Honey Kid Syrup

Honey Kid Syrup Honey Kid ကလေးအားဆေးရည်

ကလေးလေးတွေ ခဏခဏ ဖျားနာတာ၊ အအေးမိတာမျိုး မဖြစ်ဘဲ ရာသီဥတု ဘယ်လိုပဲပြောင်းပြောင်း လန်းဆန်းကျန်းမာနေစေချင်တယ် ဆိုရင် သူတို့ရ...
26/08/2026

ကလေးလေးတွေ ခဏခဏ ဖျားနာတာ၊ အအေးမိတာမျိုး မဖြစ်ဘဲ ရာသီဥတု ဘယ်လိုပဲပြောင်းပြောင်း လန်းဆန်းကျန်းမာနေစေချင်တယ် ဆိုရင် သူတို့ရဲ့ ကိုယ်ခံအားစနစ် သန်မာနေဖို့က အဓိကပါပဲ။

ဒါကြောင့် မေမေတို့ရဲ့ သဲငယ်လေးတွေအတွက် နေ့စဉ် ကျွေးမွေးတဲ့အခါ ဒီ (၅) မျိုးကို မပါမဖြစ် ထည့်သွင်းပေးဖို့ လိုပါတယ်နော်။

၁။ Vitamin C ကြွယ်ဝတဲ့ အစားအစာများ
လိမ္မော်၊ စတော်ဘယ်ရီနဲ့ အသီးအနှံတွေက ကူးစက်ရောဂါတွေကို တားဆီးပေးပါတယ်။

၂။ ပရိုတင်းဓာတ် ပြည့်ဝတဲ့ အစားအစာများ
ကြက်ဥ၊ နို့၊ အသား၊ ငါးနဲ့ ပဲအမျိုးမျိုးက ခန္ဓာကိုယ်ဆဲလ်တွေကို တည်ဆောက်ပေးပါတယ်။

၃။ ဇင့် (Zinc) ဓာတ် ပါဝင်သော အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ
အသားနဲ့ အစေ့အဆန်တွေက ကိုယ်ခံအားဆဲလ်တွေကို သန်မာစေပါတယ်။

၄။ Antioxidants ကြွယ်ဝသော အစားအစာများ
သီးနှံမျိုးစုံနဲ့ အရောင်ရင့် ဟင်းသီးဟင်းရွက်တွေက ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

၅။ ကလေးငယ်တို့အတွက် မရှိမဖြစ် ခွန်အား Honey Kid
အစားရွေးတဲ့ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရနဲ့ ဗီတာမင်တွေကို ဖြည့်ဆည်းပေးပြီး ကိုယ်ခံအားကို အပြည့်အဝ မြှင့်တင်ပေးပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရတွေအပြင် လိုအပ်တဲ့ ဗီတာမင်တွေကိုပါ Honey Kid လေးနဲ့ ဖြည့်ဆည်းပေးပြီး သားသားမီးမီးတို့ကို ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာစေဖို့ စောင့်ရှောက်ပေးလိုက်ရအောင်။

"အစကောင်းမှ အနှောင်းသေချာ 𝐇𝐨𝐧𝐞𝐲 𝐊𝐢𝐝 နဲ့ အစပြုပါ"




ဆေးခါးခါးကြီးကိုမကြိုက်တဲ့ သားသားမီးမီးတို့ ဝမ်းသာအားရနဲ့ သောက်ဖို့အတွက် အရသာချိုချိုမွှေးမွှေးလေးနဲ့ Honey Kid အားဆေးလေ...
24/08/2026

ဆေးခါးခါးကြီးကိုမကြိုက်တဲ့ သားသားမီးမီးတို့ ဝမ်းသာအားရနဲ့ သောက်ဖို့အတွက် အရသာချိုချိုမွှေးမွှေးလေးနဲ့ Honey Kid အားဆေးလေးရှိပါတယ်နော်…🍯💛

