Ava Medical Centre and Diagnostic Laboratory

Ava Medical Centre and Diagnostic Laboratory Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ava Medical Centre and Diagnostic Laboratory, Medical and health, SB-3, Aung Zeya Housing Complex, Kyimyindaing Kanner Road, Yangon.

မိုးရာသီမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ အစာအိမ်၊ အူလမ်းကြောင်းရောဂါများ ကင်းဝေးစေဖို့... ⚠️မိုးရာသီမှာ တုပ်ကွေးတင်မကဘဲ ရေကတစ်ဆင...
26/05/2026

မိုးရာသီမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ အစာအိမ်၊ အူလမ်းကြောင်းရောဂါများ ကင်းဝေးစေဖို့... ⚠️

မိုးရာသီမှာ တုပ်ကွေးတင်မကဘဲ ရေကတစ်ဆင့်၊ အစားအစာကတစ်ဆင့် ကူးစက်တတ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ကလည်း အလွန်အဖြစ်များပါတယ်။

❌ ရှောင်ကြဉ်ရမည့် အချက်များကတော့

လမ်းဘေးစာများနှင့် ယင်နားစာများ စားသုံးခြင်း။

သေချာစွာ ကျိုချက်မထားသော ရေစိမ်းများကို သောက်သုံးခြင်း။

အစားအစာများကို ဖုံးအုပ်မှုမရှိဘဲ ပွင့်လင်းစွာ ထားရှိခြင်း။

✅ ဆောင်ရွက်ရမည့် နည်းလမ်းကောင်းများအနေနဲ့ကတော့

ချက်ပြုတ်ပြီးသားကိုသာ စားပါ။ အစားအစာများကို ပူပူနွေးနွေး ချက်ပြုတ်ပြီးစသာ စားသုံးပါ။ လက်ကျန်ဟင်းများကို သေချာစွာ ပြန်နွှေးပါ။

လက်ဆေးပါ။ အစားမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာ စနစ်တကျ ဆေးကြောပါ။

သောက်ရေကို (၅) မိနစ်ထက်မနည်း ပွက်ပွက်ဆူအောင် ကျိုချက်ပြီးမှ သောက်သုံးပါ။

မိမိတို့ရဲ့ မိသားစုဝင်တစ်ဦးဦး ဝမ်းပျက်ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း ဖြစ်ပွားတာမျိုး ဒါမှမဟုတ် ဝေဒနာပြင်းထန်ပါက အချိန်ဆွဲမနေဘဲ တိကျသေချာတဲ့ မိသားစုဆရာဝန်၊ အထူးကုဆရာဝန် များနဲ့ တိုင်ပင်ဆွေးနွေးကုသနိုင်ဖို့ 𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 သို့ လာရောက်ပြသနိုင်ပါတယ်ရှင့်။

ကျန်းမာရေးကိစ္စအမျိုးမျိုးအတွက် 𝐇𝐨𝐭𝐥𝐢𝐧𝐞 နံပါတ် +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟓𝟎 𝟕𝟕𝟕 နဲ့ +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟔𝟎 𝟕𝟕𝟕 ကိုဆက်သွယ်နိုင်သလို အမှတ် 𝐒𝐁-𝟑၊ အောင်ဇေယျ အိမ်ရာ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့ ကိုလည်း လာရောက်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင့်။

📆 နှစ်စဉ် မေလ ၁၇ ရက်နေ့ကို 𝐖𝐨𝐫𝐥𝐝 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 𝐃𝐚𝐲 (ကမ္ဘာ့သွေးတိုးရောဂါနေ့) အဖြစ် သတ်မှတ်ထားပြီး သွေးတိုးရောဂါအကြောင်း လူ...
17/05/2026

