13/05/2026
သွေးတိုးရှိသူများ သတိထားရမယ့် လက္ခဏာအချို့
သွေးတိုးရောဂါဟာ များသောအားဖြင့် လက္ခဏာမပြတတ်ပေမဲ့ သွေးပေါင်ချိန် အရမ်းတက်လာတဲ့အခါ ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ အရေးကြီးအင်္ဂါတွေကို ထိခိုက်လာတဲ့အခါ အောက်ပါလက္ခဏာတွေ ပြတတ်ပါတယ်။ ဒီအချက်တွေရှိလာရင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်...
အဖြစ်များသော လက္ခဏာများ
ခေါင်းကိုက်ခြင်း - အထူးသဖြင့် နောက်စေ့နားက တင်းကျပ်ပြီး ကိုက်ခဲခြင်း။
ဇက်ကြောတက်ခြင်း - ပခုံးနဲ့ ဇက်ကြောတွေ တောင့်တင်းပြီး မအီမသာဖြစ်ခြင်း။
မျက်စိဝေဝါးခြင်း - အမြင်အာရုံ ကြည်ကြည်လင်လင်မရှိဘဲ ဝေဝါးလာခြင်း။
ရင်တုန်ခြင်း - နှလုံးခုန်မြန်ခြင်း သို့မဟုတ် ရင်ဘတ်ထဲမှာ တဒုန်းဒုန်း တိုးနေသလို ခံစားရခြင်း။
အရေးကြီးလက္ခဏာများ (Emergency)
အကယ်၍ အောက်ပါလက္ခဏာများ ခံစားလာရရင်တော့ သွေးပေါင်ချိန် အလွန်အမင်း တက်နေနိုင်တဲ့အတွက် ဆရာဝန်နဲ့ အမြန်ပြသသင့်ပါတယ်။
အသက်ရှူရခက်ခဲခြင်း - မောဟိုက်ခြင်း သို့မဟုတ် အသက်ရှူမဝခြင်း။
ရင်ဘတ်အောင့်ခြင်း - ရင်ဘတ်ထဲက တင်းကျပ်အောင့်ခြင်း သို့မဟုတ် ဖိထားသလို ခံစားရခြင်း။
မူးဝေအော့အန်ခြင်း - ခေါင်းထဲမှာ မူးနောက်နေပြီး အော့အန်ချင်စိတ်ဖြစ်ခြင်း။
နှာခေါင်းသွေးယိုခြင်း - အကြောင်းရင်းမရှိဘဲ နှာခေါင်းသွေးခဏခဏယိုခြင်း။
နောက်ဆက်တွဲ ပြဿနာများ
သွေးတိုးကြောင့် ဦးနှောက် သို့မဟုတ် နှလုံးကို ထိခိုက်တဲ့အခါမျိုးမှာ
- ခြေလက်များ ထုံကျင်ခြင်း သို့မဟုတ် အားနည်းသွားခြင်း။
- စကားပြောရာမှာ လျှာလေးခြင်း၊ စကားလုံး ပီပီသသ မထွက်ခြင်း။
- စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် သတိလစ်ချင်သလိုဖြစ်ခြင်း။
အကြံပြုချက်
၁။ ပုံမှန်တိုင်းပါ - လက္ခဏာမပြဘဲ သွေးပေါင်တက်နေတာမျိုး ရှိနိုင်လို့ မှတ်တမ်းပုံမှန်ယူပေးပါ။
၂။ အငန်လျှော့ပါ - စားသောက်တဲ့အခါ ငန်တဲ့အစားအစာတွေ၊ အသင့်စား အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ပေးပါ။
၃။ စိတ်ဖိစီးမှု လျှော့ချပါ - အလုပ်ကြောင့်ဖြစ်စေ၊ တခြားအကြောင်းကြောင့်ဖြစ်စေ စိတ်ဖိစီးမှုများရင် သွေးပေါင်ချိန်ကို တက်စေနိုင်ပါတယ်။
မိမိကိုယ်တိုင်သာမက အိမ်က လူကြီးမိဘတွေကိုလည်း သွေးပေါင်ချိန် ပုံမှန်တိုင်းပေးပြီး ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့နော်...
ွေးပေါင်ချိန်စက် #သွေးပေါင်ချိန်