သောက်ရတာလည်းချိုမြိန်ပြီး အာဟာရကိုလည်းပြည့်ဝစေတဲ့ Honey Kid အားဆေးလေးက-
✨ကလေးတွေရဲ့ ခံတွင်းကို မြှင့်တင်ပေးပြီး အစားမှန်မှန်စားလာစေတယ်။
✨ကလေးငယ်တွေနဲ့ ဉာဏ်ရည်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးတယ်။
✨ကိုယ်ခံအားစနစ်ကို သန်မာစေပြီး ရောဂါရန်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးအထောက်အပံ့ပေးနိုင်တဲ့ Honey Kid အားဆေးချိုချိုလေးကို အခုပဲတိုက်လိုက်တော့နော် ❗️

"အစကောင်းမှ အနှောင်းသေချာ 𝐇𝐨𝐧𝐞𝐲 𝐊𝐢𝐝 နဲ့ အစပြုပါ"




ထမင်းစားမယ်လို့ခေါ်လိုက်တိုင်း ကလေးကအဝေးကိုပြေးနေတာ ဒါမှမဟုတ် ထမင်းကျွေးတိုင်း ပါးစပ်ပိတ်ပြီး ငြင်းနေတာတွေကိုပဲ ကြုံနေရလ...
21/08/2026

ထမင်းစားမယ်လို့ခေါ်လိုက်တိုင်း ကလေးကအဝေးကိုပြေးနေတာ ဒါမှမဟုတ် ထမင်းကျွေးတိုင်း ပါးစပ်ပိတ်ပြီး ငြင်းနေတာတွေကိုပဲ ကြုံနေရလို့ မေမေတို့ စိတ်ညစ်နေပြီလား…❓

ဖွံ့ဖြိုးကြီးထွားရမဲ့အရွယ်မှာ ကလေးတွေက အစားကိုကောင်းကောင်းမစားဘူးဆိုရင်-

⚠️ကြီးထွားနှုန်း နှေးကွေးခြင်း
⚠️ကိုယ်ခံအားနည်းပြီး ဖျားနာလွယ်ခြင်းနဲ့
⚠️လှုပ်ရှားသွားလာတဲ့နေရာမှာ အားအင်မရှိဖြစ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

ထမင်းစားချင်စိတ်ကို သဘာဝအတိုင်း တိုးပွါးစေတဲ့အပြင် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေကို ဖြည့်တင်းပေးနိုင်တဲ့ Honey Kid အားဆေးနဲ့အတူ ဒီအခက်အခဲကို ဖြေရှင်းလိုက်ပါနော်…✅

ကျန်းမာတဲ့ ကလေးငယ်လေးအနေနဲ့ ထမင်းမှန်မှန်စားပြီး ပျော်ပျော်ရွှင်ရွှင်လန်းဆန်းနေစေဖို့အတွက် Honey Kidကိုသာ ယုံကြည်စွာ ရွေးချယ်ပါ…မေမေတို့ရေ ✨💛

"အစကောင်းမှ အနှောင်းသေချာ 𝐇𝐨𝐧𝐞𝐲 𝐊𝐢𝐝 နဲ့ အစပြုပါ"




လပတ်စာမေးပွဲကြီးတွေနီးလာပြီဆိုတော့ စာတွေရကြပြီလား? သင့်ကလေးကို စာမေးပွဲအတွက် စာတွေကူလုပ်ပေးသလို ကျန်းမာရေးအတွက်လည်း တစ်ဖ...
19/08/2026

လပတ်စာမေးပွဲကြီးတွေနီးလာပြီဆိုတော့ စာတွေရကြပြီလား?