📆 နှစ်စဉ် မေလ ၁၇ ရက်နေ့ကို 𝐖𝐨𝐫𝐥𝐝 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 𝐃𝐚𝐲 (ကမ္ဘာ့သွေးတိုးရောဂါနေ့) အဖြစ် သတ်မှတ်ထားပြီး သွေးတိုးရောဂါအကြောင်း လူတိုင်းသိရှိနားလည်စေရန်၊ စောစီးစွာစစ်ဆေးကုသမှုကို အားပေးရန်နှင့် သွေးတိုးရောဂါကြောင့်ဖြစ်တဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။

😶 သွေးတိုးရောဂါကို "တိတ်ဆိတ်တဲ့လူသတ်သမား (𝐒𝐢𝐥𝐞𝐧𝐭 𝐊𝐢𝐥𝐥𝐞𝐫)" လို့ခေါ်ရတဲ့အကြောင်းရင်းမှာ ရောဂါလက္ခဏာ သိသိသာသာမပြတတ်ခြင်း၊ လူအများစုဟာ သွေးတိုးရောဂါရှိမှန်းမသိဘဲ နှစ်ပေါင်းများစွာနေနိုင်ပြီး ရုတ်တရက် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်တတ်ပါတယ်။

🧬 သွေးတိုးရောဂါ ဖြစ်စေတဲ့အကြောင်းရင်းတွေကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။

၁။ ( 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧) မူလသွေးတိုးရောဂါ
အဖြစ်အများဆုံးအမျိုးအစားဖြစ်ပြီး သွေးတိုးရှိသူတွေရဲ့ ၉၀% လောက်သည် မူလသွေးတိုးအမျိုးအစားထဲတွင် ပါဝင်ပြီး အကြောင်းရင်းအတိအကျကို အတိအကျမသိရပေမယ့် မျိုးရိုးဗီဇ၊ အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့်ဖြစ်တတ်ပါတယ်။

၂။ 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 (အခြားအကြောင်းရင်းကြောင့်ဖြစ်သော သွေးတိုးရောဂါ)
အခြားရောဂါတစ်ခုခုရဲ့ အကျိုးဆက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ သွေးတိုးရောဂါအမျိုးအစားဖြစ်ပြီး ကျောက်ကပ်ရောဂါ၊ ဟော်မုန်းဆိုင်ရာပြဿနာများ၊ အချို့သောဆေးဝါးများကို သောက်သုံးနေရခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ မူလသွေးတိုးရောဂါလောက် အဖြစ်မများတတ်ပေမယ့် အသက် (၄၀) အောက် သွေးတိုးဝေဒနာရှင်များအနေနဲ့ 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 ဖြစ်နိုင်ခြေရှိ၊ မရှိကို အထူးကုဆရာဝန်ကြီးများနှင့် သေချာတိုင်ပင်သင့်ပါတယ်။

🎯 𝐖𝐨𝐫𝐥𝐝 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 𝐃𝐚𝐲 𝟐𝟎𝟐𝟔 ဆောင်ပုဒ်မှာ "𝐂𝐨𝐧𝐭𝐫𝐨𝐥𝐥𝐢𝐧𝐠 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫: 𝐜𝐡𝐞𝐜𝐤 𝐲𝐨𝐮𝐫 𝐛𝐥𝐨𝐨𝐝 𝐩𝐫𝐞𝐬𝐬𝐮𝐫𝐞 𝐫𝐞𝐠𝐮𝐥𝐚𝐫𝐥𝐲, 𝐝𝐞𝐟𝐞𝐚𝐭 𝐭𝐡𝐞 𝐬𝐢𝐥𝐞𝐧𝐭 𝐤𝐢𝐥𝐥𝐞𝐫" ("သွေးတိုးရောဂါကို အတူတကွ စုပေါင်းထိန်းချုပ်ကြစို့၊ သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပြီး အသံတိတ်လူသတ်သမားကို အနိုင်ယူပါ") ဖြစ်ပြီး ဆောင်ပုဒ်ရဲ့ ရည်ရွယ်ချက်မှာ သွေးတိုးရောဂါကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူတိုင်း၏ ပူးပေါင်းပါဝင်မှုလိုအပ်ကြောင်းနှင့် သွေးတိုးရောဂါသည် လက္ခဏာမပြဘဲ ခန္ဓာကိုယ်အတွင်း နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်နိုင်တာကြောင့် သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေး၍ အသံတိတ်လူသတ်သမား သွေးတိုးရောဂါကို အနိုင်ယူနိုင်ရန် ရည်ရွယ်အလေးပေးထားပါတယ်။

