Thainakarin Hospital - Myanmar

Thainakarin Hospital - Myanmar The Hospital You Can Trust🩺
သင့်ကျန်းမာရေးအတွက် စိတ်ချယုံကြည်ရသော နွေးထွေးစွာဝန်ဆောင်မှုပေးနေသည့် မြန်မာပြည်ရုံးခွဲ
(1)

ဘန်ကောက်မြို့ ထိုင်းနက္ကရင်ဆေးရုံကြီးမှာ ကင်ဆာကုသမှုခံယူရန် လူနာများကို ယုံကြည်စွာ လွှဲပြောင်းပြီး ပို့ပေးနေကြတဲ့ Sub Ag...
13/08/2026

ဘန်ကောက်မြို့ ထိုင်းနက္ကရင်ဆေးရုံကြီးမှာ
ကင်ဆာကုသမှုခံယူရန် လူနာများကို ယုံကြည်စွာ လွှဲပြောင်းပြီး ပို့ပေးနေကြတဲ့

Sub Agent / Healthcare Partner မိတ်ဖက်များအားလုံးကို ထိုင်းနက္ကရင်ဆေးရုံမှ အထူးကျေးဇူးတင်ရှိပါတယ်။

"လူနာတစ်ယောက်အတွက် မှန်ကန်တဲ့နေရာမှာ မှန်ကန်တဲ့ကုသမှုကို ရရှိနိုင်ဖို့ လမ်းညွှန်ပေးသူတွေဟာ အရမ်းအရေးကြီးပါတယ်။ "

ထိုင်းနက္ကရင်ဆေးရုံအနေနဲ့ ကင်ဆာနဲ့ ပတ်သက်ပြီး စစ်ဆေးမှုကစလို့ နောက်ဆုံးပေါ် ကုသနည်းများအထိ အဆင်ပြေစွာ ဝန်ဆောင်မှုပေးခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်ရှင် ။

လူနာများအတွက် ယုံကြည်စိတ်ချရတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်လာစေဖို့အတွက်လဲ စဥ်ဆက်မပြတ် ကြိုးစားအားထုတ်လျှက်ရှိပါတယ်။

ထိုင်းနက္ကရင်ဆေးရုံနှင့် လက်တွဲလိုသော မိတ်ဖက်များအားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်..

"လူနာများအတွက် အကောင်းဆုံးရွေးချယ်စရာဖြစ်ဖို့ အတူတကွ ဖန်တီးကြပါစို့ .."

🤝 Partnership / Patient Referral အတွက် Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်..


😣 ကျောနာခြင်း၊ ခါးနာခြင်း တွေက အသက်ကြီးလာမှ ဖြစ်တာမဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ လူငယ် လူလတ်ပိုင်းအမျိုးသား၊ အမျိုးသမီးတွေမှာပ...
11/08/2026

😣 ကျောနာခြင်း၊ ခါးနာခြင်း တွေက အသက်ကြီးလာမှ ဖြစ်တာမဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ လူငယ် လူလတ်ပိုင်းအမျိုးသား၊ အမျိုးသမီးတွေမှာပါ အဖြစ်များလာတာကို တွေ့ရပါတယ်၊

- ကျောရိုးကျန်းမာရေးကို ဂရုမစိုက်ပါက နာတာရှည်နာကျင်မှု၊ အာရုံကြောဖိခြင်း၊ ခြေလက်အားနည်းခြင်းအထိ ဖြစ်ပေါ်လာနိုင်ပါတယ်။

● နောက်ကျောနာပြီး ခြေထောက်သို့ နာကျင်မှု ပျံ့ခြင်း (𝐒𝐜𝐢𝐚𝐭𝐢𝐜𝐚)
● ခြေထောက် ထုံကျင်ခြင်း
● ခြေထောက်ကြွက်သား အားနည်းလာခြင်း
● လမ်းလျှောက်ရခက်လာခြင်း
● မတ်တပ်ရပ်ရင် ပိုနာလာခြင်း စတဲ့ လက္ခဏာတွေရှိရင် အထူးကုဆရာဝန်နဲ့ အမြန်ပြသသင့်ပါတယ်။

𝐒𝐩𝐢𝐧𝐞 𝐂𝐚𝐫𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 ဆိုတာ ဘာလဲ?