သင့်ကလေးကို စာမေးပွဲအတွက် စာတွေကူလုပ်ပေးသလို ကျန်းမာရေးအတွက်လည်း တစ်ဖက်တစ်လမ်းက ဂရုစိုက်ပေးဖို့ လိုမယ်နော်။ ဒါမှ ကျန်းကျန်းမာမာနဲ့ စာမေးပွဲခန်းမှာ အကောင်းဆုံး ဖြေနိုင်ခဲ့မှာမလား။

စာမေးပွဲကြောင့် သင့်ကလေးစိတ်ပင်ပန်းမှုမဖြစ်အောင်၊ အိပ်ရေးဝဝအိပ်နိုင်အောင် Honey Kid ကို ပုံမှန်တိုက်ကျွေးပြီး စာမေးပွဲတွေအတွက် အသင့်ပြင်ဆင်ထားလိုက်ကြရအောင်နော်။

"အစကောင်းမှ အနှောင်းသေချာ 𝐇𝐨𝐧𝐞𝐲 𝐊𝐢𝐝 နဲ့ အစပြုပါ"




Echinacea Purpurea (ဆေးပြောင်းပန်း) ကို ကမ္ဘာတစ်ဝှမ်းမှာ ကိုယ်ခံအားစနစ်အတွက် Natural Immunity Booster အဖြစ် အများဆုံးအသု...
17/08/2026

Echinacea Purpurea (ဆေးပြောင်းပန်း) ကို ကမ္ဘာတစ်ဝှမ်းမှာ ကိုယ်ခံအားစနစ်အတွက် Natural Immunity Booster အဖြစ် အများဆုံးအသုံးပြုကြပါတယ်။

Echinacea Purpurea (ဆေးပြောင်းပန်း) က ကိုယ်ခံအားစနစ်ကို ဘယ်လိုမျိုး အထောက်အကူဖြစ်စေနိုင်သလဲ?

(၁) ခန္ဓာကိုယ်ထဲကို ပိုးမွှားနဲ့ ဗိုင်းရပ်စ်တွေ ဝင်ရောက်လာတဲ့အခါ ဆေးပြောင်းပန်းမှာပါတဲ့ Active Compounds တွေ (Polysaccharides နဲ့ Alkamides) က သွေးဖြူဥတွေထဲက Phagocytes နဲ့ Natural Killer (NK) Cells တွေကို ချက်ချင်း နိုးကြားလာအောင် လှုံ့ဆော်ပေးပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်က ပိုးမွှားတွေကို အစောပိုင်းအဆင့်မှာတင် မြန်မြန်ဆန်ဆန် တိုက်ထုတ်နိုင်သွားပါတယ်။

(၂) အအေးမိ၊ နှာစေး၊ ဖျားနာခြင်းတွေမဖြစ်အောင် ကြိုတင်ကာကွယ်ပေးထားရုံတင်မကဘဲ၊ ဖျားနာသွားခဲ့ရင်တောင် အဖျားကို အမြန်ဆုံးသက်သာစေနိုင်ပြီး ရောဂါလက္ခဏာ ပြင်းထန်မှုကို လျှော့ချပေးပါတယ်။

(၃) ကလေးတွေ အအေးမိတဲ့အခါ လည်ချောင်းနာတာ၊ ချောင်းဆိုးတာနဲ့ နှာခေါင်းပိတ်တာတွေက ရောင်ရမ်းမှု (Inflammation) ကြောင့် ဖြစ်တာပါ။ Echinacea က ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို ကျစေတဲ့ Natural Anti-inflammatory အဖြစ် ကူညီပေးပါတယ်။

(၄) Vitamin C က ဆဲလ်တွေကို Antioxidant အဖြစ် ကာကွယ်ပေးသလို၊ Echinacea က ကိုယ်ခံအားဆဲလ်တွေကို လှုံ့ဆော်ပေးတာကြောင့် Vitamin C + Echinacea ပေါင်းစပ်လိုက်တဲ့အခါ ကလေးတွေအတွက် ပိုမိုခိုင်မာတဲ့ သဘာဝ ကိုယ်ခံအား Shield အဖြစ် အလုပ်လုပ်ပေးတာ ဖြစ်ပါတယ်။

သင့်ကလေးရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေချင်တယ်ဆိုရင် Vitamin C နဲ့ ဆေးပြောင်းပန်းပါဝင်တဲ့ Honey Kid ကို တိုက်ကျွေးပေးသင့်ပါတယ်နော်။ Honey Kid ကို အမြို့မြို့အနယ်နယ်ရှိ ဆေးဆိုင်များမှာ မေးမြန်းဝယ်ယူနိုင်ပါတယ်။

