Shwe La Yaik Laboratory

Shwe La Yaik Laboratory Diagnostic Laboratory

🥱ညဘက်အိပ်မပျော်ဖြစ်နေပါသလား??? လက်ကိုင်ဖုန်းထဲမှ Blue Ray filter လေးကိုစစ်ကြည့် လိုက်ပါ"📣ယနေ့ခေတ်မှာလူအများစုဟာ အလုပ်၊ s...
22/05/2026

🥱ညဘက်အိပ်မပျော်ဖြစ်နေပါသလား??? လက်ကိုင်ဖုန်းထဲမှ Blue Ray filter လေးကိုစစ်ကြည့် လိုက်ပါ"

📣ယနေ့ခေတ်မှာ
လူအများစုဟာ အလုပ်၊ social media နဲ့ entertainment တွေအတွက်
ဖုန်း screen ကို ညဘက်အထိ အသုံးပြုနေကြရပါတယ်။

🫢ဒါပေမယ့် လူအများ မသိသေးတဲ့အချက်တစ်ချက်ကဖုန်းစကရင်မှထွက်လာတဲ့ “Blue Light” ဟာခန္ဓာကိုယ်ရဲ့အိပ်စက်အနားယူမှုစက်ဝန်းကို ထိခိုက်စေနိုင်ပါတယ်။🫢

😍ပုံမှန်အားဖြင့်ညအချိန်ရောက်လာတဲ့အခါ ဦးနှောက်က မယ်လတိုနင်ဟော်မုန်းကိုထုတ်ပေးပါတယ်။

မယ်လတိုနင်ဟာခန္ဓာကိုယ်ကို
အနားယူဖို့၊ အိပ်စက်ဖို့ အချိန်ရောက်ပြီ ဆိုတဲ့အချက်ပြပေးတဲ့‌ဟော်မုန်းဖြစ်ပါတယ်။

ဒါပေမယ့်
ညဘက်ဖုန်းစကရင်မှထွက်‌သောBlue Lightနှင့်ထိတွေ့မှုများလာတဲ့အခါမယ်လတိုနင်ထွက်ရှိမှုနည်းလာပီး

• အိပ်ပျော်ရန်ခက်ခဲခြင်း🙄
• အိပ်ရေးမဝခြင်း🥱
• မနက်ပိုင်းပင်ပန်းနေသလိုဖြစ်နေခြင်း😵
• အာရုံစူးစိုက်မှုလျော့နည်းခြင်း😵‍💫
• ခန္ဓာကိုယ်ဇီဝနာရီပုံမှန်မဖြစ်ခြင်း
တို့ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်သင်ဟာညဘက်ဖုန်းသုံးလေ့ရှိတဲ့သူဆိုရင် သင့်ရဲ့ဖုန်းမှာ Build in ပါပြီးသားဖြစ်တဲ့
“Blue Light Filter” / “Night Mode” feature ကို
ညပိုင်းတွင်ဖွင့်၍အသုံးပြုသင့်ပါတယ်။🤗

📣📣အထူးသဖြင့်
အိပ်ခါနီးတစ်နာရီနှစ်နာရီအတွင်းအသုံးပြုသူများအတွက်ဒီလိုလုပ်‌ဆောင်မှုကအိပ်စက်မှုအရည်အသွေးကိုအထောက်အကူပြုပါတယ်။

နည်းပညာကို မရှောင်နိုင်ပေမယ့်
ကျန်းမာရေးကိုကာကွယ်နိုင်တဲ့ဒီလိုအလေ့အကျင့်လေးတွေကိုဂရုပြုလိုက်နာသင့်ပါတယ်။🥰




ဘဝ၏ အကောင်းဆုံးသော အသက် ၃၅ နှစ် ကျော် ၄၀ ကျော်  Golden Years များကို ဝင်ငွေကောင်းဖို့ အောင်မြင်မှုတွေ မိသားစုတွေ အတွက် အ...
07/05/2026