ကျောရိုးရောဂါများကို ခွဲစိတ်မှုတစ်ခုတည်း မဟုတ်ဘဲ အကြောင်းရင်းအလိုက် ကုသခြင်း ဖြစ်ပါတယ်။
𝟏. 𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐢𝐬 (ရောဂါ ရှာဖွေစစ်ဆေးခြင်း)
𝟐. 𝐂𝐨𝐧𝐬𝐞𝐫𝐯𝐚𝐭𝐢𝐯𝐞 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 ( သောက်ဆေးဖြင့် စောင့်ကြည့်ကုသခြင်း)
𝟑. 𝐈𝐧𝐭𝐞𝐫𝐯𝐞𝐧𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐚𝐢𝐧 𝐏𝐫𝐨𝐜𝐞𝐝𝐮𝐫𝐞𝐬 (ထိုးဆေးဖြင့် နာကျင်မှုကို ကုသခြင်း)
𝟒. 𝐌𝐢𝐧𝐢𝐦𝐚𝐥𝐥𝐲 𝐈𝐧𝐯𝐚𝐬𝐢𝐯𝐞 𝐒𝐩𝐢𝐧𝐞 𝐒𝐮𝐫𝐠𝐞𝐫𝐲 (မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသခြင်း)

ခါးဆစ်ရိုးရောဂါအမျိုးမျိုးအတွက် ဘန်ကောက်မြို့ရဲ့ ထိုင်းနက္ကရင်ဆေးရုံမှာ အရိုးအထူးကုဆရာဝန်ကြီးများအဖွဲ့က ခေတ်မှီနည်းပညာများနဲ့ သက်သာပျောက်ကင်းအောင် ကုသပေးလျှက်ရှိပါတယ်ရှင်..

လူနာတစ်ဦးချင်းစီအလိုက် အသင့်တော်ဆုံး ကုသမှုနည်းလမ်း (𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐳𝐞𝐝 𝐭𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 𝐩𝐥𝐚𝐧) ဖြင့် ရွေးချယ်ကုသပေးခြင်း ဖြစ်ပါတယ်..

ကျောရိုးတစ်လျှောက် ဘယ်နေရာပဲနာနာ စစ်ဆေးကုသပြီး နေ့စဥ်ဘဝကို ပိုမိုတက်ကြွစွာ ဖြတ်သန်းကြစို့နော်..

🩺 𝑪𝒐𝒏𝒔𝒖𝒍𝒕 𝑵𝒐𝒘 - 09 407 8888 65/64


🎉 ဆေးကုသမှုဆိုင်ရာ မှတ်တိုင်သစ်တစ်ခု!𝑻𝒉𝒂𝒊𝒏𝒂𝒌𝒂𝒓𝒊𝒏 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 တွင် ဦးနှောက်သေဆုံးလှူဒါန်းသူ (𝑫𝒆𝒄𝒆𝒂𝒔𝒆𝒅 𝑫𝒐𝒏𝒐𝒓) တစ်ဦးထံမှ ကျေ...
07/08/2026

