro – Navigation ဆိုတာဘာလဲ❓

ဦးနှောက်ဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အနုစိတ်ဆုံးနဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် ဦးနှောက်ခွဲစိတ်ကုသမှု (Brain Surgery) လုပ်တဲ့အခါ ခွဲစိတ်ဆရာဝန်ကြီးတွေအတွက် မီလီမီတာ အစွန်းအထွက်လေးတောင် အမှားခံလို့မရပါဘူး။
ဒီလို စိုးရိမ်ရတဲ့ ခွဲစိတ်မှုတွေကို ဘေးကင်းစိတ်ချစွာနဲ့ အောင်မြင်အောင် ကူညီပေးတဲ့ ခေတ်မှီစက်ပစ္စည်းကတော့ Neuro-Navigation (ဦးနှောက်တွင်း လမ်းညွှန်စနစ်) ပဲ ဖြစ်ပါတယ်။

🧭 Neuro-Navigation ဆိုတာ ဘာလဲ?
ရိုးရိုးရှင်းရှင်းပြောရရင် ကျွန်တော်တို့ လမ်းသွားရင် ဖုန်းထဲက Google Maps (GPS) ကိုကြည့်ပြီး သွားသလိုမျိုးပါပဲ။ ခွဲစိတ်ဆရာဝန်ကြီးတွေက လူနာရဲ့ ဦးနှောက်ထဲက ခွဲစိတ်ရမယ့်နေရာ (ဥပမာ - အကျိတ် တည်ရှိတဲ့နေရာ) ကို အတိအကျသိနိုင်ဖို့ အသုံးပြုတဲ့ "ဦးနှောက်တွင်း လမ်းပြမြေပုံ စနစ်" ဖြစ်ပါတယ်။

🛠 သူက ဘယ်လိုအလုပ်လုပ်တာလဲ?
၁။ ခွဲစိတ်မှုမလုပ်ခင် လူနာကို MRI သို့မဟုတ် CT Scan ရိုက်ပါတယ်။
၂။ ရလာတဲ့ ပုံရိပ်တွေကို Neuro-Navigation စက်ထဲ ထည့်လိုက်တဲ့အခါ လူနာရဲ့ ဦးနှောက်ကို 3D (သုံးဖက်မြင်) ပုံရိပ် အဖြစ် ကွန်ပျူတာ screen ပေါ်မှာ ပြပေးပါတယ်။
၃။ ခွဲစိတ်နေစဉ်အတွင်းမှာ ဆရာဝန်ရဲ့ ခွဲစိတ်ကိရိယာက ဦးနှောက်ရဲ့ ဘယ်နေရာကို ရောက်နေလဲ၊ ဘယ်နားမှာ အရေးကြီးတဲ့ သွေးကြောတွေရှိလဲဆိုတာကို ဒီစက်က GPS လိုမျိုး အချိန်နဲ့တပြေးညီ (Real-time) တိတိကျကျ လမ်းညွှန်ပြသပေးနေတာ ဖြစ်ပါတယ်။

💡 Neuro-Navigation က ဘယ်လိုကောင်းကျိုးတွေရှိတာလဲ?
· (Minimal blood loss) သွေးထွက်မှုအနည်းဆုံးဖြစ်စေခြင်း
(Low surgical risk) ခွဲစိတ်မှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးနှင့် အန္တရာယ် လျော့နည်းစေခြင်း
(Small incision) ခွဲကြောင်း ခွဲစိတ်ရာ သေးငယ်ခြင်း
(Helpful in reoperations) ခွဲစိတ်မှု ထပ်မံပြုလုပ်ရမည့် အခြေအနေများတွင် များစွာအထောက်အကူပြုခြင်း
(Less infection) ပိုး၀င်ကူးစက်နိုင်ခြေနည်းပါးခြင်း
(Shortlessness hospital stay) ​ဆေးရုံတက်ရောက်ရမည့် ရက်အနည်းဆုံးဖြစ်စေခြင်း

