Fit Meals by Zuko

Fit Meals by Zuko A healthy food, for a wealthy mood!

Hello Hello….အခုလို ကာလတွေမှာ Gym လဲမသွားနိုင်၊ Diet လဲမလုပ်နိုင်ဖြစ်သူတွေအတွက် Fit Meals by Zuko ကနေပြီးတော့ အားလုံးစော...
14/08/2022

Hello Hello….
အခုလို ကာလတွေမှာ Gym လဲမသွားနိုင်၊ Diet လဲမလုပ်နိုင်ဖြစ်သူတွေအတွက် Fit Meals by Zuko ကနေပြီးတော့ အားလုံးစောင့်ဆိုင်းနေကြတဲ့ Program အသစ်လေးလာပါပြီနော်။

အဲ့တာကလေးကတော့ Super Burn 🔥 Program (4 Weeks Challenge) လေးပါပဲ။ Super Burn Program လေးမှာ ဘာတွေပါလာမလဲဆိုတော့ Home Workout ၊ Fit Meals Service အပြင် Customized Package လေးတွေပါ စီစဉ်ပေးထားတယ်နော်။

Program မှာ အပိုင်း ၅ ပိုင်းပါရှိမှာဖြစ်ပါတယ်။

1 - Fit Meals Food Service
2- Fit Meals Plan
3- Burn with Super Set
4- Tri Burn with Fit Meals Food Service
5- Golden Burn with Fit Meals Plan

1- Fit ဖြစ်ချင်တဲ့သူတွေအတွက် Fit Meals Service Package
2- Fit လဲဖြစ်ချင်တယ်၊ ကိုယ်တိုင် လုပ်ရမှကျေနပ်မယ်ဆိုတဲ့သူတွေအတွက် Fit Meals Plan Package
3- Workout လဲလုပ်ချင်တယ် Gym သွားဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက် Burn with Super Set
4- အမှန်အကန်ကြီးကို မြန်မြန်ဆန်ဆန်ကျချင်တဲ့သူတွေအတွက် all in one service ပေးထားတဲ့ Super Burn Premium Package (Tri Burn with Fit Meals Food Service)
5- အပင်ပန်းလဲခံနိုင်တယ် ၊ Financial ပိုင်းလဲ ချွေတာချင်တယ်ဆိုရင်တော့ Super Burn Gold Package (Golden Burn with Fit Meals Plan) ဆိုပြီး ရွေးချယ်လို့ရအောင် စီစဉ်ပေးထားပါတယ်နော်

Home Workout မှာဆိုရင် အချိန်တိုတိုလေးအတွင်းမှာပဲ ကျန်းမာလှပ အဆီကျပြီး လိုချင်တဲ့ Body Goal ကို ရောက်အောင်လမ်းညွှန်ပြသပေးမယ့် Fitness Coach ကနေ Stand By ရှိပေးနေမှာပါနော်။ ပေါ့ပေါ့ပါးပါးလုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေက ၃၀ မိနစ်လောက်လုပ်ရုံနဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်လာမယ့်အပြင် Stress တွေပါလျော့ကျစေတဲ့အတွက် Body လဲလှ Mentally လဲ ကျန်းမာလာစေပါတယ်နော်။

Fit Meals ကတော့ သိကြတဲ့အတိုင်း Body Transformation ဖြစ်ဖို့ဆိုရင် အစားအသောက်ကလဲ အဓိက အခန်းအပိုင်းကနေ ပါဝင်နေတယ်ဆိုတာတော့ မေ့ထားလို့မရဘူးနော်။ Abs are made in the Kitcken လို့ပြောထားတဲ့အတိုင်းပဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကပဲ အဆီကျတဲ့ Body လေးကိုပြောင်းယူဖို့လိုပါတယ်နော်။

အဲ့တော့ Home Workout လေးတွေလုပ်ရင်းနဲ့ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ပုံစံကိုလဲပြောင်းလဲနိုင်မယ့် Life Style လေးကိုရရှိမှာပါနော်။

ဒီ Program လေးရဲ့ အဓိက အားသာချက်လေးတွေလဲရှိသေးတယ်။ စိတ်ရှည်ပြီး အခြေခံကနေစပြီး သင်ပြပေးမယ့် Fitness Coach အပြင် Daily Lifestyle Changes လုပ်နေတဲ့အချိန်အတွင်းမှာလဲ ကိုယ့်ရဲ့ အခက်အခဲတွေ ဆောင်ရန်ရှောင်ရန်တွေကို ပြောပြပေးမယ့် Nutritionist ကလဲ Stand By ရှိနေပေးမှာပါနော်။

Program အသေးစိတ်သိလိုသူများ Fit Meals by Zuko ရဲ့ Messenger မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။

A healthy food, for a wealthy mood.

28/07/2022

အခုလက်ရှိက Fit Meals by Zuko ရဲ့ ထူးခြားတဲ့ Program အသစ်လေးကို မိတ်ဆက်ပေးဖို့အတွက် Daily Post လေးတွေကို ခဏရပ်ထားတာပါနော်။ ပုံမှန်အတိုင်းဆိုရင် Daily Post လေးတွေကို တင်ပေးနေကြမို့လို့ စားနေကြ customer တွေက စားရင်းနဲ့ စာဖတ်ကြတော့ အခု Post တွေ ရပ်နေလို့ ဘာလို့လဲ မေးနေကြလို့ပါ။ မကြာမီ အချိန်အတွင်းမှာ အရမ်းမိုက်တဲ့ Program အသစ်နဲ့ Fit Meals Post တွေကို ပြန်တင်ပေးပါ့မယ်နော်။

Stay tuned.

