Dr. Diet

Dr. Diet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Diet, Medical and health, Yangon.

Diet plan(30 days)လေးတွေ Dr. Diet မှာ ဝယ်လို့ရနေပါပြီနော်!!!❗️❗️April လ အတွင်း ဝယ်ယူပါက တစ်လစာ diet plan ၃၀၀၀၀ ကျပ်သာ !!...
08/04/2026

Diet plan(30 days)လေးတွေ Dr. Diet မှာ ဝယ်လို့ရနေပါပြီနော်!!!

❗️❗️April လ အတွင်း ဝယ်ယူပါက တစ်လစာ diet plan ၃၀၀၀၀ ကျပ်သာ !!!

Diet plan လေးအတိုင်းစားပါက တစ်လအတွင်း ၅ ပေါင် ကျ ဖို့အာမခံပါတယ်ရှင့်
အားသာချက်
- Plan ကိုဆရာဝန်ကိုယ်တိုင် ရွေးဆွဲပေးခြင်း။
- မိမိ ကြိုက်သော အစားအစာကို ကယ်လိုရီအနည်းဆုံးနှင့်
ဝိတ်မတက်အောင် plan ထဲ ထည့်ရေးပေးခြင်း။
- တစ်ဦးခြင်းဆီအလိုက် သင့်တင့်သော plan ( individualized plan ) ဖြစ်သောကြောင့် အာနိသင် သိသာခြင်း။
- plan ဝယ်ယူထားစဉ်တစ်လ အတွင်းမိမိသိလိုသောအာဟာရ ကျန်းမာရေး ဆိုင်ရာမေးခွန်းများကို ပြန်လည်ဖြေကြားဆွေးနွေးပေးပါသည်။

❗️❗️April လ အတွင်း ဝယ်ယူပါက တစ်လစာ diet plan ၃၀၀၀၀ ကျပ်သာ !!!

19/09/2025

Hi everyone! 🌟 You can support me by sending Stars -

Whenever you see the Stars icon, you can send me Stars!

10/09/2025
10/09/2025

ဆီးချိုကျဖို့၊ဝိတ်ကျဖို့မည်သည့်ဆန်ရွေးရမည်နည်း ဘတ်စမာတီ(basmati ) လား?? ရိုးရိုးဆန်လား??

ရိုးရိုးဆန်ဖြူ - Glycemic index များသောကြောင့် ခန္ဓာကိုယ်ရဲ့ သွေးအချိုဓာတ်လျင်မြန်စွာ တက်စေပါသည်။အလွယ်တကူဗိုက်ပြန်ဆာနိုင်ပါသည်။တစ်ခြားဆန်များထက် ကယ်လိုရီအနည်းငယ်ပိုများပါသည်။

ဘတ်စမာတီ ( basmati )- Glycemic index နည်းသောကြောင့် သွေးအချိုဓာတ်ကိုဖြည်းဖြည်းခြင်း တက်စေပါသည်။ ဗိုက်ပြည့်ဝသည့်ခံစားမှုကိုပေးနိုင်ပါသည်။ ထို့ကြောင့် ဆီးချိုရောဂါ ရှိသူများအတွက် သင့်တော်ပါသည်။
ထို့ကြောင့် ဝိတ်ချချင်တယ်၊ ဆီးချိုသမားများအတွက်ဆိုရင်တော့ ဘတ်စမာတီ ( basmati ) နဲ့ ပိုသင့်တော်ပါသည်။
ချွင်းချက် - ဘယ်ဆန်အမျိုးအစားပဲရွေးရွေးပါ ပိုအရေးကြီးသောအရာမှာ စားသည့်ပမာဏ ( portion size ) ပင် ဖြစ်ပါသည်။
လေးစားစွာဖြင့်
DOCTOR WELLNESS

10/09/2025

I got over 2,400 reactions on my posts last week! Thanks everyone for your support! 🎉

08/09/2025

အိပ်စက်ခြင်းနှင့်ဝိတ်ကျခြင်း
ဝိတ်ချရာတွေအစားအသောက်လျော့ခြင်းအပြင်နောက်ထက်အရေးပါသောအချက်မှာ ကောင်းမွန်စွာ တစ်ရက် ၈ နာရီအထက် အိပ်စက်ခြင်းပေဖြစ်သည်။
အ​ဘယ့်ကြောင့်ဆိုသော်

- [ ၁] ကောင်းစွာအိပ်စက်ခြင်းဖြင့်ခန္ဓာကိုယ်ရှိဆာလောင်ခြင်းနှင့်ပြည့်ဝခြင်းဟော်မုန်း( ghrelin and leptin hormone )ကိုမျှတမှုရှိအောင်ထိန်းထားပေးနိုင်ခြင်း
- [ ၂] အိပ်ရေးမဝပါကအစားစားလိုစိတ်ကိုပိုဖြစ်စေပါသည်။ အထူးသဖြင့်အချိုဓာတ် နှင့် ကာဗိုဟိုက်ဒရိတ် ( carbohydrate) ကိုပိုစားချင်စိတ်ဖြစ်ခြင်း။
- [ ၃] ကောင်းစွာအိပ်ခြင်းသည် ခန္ဓာကိုယ်ထဲရှိကယ်လိုရီများ​ကိုကောင်းစွာကုန်ဆုံးစေသည်
- [ ၄] စိတ်ခွန်အားနှင့် energy ကောင်းစွာရရှိသောကြောင့် လေ့ကျင့်ခန်းလုပ်ရာတွင်အထောက်အကူပေးပါသည်။
လေးစားစွာဖြင့်
DOCTOR WELLNESS