"အစကောင်းမှ အနှောင်းသေချာ 𝐇𝐨𝐧𝐞𝐲 𝐊𝐢𝐝 နဲ့ အစပြုပါ"




မိုးကလည်း တစိမ့်စိမ့်ရွာ၊ စာမေးပွဲရက်ကလည်း နီးလာတဲ့ ဒီရက်ပိုင်းမှာ အိမ်တိုင်းလိုလိုမှာ ကြုံနေရတဲ့ မေမေတို့ရဲ့ ခေါင်းခဲစရ...
10/08/2026

မိုးကလည်း တစိမ့်စိမ့်ရွာ၊ စာမေးပွဲရက်ကလည်း နီးလာတဲ့ ဒီရက်ပိုင်းမှာ အိမ်တိုင်းလိုလိုမှာ ကြုံနေရတဲ့ မေမေတို့ရဲ့ ခေါင်းခဲစရာလေးတွေကို ပြောပြပေးခဲ့ကြပါဦး။

(A) မိုးရေထဲဆော့ချင်လို့ ငိုနေတဲ့ သားသား
(B) မိုးအေးလို့ အိပ်ချင်ရုံပဲရှိပြီး ထမင်းမစားချင်တဲ့ မီးမီး
(C) စာမေးပွဲနီးမှ နှာစေးနေတဲ့ သားသားမီးမီး

မေမေတို့အိမ်မှာရော ဘယ်အချက်နဲ့ ကွက်တိ ဖြစ်နေလဲ? ဒါမှမဟုတ် ဒီအချက်တွေအကုန်လုံးပဲလား? Comment မှာ (A, B, C) ရွေးပေးခဲ့ကြပါဦးနော်…

"အစကောင်းမှ အနှောင်းသေချာ 𝐇𝐨𝐧𝐞𝐲 𝐊𝐢𝐝 နဲ့ အစပြုပါ"



ရာသီဥတု ခဏခဏ ပြောင်းလဲနေတဲ့ အချိန်မျိုးမှာ သားသားမီးမီးတို့ ခေတ်ခဏခဏ မဖြစ်ရအောင် မိခင်တိုင်းက အမြဲ ဂရုစိုက်နေရတာပါပဲ။ကလေ...
08/08/2026

ရာသီဥတု ခဏခဏ ပြောင်းလဲနေတဲ့ အချိန်မျိုးမှာ သားသားမီးမီးတို့ ခေတ်ခဏခဏ မဖြစ်ရအောင် မိခင်တိုင်းက အမြဲ ဂရုစိုက်နေရတာပါပဲ။

ကလေးတွေရဲ့ ခန္ဓာကိုယ်မှာ ကိုယ်ခံအားစနစ် (Immune System) သန်မာနေဖို့ဆိုရင် Vitamin C က မရှိမဖြစ် လိုအပ်ပါတယ်။ Honey Kid မှာ ကလေးတို့အတွက် လိုအပ်တဲ့ Vitamin C အပြည့်အဝ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို သဘာဝအတိုင်း မြှင့်တင်ပေးပြီး ဖျားနာခြင်းနဲ့ အအေးမိခြင်းတွေကို ကြိုတင်ကာကွယ်ပေးပါတယ်။

အခုလို ဖျားနာလွယ်တဲ့တုပ်ကွေးရာသီမှာ သင့်ကလေးကျန်းမာနေစေဖို့ ကိုယ်ခံအားမြှင့်တင်ပေးမဲ့ Honey Kid ရှိနေပြီဆိုရင်တော့ သင့်ကလေးကျန်းမာရေးကို စိတ်ချထားလို့ရပါပြီနော်။

"အစကောင်းမှ အနှောင်းသေချာ 𝐇𝐨𝐧𝐞𝐲 𝐊𝐢𝐝 နဲ့ အစပြုပါ"