Fit Meals လေးတွေ စားရတာ အဆင်ပြေကြရဲ့လား 😎😎😎
10/07/2022

Fit Meals လေးတွေ စားရတာ အဆင်ပြေကြရဲ့လား 😎😎😎

09/07/2022

စနေနေ့လေးရောက်လာပြန်ပြီဆိုတော့ အားလုံးပဲ ပေါ့ပေါ့ပါးပါးနဲ့ လုပ်လို့ရမယ့် 800 CALORIES Burn စေမယ့် Full Body HIIT လေးကိုတင်ပေးမယ်နော်။
သူက ဖြည်းဖြည်းချင်းလုပ်ရတာဖြစ်တဲ့အတွက် အရမ်းလည်း မမောတော့ဘူးပေါ့။
အခုတင်ပေးမှာကတော့ Instructor Eleni Fit ရဲ့ Video ပဲဖြစ်ပါတယ်။ Full Body HIIT Workout ကို တစ်ပတ် အနည်းဆုံး ၃-၄ ခေါက်ကနိုင်ပါတယ်။ Workout Video လေးတွေကိုလည်း အပတ်စဥ်တင်ပေးသွားမှာဖြစ်လို့ မင်မင်တို့နဲ့အတူ Workout လုပ်ရင်း အားလုံးပဲ အဆီကျလှပသော Body Goal ကိုသွားနိုင်ပါစေနော်။ Fit Meals နဲ့ပက်သက်ပြီး အကြံပြုဆွေးနွေးလိုပါက Page Messenger လေးကနေ ကြိုဆိုနေပါတယ်နော်။ သင့်ရဲ့ အဆီကျလှပသော Body Goal အတွက် Fit Meals မှ တာဝန်ယူပါရစေ။

Here it is...the second 60 Min HIIT Workout to burn lots of calories while having lots of fun. This no repeat workout is a full body routine and stimulate all muscles. We are combining some serious fat burning exercises with toning movements. See you on the mat!

Hey yo…. Veggie Diet Day again 🫑🥒🥬🥦🥕🌽🍆🍅Diet အမျိုးမျိုးရှိတဲ့အထဲမှာမှ Veggie Diet ဆိုပြီး သပ်သပ်ရှိသေးတာ သိကြပါသလား။ ဒီန...
08/07/2022

Hey yo…. Veggie Diet Day again 🫑🥒🥬🥦🥕🌽🍆🍅
Diet အမျိုးမျိုးရှိတဲ့အထဲမှာမှ Veggie Diet ဆိုပြီး သပ်သပ်ရှိသေးတာ သိကြပါသလား။
ဒီနေ့ဟာ Fit Meals by Zuko ရဲ့Veggie Diet Day ပါနော်။ Veggie Diet ဟာ သာမာန် Diet လုပ်တာထက် အကျိုးအာနိသင်ထူးတဲ့အချက်လေးတွေရှိတဲ့အပြင် BMI ကိုလျော့ကျစေပါတယ်။ Veggie Diet မှာ Vitamin ကြွယ်ဝတဲ့ အသီးအရွက်တွေအပြင် Fibre၊ Protein ဓာတ်များ မျှတစွာပါဝင်ပါတယ်နော်။ အထူးသဖြင့် Fat Loss လုပ်ချင်သူတွေအတွက် အဆီတွေမပါဝင်တာကြောင့် ပိုမိုပြီး ထိရောက်စေပါတယ်။ အကြိုက်ဆုံးကတော့ Beer Belly တွေကို ထိထိမိမိပြုတ်စေတာပါပဲ။ အင်္ကျီဝတ်ရင် ဗိုက်စူစူလေးတွေထွက်နေတဲ့သူတွေအဖို့ Fit Meals by Zuko ရဲ့ Veggie Diet Day ကို မလွတ်တမ်းစားဖို့တော့လိုမယ်နော်။ အဲ့လိုပြောလို့ Veggie Day ကြီးပဲဖြစ်စရာလားဆိုတော့ မဟုတ်ပါဘူးနော်၊ တစ်ပတ်တစ်ရက်လောက်ပဲ Veggie Day ဖြစ်ပေးရင်ရပါပြီ။ ဒီနေ့မှာတော့ 4 Colors Veggie Mixed ထဲမှာ တစ်နေ့တာလိုအပ်တဲ့ အာဟာရနဲ့ Energy serving သေချာထည့်ပေးထားတော့ Veggie Day ဖြစ်ပေမယ့် weak မဖြစ်ပါဘူးနော်။
ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို တစ်ယောက်တည်း စီမံခန့်ခွဲဖို့ ခက်တယ်ဆိုရင် Page Messenger ကို Hello လိုက်ပါနော်။ Fit Meals တွေကို Package အလိုက် မိမိစားပွဲရှေ့ရောက် ဝန်ဆောင်မှုပေးနေတာကြောင့်လည်း မလိုအပ်တဲ့အဆီတွေကျပြီး ကျစ်လစ်သွယ်လျလှပချင်တဲ့ ကိုကို မမ တွေအတွက်လည်း အဆင်ပြေတာပေါ့။ Company ကနေ Group လိုက်ဝယ်ချင်တဲ့သူတွေအတွက်လည်း Special Package အနေနဲ့လည်း စီစဥ်ဆောင်ရွက်ပေးနေပါတယ်။

