Thi Say Chin

Thi Say Chin We care about you and your family's health!

ဒီကောင် ကြာကြာနေရင် ဂျပွေးတို့ သစ်လုံးအိမ်လေး ပြိုလိမ့်မယ် 🤧     #ဂျပွေး            #ကာကွယ်ဆေး  #မျိုးဆက်တိုင်းကိုကာကွယ်...
30/04/2026

ဒီကောင် ကြာကြာနေရင် ဂျပွေးတို့ သစ်လုံးအိမ်လေး ပြိုလိမ့်မယ် 🤧


#ဂျပွေး

#ကာကွယ်ဆေး #မျိုးဆက်တိုင်းကိုကာကွယ်ထားကာကွယ်ဆေး၏စွမ်းပကား
#သိစေချင်

ရွာပြင်ဇရပ်ကြီးက လေးဖိုးထွေး         #ဂျပွေး   ,           #သိစေချင်
25/04/2026

ရွာပြင်ဇရပ်ကြီးက လေးဖိုးထွေး


#ဂျပွေး
,
#သိစေချင်

ဒီနေ့တော့ ဂျပွေးတို့ သူငယ်ချင်းတစ်စု ရွာထဲက အလှူမှာ ဝါးတီးသွားဆွဲကြရင်း  ဗဟုသုတတွေပါ ရခဲ့တယ်  🥰    #ဂျပွေး       #အော်တစ...
23/04/2026

ဒီနေ့တော့ ဂျပွေးတို့ သူငယ်ချင်းတစ်စု ရွာထဲက အလှူမှာ ဝါးတီးသွားဆွဲကြရင်း ဗဟုသုတတွေပါ ရခဲ့တယ် 🥰


#ဂျပွေး
#အော်တစ်ဇင်
#သိစေချင်

အပြည်ပြည်ဆိုင်ရာ ကမ္ဘာမြေနေ့မှာ ကြက်ချေးကျုံးနေရပြီ 🤧    #ဂျပွေး      #အပြည်ပြည်ဆိုင်ရာကမ္ဘာမြေနေ့         #သိစေချင်
22/04/2026

အပြည်ပြည်ဆိုင်ရာ ကမ္ဘာမြေနေ့မှာ ကြက်ချေးကျုံးနေရပြီ 🤧


#ဂျပွေး

#အပြည်ပြည်ဆိုင်ရာကမ္ဘာမြေနေ့

#သိစေချင်

02/04/2026

မတူတာ ပိုလှဖို့ ✅

▪️မတူညီမှုတွေ ကွဲပြားမှုတွေ ပေါင်းစပ်ထားခြင်းက ကမ္ဘာမြေအတွက် အလှတရားတစ်ခုပါ။

▪️မြင်သာတဲ့ အတားအဆီးတွေရော၊
ကျွန်တော်တို့အားလုံးရဲ့ စိတ်/အတွေးနဲ့ ခံယူချက်တွေထဲမှာ ကိန်းအောင်းနေတဲ့ မမြင်ရတဲ့ အတားအဆီးတွေရော အားလုံးကို အတူတူဖယ်ရှားပြီး
မတူကွဲပြားမှုတွေကိုယ်စီသယ်ဆောင်လို့
ပိုလှပတဲ့ ကမ္ဘာမြေဆီကို ကျွန်တော်တို့အားလုံး အတူတူသွားကြပါစို့ ...။ 🥰

တေးရေး – အယ်ရွန်ဖြိုးဝေ
တေးဆို – နေမင်းအိမ်
Narration – သဇင်သီရိခေတ်
Music, Recording, Mixing, Mastering – အကယ်ဒမီ ကျော်ကျော်ထွန်း (KC Land Studio)
Harmony - HangOver

Story – အယ်ရွန်ဖြိုးဝေ၊ အေးပြည့်စုံဖူး
Script – မင်းစိုးသီဟ(ခ)ဖိုးလုံး၊ အယ်ရွန်ဖြိုးဝေ၊ အေးပြည့်စုံဖူး
Technical Support – အေးပြည့်စုံဖူး၊ အယ်ရွန်ဖြိုးဝေ၊ UNICEF
Director and Producer – မင်းစိုးသီဟ(ခ)ဖိုးလုံး (Synthesis Productions)

Produced and presented by PATH in collaboration with and funded by UNICEF to commemorate International Day of Persons with Disabilities, World Down Syndrome Day, and Autism Awareness Month.