☑️သွေးတိုးရောဂါကို ကာကွယ်နိုင်သောနည်းလမ်းများ

- အငံလျှော့စားခြင်း။
- ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများစားခြင်း။
- ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း။
- ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း။
- ဆေးလိပ်၊ အရက်သောက်သုံးခြင်းမှရှောင်ကြဉ်ခြင်း။
- စိတ်ဖိစီးမှုလျှော့ချခြင်း။
- အိပ်ရေးဝဝအိပ်ခြင်း။
- သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။

🏥 𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 မှ လူကြီးမင်းတို့ကို သွေးပေါင်ချိန်ကိုပုံမှန်စစ်ဆေးရန်၊ သွေးတိုးရှိပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးကိုပုံမှန်သောက်ရန်နှင့် ကျန်းမာသောဘဝနေထိုင်မှုပုံစံကို ကျင့်သုံးရန် တိုက်တွန်းလိုက်ရပါတယ်ရှင့်။

ရင်သွေးငယ်တို့ရဲ့ ကျန်းမာရေးအတွက် 𝐀𝐕𝐀 မှာ ပြသနိုင်မယ့် ကလေးအထူးကုဆရာဝန်များကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာ...
11/05/2026

ရင်သွေးငယ်တို့ရဲ့ ကျန်းမာရေးအတွက် 𝐀𝐕𝐀 မှာ ပြသနိုင်မယ့် ကလေးအထူးကုဆရာဝန်များ

ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးဟာ မိဘတိုင်းအတွက် အလေးထားရမယ့် အချက်ဖြစ်ပါတယ်။ နေမကောင်းတဲ့အခါ ဒါမှမဟုတ် ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့ လိုအပ်တဲ့အခါ 𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 & 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 မှာ ယုံကြည်စိတ်ချရတဲ့ ကလေးအထူးကုဆရာဝန်တွေနဲ့ နေ့စဉ် ညနေ ၄ နာရီမှ ၆ နာရီအတွင်း ကြိုတင်ရက်ချိန်းရယူပြီး ပြသဆွေးနွေးနိုင်ပါပြီ။ ✨

ကြိုတင်ရက်ချိန်းရယူချင်တယ်ဆိုရင်တော့ 𝐇𝐨𝐭𝐥𝐢𝐧𝐞 နံပါတ် +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟓𝟎 𝟕𝟕𝟕 နဲ့ +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟔𝟎 𝟕𝟕𝟕 ကိုဆက်သွယ်နိုင်သလို အမှတ် 𝐒𝐁-𝟑၊ အောင်ဇေယျ အိမ်ရာ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့ ကိုလည်း လာရောက်ပြီး ရက်ချိန်းရယူနိုင်ပါတယ်ရှင့်။

𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 မှ (𝐖𝐇𝐎) ရဲ့သတိပေးချက်အရ လူတစ်ဦးမှတစ်ဦးသို့ ကူးနိုင်ခြေ ရှားပါးသော်လည်း ကူးစက်နိုင်ခြေရှိသည့် 𝐇𝐚𝐧𝐭𝐚𝐯𝐢...
07/05/2026

𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 မှ (𝐖𝐇𝐎) ရဲ့သတိပေးချက်အရ လူတစ်ဦးမှတစ်ဦးသို့ ကူးနိုင်ခြေ ရှားပါးသော်လည်း ကူးစက်နိုင်ခြေရှိသည့် 𝐇𝐚𝐧𝐭𝐚𝐯𝐢𝐫𝐮𝐬 အကြောင်းကို ကြိုတင်ကာကွယ်နိုင်ဖို့ မျှဝေအပ်ပါတယ်ရှင်။

𝐇𝐚𝐧𝐭𝐚𝐯𝐢𝐫𝐮𝐬 ဆိုတာဘာလဲ?
𝐇𝐚𝐧𝐭𝐚𝐯𝐢𝐫𝐮𝐬 ဟာ အဓိကအားဖြင့် ကြွက်များမှတစ်ဆင့် ပျံ့နှံ့သည့် ဗိုင်းရပ်စ်ရောဂါပိုးအမျိုးအစားဖြစ်သည်။ ရောဂါပိုးပါဝင်နေသော ကြွက်ချေးခြောက်များ၊ ဆီး၊ တံတွေးတို့မှ အမှုန်ငယ်များကို ရှူရှိုက်မိခြင်း၊ ထိုအမှုန်များဖြင့် ညစ်ညမ်းသော လက်ဖြင့် ပါးစပ်၊ နှာခေါင်း၊ မျက်လုံးတို့ကို ထိမိခြင်းတို့ဖြင့် လူကို ကူးစက်နိုင်ပါတယ်။

လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ပါသလား?
လူတစ်ဦးမှ တစ်ဦးသို့ 𝐇𝐚𝐧𝐭𝐚𝐯𝐢𝐫𝐮𝐬 ကူးစက်မှုမှာ အလွန်ရှားပါးပြီး အောက်ပါအခြေအနေများမှတစ်ဆင့် ကူးစက်ခံရနိုင်ခြေရှိပါတယ်။
ကြွက်များ၏ မစင်၊ ဆီး၊ တံတွေးများ ရောနှောပါသော ဖုန်မှုန့်များကို ရှူရှိုက်မိခြင်း
ကူးစက်ခံထားရသော ကြွက်များ သွားလာညစ်ညမ်းထားသော အစားအစာများ စားမိခြင်း
ကြွက်များ ကျက်စားခဲ့သည့် နေရာများကို သန့်ရှင်းရေးလုပ်ရာတွင် အကာအကွယ်မပါဘဲ လုပ်ဆောင်ခြင်းတို့ကနေကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာများ
အဖျားကြီးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်း
သွေးယိုစိမ့်ခြင်းကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း
ရောဂါပြင်းထန်လာပါက 𝐇𝐚𝐧𝐭𝐚𝐯𝐢𝐫𝐮𝐬 𝐏𝐮𝐥𝐦𝐨𝐧𝐚𝐫𝐲 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 (𝐇𝐏𝐒) ဟုခေါ်သော အသက်ရှူကြပ်ခြင်း၊ အဆုတ်အတွင်းအရည်များဝင်ခြင်း၊ အသက်အန္တရာယ်ရှိနိုင်ခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။

ဘယ်လိုကုသနိုင်ပါသလဲ?
လက်ရှိတွင် 𝐇𝐚𝐧𝐭𝐚𝐯𝐢𝐫𝐮𝐬 အတွက် သီးသန့် ကုသဆေးမရှိသေးပါ။ ထို့ကြောင့် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးသောကုသခြင်းဖြစ်ပါတယ်။