🎉 ဆေးကုသမှုဆိုင်ရာ မှတ်တိုင်သစ်တစ်ခု!
𝑻𝒉𝒂𝒊𝒏𝒂𝒌𝒂𝒓𝒊𝒏 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 တွင် ဦးနှောက်သေဆုံးလှူဒါန်းသူ (𝑫𝒆𝒄𝒆𝒂𝒔𝒆𝒅 𝑫𝒐𝒏𝒐𝒓) တစ်ဦးထံမှ ကျောက်ကပ်နှစ်လုံးကို လူနာနှစ်ဦးထံ တစ်ချိန်တည်း အောင်မြင်စွာ အစားထိုးခွဲစိတ်နိုင်ခဲ့ပါတယ် ။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ကျောက်ကပ်အစားထိုးကုသရေးအဖွဲ့ (𝑲𝒊𝒅𝒏𝒆𝒚 𝑻𝒓𝒂𝒏𝒔𝒑𝒍𝒂𝒏𝒕 𝑻𝒆𝒂𝒎) မှ ကျောက်ကပ်နောက်ဆုံးအဆင့် ချို့ယွင်းနေသော လူနာ (၂) ဦးအား ဦးနှောက်သေဆုံးပြီး ကိုယ်အင်္ဂါလှူဒါန်းသူ (𝑫𝒆𝒄𝒆𝒂𝒔𝒆𝒅 𝑫𝒐𝒏𝒐𝒓) တစ်ဦး၏ ကျောက်ကပ်နှစ်လုံးကို အသုံးပြု၍ "တစ်ချိန်တည်း အစားထိုးခွဲစိတ်ကုသမှု နှစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။" ခွဲစိတ်မှုနှစ်ခုစလုံးမှာ ချောမွေ့စွာ အောင်မြင်ပြီးစီးခဲ့ပါသည်။

🏥 𝐓𝐡𝐚𝐢𝐧𝐚𝐤𝐚𝐫𝐢𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 က နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးများနှင့် တန်းတူ ရှုပ်ထွေးခက်ခဲပြီး အရေးပေါ် ဆေးကုသမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သော ကျွမ်းကျင်မှုနှင့် အဆင်သင့်ဖြစ်မှုကို ထပ်မံသက်သေပြနိုင်ခဲ့ပါတယ် ။

💬 ယခုကဲ့သို့ အောင်မြင်မှုရရှိခြင်းမှာ ကျောက်ကပ်ဆိုင်ရာ အထူးကုဆရာဝန်များ (𝑵𝒆𝒑𝒉𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕𝒔)၊ ကျောက်ကပ်အစားထိုးခွဲစိတ် အထူးကုဆရာဝန်များ (𝑻𝒓𝒂𝒏𝒔𝒑𝒍𝒂𝒏𝒕 𝑺𝒖𝒓𝒈𝒆𝒐𝒏𝒔)၊ မေ့ဆေးအထူးကုဆရာဝန်များ (𝑨𝒏𝒆𝒔𝒕𝒉𝒆𝒔𝒊𝒐𝒍𝒐𝒈𝒊𝒔𝒕𝒔)၊ ခွဲစိတ်ခန်းသူနာပြုများ (𝑶𝒑𝒆𝒓𝒂𝒕𝒊𝒏𝒈 𝑹𝒐𝒐𝒎 𝑵𝒖𝒓𝒔𝒆𝒔) နှင့် အထူးကြပ်မတ်ကုသရေးအဖွဲ့ (𝑰𝑪𝑼 𝑺𝒑𝒆𝒄𝒊𝒂𝒍𝒊𝒔𝒕𝒔) တို့ အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ပြီး
**ကျောက်ကပ်အစားထိုးခွဲစိတ်မှုတစ်ခုစီသည် ၁ နာရီ မိနစ် ၄၀ အတွင်း အောင်မြင်စွာ ပြီးစီးခဲ့ပါတယ် **

💚 **တွဲဖက်ပါမောက္ခ ဒေါက်တာ 𝐍𝐚𝐭𝐭𝐚𝐩𝐨𝐥 𝐀𝐩𝐨𝐫𝐧𝐬𝐮𝐣𝐚𝐫𝐢𝐭𝐤𝐮𝐥 **
ကျောက်ကပ်အစားထိုးခွဲစိတ် အထူးကုဆရာဝန်၊ 𝐊𝐢𝐝𝐧𝐞𝐲 𝐓𝐫𝐚𝐧𝐬𝐩𝐥𝐚𝐧𝐭 𝐂𝐞𝐧𝐭𝐞𝐫, 𝐓𝐡𝐚𝐢𝐧𝐚𝐤𝐚𝐫𝐢𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှ

"ကျောက်ကပ်အစားထိုးကုသမှု အောင်မြင်ဖို့ဆိုတာ ခွဲစိတ်ဆရာဝန်ရဲ့ ကျွမ်းကျင်မှုတစ်ခုတည်းပေါ် ပဲ မူတည်တာမဟုတ်ပါဘူး၊ ဆေးရုံတစ်ခုလုံးရဲ့ အသင့်အနေအထား၊ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့ လူနာကို အစအဆုံး ပြည့်စုံစွာ စောင့်ရှောက်ပေးနိုင်တဲ့ စနစ်တွေကလည်း အလွန်အရေးကြီးပါတယ်။ ကိုယ်အင်္ဂါလှူဒါန်းသူ တစ်ဦးဟာ လူနာများစွာအတွက် မျှော်လင့်ချက်အသစ်နဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝအရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာအဖွဲ့၊ ခေတ်မီဆေးဘက်ဆိုင်ရာနည်းပညာများနှင့် စံချိန်မီ ခွဲစိတ်ခန်းများကြောင့် အချိန်နှင့်တပြေးညီ ဆောင်ရွက်ရသော ရှုပ်ထွေးတဲ့ case လူနာများကို ထိရောက်စွာ ကုသပေးနိုင်ရန် အပြည့်အဝ အသင့်ရှိနေပါတယ်" လို့ ပြောကြားသွားပါတယ် ။

👨‍⚕️ **𝐊𝐢𝐝𝐧𝐞𝐲 𝐓𝐫𝐚𝐧𝐬𝐩𝐥𝐚𝐧𝐭 𝐂𝐞𝐧𝐭𝐞𝐫, 𝐓𝐡𝐚𝐢𝐧𝐚𝐤𝐚𝐫𝐢𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥** တွင် ကျောက်ကပ်ရောဂါလူနာများအတွက် **ခွဲစိတ်မတိုင်မီ စစ်ဆေးအကဲဖြတ်ခြင်း၊ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု၊ ခွဲစိတ်ပြီးနောက် ရေရှည်စောင့်ရှောက်ကုသမှု** အထိ ပြည့်စုံသော ဝန်ဆောင်မှုများကို ပေးဆောင်လျက်ရှိပြီး လူနာများ၏ ဘဝအရည်အသွေး ပိုမိုကောင်းမွန်လာစေရန် ကူညီပေးလျက်ရှိပါတယ်ရှင် ။

🏆 **ကျွမ်းကျင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စေတနာအပြည့်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ပေးနေသော "ကျောက်ကပ်အစားထိုးကုသမှု နှင့် 𝐓𝐡𝐚𝐢𝐧𝐚𝐤𝐚𝐫𝐢𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥"**



"ရင်သားကင်ဆာက ကြောက်စရာ မဟုတ်ပါဘူး။ နောက်ကျမှ သိတာက ပိုကြောက်စရာကောင်းတာပါ။"🌸🎗️ ရင်သားကင်ဆာကို အစောပိုင်းမှာ တွေ့ရှိနိုင...
07/08/2026

"ရင်သားကင်ဆာက ကြောက်စရာ မဟုတ်ပါဘူး။ နောက်ကျမှ သိတာက ပိုကြောက်စရာကောင်းတာပါ။"🌸

🎗️ ရင်သားကင်ဆာကို အစောပိုင်းမှာ တွေ့ရှိနိုင်ရင် ကုသနိုင်တဲ့ အခွင့်အရေးက အလွန်မြင့်မားပါတယ်။

🎗️ ဒါေကြာင့် မိမိရင်သားကို ပုံမှန်စစ်ဆေးတာ၊ အသက်အရွယ်နဲ့ အန္တရာယ်ရှိမှုအလိုက် 𝟑𝐃 𝑴𝒂𝒎𝒎𝒐𝒈𝒓𝒂𝒎 နဲ့ 𝑼𝒍𝒕𝒓𝒂𝒔𝒐𝒖𝒏𝒅 စစ်ဆေးတာတွေက အသက်ကို ကယ်တင်နိုင်တဲ့၊ အရေးကြီးတဲ့ အဆင့်တွေ ဖြစ်ပါတယ်။