ဘဝ၏ အကောင်းဆုံးသော အသက် ၃၅ နှစ် ကျော် ၄၀ ကျော် Golden Years များကို ဝင်ငွေကောင်းဖို့ အောင်မြင်မှုတွေ မိသားစုတွေ အတွက် အလုပ်များစွာဖြင့် ဖြတ်သန်းနေကြရတဲ့ သူတွေ အောင်မြင်မှုတွေကိုစံစားရမယ့်အချိန်မှာ ရာနှုန်းပြည့်စံစားနိုင်ဖို့အတွက် ခုချိန်ကတည်းက မိမိတို့ ကျန်းမာရေးနယ်ပယ်မှာ ရင်းနှီးမြုပ်နှံထားဖို့ လိုအပ်ပါတယ်

ရွှေလရိပ်ဓာတ်ခွဲခန်းမှာဆိုရင်တော့ Regular health screening နှင့် appropriate tumor marker tests များကို ဆရာဝန်နဲ့တိုင်ပင် ပြီး မိမိနဲ့သင့် လျော် လိုအပ်တဲ့ test များကို customize စစ်ဆေးနိုင်မှာဖြစ်ပါတယ်

✨ Oncology Screening Package (Cancer Screening)
ပါဝင်နိုင်သော Tests များ
• PSA
• AFP
• CEA
• CA-125
• CA19-9

သင့်တော်သူများ
✔ အသက် ၄၀ ကျော်သူများ
✔ မိသားစုတွင် cancer history ရှိသူများ
✔ Routine health check-up ပြုလုပ်လိုသူများ

ယနေ့၏ အောင်မြင်မှုများအတွက် ကြိုးစားနေသလို
မနက်ဖြန်၏ ကျန်းမာရေးအတွက်လည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့။

📞 အသေးစိတ်နှင့် appointment အတွက် ဆက်သွယ်နိုင်ပါသည်။ 09776349864 , 09790954071



🥰သင်္ကြန်အပြီးမြန်မာနှစ်သစ်ကူးအခါသမယမှာကျန်းမာရေးစစ်ဆေးဖို့ရှိသူများအတွက်အထူးအစီအစဉ်ရှိပါသဖြင့် အမြန်ဆုံးလာရောက်ခဲ့ဖို့ဖ...
19/04/2026

🥰သင်္ကြန်အပြီးမြန်မာနှစ်သစ်ကူးအခါသမယမှာကျန်းမာရေးစစ်ဆေးဖို့ရှိသူများအတွက်အထူးအစီအစဉ်ရှိပါသဖြင့် အမြန်ဆုံးလာရောက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်🥰


🥰၁၃၈၈ခုမြန်မာနှစ်သစ်မင်္ဂလာမှစ၍ကျန်းမာရွှင်လန်းပါစေကြောင်းရွှေလရိပ်မိသားစုမှနှစ်သစ်ဆုမွန်ကောင်းပို့သအပ်ပါသည်။🥰
17/04/2026

🥰၁၃၈၈ခုမြန်မာနှစ်သစ်မင်္ဂလာမှစ၍
ကျန်းမာရွှင်လန်းပါစေကြောင်း
ရွှေလရိပ်မိသားစုမှနှစ်သစ်ဆုမွန်ကောင်း
ပို့သအပ်ပါသည်။🥰

☺ ရွှေလရိပ်မှာကျန်းမာရေးစစ်ဆေးသူတိုင်းကိုသွေးချိုဆီးချိုနှင့်ပတ်သတ်သော နှစ်သောင်းငါးထောင်တန် HBA1C test အခမဲ့စစ်ဆေးပေးနေ...
10/03/2026

☺ ရွှေလရိပ်မှာကျန်းမာရေးစစ်ဆေးသူတိုင်းကိုသွေးချိုဆီးချိုနှင့်ပတ်သတ်သော နှစ်သောင်းငါးထောင်တန် HBA1C test အခမဲ့စစ်ဆေးပေးနေပါပြီ။☺

😊ယခု Special Offer လေးကဧပြီ13မတိုင်ခင်ထိဘဲဆိုတော့မြန်မြန်လာရောက်စစ်ဆေးဖို့တော့လိုပါမယ်နော်။

😊09776349864ကိုအသေးစိတ်သိချင်တာတွေရှိရင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်။

