Vet On Call

Vet On Call Veterinary online consultation 🐾
“Your Pet's Health, Our Priority”

ခွေးလေးတွေတော်တော်များများက ကားစီးရတာကိုကြိုက်နှစ်သက်ပေမယ့် တချို့ကတော့ ကားမူးပြီး သွားရည်ကျတာ အန်ချတာ စတဲ့လက္ခဏာတွေကို ...
18/04/2026

ခွေးလေးတွေတော်တော်များများက ကားစီးရတာကိုကြိုက်နှစ်သက်ပေမယ့် တချို့ကတော့ ကားမူးပြီး သွားရည်ကျတာ အန်ချတာ စတဲ့လက္ခဏာတွေကို တွေ့ရလေ့ရှိပါတယ်။

ဒီလိုမဖြစ်အောင် ကားစီးတာကို အလေ့ကျင့်လုပ်ပေးလို့ရပါတယ်..

အိမ်နီးနားတဝိုက်နဲ့ ကစားကွင်း၊ပန်းခြံကို
ကားနဲ့မကြာခဏခေါ်သွားပေးတာ
ကားစီးပြီးတိုင်း သူတို့နဲ့ဆော့ကစားပေးတာ
သူတို့ကြိုက်တတ်တဲ့မုန့်တွေကျွေးပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။

အလေ့ကျင့်မရှိတဲ့ခွေးလေးတွေမှာ ရုတ်တရက် ခရီးရှည်ထွက်ဖို့ကြုံလာရင်တော့ ကားမူးပျောက်ဆေးကို ဆရာဝန်နဲ့တိုင်ပင်ပြီး ကားမစီးခင် နာရီဝက်အလိုမှာ တိုက်ကျွေးပေးတာမျိုး လုပ်နိုင်ပါတယ်။

နိုင်ငံခြားခရီးလို လေယာဉ်စီးရတဲ့အခါမျိုးတွေမှာတော့ အမူးသက်သာဆေး၊ စိတ်ငြိမ်ဆေးတွေကို သူတို့ကျန်းမာရေးအလိုက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသုံးပေးလို့ရပါတယ်

အိမ်ကခွေးလေးတွေကရော
ကားစီးရတာ ကြိုက်လား ? ကားမူးတတ်လား ?
👉🏻 cmt မှာ
ဝင်ရောက်ပြောပြသွားလို့ရပါတယ် … 🤗🤗




ယနေ့ကျရောက်သော နှစ်ဆန်းတစ်ရက်နေ့မှစတင်ပြီး နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေမိသားစုဝင်တွေ မိတ်ဆွေတွေ အားလုံး...
16/04/2026

ယနေ့ကျရောက်သော
နှစ်ဆန်းတစ်ရက်နေ့မှစတင်ပြီး နှစ်သစ်မှာ
စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ
မိသားစုဝင်တွေ မိတ်ဆွေတွေ အားလုံးနဲ့အတူ
ချစ်ခြင်းမေတ္တာများ ပိုမိုတိုးပွားတဲ့
နှစ်သစ်ဖြစ်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်..

#နှစ်ဆန်းတစ်ရက်နေ့
#နှစ်သစ်ဆုတောင်း



06/04/2026

နွေရာသီမှာ လူသိများတဲ့ Heatstroke အပြင် ကြောင်လေးတွေအတွက် သတိထားရမယ့် နောက်ထပ်အကြောင်းရာတစ်ခုလဲရှိနေပါသေးတယ်။

ဒါကို Feline Solar Dematosis လို့ခေါ်ပြီး သတိမမူမိရင် အရေပြားကင်ဆာ (Squamous Cell Carcinoma) အထိဖြစ်နိုင်ပါတယ်။

နွေရာသီတွင်းမှာပဲ ဖြစ်တတ်တဲ့ရောဂါတစ်ခုတော့မဟုတ်ပေမယ့် ပူပြင်းပြီး UV ပိုများတဲ့​နွေရာသီမှာသတိထားဂရုစိုက်သင့်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်..

Video လေးမှာ ကြည့်လိုက်ရအောင်နော်..





27/03/2026

ကြောင်လေးတွေ
ကျောက်ကပ်ပျက်တာ
အစာခြောက်တွေကြောင့်လား ??