🎗️ မနာလို့ မစစ်ဘူး၊ အကျိတ်မရှိလို့ မစိုးရိမ်ဘူး ဆိုတဲ့ အတွေးကို ပြောင်းလဲဖို့ လိုပါတယ်။

👉 အကယ်၍သင်က ရင်သားကင်ဆာအတွက် စစ်ဆေးမှု/ကုသမှုတွေကို ပြုလုပ်ဖို့ ဆေးရုံကောင်းကောင်းရှာနေတယ် ၊ ဘယ်ဆရာဝန်နဲ့ ပြရမလဲ တွေးပူနေတယ်ဆိုရင်

🏆 ၃၃နှစ်တာသက်တမ်းရှိ ဘန်ကောက်မြို့က
ထိုင်းနက္ကရင်ဆေးရုံကြီးမှာ
ကျွမ်းကျင် ကင်ဆာခွဲစိတ်အထူးကုဆရာဝန်ကြီး
𝐃𝐑. 𝐏𝐔𝐓𝐓𝐈𝐏𝐎𝐑𝐍 𝐍𝐀𝐎𝐖𝐀𝐒𝐄𝐓 နဲ့ လာရောက်ဆွေးနွေးပြသလို့ရပါတယ်ရှင် 🤍

𝗪𝗲 𝗖𝗮𝗻 𝗕𝗲𝗮𝘁 𝗖𝗮𝗻𝗰𝗲𝗿 🎗️



04/08/2026

နှာခေါင်းသွေးလျှံတတ်သူများ
မှားနေတဲ့ အယူအဆတွေကို
ကြည့်လိုက်ရအောင် ..

Thainakarin Hospital Myanmar
Dr.Thandar Myint

04/08/2026

၁၃ မိနစ်တိုင်းမှာ အမျိုးသမီးများ
"ရင်သားကင်ဆာ"ကြောင့် ဘဝဆုံးရှုံးနေရပါတယ် ..

"ထိုင်းနက္ကရင်ဆေးရုံ" မှာ
ရင်သားကင်ဆာနဲ့ပတ်သတ်သမျှ "One Stop Service" ရယူပြီး လုံးဝပျောက်ကင်းအောင် ကုသလိုက်ပါရှင် ..

📞 Consult Now - 09 407 8888 65/64


#ရင်သားကင်ဆာ

ကင်ဆာရောဂါအတွက် အမေးအများဆုံး မေးခွန်း(၅)ခု ✅✅ • မေးခွန်း (၁) - "ကင်ဆာဖြစ်ရင် သေချာပေါက် ပျောက်ကင်းနိုင်ပါသလား?"👉 အဖြေ -...
01/08/2026

ကင်ဆာရောဂါအတွက် အမေးအများဆုံး မေးခွန်း(၅)ခု ✅✅

• မေးခွန်း (၁) - "ကင်ဆာဖြစ်ရင် သေချာပေါက် ပျောက်ကင်းနိုင်ပါသလား?"

👉 အဖြေ - ကင်ဆာအမျိုးအစား၊ ဖြစ်တဲ့အဆင့် (Stage) နဲ့ ကုသမှု ခံယူတဲ့အချိန်ပေါ် မူတည်ပါတယ်။ အစောပိုင်းအဆင့်တွေမှာ သိရှိပြီး အမြန်ဆုံး စနစ်တကျ ကုသမှု ခံယူရင် ပျောက်ကင်းဖို့ အခွင့်အလမ်း အလွန်များပါတယ်။ အဆင့်မြင့်တဲ့ အခြေအနေမှာတောင်မှ အသက်ရှည်ရှည် နေထိုင်နိုင်ဖို့နဲ့ ဝေဒနာ သက်သာစေဖို့ ကုသနည်းအသစ်တွေ အများကြီး ရှိပါတယ်။
------------------------------
• မေးခွန်း (၂) - "ကင်ဆာကုသတဲ့အခါ ကီမို (Chemotherapy) တစ်မျိုးတည်းပဲ ရှိတာလား? ဘေးထွက်ဆိုးကျိုးတွေကော အရမ်းဆိုးမှာလား?"

