10/02/2026
❤️🩹 ဆက်ဆံရေးတစ်ခုက
ကိုယ့်ကို ပိုကောင်းတဲ့သူတစ်ယောက် ဖြစ်ဖို့
စွမ်းဆောင်မပေးနိုင်ဘဲ၊
မလုံခြုံမှုနဲ့ စိတ်တိုလွယ်စေတယ်ဆိုရင် ...
ဆောရီးပါ ...
ကိုယ် လူမှား ရွေးမိသွားတာပါ။
❤️🩹 နင်သိလား...
မှောင်ရီပျိုးစအချိန်မှာ၊
စာအုပ်တွေရဲ့ အရိပ်ကြားမှာ၊
တိတ်ဆိတ်ငြိမ်သက်တဲ့ ဝမ်းနည်းမှုထဲမှာ
နင့်ကို ငါ အလွမ်းဆုံးဆိုတာ။
❤️🩹 ကိုယ်တို့ဟာ
ကိုယ်ထင်တဲ့ အကောင်းဆုံးပုံစံနဲ့
တစ်ဖက်လူကို ချစ်ပြီး
ကိုယ်ထင်တဲ့ ပျော်ရွှင်မှုတွေ ပေးနေတတ်ကြတယ်။
တစ်ဖက်လူက ဘယ်လိုပျော်ရွှင်မှုမျိုး
လိုချင်လဲဆိုတာကိုတော့
ဘယ်တုန်းကမှ မမေးမိကြဘူး။
❤️🩹 လူဟာ သိပ်ခက်တယ်။
အကြောင်းပြချက်မရှိဘဲ ဝမ်းနည်းတတ်ပေမယ့်
ပျော်ရွှင်ဖို့ကျတော့ အကြောင်းပြချက် တိတိပပ လိုအပ်တယ်။
❤️🩹 ကိုယ်တန်ဖိုးထားတဲ့လူနဲ့
ခရီးဆုံးထိ လျှောက်လှမ်းချင်တာပေ့ါ။
ဒါပေမဲ့ လမ်းတစ်ဝက်မှာ ခွဲခွာသွားမယ်ဆိုလည်း
အခုချိန်မှာ ကိုယ်ကြိုးစားနိုင်တာက
ကိုယ်တို့ဟာ တစ်ယောက်နဲ့တစ်
ယောက်ရဲ့ အလှဆုံးရှုခင်းတွေအဖြစ် ကျန်ရစ်နေခဲ့ဖို့ပါ။
❤️🩹 ဝမ်းနည်းတဲ့အခါ စကားနည်းနည်းပြောပြီး
များများအိပ်တာ ပိုကောင်းပါတယ်။
ညမှာ နွေးထွေးတဲ့ စောင်တစ်ထည်နဲ့
ကောင်းတဲ့ အိပ်မက်တစ်ခုကသာ
နေ့တိုင်း စိတ်ပျက်စရာတွေ အများကြီးကြုံတွေ့နေရတဲ့ ကိုယ်တို့ကို နှစ်သိမ့်ပေးနိုင်ပါတယ်။
💞
#နိုင်းနိုင်းစနေ