အထူးဝန်ဆောင်မှုအနေနဲ့ Customer များရဲ့ လိုအပ်ချက်အပေါ်လိုက်ပြီး Customize Fit Meals Plan များကိုလည်း ထပ်ဆောင်းဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ။ အများထက်လည်း စျေးသက်သာ၊ Service ကလဲရှယ် - ပေးထားတာထက် ပြန်ရတာက ပိုတန်စေရမယ်ဆိုတာ အာမခံပေးထားတော့ လက်မနှေးပဲ အမြန်ဆုံး အဆီကျလှပတဲ့ Body Goal လေးကို Fit Meals by Zuko ဆီမှာအကောင်အထည်ဖော်ကြရအောင်နော်။
Customize Fit Meals Plan လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

A healthy food, for a wealthy mood!

ဒီနေ့ရဲ့ Fit Meals လေးကို ပိတ်စွယ်လေးနဲ့ အရသာတမူထူးပြီး အာဟာရဖြစ်အောင် လုပ်ပေးထားပါတယ်နော်။ ဒါနဲ့ Fit Meals Customer တွေ...
07/07/2022

ဒီနေ့ရဲ့ Fit Meals လေးကို ပိတ်စွယ်လေးနဲ့ အရသာတမူထူးပြီး အာဟာရဖြစ်အောင် လုပ်ပေးထားပါတယ်နော်။ ဒါနဲ့ Fit Meals Customer တွေအနေနဲ့ ပိတ်စွယ် စားဖူးကြလား ???
ဟင်းလျာတစ်ခုအနေနဲ့လည်း စားလို့လည်းကောင်းတဲ့ ပိတ်စွယ်ဟာဆိုရင် ဆေးဖက်လည်းဝင်ပါတယ်။ ပိတ်စွယ်ပင် အနုကလေးများကို မျှစ်လိုပဲစိပ်ပြီး ချက်ကြော်စား၊ ပြုတ်စားလို့ရပါတယ်။ မြန်မာ့တိုင်းရင်းဖွား ကရင်အမျိုးသားများဆိုရင် ပိတ်စွယ်မြစ်ကို ပြုတ်၍ ဓားနှင့်ပါးပါးလှီးဖြတ်၍ ဟင်းလျာများနှင့် တွဲဖက်စားသုံးတတ်ကြပါတယ်။ ပိတ်စွယ်မြစ်ကို စားသုံးရာတွင် အင်အားကို ပြည့်ဝစေပြီး ဆီးဝမ်းလေတို့ကို မှန်ကန်စေဆိုပြီး ပြောဆိုချက်များအရ သိရပါတယ်။
အခုလဟာ ပိတ်စွယ်လေးတွေကို စျေးမှာ ပေါပေါများများ ၀ယ်လို့ရသော အချိန်ပါ။ ပိတ်စွယ် လို့လည်းခေါ်သလို တခါတရံ ရှင်မွှေးလွန်းလည်း ခေါ်ပါတယ်။ ရန်ကုန်ဖက်က ဂုံမင်း နဲ့ရောပြီးခေါ်ကြပြန်တယ်။ ဒါပေမည့် တခြားစီပါ။ မုံရွာမှာ ပိတ်စွယ်ကို ဘယ်လို ချက်စားတယ်မသိရပေမည့် ပိတ်စွယ်မြင်တိုင်း မန္တလေးက ခိုတောင်မုန့်တီကို သတိရမိတယ်။ ခတ်စွေစွေစောင်းစောင်းလေး လှီးထားသော အဖြူရောင် ပိတ်စွယ်ဖတ်လေးတွေက ဟင်းရေ အပေါ်မှာ ပေါလော ပေါ်နေကြတယ်။ ပုဇွန်ခြောက်ဖတ်လေးတွေနဲ့လုပ်ထားသော ပိတ်စွယ် ဟင်းရေ ပူပူကို သောက်လိုက်ရင်ဘဲ သင်းပျံ့ပျံ့ရနံ့စူးရှရှ အရသာရပြီး မန်းဆန်သော အညာအရသာကို ခံစားရတယ် ( အမယ် ..မုံရွာမှာတော့ ဆိပ်ဖူးဟင်းရေက နံမည်ကြီးတယ်) ကျနော်ကတော့ စားပြီးသား မုန့်တီပန်းကန်ထဲကို ပိတ်စွယ် ဟင်းချိုလေး အဆစ်ထပ်တောင်းပြီး သောက်လိုက်ရမှ ကျေနပ်တယ်။ ပန်းကန်လည်း ဆေးပြီးသားဖြစ်တာပေါ့။ ပြီးတော့ မန္တလေးသားမှန်ရင် ခိုတောင် ဘယ်နေရာရောင်းတယ်ဆိုတာ သိကြတယ် ၊ ရောက်အောင်သွားပြီးစားကြတယ်။