🎉 ထမင်းဘူးလှလှလေးတွေနဲ့ ပါဝင်ပေးကြတဲ့ မေမေတို့ထဲက Giveaway Winner ထွက်ပေါ်လာပါပြီ 🎉သားသားမီးမီးတို့အတွက် မေတ္တာအပြည့်နဲ့...
05/08/2026

🎉 ထမင်းဘူးလှလှလေးတွေနဲ့ ပါဝင်ပေးကြတဲ့ မေမေတို့ထဲက Giveaway Winner ထွက်ပေါ်လာပါပြီ 🎉

သားသားမီးမီးတို့အတွက် မေတ္တာအပြည့်နဲ့ ပြင်ဆင်ပေးထားတဲ့ Lunch Box ပုံလေးတွေကို Comment မှာ စိတ်အားထက်သန်စွာ မျှဝေပါဝင်ပေးကြတဲ့ မေမေတစ်ယောက်ချင်းစီတိုင်းကို Honey Kid မှ အထူးကျေးဇူးတင်ရှိပါတယ်။

ကံထူးသူ မေမေ (၃) ယောက်ကို မဲနှိုက်ရွေးချယ်လိုက်ပြီဖြစ်လို့ စည်းကမ်းချက်နဲ့အညီ ပါဝင်ထားတဲ့ ကံထူးရှင် မေမေတွေကတော့…

1.Phyo Po Po
2.Yu Yu Htwe
3.မိုးမိုး တို့ပဲဖြစ်ပါတယ်။

ကံထူးရှင် မေမေများအနေနဲ့ Honey Kid Page မှာ စည်းကမ်းချက်နဲ့အညီ ပါဝင်ထားကြောင်း Screenshot လေးတွေပြသပြီး လာရောက်ထုတ်ယူနိုင်ပါပြီနော်။

ဒီတစ်ခေါက် မဲမပေါက်သေးတဲ့ မေမေတို့လည်း စိတ်မကောင်း မဖြစ်ကြပါနဲ့ဦး။ နောက်ထပ် သားသားမီးမီးတို့နဲ့အတူ ပါဝင်လို့ရမဲ့ပျော်ရွှင်စရာ အစီအစဉ်ကောင်းလေးတွေ ဖန်တီးပေးဖို့ရှိသေးတာမို့ Honey Kid Page ကို Follow လုပ်ထားဖို့ မမေ့ကြပါနဲ့ဦးနော်။

"အစကောင်းမှ အနှောင်းသေချာ 𝐇𝐨𝐧𝐞𝐲 𝐊𝐢𝐝 နဲ့ အစပြုပါ"

27/07/2026

ဆေးဆိုရင် ဝေးဝေးပြေးတဲ့ကလေးတွေအတွက် အသင့်တော်ဆုံး Honey Kid

သားသားမီးမီးတို့ရဲ့ နေ့စဉ်ဖြတ်သန်းမှုမှာ ခုခံအားလည်းကောင်း၊ ထမင်းလည်းမြိန်ပြီး တက်ကြွလန်းဆန်းနေစေဖို့အတွက် Honey Kid အားဆေးကနေ ကူညီပေးပါရစေ 💛

Honey Kid အားဆေးက ဆေးဆိုရင် ဝေးဝေးပြေးတတ်တဲ့ ကလေးတွေတောင် အကြိုက်တွေ့စေမယ့် အရသာမွှေးမွှေးချိုချိုလေးတွေကိုပဲ ထုတ်ပေးထားတာဖြစ်ပါတယ်။

🍯 ပျားရည် အရသာ - သဘာဝအတိုင်း ချိုအီမွှေးပျံ့တဲ့အရသာကိုရစေတယ်။
🍊 လိမ္မော်သီး အရသာ - ချိုချဉ်လန်းဆန်းပြီး ခံတွင်းတွေ့စေတယ်။
🍍 နာနတ်သီး အရသာ - မွှေးမွှေးလေးနဲ့ သောက်ရတာ စွဲမက်စေပါတယ်။

ကလေးတွေ ကျန်းမာပျော်ရွှင်ဖို့ဆိုရင် အရသာလည်းရှိ၊ အာဟာရလည်းပြည့်တဲ့ Honey Kid ကိုသာ သတိရလိုက်ပါနော် မေမေတို့ ✨💯

