21/08/2026
🔶 𝐀𝐩𝐩𝐥𝐞 𝐂𝐢𝐝𝐞𝐫 𝐕𝐢𝐧𝐞𝐠𝐚𝐫 ကို ကျန်းမာရေးအတွက် သောက်သုံးချင်ပေမယ့် ဘယ်လိုသောက်ရမလဲ၊ ဘယ်အချိန်သောက်ရမလဲ မသိသေးဘူးဆိုရင် ဒီအချက်လေးတွေကို သိထားဖို့လိုပါတယ်။ 🤗
👉🏻 ရေနဲ့ဖျော်သောက်ပါ
𝐀𝐩𝐩𝐥𝐞 𝐂𝐢𝐝𝐞𝐫 𝐕𝐢𝐧𝐞𝐠𝐚𝐫 ကို တိုက်ရိုက်သောက်တာထက် ရေတစ်ဖန်ခွက်ထဲ ဖျော်ပြီးသောက်တာ ပိုအဆင်ပြေပါတယ်။ အက်စစ်ဓာတ်ကြောင့် လည်ချောင်းနဲ့ သွားတွေကို မထိခိုက်စေဖို့လည်း အရေးကြီးပါတယ်။
👉🏻 အစာစားချိန်နီးနီး သောက်နိုင်ပါတယ်
အစာစားချိန်မတိုင်မီ သို့မဟုတ် အစာစားချိန်နီးနီးမှာ သောက်သုံးနိုင်ပြီး ကိုယ့်ခန္ဓာကိုယ်နဲ့ အဆင်ပြေတဲ့အချိန်ကို ရွေးချယ်နိုင်ပါတယ်။
👉🏻 အလွန်အကျွံ မသောက်ပါနဲ့
𝐀𝐩𝐩𝐥𝐞 𝐂𝐢𝐝𝐞𝐫 𝐕𝐢𝐧𝐞𝐠𝐚𝐫 က အက်စစ်ဓာတ်ရှိတာကြောင့် များများသောက်တာက ပိုကောင်းတာမဟုတ်ပါဘူး။ ပမာဏကို သင့်တင့်အောင်ထားပြီး ပုံမှန်သောက်သုံးတာ ပိုကောင်းပါတယ်။
👉🏻 သောက်ပြီးနောက် ရေဖြင့် ပါးစပ်ဆေးပါ
သွားကြွေလွှာကို ထိခိုက်မှုလျော့နည်းစေဖို့ 𝐀𝐩𝐩𝐥𝐞 𝐂𝐢𝐝𝐞𝐫 𝐕𝐢𝐧𝐞𝐠𝐚𝐫 သောက်ပြီးနောက် ရေဖြင့် ပါးစပ်ဆေးပေးနိုင်ပါတယ်။
🍎 ကိုယ်အလေးချိန်ထိန်းချင်သူတွေအတွက် 𝐀𝐩𝐩𝐥𝐞 𝐂𝐢𝐝𝐞𝐫 𝐕𝐢𝐧𝐞𝐠𝐚𝐫 ကို အစားအသောက်ထိန်းခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့နဲ့အတူ နေ့စဉ် 𝐑𝐨𝐮𝐭𝐢𝐧𝐞 ထဲမှာ သင့်တင့်စွာ ထည့်သွင်းသောက်သုံးနိုင်ပါတယ်။
🔰 𝐌𝐞𝐠𝐚 𝐏𝐥𝐚𝐧𝐞𝐭 မှ တင်သွင်းဖြန့်ဖြူးလျက်ရှိသည့် 🔶 𝐁𝐫𝐚𝐠𝐠 အမှတ်တံဆိပ် 𝐀𝐩𝐩𝐥𝐞 𝐂𝐢𝐝𝐞𝐫 𝐕𝐢𝐧𝐞𝐠𝐚𝐫 ကို ဝယ်ယူလိုတယ်ဆိုရင်တော့ နီးစပ်ရာ 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 တိုင်းမှာရရှိနိုင်ပါတယ်။