အကြံပြုကာကွယ်နည်းများ
- အိမ်ပတ်ဝန်းကျင်တွင် ကြွက်များ ခိုအောင်းနေထိုင်နိုင်သော အရပ်များ (ခြံစည်းရိုးအက်ကြောင်း၊ စားပွဲအောက်၊ သေတ္တာဟောင်းများ) ကို ရှင်းလင်းသိမ်းဆည်းပါ။
- ကြွက်ဝင်လာနိုင်သော နေရာများကို သံကြိုး၊ ဘိလပ်မြေ သို့မဟုတ် သစ်သားဖြင့် ပိတ်ဆို့ထားပါ။
- အစားအစာများကို လုံခြုံစိတ်ချရသော ဘူးခွံများ၊ ဖုံးအုပ်ထားသည့် ဗူးများတွင်သာ သိမ်းဆည်းပါ။
- ကြွက်ချေးများရှိသည့် နေရာအား သန့်ရှင်းရေးမပြုလုပ်မီ 𝐌𝐚𝐬𝐤 နှင့် လက်အိတ် အပြည့်အစုံ ဝတ်ဆင်ပြီး တံမြက်စည်းဖြင့်သာ ရှင်းလင်း သန့်ရှင်းပါ။
- သန့်ရှင်းရေးပြီးတိုင်း ဆပ်ပြာရေဖြင့် လက်ကို သေချာဆေးကြောပါ။
- ကလေးငယ်များနှင့် အိမ်မွေးတိရစ္ဆာန်များကို ကြွက်များအသွားအလာများသောနေရာများတွင် ကစားခွင့်၊ နေခွင့်မပြုပါနှင့်။

𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 မှ မိမိတို့အိမ်တွင်းရော အိမ်ပြင်ပရှိ ကြွက်များအသွားအလာကို သေချာစောင့်ကြည့်စစ်ဆေးပြီး ကိုယ်တိုင်နှင့် မိသားစုကျန်းမာရေးကို ဦးစားပေးဂရုစိုက်ကြပါရန် တိုက်တွန်းလိုက်ရပါတယ်ရှင်။

ရာသီဥတုက တဖြည်းဖြည်းနဲ့ နေပူလိုက်၊ မိုးရွာလိုက် အပြောင်းအလဲလေးကလည်းများလာပြီဆိုတော့ မိုးတွင်းဝင်စ ရာသီဥတုအေးလာတာနဲ့အမျှ ...
06/05/2026

ရာသီဥတုက တဖြည်းဖြည်းနဲ့ နေပူလိုက်၊ မိုးရွာလိုက် အပြောင်းအလဲလေးကလည်းများလာပြီဆိုတော့ မိုးတွင်းဝင်စ ရာသီဥတုအေးလာတာနဲ့အမျှ တုပ်ကွေးရောဂါ (𝐅𝐥𝐮) ကလည်း တိတ်တိတ်လေး ချောင်းမြောင်းနေတတ်ပါတယ်။

😷 တုပ်ကွေးမိရင် ဘာတွေဖြစ်တတ်လဲ?

- ကိုယ်အပူချိန် အရမ်းတက်ပြီး ဖျားခြင်း။
- ခေါင်းကိုက်၊ ကိုယ်လက်ကိုက်ခဲပြီး အားအင်ကုန်ခမ်းခြင်း။
- ချောင်းဆိုး၊ နှာစေး၊ လည်ချောင်းနာခြင်း။
- ဆိုးရွားရင် အဆုတ်ရောင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့က အကောင်းဆုံးပါပဲရှင့်။ 𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 မှာ တုပ်ကွေးကာကွယ်ဆေး (𝐈𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 𝐕𝐚𝐜𝐜𝐢𝐧𝐞) ကို ယုံကြည်စိတ်ချစွာ ထိုးနှံနိုင်ပါပြီနော်။

