28/02/2026
🏥Princ Suvarnabhumi Hospital မှာ Medical Check-up Experience ပါ။
🏡 ကျန်းမာနေရင် အလုပ်တွေလည်းလုပ်နိုင်မယ်၊ပိုက်ဆံလည်းရှာနိုင်မယ်၊ခရီးတွေလည်းသွားနိုင် မယ် ၊မိသားစုနဲ့ပျော်ရွှင်စွာနေနိုင်မယ် ၊ပိုကျန်းမာအောင် လေ့ကျင့်ခန်းတွေလည်းလုပ်နိုင်မယ်။
😷မကျန်းမာမှ ရောဂါဖြစ်မှ ရှာထားသမျှပိုက်ဆံတွေအကုန်ခံပြီး ကုတာထက်
🥑အစားအသောက်အနေအထိုင် ဆင်ခြင်တာ
🏃🏻♀️လေ့ကျင့်ခန်းပုံမှန်လုပ်တာ
🧘🏻♀️စိတ်ကောင်းထားပြီး စိတ်ဖိစီးမှုနည်းအောင်နေတာ
🩺ပုံမှန် Medical Check up တနှစ်တခါ လုပ်တာမျိုးက
အချိန်နဲ့ငွေကြေးကုန်ကျမှု နဲ့ ပိုမိုသက်သာစေပါတယ်။