နောက်တမျိုးက ပိတ်စွယ်နုနုလေးတွေကို ကြာဇံဟင်းခါးထဲထည့်ပြီးစားကြတယ်။ မှိုခြောက်ပန်းခြောက် ကြက်သား နဲ့ ပိတ်စွယ်က အရမ်းလိုက်ဖက်တယ်။ ပိတ်စွယ် နုနုလေးတွေကို ငရုတ်သီးစိမ်း ပုဇွန်ခြောက် နဲ့ ငပိလေးထည့် ဆီသပ်ပြီးကြော်စားကြတယ်။ တချို့ကတော့ အခု အချိန် လှိုင်လှိုင် ပေါ်နေတဲ့ ဆူးပုတ်ရွက်လေးနဲ့ ရောပြီး ကြော်စားကြတယ်။ ဒါလည်း တမျိုးအရသာရှိပြန်တယ်။ ပိတ်စွယ်ကို ကင်မွန်းချဉ် ၊ဒန့်သလွန် အသီးခြစ် ၊ အညာငြုပ်သီးနဲ့ အချဉ်ဟင်းချက်ပြီးလည်းစားကြတယ် ၊ တချို့ကြတော့ မျှစ်ကြော်သလို ကြော်စားကြတယ်။ မျှစ်နဲ့ မတည့်သူတွေအတွက် အကောင်းဆုံးအစားအစာပါပဲ။ ပိတ်စွယ်ကို အချဉ်တည်ထားပြီး ပိတ်စွယ်ချဉ် လုပ်ရောင်းတာလည်းရှိတယ်၊ တာရှည်အထားခံသော ဒေသ အစားအစာ တမျိုးအဖြစ်စားကြတယ်။ ပိတ်စွယ်ကို ဆီဆားနဲ့လုံး ကြိုက်တတ်ရင် ငါးပိနဲနဲထည့် ၊ မီးဖိုက ချကာနီး မန်ကျည်းသီး အမှည့်အရည်လေးနဲနဲလောင်းပြီး ဆီပြန်အောင်ထားချက်ရင် ဆွေမျိုးမေ့လောက်သော ဟင်းကိုရမှာပါ။ ရေးရင်း ဗိုက်ဆာလာပြီ….😋😋😋
ဒါဆို ပိတ်စွယ်ကို ဘယ်လို အပင်ကနေရတာလည်း၊ မေးစရာပါ၊ ပိတ်စွယ်ဟာ ဂုံမင်း အပင်လို မြေအောက်ပင်စည်ပါသော နှစ်ရှည်ခံ Perennial, rhizomatous herbs ပင်ပျော့ တမျိုးဖြစ်တယ်။ ဒါပေမည့် မျိုးရင်း မတူပါဘူး၊ ပိတ်စွယ်က Family: Typhaceae ထဲမှာပါသော အပင်တွေဖြစ်ပြီး ရေစပ်စပ်နေရာမျိုးမှာသာတွေ့ရတတ်တယ်။ ပိတ်စွယ်ပင်မှာ အထင်ရှားဆုံးကတော့ အညိုရောင် ဆလင်ဒါပုံစံ ပန်းခိုင်ကြီးတွေ ဖြစ်တယ်။ July to December အထိဖူးပွင့်ကြတယ်။ ပိတ်စွယ်ပင်တွေက အပွားမြန်ပါတယ် ၊ မြေအောက်ပင်စည်ရှိတာကြောင့်လည်း တော်ရုံနဲ့ မသေပါဘူး၊ တခါတလေ ကမ်းနဘေး တခုလုံး သူတို့ ချည်းသာဖြစ်သွားတတ်တယ်။ မနေ့က စျေးရောက်တော့ ပိတ်စွယ်တွေ မြင်ရင်း ရေးလိုက်တာပါ။ စကားမစပ် အခုချိန် မန်းလေးသွားပြီး ပိတ်စွယ်ဟင်းချိုလေးနဲ့ ခိုတောင်မုန့်တီလေးများ စားရရင်တော့...စိတ်ကူးကြည့်တာပါလေ....🤤🤤🤤
ပိတ်စွယ်ပင်တွေက မုံရွာတက္ကသိုလ်ထဲမှာ အများကြီးရှိတယ်၊ အဝေးကြီးထွက်မရှာနဲ့ဦး၊ ပါချုပ်အိမ်ဘေးမှာ ပိတ်စွယ်ပင်တွေ တပုံတပင်ပါ။ 😁😁😁

ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို တစ်ယောက်တည်း စီမံခန့်ခွဲဖို့ ခက်တယ်ဆိုရင် Page Messenger ကို Hello လိုက်ပါနော်။ Fit Meals တွေကို Package အလိုက် မိမိစားပွဲရှေ့ရောက် ဝန်ဆောင်မှုပေးနေတာကြောင့်လည်း မလိုအပ်တဲ့အဆီတွေကျပြီး ကျစ်လစ်သွယ်လျလှပချင်တဲ့ ကိုကို မမ တွေအတွက်လည်း အဆင်ပြေတာပေါ့။ Company ကနေ Group လိုက်ဝယ်ချင်တဲ့သူတွေအတွက်လည်း Special Package အနေနဲ့လည်း စီစဥ်ဆောင်ရွက်ပေးနေပါတယ်။