အမှတ််၇၄၊လေးထောင့်ကန်လမ်းမကြီး၊ဘဝမြင့်မှတ်တိုင်အနီး၊သဃန်းကျွန်းမြို့နယ်။😊

🚗Home Sevice အစီအစဥ်လည်းရှိပါတယ်😍
#ရွှေလရိပ်ဓာတ်ခွဲခန်း

❤ကိုလက်စထရောနှင့် ထရိုင်ဂလစ်စရိုက်များကို နားလည်ခြင်း - အဆီဓာတ်စစ်ဆေးမှု လမ်းညွှန်Lipid Profile (သို့မဟုတ်) အဆီဓာတ်စစ်ဆေ...
03/03/2026

❤ကိုလက်စထရောနှင့် ထရိုင်ဂလစ်စရိုက်များကို နားလည်ခြင်း - အဆီဓာတ်စစ်ဆေးမှု လမ်းညွှန်
Lipid Profile (သို့မဟုတ်) အဆီဓာတ်စစ်ဆေးမှုဆိုသည်မှာ သင့်သွေးထဲရှိ အဆီဓာတ်ပမာဏကို တိုင်းတာသော သွေးစစ်ဆေးမှုရိုးရှင်းတစ်ခုဖြစ်ပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့သော နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေကို ညွှန်ပြနေသည့် အရေးကြီးသော အမှတ်အသားများဖြစ်သည်။
ကိုလက်စထရောနှင့် ထရိုင်ဂလစ်စရိုက်များအပါအဝင် အဆီဓာတ်များသည် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများအတွက် လိုအပ်သော်လည်း၊ ပမာဏများပြားလာပါက သွေးလွှတ်ကြောများအတွင်း အဆီဖတ်များစုပုံကာ သွေးကြောပိတ်ဆို့ခြင်း (atherosclerosis) ဖြစ်ပေါ်စေနိုင်သည်။
သင့်အဆီဓာတ်စစ်ဆေးမှုမှ အဓိကနံပါတ်လေးခု
အဆီဓာတ်စစ်ဆေးမှုသည် အဓိကအစိတ်အပိုင်းလေးခုကို တိုင်းတာပြီး တစ်ခုချင်းစီသည် သင့်ကျန်းမာရေးအတွက် ကဏ္ဍအသီးသီးမှ ပါဝင်နေပါသည်။
A. ကိုလက်စထရော စုစုပေါင်း (Total Cholesterol - TC)
၎င်းသည် သင့်သွေးထဲရှိ LDL, HDL နှင့် ထရိုင်ဂလစ်စရိုက်ပမာဏ၏ 20\% တို့အပါအဝင် ကိုလက်စထရောအားလုံး၏ ပေါင်းလဒ်ဖြစ်သည်။ သင့်ကိုလက်စထရောအခြေအနေကို အကြမ်းဖျင်းခြုံငုံသုံးသပ်ပေးသည်။
B. LDL (Low-Density Lipoprotein) ကိုလက်စထရော- "မကောင်းသောအဆီ"
LDL သည် ကိုလက်စထရောများကို သင့်ဆဲလ်များသို့ သယ်ဆောင်ပေးသည်။ LDL ပမာဏ များလွန်းပါက သွေးလွှတ်ကြောနံရံများတွင် ကိုလက်စထရောများ စုပုံလာပြီး အဆီဖတ်များ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် LDL ပမာဏ နည်းပါးလေ၊ ပိုကောင်းလေဖြစ်သည်။
C. HDL (High-Density Lipoprotein) ကိုလက်စထရော- "ကောင်းသောအဆီ"