#မတူတာပိုလှဖို့

26/03/2026

လူတိုင်းလက်လှမ်းမီတဲ့ ရေရရှိရေးစနစ်တွေ တည်ဆောက်တဲ့အခါ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ မသန်စွမ်းသူတွေရဲ့ လိုအပ်ချက်တွေကိုပါ ထည့်သွင်းစဉ်းစားခြင်းက အားလုံးအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။ အမျိုးသမီးတွေကို ရေစီမံခန့်ခွဲမှုမှာ ဦးဆောင်ခွင့်ပေးခြင်းဟာ မိသားစုနဲ့ လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ပိုမိုသာယာဝပြောစေပြီး ရေရှည်တည်တံ့တဲ့ အနာဂတ်ကို ဖော်ဆောင်ပေးနိုင်ပါတယ်။

ရေစီးဆင်းရာ အရပ်တိုင်းမှာ တန်းတူညီမျှမှုတွေ အမှန်တကယ် ပွင့်လန်းလာဖို့ တို့အားလုံး ဆက်လက်လက်တွဲ ကြိုးစားကြပါစို့။ 🤝💧

"Where water flows, equality grows."

#ကမ္ဘာ့ရေနေ့

25/03/2026

ရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးမှုဒဏ်ကို ပိုမိုခံစားလာရတဲ့အခါ အမျိုးသမီးတွေရဲ့ ခံနိုင်ရည်ရှိမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်မှုဟာ အလွန်အရေးကြီးလာပါတယ်။

အမျိုးသမီးတွေဟာ ရေစီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာတွေမှာ ဦးဆောင်ပါဝင်ခွင့် ရှိရပါမယ်။ သူတို့ရဲ့ အသံတွေက ပိုမိုထိရောက်တဲ့ ဝန်ဆောင်မှုတွေကို ဖြစ်ပေါ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။

ရေစီးဆင်းရာ အရပ်တိုင်းမှာ တန်းတူညီမျှမှုတွေ ပွင့်လန်းလာဖို့ တို့အားလုံး အတူတူ ကြိုးစားကြပါစို့။ 🤝💧

"Where water flows, equality grows."

#ကမ္ဘာ့ရေနေ့

24/03/2026

"ရေစီးဆင်းရာ ညီမျှခြင်းများ ပွင့်လန်းမှာ" 💧🤝

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ရေနေ့ရဲ့ အဓိကဆောင်ပုဒ်ကတော့ "Water and Gender" ပဲဖြစ်ပါတယ်။ ရေအရင်းအမြစ် စီမံခန့်ခွဲမှုတွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးကြီးပါတယ်။

သန့်ရှင်းတဲ့ရေကို လူတိုင်း လက်လှမ်းမီရရှိခြင်းက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အနာဂတ် လူမှုစီးပွားဘဝတွေကို ပိုမိုတိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒီနှစ်ရဲ့ ဆောင်ပုဒ်ကို Water and Gender လို့ သတ်မှတ်ထားတာဖြစ်ပြီး ရေစီးဆင်းရာနေရာတိုင်းမှာ အခွင့်အရေးတွေ တန်းတူညီမျှ ပွင့်လန်းလာစေဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့အားလုံး အတူတူ ဝိုင်းဝန်းလက်တွဲ ကြိုးစားကြပါစို့။ 💪💙

#ကမ္ဘာ့ရေနေ့

23/03/2026

ကမ္ဘာ့ရေနေ့ ၂၀၂၆ 🌊✨

သန့်ရှင်းတဲ့ရေ ရှားပါးမှုကြောင့် လူအများစု အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်ဆိုပေမဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက်တော့ ပိုပြီး စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒီနေ့ Motion Video လေးထဲမှာ ရေနဲ့ပတ်သက်ပြီး အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အဓိက တင်ဆက်ပေးထားပါတယ်။

