22/07/2026
🌟 ကင်ဆာရောဂါအတွက် ခွဲစိတ်ခြင်း၊ ဓာတ်ကင်ခြင်း၊ ကင်ဆာဆေးသွင်းခြင်း စတယ့် လိုအပ်တယ့် ကုသမှုအားလုံးကို 𝐏𝐢𝐲𝐚𝐯𝐚𝐭𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှာ မိသားစုကဲ့သို့ နွေးထွေးစွာ တစ်နေရာတည်းတွင် ပြီးပြည့်စုံစွာ ခံယူပါ။ 💖
ကင်ဆာရောဂါဆိုတာ ကြားလိုက်ရုံနဲ့တင် စိတ်ပူပန်မှုတွေ များပြားစေတာပါ။ ဒါပေမယ့် စိတ်မပူပါနဲ့။ Piyavate Hospital ရဲ့ ကင်ဆာစင်တာမှာ လူနာတစ်ဦးစီတိုင်းကို "မိသားစုဝင်" တစ်ဦးလို သဘောထားပြီး ပြုစုစောင့်ရှောက်ပေးဖို့ အဆင်သင့်ရှိပါတယ်။
သင့်ရဲ့ ကင်ဆာပျောက်ကင်းရေးခရီးစဉ်ကို တစ်နေရာတည်းမှာ ပြီးပြည့်စုံစွာ ဖြတ်သန်းနိုင်ဖို့ Chemotherapy (ဆေးသွင်းကုသခြင်း) သာမက၊ ကမ္ဘာ့အဆင့်မီ ဓာတ်ရောင်ခြည်ကုသမှုနည်းပညာ အစုံအလင်ကိုလည်း တစ်ခါတည်း ရရှိနိုင်မှာပါ။
တခြားနေရာကို သွားဖို့မလိုတော့ဘဲ တိကျသေချာပြီး ဘေးကင်းတဲ့ ကုသမှုတွေကို ပီရာဝေ့ဆေးရုံမှာတင် ခံယူနိုင်ပါပြီ။
ကင်ဆာဓာတ်ကင်ရန်လိုအပ်သောလူနာများအတွက်
၁။ 𝐒𝐢𝐞𝐦𝐞𝐧𝐬 𝐂𝐓 𝐒𝐢𝐦𝐮𝐥𝐚𝐭𝐨𝐫 (ကင်ဆာမြေပုံဖော်စက်)
ကင်ဆာကို မကုသခင် ခန္ဓာကိုယ်ထဲက အကြိတ်တည်နေရာကို ကွန်ပျူတာနဲ့ ဓာတ်မှန်ရိုက်ပြီး 3D မြေပုံ အတိအကျဖော်ပေးတာပါ။ လူနာ အသက်ရှူလို့ အကြိတ်လှုပ်ရှားတဲ့အထိ AI စနစ်နဲ့ တိတိကျကျ ပုံဖော်ပေးနိုင်လို့ ကုသမှု အမှားအယွင်း မရှိအောင် ကူညီပေးပါတယ်။
၂။ 𝐕𝐚𝐫𝐢𝐚𝐧 𝐓𝐫𝐮𝐞𝐁𝐞𝐚𝐦 (အဆင့်မြင့် ရေဒီယိုကုထုံးစက်)
ခန္ဓာကိုယ်ပြင်ပကနေ ကင်ဆာဆဲလ်တွေကို ဓာတ်ရောင်ခြည် ပစ်ခတ်ခြေဖျက်တဲ့ စက်ဖြစ်ပါတယ်။ မီလီမီတာအောက်ထိ အလွန်သေးငယ်တဲ့ ပစ်မှတ်ကိုတောင် တိတိကျကျ ချိန်ရွယ်နိုင်ပြီး ကုသချိန်ကို မိနစ်ပိုင်းအတွင်း ပြီးစီးအောင် အလွန်မြန်ဆန်စွာ ကုသပေးနိုင်ပါတယ်။
၃။ 𝐕𝐚𝐫𝐢𝐚𝐧 𝐕𝐢𝐭𝐚𝐥𝐁𝐞𝐚𝐦 (စွမ်းဆောင်ရည်မြင့် ဓာတ်ရောင်ခြည်စက်)
ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ အစရှိတဲ့ အဖြစ်များတဲ့ ကင်ဆာတွေကို လျင်လျင်မြန်မြန်နဲ့ ထိရောက်စွာ ကုသပေးနိုင်တဲ့ ဗဟိုချက် စက်ကြီးဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ကျန်းမာတဲ့ဆဲလ်တွေကို မထိခိုက်စေဘဲ ကင်ဆာအကြိတ်ရှိတဲ့ နေရာကိုပဲ လှည့်ပတ်ပြီး ဆေးပမာဏ အတိအကျ ပစ်ခတ်ပေးနိုင်ပါတယ်။
၄။ 𝐁𝐫𝐚𝐜𝐡𝐲𝐭𝐡𝐞𝐫𝐚𝐩𝐲 (Varian BRAVOS® - ခန္ဓာကိုယ်တွင်း ဓာတ်ရောင်ခြည်ကုထုံး)
ခန္ဓာကိုယ်ပြင်ပကနေ ပစ်တာမဟုတ်ဘဲ ကင်ဆာအကြိတ်ရှိတဲ့ နေရာထဲကို (သို့) အနီးနားကို ဓာတ်ရောင်ခြည်ပစ္စည်း (Applicator) တိုက်ရိုက်ထည့်ပြီး ကုသတာပါ။ အထူးသဖြင့် သားအိမ်ခေါင်းကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေမှာ အသုံးများပြီး ဘေးနားက ကောင်းတဲ့ အင်္ဂါရပ်တွေကို လုံးဝမထိခိုက်ဘဲ ကင်ဆာကျိတ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ပါတယ်။
🎯 အနှစ်ချုပ်ပြောရရင် -
Siemens CT နဲ့ အကြိတ်နေရာကို တိတိကျကျ ရှာမယ် 🔍၊ TrueBeam/VitalBeam နဲ့ ပြင်ပကနေ အရှိန်ပြင်းပြင်း ချေဖျက်မယ် ⚡၊ BRAVOS Brachytherapy နဲ့ အတွင်းပိုင်းထဲအထိ ကင်ဆာကို အမြစ်ပြတ်အောင် နှိမ်နင်းမယ် 🛡️။
ကင်ဆာရောဂါဖြစ်လာပြီဆို စောစီးစွာကုသမှုခံယူပါ။
𝐀𝐬𝐢𝐚 𝐍𝐞𝐰 𝐖𝐚𝐲
𝐎𝐧𝐞-𝐬𝐭𝐨𝐩 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
☎️ 𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂ လမ်းကြား၊ ၄၂ ထောင့်အနီး။
☎️ 𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
ဘန်ကောက်ဖုန်း
☎️ +𝟔𝟔 𝟔𝟑 𝟎𝟔𝟑 𝟒𝟓𝟖𝟖
#ကင်ဆာ #အသည်းကင်ဆာ #အဆုတ်ကင်ဆာ #ကျောက်ကပ်ကင်ဆာ #ဆီးကျိတ်ကင်ဆာ #သားအိမ်ကင်ဆာ #သားအိမ်ခေါင်းကင်ဆာ #အစာအိမ်ကင်ဆာ #ကင်ဆာရောဂါ