HDL သည် အညစ်အကြေးရှင်းလင်းသူအဖြစ် လုပ်ဆောင်ပြီး သွေးကြောအတွင်းရှိ ပိုလျှံနေသော ကိုလက်စထရောများကို ကောက်ယူကာ ခန္ဓာကိုယ်မှ ဖယ်ရှားရန် အသည်းသို့ ပြန်လည်ပို့ဆောင်ပေးသည်။ HDL ပမာဏ မြင့်မားခြင်းသည် နှလုံးရောဂါမှ ကာကွယ်ပေးသည်။
D. ထရိုင်ဂလစ်စရိုက်များ (Triglycerides - TG)
ထရိုင်ဂလစ်စရိုက်များသည် သင့်ခန္ဓာကိုယ်ထဲရှိ အဆီအမျိုးအစားများထဲတွင် အများဆုံးဖြစ်ပြီး စွမ်းအင်သိုလှောင်ရန်အတွက် အသုံးပြုသည်။ ၎င်းတို့ကို သင်စားသုံးသော အစားအစာများမှ ရရှိပြီး ပိုလျှံနေသော ကယ်လိုရီများကို ခန္ဓာကိုယ်က ထရိုင်ဂလစ်စရိုက်အဖြစ် ပြောင်းလဲကာ အဆီဆဲလ်များတွင် သိုလှောင်ထားသည်။ ပမာဏ မြင့်မားခြင်းသည် နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေပြီး အချို့အခြေအနေများတွင် ပန်ကရိယရောင်ရမ်းခြင်း (pancreatitis) ကိုလည်း ဖြစ်စေနိုင်သည်။
LDL အကြောင်းမှတ်ချက်- နှလုံးရောဂါ သို့မဟုတ် ဆီးချိုရောဂါ ရှိသူများအတွက် LDL ၏ အကောင်းဆုံးပစ်မှတ်ကို 70 mg/dL အောက် အထိ လျှော့ချလေ့ရှိသည်။
အဆီဓာတ်စစ်ဆေးမှုအတွက် ကြိုတင်ပြင်ဆင်ခြင်း
သင့်အဆီဓာတ်ပမာဏ၊ အထူးသဖြင့် ထရိုင်ဂလစ်စရိုက်များကို အတိကျဆုံးတိုင်းတာနိုင်ရန် ကြိုတင်ပြင်ဆင်မှုသည် အဓိကကျသည်-
အစာရှောင်ရန် လိုအပ်သည်: သွေးမစစ်မီ 9 နာရီမှ 12 နာရီအထိ ရေမှလွဲ၍ မည်သည့်အရာကိုမျှ မစားဘဲ၊ မသောက်ဘဲ ရှောင်ကြဉ်ရန် အများအားဖြင့် တောင်းဆိုလေ့ရှိသည်။ အစားအစာနှင့် အချိုရည်များသည် ထရိုင်ဂလစ်စရိုက်ပမာဏကို ယာယီမြင့်တက်စေပြီး ရလဒ်များကို မှားယွင်းစေနိုင်သည်။
ရေဓာတ်ပြည့်ဝပါစေ: အစာရှောင်သည့်ကာလအတွင်း ရေသောက်သင့်သည်။
ဆေးဝါးများ: သင်သောက်သုံးနေသော ဆေးဝါးများနှင့် ဖြည့်စွက်စာများအားလုံးကို သင့်ဆရာဝန်အား ပြောပြပါ။ သင့်ဆရာဝန်က ရပ်တန့်ရန် အတိအလင်း မညွှန်ကြားပါက သတ်မှတ်ထားသော ဆေးဝါးများကို မရပ်တန့်ပါနှင့်။
အရက်ရှောင်ပါ: အရက်သောက်သုံးခြင်းသည် ထရိုင်ဂလစ်စရိုက်ပမာဏကို သိသိသာသာ ထိခိုက်စေနိုင်သောကြောင့် စစ်ဆေးမှုမပြုမီ အနည်းဆုံး 24 နာရီအလိုမှစ၍ ရှောင်ကြဉ်ပါ။