သန့်ရှင်းတဲ့ရေကို လူတိုင်း တန်းတူညီမျှ ရရှိနိုင်ဖို့နဲ့ ရေစီမံခန့်ခွဲမှုတွေမှာလည်း အမျိုးသမီးတွေ ပိုပြီး ပါဝင်လာနိုင်ဖို့ အားလုံး အတူတူ ဝိုင်းဝန်းကြိုးစားကြရအောင်နော်။ 💪🤝💧

#ကမ္ဘာ့ရေနေ့

22/03/2026

ကမ္ဘာ့ရေနေ့ ၂၀၂၆ 💧✨

“ရေစီးဆင်းရာ၊ ညီမျှခြင်းများ ပွင့်လန်းရာ” ⚖️🌍

ရေဟာ အသက်သွေးကြောဆိုရင်၊ တန်းတူညီမျှမှု ကတော့ အနာဂတ်ရဲ့ အင်အားပဲဖြစ်ပါတယ်။

ယနေ့ မတ်လ (၂၂) ရက်၊ ကမ္ဘာ့ရေနေ့ (World Water Day 2026) ရဲ့ အဓိကဆောင်ပုဒ်ဖြစ်တဲ့ "Water and Gender" အရ ရေအရင်းအမြစ် စီမံခန့်ခွဲမှုတိုင်းမှာ ကျား/မ ခွဲခြားမှုမရှိဘဲ အားလုံးတန်းတူညီမျှ ပါဝင်ခွင့်ရဖို့က အရေးကြီးလှပါတယ်။

ဒီနေ့ Motion Video လေးထဲမှာတော့ World Water Day ရဲ့ သမိုင်းကြောင်းနဲ့အတူ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပြီး၊ ရေစီးဆင်းရာ အရပ်တိုင်းမှာ “ညီမျှခြင်းတွေ ပွင့်လန်းဖို့” တို့အားလုံး အတူတူ လက်တွဲကြရမယ့်အကြောင်းကို တင်ဆက်ပေးထားပါတယ်။ 🎥💡

#ကမ္ဘာ့ရေနေ့

ကမ္ဘာတလွှားမှာ အမျိုးသမီး ၃ ဦးမှာ ၁ ဦးက သူတို့ရဲ့ သက်တမ်းတလျှောက် ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ...
10/12/2025

ကမ္ဘာတလွှားမှာ အမျိုးသမီး ၃ ဦးမှာ ၁ ဦးက သူတို့ရဲ့ သက်တမ်းတလျှောက် ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။ လူတိုင်း လူတိုင်းဟာ သူတို့ရဲ့ နေ့စဉ်ဘဝမှာ မတူညီတဲ့ ပုံစံတွေနဲ့ လူတစ်ဦးရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ အခွင့်အရေးတွေကို ချိုးဖောက်ခံနေရပါတယ်။

လူတိုင်းအတွက် စိတ်ချလုံခြုံတဲ့ လူမှုအသိုက်အဝန်းတစ်ရပ်ကို ဖန်တီးဖို့ဆိုရင် လူတစ်ယောက်ချင်းစီတိုင်းရဲ့ အခွင့်အရေးတွေကို လေးစားဖို့ လိုပါမယ်။

အကြမ်းဖက်မှုကင်းဝေးခြင်းက အခြေခံကျတဲ့ လူ့အခွင့်အရေးဖြစ်တာကြောင့် မြန်မာနိုင်ငံတလွှားက အမျိုးသမီးတွေ မိန်းမငယ်လေးတွေနဲ့ LGBTIQ+တို့အတွက် စိုးထိတ်မှုတွေ၊ ရှက်ရွံ့မှုတွေနဲ့ အကြမ်းဖက်မှုတွေ ကင်းစင်ပြီး လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ရပ်ကို အတူဖန်တီးကြည့်ကြစို့လား။

#သိစေချင်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thi Say Chin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share