👉 အဖြေ - မဟုတ်ပါဘူး။ အခုခေတ်မှာ ကီမိုအပြင် ပစ်မှတ်ထား ကုသနည်း (Targeted Therapy) နဲ့ ကိုယ်ခံအားမြှင့် ကုသနည်း (Immunotherapy) စတဲ့ ဘေးထွက်ဆိုးကျိုး အလွန်နည်းပြီး ထိရောက်မှု မြင့်မားတဲ့ ကုသနည်းသစ်တွေ ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သက်သာစေမယ့် ဆေးဝါးတွေနဲ့ စနစ်တကျ ကြိုတင် ကာကွယ်ပေးပါတယ်။
------------------------------
• မေးခွန်း (၃) - "ခွဲစိတ်ကုသဖို့ လိုအပ်ရင် ခွဲစိတ်ပြီး ကင်ဆာဆဲလ်တွေ ပိုပြန့်သွားတတ်သလား?"

👉 အဖြေ - ဒါက လွဲမှားနေတဲ့ အယူအဆတစ်ခုပါ။ ကျွမ်းကျင်တဲ့ ကင်ဆာခွဲစိတ်ဆရာဝန်ကြီးတွေက ကင်ဆာကျိတ်ကို စနစ်တကျနဲ့ ဘေးကင်းအောင် ဖယ်ရှားပေးတာဖြစ်လို့ ခွဲစိတ်ခြင်းကြောင့် ကင်ဆာဆဲလ် ပိုပြန့်မသွားပါဘူး။
------------------------------
• မေးခွန်း (၄) - "ဘာကြောင့် 'ထိုင်းနက္ကရင်ဆေးရုံ' မှာ ကင်ဆာလာရောက်ကုသဖို့ ရွေးချယ်သင့်တာလဲ?"

👉 အဖြေ - ထိုင်းနက္ကရင်ဆေးရုံမှာ ကင်ဆာအထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်ဆရာဝန်များ၊ ဓာတ်ရောင်ခြည်ပညာရှင်များနှင့် အာဟာရကျွမ်းကျင်သူများ ပါဝင်တဲ့ ကင်ဆာဘက်စုံကုသရေးအဖွဲ့ က လူနာတစ်ဦးချင်းစီအတွက် အကောင်းဆုံး ကုသမှုလမ်းကြောင်းကို တိုင်ပင်ဆွေးနွေး ရွေးချယ်ပေးပါတယ်။
✅ နောက်ဆုံးပေါ် ကင်ဆာဆေးဝါးများနှင့် ခေတ်မီစက်ကိရိယာများ အပြည့်အစုံ ရှိတာကြောင့် ကင်ဆာကုသမှုမှာ အထူးထင်ရှားကျော်ကြားတဲ့ ဆေးရုံဖြစ်ပါတယ်။
------------------------------
• မေးခွန်း (၅) - "မြန်မာနိုင်ငံကနေ ဆေးရုံတိုက်ရိုက်ပြသဖို့ ဘယ်လိုချိတ်ဆက်ရမလဲ? ဘာတွေပြင်ဆင်ရမလဲ?"

👉 အဖြေ - ထိုင်းနက္ကရင်ဆေးရုံ မြန်မာပြည်ရုံးခွဲ (Myanmar Office) ကို ဆက်သွယ်ရုံပါပဲ။ လူနာရဲ့ လက်ရှိ ဆေးမှတ်တမ်းတွေကို ပို့ပေးရုံနဲ့ ထိုင်းနိုင်ငံက အထူးကုဆရာဝန်ကြီးတွေဆီက Treatment Plan (ကုသမှုအစီအစဉ်) နဲ့ ကုန်ကျစရိတ် ခန့်မှန်းခြေကို အခမဲ့ ကြိုတင်တောင်းခံပေးပြီး၊ ဗီဇာ၊ လေယာဉ်လက်မှတ်နဲ့ ဆေးရုံ ရက်ချိန်းယူခြင်းလုပ်ငန်းစဉ်တွေကို တစ်နေရာတည်းမှာ အခမဲ့ အစအဆုံး ဝန်ဆောင်မှု ပေးပါတယ်။
------------------------------
🎗️ ကင်ဆာရောဂါဟာ စောစောသိ၊ စောစောကုသရင် သက်သာပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပြီး နောက်ထပ် သိချင်တဲ့ မေးခွန်းရှိရင် Comment မှာ ရေးခဲ့ပါ။ ဆရာဝန်နဲ့အတူ ဖြေပေးပါမယ်။