🏥 အဆင့်မြင့်နည်းပညာများဖြင့် စိတ်ချစွာ ကုသနိုင်ဖို့
ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်မှုတွေဟာ နည်းပညာပြည့်စုံပြီး အတွေ့အကြုံရင့်ကျက်တဲ့ အထူးကုဆရာဝန်ကြီးတွေ ရှိဖို့ လိုအပ်ပါတယ်။
✈️ သင် သို့မဟုတ် သင့်မိသားစုဝင်ထဲမှာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါဝေဒနာများကို အိန္ဒိယနိုင်ငံ ရှိ ကမ္ဘာ့အဆင့်မီ ထိပ်တန်းဆေးရုံကြီးတွေမှာ ဒီလို ခေတ်မှီ ဆေးပညာနည်းပညာ (Neuro-Navigation) တွေနဲ့ စိတ်ချလက်ချ သွားရောက်ပြသ ကုသချင်တယ်ဆိုရင်တော့ ...

ကျွန်တော်တို့ TravelPatient.com မှနေပြီး ...
သင့်တော်မယ့် ဆေးရုံ၊ ဆရာဝန်ကြီးများနှင့် ချိတ်ဆက်ပေးခြင်း အခမဲ့တိုင်ပင်ဆွေးနွေးပေးခြင်း ဆေးကုသမှုကုန်ကျစရိတ် တွက်ချက်ပေးခြင်း ဆေးဘက်ဆိုင်ရာ ဗီဇာ (Medical Visa) အမြန်ရအောင် ဆောင်ရွက်ပေးခြင်း စကားပြန်စီစဉ်ပေးခြင်း လေယာဉ်လက်မှတ်နှင့် တည်းခိုရေး စီစဉ်ပေးခြင်း ကားအကြို/အပို့စီစဉ်ပေးခြင်း စတဲ့ Medical Tourism ဝန်ဆောင်မှုအပြည့်အစုံကို လူနာနှင့် လူနာရှင်များ စိတ်အေးချမ်းသာစွာ သွားရောက်ကုသနိုင်ဖို့ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။

📩 အသေးစိတ်ကို Page Messenger ကနေဖြစ်စေ၊ ဖုန်းနံပါတ် 09 949 221 640, 09 949 221 641 ကနေဖြစ်စေ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

“TravelPatient.com နှင့်စတင်ပါ ပိုမိုကျန်းမာသောကမ္ဘာ”

🧠"ဦးနှောက်ခွဲစိတ်ရမယ်" လို့ ကြားလိုက်ရတာနဲ့ လူတိုင်း ကြောက်လန့်သွားတတ်ကြတာသဘာဝပါပဲ ... ဒါပေမဲ့ တချို့သောအခြေအနေတွေမှာ ခွ...
19/05/2026

🧠"ဦးနှောက်ခွဲစိတ်ရမယ်" လို့ ကြားလိုက်ရတာနဲ့ လူတိုင်း ကြောက်လန့်သွားတတ်ကြတာသဘာဝပါပဲ ...

ဒါပေမဲ့ တချို့သောအခြေအနေတွေမှာ ခွဲစိတ်မှုဟာ အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော "Life-saving" လမ်းကြောင်းဖြစ်တယ်ဆိုတာကိုတော့ မဖြစ်မနေလက်ခံထားဖို့လိုပါတယ် ...

ဒါဆို ဘယ်လိုအခြေအနေတွေမှာ ဦးနှောက်ခွဲစိတ်မှု မဖြစ်မနေပြုလုပ်သင့်တာလဲ❓

❗️ အသက်အန္တရာယ်ရှိသော ဦးနှောက်အကျိတ်များ (Brain Tumors)
ဦးနှောက်အတွင်း အကျိတ်ဟာ ကင်ဆာဖြစ်စေ၊ မဖြစ်စေ (Malignant or Benign) အကျိတ်ရဲ့ အရွယ်အစားကြောင့် ဦးနှောက်တွင်း ဖိအား (Intracranial Pressure) များလာပြီး အသက်အန္တရာယ် ရှိလာတဲ့အခါ ဒါမှမဟုတ် အမြင်အာရုံ၊ စကားပြောဆိုမှုနဲ့ လှုပ်ရှားမှုကို ထိခိုက်လာတဲ့အခါမှာတော့ အကျိတ်ကို ဖယ်ရှားဖို့ ခွဲစိတ်မှု လိုအပ်ပါတယ် ...