အထူးဝန်ဆောင်မှုအနေနဲ့ Customer များရဲ့ လိုအပ်ချက်အပေါ်လိုက်ပြီး Customize Fit Meals Plan များကိုလည်း ထပ်ဆောင်းဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ။ အများထက်လည်း စျေးသက်သာ၊ Service ကလဲရှယ် - ပေးထားတာထက် ပြန်ရတာက ပိုတန်စေရမယ်ဆိုတာ အာမခံပေးထားတော့ လက်မနှေးပဲ အမြန်ဆုံး အဆီကျလှပတဲ့ Body Goal လေးကို Fit Meals by Zuko ဆီမှာအကောင်အထည်ဖော်ကြရအောင်နော်။
Customize Fit Meals Plan လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

A healthy food, for a wealthy mood!

ငုံးဥကိုတော့ မသိတဲ့ လူဆိုတာ ရှားပါတယ်။ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လို အာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ...
06/07/2022

ငုံးဥကိုတော့ မသိတဲ့ လူဆိုတာ ရှားပါတယ်။

ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လို အာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်မယ်။

ငုံးဥထဲမှာ ပါတဲ့ အာဟာရ တန်းဖိုးဟာ ဆိုရင် ကြက်ဥ နှစ်လုံးစာနဲ့ ညီမျှတယ် ဆိုတာကော သိကြ ပါသလား။

ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကို အားကောင်း စေပါတယ်။

ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့ သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွားပြီး ခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။

ဦးနှောက် သွေးကြော ရှိတဲ့ သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။

ငုံးဥမှာ ပရိုတင်း၊အဆီ၊သံဓာတ် လက်စီသင် (Lecithin)၊ vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန်းဓာတ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ခယ်လီယမ်၊ ကန့်ညို (ဆီလီနီယမ်)၊ သတ္တုဓာတ်နဲ့ ကိုလက်စထရောတွေ လုံလောက်စွာ ပါဝင်ပါတယ်။

ငုံးဥဝယ်ရာမှ လတ်ဆတ်ဖို့က အရေးကြီး ပါတယ်။ အက်နေတဲ့၊ အချိန်ကြာနေတဲ့ ငုံးဥကို မဝယ်ဖို့ သတိထား ရပါမယ်။ ငုံးဥကို ဝယ်ပြီးနောက် ရေခဲသေတ္တာထဲ သိမ်းထားပါ။
ဝယ်တဲ့နေ့က စပြီး လဝက်စာ အချိန်ထက် ကျော်ရင် အဲဒီငုံးဥကို လွင့်ပစ် လိုက်ပါ။

ငုံးဥကို စားမယ်ဆိုရင် တစ်နေ့မှာ ၃လုံးကနေ ၅လုံးထိ စားသုံးဖို့ သင့်လျော် ပါတယ်။

ငုံးဥမှာပါတဲ့ vitamin-B ဟာ ဆီးချိုရောဂါကို ကူညီ ကုသပေးပါတယ်။ အဲ့ဒါအပြင် ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်း နာခြင်းကိုပါ ကုသ ပေးနိုင်တယ်။
ငုံးဥမှာ အဆီနဲ့ ကိုလက်စထရောတွေ ပါဝင် တာကြောင့် ဝနေတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေး နိုင်ပါတယ်။ ပါဝင်တဲ့ ဓာတ်တွေကြောင့် သွေးကျစေပြီး သွေးကြော ကောင်းမွန်အောင် ကာကွယ် ထိန်းပေးတယ်။ သွေးကြောမှာ သွေးခဲခြင်း၊ သွေးခဲတာကြောင့် သွေးဖတ်ပိတ်ခြင်း တွေကို ကာကွယ်ပေး ပါတယ်။ နှလုံးသွေးကြော ရောဂါ သည် တွေရဲ့ အားဖြည့် အစာလည်း ဖြစ်ပါတယ်။ ငုံးဥမှာ ပါဝင်တဲ့ လက်စီသင်ဟာ ကြက်ဥထဲမှာ ပါဝင်တာထက် ၃၊၄ ဆ ပိုပါတယ်။

ငုံးဥဟာ သန္ဓေသားနဲ့ ကလေးငယ်တွေ အတွက် အားကောင်းစေတာ မို့လို့ ကိုယ်ဝန်ဆောင် မိခင်တွေ ငုံးဥကို များများ စားပေး သင့်ပါတယ်။

၁။ ငုံးဥနဲ့ နွားနို့ကို တွဲစားမယ်ဆိုရင် သွေးအားနည်းသူ၊ ကိုယ်ခန္ဓာ အင်အား ချည့်နဲ့နေသူ၊ အစာအိမ် အားနည်းနေသူ အတွက် အကျိုး ရှိပါတယ်။

၂။ ငုံးဥဆန်ပြုတ် စားမယ်ဆိုရင် သွေးတိုး သမားကို သွေးကျ စေပါမယ်။

ပြီးရင် အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့် ပေးပါတယ်။

၃။ ငုံးဥနဲ့ တရုတ် ကြက်သွန်မြိတ်ကြော် တွဲစားရင် ကျောက်ကပ် အားနည်းခြင်း၊ ခါးနာခြင်း၊ ပန်းသေ ပန်းညိုးခြင်းကို ပြန်လှည် ကောင်း မွန်စေဖို့ ပြုပြင်ပေးပါတယ်။ တီဘီရောဂါ၊ အဆုတ် အားနည်းပြီး ချောင်းအကြာကြီး ဆိုးနေ သူတွေကို ကောင်းမွန်အောင် တဖြည်းဖြည်း ရှင်းပေ နိုင်ပါတယ်။

