25/08/2026
အကိုက်အခဲပျောက်ဆေး သောက်လိုက်တာနဲ့ နာတာတော့ ပျောက်သွားတာပဲ… ဒါပေမဲ့ ဒီဆေးတွေက ကျောက်ကပ်ကို ထိခိုက်စေနိုင်တယ်ဆိုတာ သိပြီးပြီလား?‼️
-ခေါင်းလေး နည်းနည်းကိုက်ရင် → ဆေးသောက်လိုက်တယ်။
-ခါးလေး နည်းနည်းနာရင် → ဆေးသောက်လိုက်တယ်။
-ဒူးနာ၊ ကြွက်သားကိုက်တာနဲ့ → ဆေးပဲ ပြေးသောက်လိုက်တယ်
သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ ဆေးကောက်သောက်တတ်တဲ့ ဒီအကျင့်က မသိလိုက်ဘဲနဲ့ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ဒုက္ခပေးနေတာပါ။
Ibuprofen, Diclofenac, Naproxen စတဲ့ အကိုက်အခဲပျောက်ဆေး (NSAIDs) တွေကို—
❗️Dose မြင့်မြင့်တွေ သောက်တာ
❗️ခဏခဏ သောက်တာ
❗️ရက်ဆက် ရေရှည်စွဲသောက်တာ
ဒါတွေ လုပ်မိရင် ကျောက်ကပ်ဆီ သွေးသွားတာနည်းသွားပြီး ကျောက်ကပ် ထိခိုက်ဖို့ အခွင့်အလမ်း ပိုများသွားပါတယ်။
-
🔺 ကျောက်ကပ်ရောဂါ အခံရှိပြီးသားသူတွေ
🔺ဝမ်းလျှော၊ အန်လို့ ရေဓာတ်ခမ်းနေတဲ့သူတွေ
🔺အသက်ကြီးသူတွေ
🔺သွေးတိုးနဲ့ နှလုံးရောဂါရှိသူတွေ
🔺ဆီးဆေးတို့၊ သွေးတိုးဆေး (ACE inhibitor/ARB) စတာတွေ သောက်နေရသူတွေ ပိုပြီးသတိထားသင့်ပါတယ်။
---
ဒီဆေးတွေကို ပရမ်းပတာ သောက်မိရင် Acute Kidney Injury (AKI)ဆိုတဲ့ ရုတ်တရက် ကျောက်ကပ်ပျက်စီးတာမျိုး ဖြစ်သွားနိုင်ပြီး၊ ခဏလေးအတွင်း ကျောက်ကပ်လုပ်ဆောင်ချက်တွေ ရုတ်တရက် ထိုးကျသွားနိုင်ပါတယ်။
ဒါကြောင့် အရိုး၊ အဆစ်နဲ့ ကြွက်သား နာကျင်တာတွေအတွက်ဆိုရင် သောက်ဆေးတွေထက်စာရင် ခန္ဓာကိုယ်ထဲ တိုက်ရိုက်မရောက်ဘဲ ဘေးထွက်ဆိုးကျိုး နည်းပါးတဲ့ **နဝရတ် အကိုက်အခဲပျောက် လိမ်းဆေး** မျိုးကို ပြောင်းပြီး သုံးပေးတာက ကျောက်ကပ်အတွက် ပိုပြီး ဘေးကင်း စိတ်ချရပါတယ်။
အကိုက်အခဲ ပျောက်သွားတာနဲ့ ပြဿနာ အားလုံး ပြီးသွားတာ မဟုတ်ပါဘူးနော်။ နာကျင်မှုကို ခဏလေး ဖုံးကွယ်ထားရင်းနဲ့ ကိုယ့်ကျောက်ကပ်ကို မထိခိုက်ရအောင်နဝရတ်ဆေးမြစ်စံုဒဏ်ကြေလိမ်းဆေးကိုဆောင်ထားလိုက်တော့နော်