"အစကောင်းမှ အနှောင်းသေချာ 𝐇𝐨𝐧𝐞𝐲 𝐊𝐢𝐝 နဲ့ အစပြုပါ"




မိုးရာသီရောက်ပြီဆိုတာနဲ့ ဘတ်တီးရီးယားနဲ့ဗိုင်းရပ်စ်ပိုးတွေ ပိုပြီးရှင်သန်ပွါးများလာတတ်တာကြောင့် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ...
25/07/2026

မိုးရာသီရောက်ပြီဆိုတာနဲ့ ဘတ်တီးရီးယားနဲ့ဗိုင်းရပ်စ်ပိုးတွေ ပိုပြီးရှင်သန်ပွါးများလာတတ်တာကြောင့် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အဖြစ်များလာကြပါတယ်။
ကလေးငယ်လေးတွေ ဝမ်းရောဂါဘေးကနေ ကင်းဝေးပြီး မိုးရာသီကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ဆိုရင် မိဘတွေအနေနဲ့ -

☔️အစားအသောက်နဲ့ သောက်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပေးပါ။
ကလေးငယ်တွေကို ကျိုချက်ပြီးသားရေနွေး(သို့) သန့်ရှင်းမှုစိတ်ချရတဲ့ သောက်ရေသန့်ကိုသာ တိုက်ကျွေးပါ။ လမ်းဘေးစာ၊ ယင်နားစာတွေကို ရှောင်ကြဉ်ခိုင်းပြီး ပူပူနွေးနွေးချက်ပြုတ်ထားတဲ့အစားအစာတွေကိုသာ ကျွေးပါ။

☔️လက်ဆေးတဲ့အလေ့အကျင့်ပြုလုပ်ပေးပါ။
အစားမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်းမှာ လက်ကိုဆပ်ပြာနဲ့ စက္ကန့်၂၀ကြာစနစ်တကျဆေးကြောဖို့အတွက် အလေ့အကျင့်ပြုလုပ်ပေးပါ။ မေမေတို့ကိုယ်တိုင်လည်း ကလေးတွေကိုမကိုင်တွယ်ခင်နဲ့ အစားအသောက်တွေမပြင်ဆင်ပေးခင်အချိန်တွေမှာ လက်ဆေးဖို့ မမေ့ပါနဲ့နော်။

☔️ကလေးတွေရဲ့ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ သန့်ရှင်းအောင် ဂရုစိုက်ပေးပါ။
ကလေးတွေဆိုတာ ကစားစရာတွေကို ပါးစပ်ထဲထည့်တတ်တာကြောင့် ဆော့ကစားတဲ့အရုပ်၊နေရာတွေကို သန့်သန့်ရှင်းရှင်းထားရှိပါ။

💡ဒါတွေအပြင် အရေးကြီးဆုံးကတော့ ကလေးရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ထားဖို့ဖြစ်ပါတယ်။

Honey Kid ကလေးအားဆေးမှာဆိုရင် ကိုယ်ခံစွမ်းအားကို သဘာဝအတိုင်းမြှင့်တင်ပေးနိုင်တဲ့ အာဟာရဓါတ်တွေစုံလင်စွာပါဝင်တာကြောင့် ဝမ်းရောဂါဖြစ်စေတဲ့ပိုးမွှားတွေရန်ကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ 💛

ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါကနေ ကာကွယ်နိုင်ဖို့အတွက် Honey Kid ကလေးအားဆေးကိုလည်း ပုံမှန်တိုက်ကျွေးထားဖို့ မမေ့နဲ့နော်…✨

"အစကောင်းမှ အနှောင်းသေချာ 𝐇𝐨𝐧𝐞𝐲 𝐊𝐢𝐝 နဲ့ အစပြုပါ"




Address

V59J+856, ယမနေ(၉)လမ်း
Yangon

Website

Alerts

Be the first to know and let us send you an email when Honey Kid Syrup posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share