ဒါပေမယ့် ငုံးဥကို လိမ္မော်င်္သီးနဲ့ တွဲမစား သင့်ပါဘူး။ တွဲစားမိရင်တော့ ဝမ်းပျက်ခြင်း၊
ဝမ်းဖော ရောင်ခြင်းနဲ့ အစာမကြေခြင်းကို ဖြစ်ပေါ် စေပါတယ်။

ပြီးဒါနဲ့ ငုံးဥကို ဝက်အသည်းနဲ့ တွဲမစားမိဖို့ လိုအပ်ပါတယ်။ စားမိရင်တော့ လိပ်ခေါင်းရောဂါ ဖြစ်ပွားတတ်ပြီး အမည်း စက်တွေ ထွက်ပေါ် လာနိုင်ပါတယ်။

ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို တစ်ယောက်တည်း စီမံခန့်ခွဲဖို့ ခက်တယ်ဆိုရင် Page Messenger ကို Hello လိုက်ပါနော်။ Fit Meals တွေကို Package အလိုက် မိမိစားပွဲရှေ့ရောက် ဝန်ဆောင်မှုပေးနေတာကြောင့်လည်း မလိုအပ်တဲ့အဆီတွေကျပြီး ကျစ်လစ်သွယ်လျလှပချင်တဲ့ ကိုကို မမ တွေအတွက်လည်း အဆင်ပြေတာပေါ့။ Company ကနေ Group လိုက်ဝယ်ချင်တဲ့သူတွေအတွက်လည်း Special Package အနေနဲ့လည်း စီစဥ်ဆောင်ရွက်ပေးနေပါတယ်။

အထူးဝန်ဆောင်မှုအနေနဲ့ Customer များရဲ့ လိုအပ်ချက်အပေါ်လိုက်ပြီး Customize Fit Meals Plan များကိုလည်း ထပ်ဆောင်းဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ။ အများထက်လည်း စျေးသက်သာ၊ Service ကလဲရှယ် - ပေးထားတာထက် ပြန်ရတာက ပိုတန်စေရမယ်ဆိုတာ အာမခံပေးထားတော့ လက်မနှေးပဲ အမြန်ဆုံး အဆီကျလှပတဲ့ Body Goal လေးကို Fit Meals by Zuko ဆီမှာအကောင်အထည်ဖော်ကြရအောင်နော်။

Customize Fit Meals Plan လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

A healthy food, for a wealthy mood!

ဘာစားစား ရွှေပဲသီးလေးထည့်စားမှ ပိုအရသာရှိတာဆိုတဲ့ စကားတောင်ရှိကြသေးတော့ ရွှေပဲသီးက ချိုပြီး ကုန်းဘောင်ကြီးကြော်၊ အစိမ်းက...
05/07/2022

ဘာစားစား ရွှေပဲသီးလေးထည့်စားမှ ပိုအရသာရှိတာဆိုတဲ့ စကားတောင်ရှိကြသေးတော့ ရွှေပဲသီးက ချိုပြီး ကုန်းဘောင်ကြီးကြော်၊ အစိမ်းကြော်စတာတွေမှာ ထည့်စားတတ်ကြပါတယ်။ အဲဒီ့ရွှေပဲသီးလေးက စားလို့လည်းကောင်းသလို အာဟာရလည်းပြည့်ဝပါတယ်။ ရွှေပဲသီးလေးမှာဆိုရင် ဗီတာမင်အေ၊ စီ၊ အမျှင်ဓာတ်တွေနဲ့ သံဓာတ်၊ ဗီတာမင်ကေတို့ပါဝင်တဲ့အပြင် အခြားအာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။

၁) အမျှင်ဓာတ်မြင့်မားပါတယ်။
အမျှင်ဓာတ်မြင့်မားတာကြောင့် အစာခြေစနစ်ကိုကူညီပေးနိုင်ပါတယ်။ သွေးထဲက သကြားဓာတ်ကိုလည်းထိန်းပေးနိုင်ပြီး အမျှင်ဓာတ်ကြောင့်အစာခြေလွယ်ပြီး ဝိတ်လည်းထိန်းနိုင်ပါတယ်။

၂) ကယ်လိုရီနည်းပါးပါတယ်။
ကယ်လိုရီနည်းပါးစွာပါဝင်တာကြောင့် ဝိတ်မတက်စေဘဲ နှလုံး၊ သွေးတိုး၊ ဆီးချိုစတဲ့ အခြားနောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်နိုင်ပါဘူး။

၃) နှလုံးကျန်းမာစေပါတယ်။
ကယ်လိုရီနည်းပါးခြင်းက နှလုံးနဲ့ဆက်စပ်တဲ့ပြဿနာတွေမဖြစ်စေတော့ပါဘူး။ အဲဒါအပြင် အဆီလည်းပါဝင်ခြင်းမရှိ၊ ဖောလိတ်ဓာတ်ကြောင့် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