❗️ ရုတ်တရက် သွေးကြောပေါက်ခြင်းနှင့် သွေးယိုစိမ့်ခြင်း (Intracranial Hemorrhage)
လေဖြတ်ခြင်း (Stroke) ဒါမှမဟုတ် မတော်တဆ ထိခိုက်မှုကြောင့် ဦးနှောက်ထဲမှာ သွေးခဲကြီးတာ၊ သွေးယိုတာတွေဟာ ဦးနှောက်ဆဲလ်တွေကို အမြန်ဆုံး ပျက်စီးစေပါတယ်။ ဒီလို အခြေအနေမှာ သွေးခဲကို ဖယ်ရှားပြီး ဖိအားလျှော့ချဖို့ ခွဲစိတ်မှုဟာ မိနစ်ပိုင်းအတွင်း လုပ်ဆောင်ရမယ့် အရေးပေါ်ကိစ္စတစ်ခုဖြစ်ပါတယ် ...

❗️ ဦးနှောက်သွေးကြောဖောင်းခြင်း (Aneurysms)
ဦးနှောက်ထဲက သွေးကြောလေးတွေ ဖောင်းနေပြီး ပေါက်ထွက်မယ့် အန္တရာယ် ရှိနေရင် (သို့မဟုတ်) ပေါက်သွားရင် သွေးထပ်မယိုအောင် သွေးကြောကို Clip ညှပ်တာ ဒါမှမဟုတ် ပြုပြင်တာတွေကို မဖြစ်မနေ လုပ်ဆောင်ရမယ် ဒီလိုအခြေအနေတွေမှာ အမြန်ဆုံးခွဲစိတ်ဖို့လိုအပ်ပါတယ်...

❗️ ပြင်းထန်သော အတက်ရောဂါ (Refractory Epilepsy)
ဆေးဝါးနဲ့ ကုသလို့မရတော့တဲ့၊ လူနာရဲ့ နေ့စဉ်ဘဝကို အကြီးအကျယ် နှောင့်ယှက်နေတဲ့ အတက်ရောဂါတွေမှာ အတက်ဖြစ်စေတဲ့ ဦးနှောက်အစိတ်အပိုင်းကို ခွဲစိတ်ပြုပြင်ခြင်းက လူနာကို ပုံမှန်ဘဝ ပြန်လည်ရရှိပါတယ်

❗️ ဦးနှောက်တွင်း ရေဝင်ခြင်း (Hydrocephalus)
ဦးနှောက်ထဲမှာ အရည်တွေ များလာပြီး ဦးနှောက်ကို ဖိမိနေတဲ့အခါ အဲ့ဒီအရည်တွေကို လမ်းကြောင်းလွှဲပေးဖို့ (Shunt insertion) ခွဲစိတ်မှု မလုပ်ရင် ရေရှည်မှာ ဦးနှောက်မှတ်ဉာဏ်နဲ့ လုပ်ဆောင်ချက်တွေ ထာဝရ ပျက်စီးသွားနိုင်တယ် ဒီလိုအခြေအနေတွေမှာဆိုရင်လည်း ဦးနှောက်ခွဲစိတ်မှုကို မဖြစ်မနေလုပ်ဆောင်ရမှာပဲဖြစ်ပါတယ် ...