အစာလည်းဆေး၊ ဆေးလည်းအစာ!!!It is not not only food but also medicine too.  food #
07/09/2025

အစာလည်းဆေး၊ ဆေးလည်းအစာ!!!
It is not not only food but also medicine too.
food #

07/09/2025

ထောပတ်သီးစားခြင်းမှရနိုင်သောအကျိုးကျေးဇူးများ
ထောပတ်သီးစားခြင်းဖြင့်များစွာသောကျန်းမာရေးအတွက်ကောင်းမွန်သောအာဟာရဓာတ်များစွာရနိုင်ပါသည်။ ထို့ကြောင့် အစွမ်းထက်သောအစာ ( superfood )လို့ပင်တင်စားခေါ်ကြသည်။
- [1] နှလုံးရောဂါအတွက်ကောင်းသော အိုမီဂါ၃ ( omega3 ) & oleic acid များစွာပါဝင်ပါသည်။
- [2] သကြားပါဝင်မှုနည်းပြီးအမျှင်ဓာတ်ပါဝင်မှုများသောကြောင့်သွေးထဲလျှင်မြန်စွာသကြားဓာတ်တက်ခြင်းကိုကာကွယ်ပေးပါသည်။
- [3] Antioxidant များစွာပါဝင်သောကြောင့်ခန္ဓာကိုယ်ထဲ မကောင်းသည့်ဓာတ်( free radicals ) ကိုနည်းစေပါသည်။
- [4] မကောင်းသောအဆီဓာတ်ကိုနည်းစေပြီးကောင်းသောအဆီဓာတ်ကိုများစေပါသည်။
- [5] အူလမ်းကြောင်းမှ အာဟာရစုပ်ယူမှုကိုကောင်းစေပါသည်။
- [6] စားပြီးဗိုက်ပြည့်ဝသည့်ခံစားမှုရသောကြောင့် ကိုယ်အလေးချိန်ထိန်းရာတွင်အသုံးဝင်ပါသည်။

မည်သို့စားသုံးနိုင်သနည်း။
Salad , smoothie , sandwich များလုပ်၍စားသုံးနိုင်ပါသည်။
facts

လေးစားစွာဖြင့်
DOCTOR WELLNESS

03/09/2025

သွေးတိုးရောဂါနှင့်ဆားမည်မျှစားသင့်သနည်း
ဆားဆိုသည်မှာ ဆိုဒီယမ်(sodium) နှင့် ကလိုရိုက်( Chloride ) ပါဝင်ပါသည်။ ဆိုဒီယမ် ကိုခန္ဓာကိုယ်အတွက်အာရုံကြောလှုံ့ဆော်ရန်၊ ကြွက်သားများလှုပ်ရှားရန် နှင့် ကိုယ်ခန္ဓာအတွင်းရေဓာတ်လုံလောက်အောင်ထိမ်းညှိရန် စသည့်နေရာများတွင်အသုံဝင်ပါသည်။ သို့သော် လိုအပ်သည်ထက်ပိုရျ်စားသုံးပါက သွေးတိုးရောဂါနှင့်သူ၏နောက်ဆက်တွဲ နှလုံးရောဂါနှင့်လေဖြန်းသည်အထိဖြစ်နိုင်ပါသည်။

မည်သည့်အစာများတွင်ဆားပါဝင်နေသနည်း
နေ့စဉ်စားသုံးနေသောအစာများတွင်
၈၀ ရာခိုင်နှုန်း(80%) လောက်သည် အသင့်စားအစားအစာ ( processed food)နှင့် အဆာပြေမှုန့်များ ( package food ) ထဲတွင်ပါဝင်နေသည်။ အဘယ့်ကြောင့်ဆိုသော် အစာများတာရှည်ခံရန် နှင့်အရသာပိုမိုကောင်းမွန်စေရန် ဆားကို အသုံးပြုရခြင်းကြောင့်ပေ။ထို့ကြောင့် အစားအစာများ၏ ဆိုဒီယမ် (sodium) ပါဝင်မှု ( food label ) သေချာဖတ်ကြည့်ခြင်းအားဖြင့် ပိုမိုကျန်းမာကောင်းမွန်သော အစားအစာများရွေးချယ်နိုင်မည်ဖြစ်သည်။

နေ့စဉ်ဆားမည်မျှစားသင့်သနည်း။
Australia heart association guideline အရ
ပုံမှန်လူတစ်ဦးတစ်နေ့စားသင့်သောဆားပမာဏမှာ
၅ ဂရမ် (5 gram) (သို့မဟုတ်) လက်ဖက်စားဇွန်းတစ်ဇွန်းထက်မပိုသောပမာဏစားခြင်းအားဖြင့် သွေးတိုးရောဂါ ဖြစ်ခြင်းမှကာကွယ်ပေးနိုင်ပါသည်။

လေးစားစွာဖြင့်
DOCTOR WELLNESS

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr. Diet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share