ပင်ပန်းသော လေ့ကျင့်ခန်းများ ရှောင်ပါ။စစ်ဆေးမှုမပြုမီ ပြင်းထန်သော လှုပ်ရှားမှုများသည်လည်း ရလဒ်များကို ယာယီပြောင်းလဲစေနိုင်သည်။
သင့်ရလဒ်များကို တိုးတက်စေမည့် နေထိုင်မှုပုံစံဆိုင်ရာ အချက်များ
သင့်ရလဒ်များသည် အကောင်းဆုံးပမာဏထက် ကျော်လွန်နေပါက၊ နေထိုင်မှုပုံစံကို ချိန်ညှိခြင်းသည် များသောအားဖြင့် တိုးတက်ကောင်းမွန်စေရန် ပထမဆုံးခြေလှမ်းဖြစ်သည်။
အစားအသောက်ပြောင်းလဲမှုများ:
ပြည့်ဝဆီနှင့် ပြောင်းလဲဆီ (Trans Fats) လျှော့ချပါ: ပြည့်ဝဆီများသော အစားအစာများ (အသားနီ၊ ပြုပြင်ထားသော သရေစာများ၊ အဆီပြည့် နို့ထွက်ပစ္စည်းများ) ကို ကန့်သတ်ပြီး ပြောင်းလဲဆီ (အများအားဖြင့် အကြော်အလှော်များနှင့် စီးပွားဖြစ် ဖုတ်ထားသော မုန့်များတွင်တွေ့ရသည်) ကို လုံးဝဖြတ်တောက်ပါ။
ပျော်ဝင်နိုင်သော အမျှင်ဓာတ် တိုးမြှင့်ပါ: Oats, မုယောစပါး၊ ပန်းသီး၊ ပဲအမျိုးမျိုးတို့ကဲ့သို့ အစားအစာများသည် ကိုလက်စထရော စုပ်ယူမှုကို လျှော့ချပေးနိုင်သည်။
ကျန်းမာသော အဆီများကို စားသုံးပါ: ထောပတ်သီး၊ အခွံမာသီးများ၊ မျိုးစေ့များ၊ နှင့် အဆီများသောငါး (Omega-3 ကြွယ်ဝသော) များမှ ရရှိသည့် မိုနိုမပြည့်ဝဆီနှင့် ပိုလီမပြည့်ဝဆီများကို ပေါင်းစပ်စားသုံးခြင်းဖြင့် သင့်၏ HDL ကို မြင့်တက်စေရန် ကူညီပေးနိုင်သည်။
လေ့ကျင့်ခန်း: တစ်နေ့တာ၏ အချိန်အများစုတွင် အနည်းဆုံး မိနစ် 30 ခန့် အလယ်အလတ်အရှိန်ဖြင့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းသည် HDL ကိုလက်စထရောကို မြှင့်တင်ရန်နှင့် ထရိုင်ဂလစ်စရိုက်များကို လျှော့ချရန် အလွန်ထိရောက်သည်။
ကိုယ်အလေးချိန် ထိန်းညှိခြင်း: သင့်ကိုယ်အလေးချိန်၏ 5-10\% ခန့်သာ လျှော့ချနိုင်လျှင်ပင် သင့်စုစုပေါင်း ကိုလက်စထရော၊ LDL နှင့် ထရိုင်ဂလစ်စရိုက်ပမာဏများကို သိသိသာသာ တိုးတက်စေနိုင်သည်။
ဆေးလိပ်ဖြတ်ခြင်း: ဆေးလိပ်သောက်ခြင်းသည် သင်၏ HDL (ကောင်းသော) ကိုလက်စထရောကို လျော့ကျစေပြီး နှလုံးရောဂါအတွက် အဓိကအန္တရာယ်ဖြစ်စေသည်။ ဆေးလိပ်ဖြတ်ခြင်းသည် သင်၏ အဆီဓာတ်စစ်ဆေးမှုရလဒ်များကို လျင်မြန်စွာ တိုးတက်စေနိုင်သည်။