၄) ခုခံအားကောင်းစေပါတယ်။
ဗီတာမင်စီ နဲ့ caretenoid ပါဝင်တာကြောင့် အအေးမိတုတ်ကွေးပြင်ပမှ ကူးစက်မှုတွေကို ကာကွယ်နိုင်ပါတယ်။ ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။

၅) အရိုးကျန်းမာစေပါတယ်။
နှလုံးကျန်းမာစေရုံသာမကာ သင့်ရဲ့ဝိတ်ကိုထိန်းနိုင်စေပြီး အရိုးတွေကိုလည်းကျန်းမာစေနိုင်ပါတယ်။
ဗီတာမင်ကေနဲ့ သံဓာတ်ပါဝင်တာကြောင့် သွေးအားနည်းခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို တစ်ယောက်တည်း စီမံခန့်ခွဲဖို့ ခက်တယ်ဆိုရင် Page Messenger ကို Hello လိုက်ပါနော်။ Fit Meals တွေကို Package အလိုက် မိမိစားပွဲရှေ့ရောက် ဝန်ဆောင်မှုပေးနေတာကြောင့်လည်း မလိုအပ်တဲ့အဆီတွေကျပြီး ကျစ်လစ်သွယ်လျလှပချင်တဲ့ ကိုကို မမ တွေအတွက်လည်း အဆင်ပြေတာပေါ့။ Company ကနေ Group လိုက်ဝယ်ချင်တဲ့သူတွေအတွက်လည်း Special Package အနေနဲ့လည်း စီစဥ်ဆောင်ရွက်ပေးနေပါတယ်။

အထူးဝန်ဆောင်မှုအနေနဲ့ Customer များရဲ့ လိုအပ်ချက်အပေါ်လိုက်ပြီး Customize Fit Meals Plan များကိုလည်း ထပ်ဆောင်းဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ။ အများထက်လည်း စျေးသက်သာ၊ Service ကလဲရှယ် - ပေးထားတာထက် ပြန်ရတာက ပိုတန်စေရမယ်ဆိုတာ အာမခံပေးထားတော့ လက်မနှေးပဲ အမြန်ဆုံး အဆီကျလှပတဲ့ Body Goal လေးကို Fit Meals by Zuko ဆီမှာအကောင်အထည်ဖော်ကြရအောင်နော်။

Customize Fit Meals Plan လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

A healthy food, for a wealthy mood!

နာနတ်သီးကို စားကြပေမယ့်လည်း ဘယ်လိုအာနိသင်ရှိလဲဆိုတာကို သိကြရဲ့လား?နာနတ်သီးက အရည်ရွှမ်းပြီး အရသာရှိတဲ့အသီးတစ်မျိုးဖြစ်ပြီ...
04/07/2022

နာနတ်သီးကို စားကြပေမယ့်လည်း ဘယ်လိုအာနိသင်ရှိလဲဆိုတာကို သိကြရဲ့လား?

နာနတ်သီးက အရည်ရွှမ်းပြီး အရသာရှိတဲ့အသီးတစ်မျိုးဖြစ်ပြီး ကျန်းမာရေး အတွက်ကောင်းမွန်တဲ့အကျိုးအာနိသင်တွေအများကြီးပါဝင်ပါတယ်နော်။ နာနတ်သီးစားခြင်းကြောင့် ဘယ်လိုအကျိုးတွေရှိမလဲဖတ်ကြည့်လိုက်ပါအုံး။

၁) သင့်ခန္ဓာကိုယ်က စွမ်းအင်တွေကို မြင့်တင်ပေးနိုင်ပါတယ်။
၂) သင့်ခန္ဓာကိုယ်တစ်ခုလုံးကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
၃) သင့်ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှုအားကောင်းစေနိုင်ပါတယ်။
၄) ခန္ဓာကိုယ်မှာ ခုခံစွမ်းအားတိုးစေပါတယ်။
၅) နှာခေါင်းပိတ်ခြင်းကို သက်သာစေနိုင်ပါတယ်။
၆) အရိုးအဆစ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်။
၇) အမြင်အာရုံကိုတိုးပွားဖို့ ကူညီပေးနိုင်ပါတယ်။
၈) ဗီတာမင် ဘီ ကြွယ်ဝစွာပါဝင်ပါတယ်။
၉) အရိုးတွေသန်မာဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။
၁၀) ကိုလက်စထရောတွေလျော့ကျစေဖို့ ကူညီနိုင်ပါတယ်။

နာနတ်သီးကို ကပ်ပါးပိုး၊ သန်ကောင်များ နှိမ်နင်းရန်အတွက်အသုံးပြုပြီး အစာအိမ်ပြဿနာများကို သက်သာစေသည်။ ကိုယ်ဝန်ဖျက်ချရန် နှင့် ဓမ္မတာလာစေရန် လှုံ့ဆော်ရာတွင်လည်း အသုံးပြုသည်။ နာနတ်သီးမှ ရရှိသော bromelain ပရိုတင်းကို ကျန်းမာရေးဓါတ်စာအဖြစ် အသုံးပြုလျက်ရှိသည်။ ၎င်းသည် ကင်ဆာဆဲလ်ကြီးထွားခြင်းကို နှောင့်ယှက်တားဆီးပြီး သွေးခဲခြင်းကိုတားကာ ရောင်ရမ်းခြင်းကို လျော့ကျစေ၍ အနာမှ ပျက်စီးတစ်ရှူးများ ဖယ်ရှားရန်လည်း ကူညီပါသည်။

တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း လိုတာထက်ပိုစားရင် နာနတ်သီး ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲဆိုတော့
- အလွန်အမင်း အန်ခြင်း
- ဝမ်းပျက်ဝမ်းလျှောခြင်း ၊ ရာသီသွေးဆင်းများခြင်း ၊ ပျို့ခြင်း ၊ အရေပြားအနီကွက်ထခြင်း ၊ အန်ခြင်း
- အလွန်အကျွံသုံးစွဲပါက ပါးစပ်နှင့် ပါးများ ရောင်ရမ်းခြင်း တို့ဖြစ်နိုင်ပါသည်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရပုံမှာ တစ်ဦးနဲ့ တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဖော်ပြပါဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိရင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို တစ်ယောက်တည်း စီမံခန့်ခွဲဖို့ ခက်တယ်ဆိုရင် Page Messenger ကို Hello လိုက်ပါနော်။ Fit Meals တွေကို Package အလိုက် မိမိစားပွဲရှေ့ရောက် ဝန်ဆောင်မှုပေးနေတာကြောင့်လည်း မလိုအပ်တဲ့အဆီတွေကျပြီး ကျစ်လစ်သွယ်လျလှပချင်တဲ့ ကိုကို မမ တွေအတွက်လည်း အဆင်ပြေတာပေါ့။ Company ကနေ Group လိုက်ဝယ်ချင်တဲ့သူတွေအတွက်လည်း Special Package အနေနဲ့လည်း စီစဥ်ဆောင်ရွက်ပေးနေပါတယ်။

အထူးဝန်ဆောင်မှုအနေနဲ့ Customer များရဲ့ လိုအပ်ချက်အပေါ်လိုက်ပြီး Customize Fit Meals Plan များကိုလည်း ထပ်ဆောင်းဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ။ အများထက်လည်း စျေးသက်သာ၊ Service ကလဲရှယ် - ပေးထားတာထက် ပြန်ရတာက ပိုတန်စေရမယ်ဆိုတာ အာမခံပေးထားတော့ လက်မနှေးပဲ အမြန်ဆုံး အဆီကျလှပတဲ့ Body Goal လေးကို Fit Meals by Zuko ဆီမှာအကောင်အထည်ဖော်ကြရအောင်နော်။

Customize Fit Meals Plan လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

A healthy food, for a wealthy mood!

Fit Meals by Zuko ရဲ့ Batch 2 လေးပြီးပြီဆိုတော့ Honest Review လေးတွေ လာပါပြီနော်။ အခုလိုမျိုး အသေးစိတ်ဖြစ်စဉ်ကို အရှိအတိ...
02/07/2022

Fit Meals by Zuko ရဲ့ Batch 2 လေးပြီးပြီဆိုတော့ Honest Review လေးတွေ လာပါပြီနော်။ အခုလိုမျိုး အသေးစိတ်ဖြစ်စဉ်ကို အရှိအတိုင်း အချိန်ပေးပြီး sharing လုပ်ပေးတဲ့ အမရေ ကျေးဇူးကမ္ဘာပါဗျာ။ အခုလိုမျိုး Honest Review လေးတွေက ရှေ့ဆက်ဖို့ အင်အားလေးတွေပါပဲ။
🤩🤩🤩

A healthy food, for a wealthy mood!

တစ်ပတ် တစ်ပတ်ပြောင်းလဲမှုကတော့ ထင်သာမြင်သာတယ်နော်။  ကိုယ်လိုချင်တဲ့ Body Goal ရောက်ဖို့ဆိုတာက ဆုံးဖြတ်ချက်ခိုင်မာဖို့ပဲလ...
02/07/2022

တစ်ပတ် တစ်ပတ်ပြောင်းလဲမှုကတော့ ထင်သာမြင်သာတယ်နော်။ ကိုယ်လိုချင်တဲ့ Body Goal ရောက်ဖို့ဆိုတာက ဆုံးဖြတ်ချက်ခိုင်မာဖို့ပဲလိုပါတယ်နော်။

Fit Meals စားရင်တော့ ကျန်းကျန်းမာမာနဲ့ပဲ Fat Loss ဖြစ်စေမှာပါ။ အဲ့အတွက် Weak တာတို့ Anxiety တက်မှာတွေကို ပူပန်နေစရာမလိုပါဘူးနော်။

ကျန်းမာလှပပြီး အဆီပိုတွေ ဖယ်ရှားချင်သူတိုင်း Page Messenger ကနေ Hello 👋 လုပ်လိုက်နော်။

A healthy food, for a wealthy mood!

Address

Yangon

Opening Hours

Monday 09:00 - 05:45
Tuesday 09:00 - 05:45
Wednesday 09:00 - 05:45
Thursday 09:00 - 05:45
Friday 09:00 - 05:45

Telephone

+959965107050

Website

Alerts

Be the first to know and let us send you an email when Fit Meals by Zuko posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share