"ဦးနှောက်ခွဲစိတ်မှု" ဆိုတဲ့ စကားလုံးဟာ အစမှာပြောခဲ့သလို ကြားရရုံနဲ့တင် လန့်စရာကောင်းနေနိုင်ပေမဲ့ တကယ်တမ်းတော့ ဒါဟာ ကြောက်စရာ အန္တရာယ်တစ်ခု မဟုတ်ဘဲ လူနာကို ပုံမှန်ကျန်းမာတဲ့ဘဝ ပြန်ရအောင် ကယ်တင်ပေးမယ့် "မျှော်လင့်ချက်တံခါးတစ်ချပ်" သာ ဖြစ်ပါတယ်။
အခုခေတ် ဆေးပညာလောကမှာ ခွဲစိတ်မှုနည်းပညာတွေဟာ အရင်ကထက် အဆပေါင်းများစွာ ပိုမိုခေတ်မီ၊ တိကျပြီး စိတ်ချရတဲ့အဆင့်ကို ရောက်ရှိနေပါပြီ။ သွေးထွက်နည်းနည်းနဲ့ အမြန်ဆုံးသက်သာစေမယ့် မှန်ပြောင်းနည်းပညာတွေ၊ ခွဲစိတ်မှုတိကျမှုကို အထောက်အကူပြုတဲ့ ကွန်ပျူတာလမ်းညွှန်စနစ် (Neuro-navigation) တွေအပြင် ကျွမ်းကျင်တဲ့ အထူးကုဆရာဝန်ကြီးတွေ ရှိနေတာကြောင့် အလွန်အမင်း စိုးရိမ်ပူပန်နေဖို့ မလိုတော့ပါဘူး ...

ဒါကြောင့် မိမိ သို့မဟုတ် မိမိချစ်ရသူတွေမှာ ဦးနှောက်မဖြစ်မနေခွဲစိတ်ရနိုင်တဲ့ လက္ခဏာတွေရှိလို့ ဆရာဝန်က ခွဲစိတ်ဖို့ အကြံပြုလာရင်... မကြောက်ပါနဲ့၊ စိုးရိမ်စိတ်တွေကို လျှော့ချပြီး အချိန်မီ မှန်ကန်တဲ့ ကုသမှုကို ရယူဖို့ ကျွန်တော်တို့ TravelPatient.com က တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ ...

“ပြည်တွင်း၊ ပြည်ပ အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု”
☎️09 949 221 640, 09 949 221 641

#ဦးနှောက်ခွဲစိတ်ခြင်း #ကျန်းမာရေးဗဟုသုတ

19/05/2026

💁‍♀️Malaysia Healthcare Expo Yangon 26 ပွဲကြီးသို့ သွားရောက်လေ့လာခဲ့ခြင်း ...

ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ကျင်းပသော Malaysia Healthcare Expo ပွဲကြီးတွင် မလေးရှားနိုင်ငံရဲ့ ခေတ်မီဆန်းသစ်တဲ့ ဆေးပညာနည်းပညာတွေ၊ အဆင့်မြင့်စောင့်ရှောက်မှုတွေနဲ့ ထိပ်တန်းဆေးရုံကြီးတွေကို တစ်နေရာတည်းမှာ လေ့လာခွင့်ရခဲ့ပါတယ် ...

ကျွန်တော်တို့ TravelPatient.com အနေနဲ့ လူနာများအားလုံးအတွက် ကျန်းမာရေးခရီးစဉ်တစ်ခုကို စလိုက်ပြီဆိုတာနဲ့ အစအဆုံး စိတ်အေးချမ်းသာစွာ အဆင်ပြေချောမွေ့စေဖို့ အမြဲတမ်း အလေးထားစဉ်းစား ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။

🤝 ဒါကြောင့်လည်း အခုလို ပွဲကြီးတွေမှာ တက်ရောက်ပါဝင်ကာ လူနာများအတွက် အကောင်းမွန်ဆုံးကျန်းမာရေးဝန်ဆောင်မှုတွေကို ပိုမိုးပေးနိုင်ဖို့ ကြိုးစားဆောင်ရွက် ပေးနေတာပဲဖြစ်ပါတယ် ...

#မြန်မာလူနာများအတွက် #ကျန်းမာရေးခရီးသွား

Address

No. 23/5 C , Thiri Mingalar Avenue Street, 7 Qt, Yankin Township
Yangon
11081

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30

Website

Alerts

Be the first to know and let us send you an email when TravelPatient.com posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share