19/03/2026

ခွေးလေး၊ကြောင်လေးတွေကို
ကာကွယ်ဆေး (၁) ကြိမ် ထိုးပြီးတာနဲ့
လမ်းပေါ်လွှတ်ကျောင်းလို့ ရပြီလား ?

အဖြေကတော့မရသေးပါဘူး။

တစ်ချို့ပိုင်ရှင်တွေက ကာကွယ်ဆေး (၃) ကြိမ် ထိုးရမယ်ဆိိုတာ သိပေမယ့် ပထမ (၁) ကြိမ် ထိုးပြီးတာနဲ့ လမ်းပေါ် လွှတ်ကျောင်းတာ၊ အခြားသော ခွေးလေး၊ ကြောင်လေးတွေနဲ့ အလွယ်တကူ ပေးထိတွေ့တာတွေ ပြုလုပ်တတ်ကြပါတယ်။ ဒီလို လုပ်တာဟာ အန္တရာယ်ရှိတဲ့ ဆုံးဖြတ်ချက် တစ်ခုပါ။

ဘာကြောင့်လဲဆိုတာကို video လေးထဲမှာ ဆက်လက်ရှင်းပြပါမယ်။

Meet the Doctor ဒေါက်တာ သက်မှူးကျော်သည်မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း) မှ 2018-2019 ပညာသင်နှစ်တွင် တိရစ္ဆာန်ဆေးပညာ...
19/03/2026

Meet the Doctor

ဒေါက်တာ သက်မှူးကျော်သည်
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း) မှ 2018-2019 ပညာသင်နှစ်တွင် တိရစ္ဆာန်ဆေးပညာဘွဲ့ (BVSc) ကိုရရှိခဲ့ပါသည်။

Baho Vet Animal Health Care,
Royal Asia Veterinary Surgery,
Animal Medical & Surgical Center (AMSC)
တို့တွင် (၆) နှစ်တာ လုပ်ငန်းအတွေ့အကြုံများကို ရရှိထားပါတယ်။

လက်ရှိမှာတော့ Middle East, Bahrain နိုင်ငံတွင် Small Animal Veterinarian အဖြစ် အလုပ် လုပ်ကိုင်လျက်ရှိပြီး ခွေး၊ ကြောင် စသည့် အိမ်မွေး တိရစ္ဆာန်လေးများ၏ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

Dr. Thet Hmue Kyaw (BVSc) graduated with a Bachelor of Veterinary Science from the University of Veterinary Science (Yezin) in the 2018–2019 academic year. After graduation, he gained six years of professional experience working at Baho Vet Animal Health Care, Royal Asia Veterinary Surgery, and Animal Medical & Surgical Center (AMSC).
He is currently working in Bahrain as a Small Animal Veterinarian, providing healthcare and medical treatment for companion animals such as dogs and cats.

မင်္ဂလာပါ 👋Vet On Call မှ ရရှိနိုင်တဲ့ service လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့အတွက်တော့ Pet လေးတွေက မိသားစုဝင်လ...
19/03/2026

မင်္ဂလာပါ 👋
Vet On Call မှ ရရှိနိုင်တဲ့ service လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။
ကျွန်တော်တို့အတွက်တော့ Pet လေးတွေက မိသားစုဝင်လေးတွေလိုပါပဲ။
ဒါကြောင့် သင့်ရဲ့ ချစ်စရာကောင်းတဲ့ Pet လေးတွေ ကျန်းမာပျော်ရွှင်စွာနေနိုင်ဖို့ Vet On Call မှ Online Veterinary Consultation ဝန်ဆောင်မှုများကို စိတ်ချယုံကြည်စွာ ပေးနေပါပြီ။
Pet လေးတွေ အတွက် စိုးရိမ်စရာ ကျန်းမာရေးပြဿနာများရှိလာရင် မိသားစုတစ်ယောက်လို အကြံပေး ကူညီကုသပေးဖို့ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

📩 Page Messenger မှတဆင့်
📲 WhatsApp – +973 32106164

သင့် Pet လေးတွေ ကျန်းမာပျော်ရွှင်နေရတာက
ကျွန်တော်တို့အတွက် အရေးအကြီးဆုံးပါပဲ 🩵

Your Pet’s Health, Our Priority🐾

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Vet On Call posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share