📞 အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် Treatment Plan အခမဲ့ တောင်းရန် - 09 407 8888 65/64

Messenger မှတစ်ဆင့် ဆေးမှတ်တမ်းများ ပေးပို့၍လည်း တိုက်ရိုက် မေးမြန်းနိုင်ပါတယ်ရှင်။

#ထိုင်းနက္ကရင်ဆေးရုံ #ကင်ဆာကုသမှု #ကင်ဆာအထူးကုဆေးရုံ

✨ 𝐋𝐀𝐒𝐈𝐊 လူနာ 𝟖,𝟎𝟎𝟎+ ကို အောင်မြင်စွာ ကုသပေးခဲ့သည့် ထိုင်းနက္ကရင်မှ အတွေ့အကြုံရင့် ကျွမ်းကျင်ဆရာဝန် 𝐃𝐫.𝐊𝐚𝐧𝐢𝐭𝐭𝐚 𝐓𝐚𝐧𝐭𝐢𝐬𝐢𝐫𝐢𝐬...
30/07/2026

✨ 𝐋𝐀𝐒𝐈𝐊 လူနာ 𝟖,𝟎𝟎𝟎+ ကို အောင်မြင်စွာ
ကုသပေးခဲ့သည့် ထိုင်းနက္ကရင်မှ အတွေ့အကြုံရင့် ကျွမ်းကျင်ဆရာဝန် 𝐃𝐫.𝐊𝐚𝐧𝐢𝐭𝐭𝐚 𝐓𝐚𝐧𝐭𝐢𝐬𝐢𝐫𝐢𝐬𝐨𝐦𝐛𝐨𝐨𝐧 နှင့် "Honest Review"

ကြည်လင်တဲ့ အမြင်အသစ်အတွက် ယုံကြည်စိတ်ချရတဲ့ ကျွမ်းကျင်သူနဲ့ စတင်လိုက်ပါ။

လေဆာဖြင့် မျက်စိပါဝါဖျောက်ဖို့ စဥ်းစားနေပြီဆိုရင် 09 407 8888 65/64 ကို အမြန်ဆုံးဆက်သွယ်လိုက်ပါရှင် 🤍



゚ #မျက်စိပါဝါဖျောက်ခြင်း

27/07/2026

(၃၃)နှစ်တာ အတွေ့အကြုံ • ကျွမ်းကျင်မှု • နည်းပညာ
အားလုံး တစ်နေရာတည်းမှာရှိတာ "ထိုင်းနက္ကရင်ဆေးရုံကြီး" ပါ .. 🤍

𝐓𝐡𝐚𝐢𝐧𝐚𝐤𝐚𝐫𝐢𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
𝐓𝐡𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐘𝐨𝐮 𝐂𝐚𝐧 𝐓𝐮𝐫𝐬𝐭!


26/07/2026

MRI နဲ့ CT Scan က ဘယ်လိုနေရာတွေမှာသုံးလဲ ??
ဗဟုသုတရသွားအောင် အဆုံးထိ ကြည့်လိုက်နော် ..

Dr.Thandar Myint
Thaianakarin Hospital Myanmar


Address

No 36/38, Alanpya Pagoda Street, Mingalar Taung Nyunt Township
Yangon

Alerts

Be the first to know and let us send you an email when Thainakarin Hospital - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thainakarin Hospital - Myanmar:

Shortcuts

Share