💕 Senior Citizen Discount Program💕အသက်၆၅နှစ်နှင့်အထက်မိမိတို့ချစ်ခင်လေးစားရပါသောမိဘဆွေမျိုးဆရာသမားတို့တွက်ရွှေလရိပ်ဓာတ်ခ...
21/02/2026

💕 Senior Citizen Discount Program💕

အသက်၆၅နှစ်နှင့်အထက်မိမိတို့ချစ်ခင်လေးစားရပါသောမိဘဆွေမျိုးဆရာသမားတို့တွက်ရွှေလရိပ်ဓာတ်ခွဲခန်းတွင် Senior Citizen Discount Program အဖြစ် 2026 April လကုန်အထိ ကျန်းမာရေးစစ်ဆေးခြင်း Health Checkup package များအတွက်💖

🥰🥰 20% Discount 🥰🥰 အစီအစဥ်ရှိပါသဖြင့်လာရောက်ကြဖို့ဖိတ်ခေါ်လိုက်ရပါသည်။😘😘

🚗အမှတ်၇၄၊လေးထောင့်ကန်လမ်းမကြီး၊ဘဝမြင့်မှတ်တိုင်အနီး၊သဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။
📲09776349864


#ရွှေလရိပ်ဓာတ်ခွဲခန်း

💕💕ကိုယ်ဝန်ဆောင်ကျန်းမာရေးစစ်ဆေးခြင်းPackage💕💕 မိခင်လောင်းတို့အတွက်1.Complete Blood Picture 2. အသည်းရောင်အသားဝါဘီပိုး၊စီပ...
02/02/2026

💕💕ကိုယ်ဝန်ဆောင်ကျန်းမာရေးစစ်ဆေးခြင်းPackage💕💕
မိခင်လောင်းတို့အတွက်
1.Complete Blood Picture
2. အသည်းရောင်အသားဝါဘီပိုး၊စီပိုး
3. Urine Routine examination
4.Blood Grouping and Rh Grouping
အစရှိသည့်ကိုယ်ဝန်ဆောင်အခြေခံကိုယ်ဝန်ဆောင်ကျန်းမာရေးကိုလာရောက်စစ်ဆေးနိုင်ပါပြီ။💕💕
🚗အမှတ်၇၄၊လေးထောင့်ကန်လမ်းမကြီး၊ဘဝမြင့်မှတ်တိုင်အနီး၊သင်္ဃန်းကျွန်းမြို့နယ်။
☎️ 09776349864
#ကိုယ်ဝန် #ကိုယ်ဝန်ဆောင်ကျန်းမာရေး
#မိခင်

မနက်ဖြန်ညနေစတုဒီသာအလှူရှိပါသည်။☺️☺️☺️🚙အမှတ်၇၄၊လေးထောင့်ကန်လမ်းမကြီး၊ဘဝမြင့်မှတ်တိုင်အနီး၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မ...
23/01/2026

မနက်ဖြန်ညနေစတုဒီသာအလှူရှိပါသည်။☺️☺️☺️
🚙အမှတ်၇၄၊လေးထောင့်ကန်လမ်းမကြီး၊ဘဝမြင့်မှတ်တိုင်အနီး၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။

❤️နှစ်သစ်အစမှာကျန်းမာရေးကိုဂရုစိုက်ပီးတစ်နှစ်တာလုံး‌ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ရွှေလရိပ်ဓာတ်ခွဲခန်းမှအကောင်းဆု...
22/01/2026

❤️နှစ်သစ်အစမှာကျန်းမာရေးကိုဂရုစိုက်ပီးတစ်နှစ်တာလုံး‌ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ရွှေလရိပ်ဓာတ်ခွဲခန်းမှအကောင်းဆုံးဝန်ဆောင်မှုများပေးနေပါပြီ။☺️

❤️ကျန်းမာရေးစစ်ဆေးခြင်းနှင့်ပတ်သတ်၍လိုအပ်သည်များကိုစစ်ဆေးနိုင်ရန်အတွက်ဆရာဝန်များမှလည်းအခမဲ့ဆွေးနွေးတိုင်ပင်ပေးလျက်ရှိပါသည်။

❤️တစ်ဦးချင်းစီလိုအပ်‌သောPackageအလိုက်လလာရောက်စစ်ဆေးနိုင်သည့်အပြင်အိမ်အရောက်ဝန်ဆောင်မှုလည်းရှိပါသည်။

❤️အသေးစိတ်သိရှိလိုသည်များကိုMessengerမှလည်းစုံစမ်းမေးမြန်းနိုင်ပါသည်။

🚗အမှတ်၇၄၊လေးထောင့်ကန်လမ်းမကြီး၊ဘဝမြင့်မှတ်တိုင်အနီး၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို။
☎️၀၉၇၇၆၃၄၉၈၆၄


#ရွှေလရိပ်ဓာတ်ခွဲခန်း
#ကျန်းမာရေး

Address

74, Laydaungkan Road, Near Bawayint Bus Stop, Thingangyun Township
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Shwe La Yaik Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share