💉 ဘာကြောင့် တုပ်ကွေးကာကွယ်ဆေးကို ထိုးသင့်တာလဲ?
✅ ရောဂါဖြစ်ပွားမှုကို လျှော့ချပေးခြင်း - တုပ်ကွေးမိဖို့ အခွင့်အလမ်းကို သိသိသာသာ လျှော့ချပေးပါတယ်။
✅ ပြင်းထန်မှုကို သက်သာစေခြင်း - အကယ်၍ တုပ်ကွေးမိခဲ့ရင်တောင် ဝေဒနာ ပြင်းထန်မှု မရှိစေဘဲ အမြန်ဆုံး သက်သာစေပါတယ်။
✅ ဆေးရုံတက်ရမှုကို ကာကွယ်ပေးခြင်း - တုပ်ကွေးကြောင့် ဆေးရုံတက်ရမယ့် အခြေအနေတွေကို ဟန့်တားပေးပါတယ်။
✅ မိသားစုကို ကာကွယ်ပေးခြင်း - ကိုယ်တိုင်ကာကွယ်ဆေးထိုးခြင်းက ချစ်ရတဲ့ မိသားစုဝင်တွေကို ရောဂါကူးစက်မှု မရှိအောင် ကာကွယ်ပေးရာ ရောက်ပါတယ်။

👨‍👩‍👧‍👦 ဘယ်သူတွေ အဓိက ထိုးသင့်သလဲ?
- အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ။
- အသက် (၅) နှစ်အောက် ကလေးငယ်များ။
- နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ သွေးတိုး၊ အဆုတ်ရောဂါ စသည်)။
- ကိုယ်ဝန်ဆောင်မိခင်များ။
- ကျန်းမာရေးဝန်ထမ်းများနှင့် လူထူထပ်သောနေရာတွင် အလုပ်လုပ်ကိုင်သူများ။ ပိုပြီးထိုးနှံထားသင့်ပါတယ်နော်။

တုပ်ကွေးကာကွယ်ဆေးထိုးနှံဖို့ ရက်ချိန်းရယူချင်တယ်ဆိုရင်တော့ 𝐇𝐨𝐭𝐥𝐢𝐧𝐞 နံပါတ် +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟓𝟎 𝟕𝟕𝟕 နဲ့ +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟔𝟎 𝟕𝟕𝟕 ကိုဆက်သွယ်နိုင်သလို အမှတ် 𝐒𝐁-𝟑၊ အောင်ဇေယျ အိမ်ရာ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့ ကိုလည်း လာရောက်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင့်။

မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့ အခါသမယတွင် မိမိတို့၏ လုပ်ငန်းခွင်အသီးသီး၌ ကြိုးစားလုပ်ကိုင်နေကြသော ဝန်ထမ်းကော...
01/05/2026

မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့ အခါသမယတွင် မိမိတို့၏ လုပ်ငန်းခွင်အသီးသီး၌ ကြိုးစားလုပ်ကိုင်နေကြသော ဝန်ထမ်းကောင်းများနှင့် ပြည်သူအားလုံးကို 𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐚𝐧𝐝 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 မှ လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။

30/04/2026

ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေ။

ဗုဒ္ဓမြတ်စွာဘုရား၏ မေတ္တာရိပ်တွင် အေးချမ်းသာယာပြီး ကောင်းမှုကုသိုလ်များ တိုးပွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။

ဆေးခန်းလာဖို့ အခက်အခဲရှိနေပါသလား? 𝐀𝐕𝐀 ရဲ့ "အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှု" ရှိနေပါပြီ။နေမကောင်းဖြစ်လို့ ဆေးခ...
28/04/2026

ဆေးခန်းလာဖို့ အခက်အခဲရှိနေပါသလား? 𝐀𝐕𝐀 ရဲ့ "အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှု" ရှိနေပါပြီ။

နေမကောင်းဖြစ်လို့ ဆေးခန်းသွားချင်ပေမယ့် ရာသီဥတုပူပြင်းလွန်းတာကြောင့်ပဲဖြစ်ဖြစ်၊ လမ်းခရီးသွားရေးလာရေး အခက်အခဲကြောင့်ပဲဖြစ်ဖြစ်၊ သက်ကြီးရွယ်အို မိဘဘိုးဘွားတွေဖြစ်လို လူနာရွှေ့ပြောင်းဖို့ အဆင်မပြေတာပဲဖြစ်ဖြစ် အခက်တွေ့နေပြီဆိုရင်တော့ 𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 ကို သတိရလိုက်ပါ။ 🏥🏠

လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိတဲ့ ကျန်းမာရေးအတွက် 𝐀𝐕𝐀 ရဲ့ ကျွမ်းကျင်တဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့သားတွေနဲ့ မိသားစုဆရာဝန်တွေက အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေပါတယ်နော်။

အိမ်တိုင်ရာရောက်ဆေးကုသမှု (𝐇𝐨𝐦𝐞 𝐕𝐢𝐬𝐭) ကိုဘာကြောင့်ရွေးချယ်သင့်တာလဲ?

✅ သက်သောင့်သက်သာရှိခြင်း: လူနာအတွက် အကျွမ်းတဝင်ရှိတဲ့ မိမိရဲ့အိမ်ပတ်ဝန်းကျင်မှာတင် ကုသမှုခံယူနိုင်လို့ စိတ်ဖိစီးမှု နည်းစေပါတယ်။
✅ အချိန်ကုန်သက်သာခြင်း: ကားပိတ်တာ၊ ဆေးခန်းမှာ တန်းစီရတာတွေကို စောင့်စရာမလိုတော့ပါဘူး။
✅ ယုံကြည်စိတ်ချရခြင်း: နောက်ဆုံးပေါ် စက်ကိရိယာများ၊ ဆေးပစ္စည်းများနှင့် ကျွမ်းကျင်တဲ့ မိသားစုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင် လာရောက်ဝန်ဆောင်မှုပေးခြင်း။

စတာတွေကြောင့် စိတ်ချမ်းသာမှုအပြည့်အဝရရှိစေပြီး ကျန်းမာရေးပြဿနာတွေအတွက် စိတ်ပူနေဖို့မလိုတော့ပါဘူးနော်။

ကျန်းမာရေးအတွက် 𝐇𝐨𝐦𝐞 𝐕𝐢𝐬𝐭 ဝန်ဆောင်မှုလိုအပ်လာပြီဆိုရင်တော့ 𝐇𝐨𝐭𝐥𝐢𝐧𝐞 နံပါတ် +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟓𝟎 𝟕𝟕𝟕 နဲ့ +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟔𝟎 𝟕𝟕𝟕 ကိုဆက်သွယ်နိုင်သလို အမှတ် 𝐒𝐁-𝟑၊ အောင်ဇေယျ အိမ်ရာ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့ ကိုလည်း လာရောက်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင့်။

ယနေ့ ဧပြီလ ( ၂၅ ) ရက်နေ့မှာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝှမ်းတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့ ( 𝐖𝐨𝐫𝐥𝐝 𝐌𝐚𝐥𝐚𝐫𝐢𝐚 𝐃𝐚𝐲 ) အထိမ်...
25/04/2026

ယနေ့ ဧပြီလ ( ၂၅ ) ရက်နေ့မှာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝှမ်းတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့ ( 𝐖𝐨𝐫𝐥𝐝 𝐌𝐚𝐥𝐚𝐫𝐢𝐚 𝐃𝐚𝐲 ) အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ကြပြီး ငှက်ဖျားရောဂါ ပပျောက်ရေးအတွက် ကာကွယ်ရန်နည်းလမ်းများ ၊ ဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်ရန်အတွက် ရည်ရွယ်၍ အထိမ်းအမှတ်ပွဲများကို ကျင်းပခဲ့ကြပါတယ်။

ငှက်ဖျားရောဂါဟာ အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့အထိ ပြင်းထန်ပြီး ငှက်ဖျားပိုး သယ်ဆောင်ထားသော 𝐀𝐧𝐨𝐩𝐡𝐞𝐥𝐞𝐬 ခြင် အကိုက်ခံရခြင်းမှ တစ်ဆင့်ကူးစက်ခြင်းဖြစ်ပြီး လူကြီး၊လူငယ်၊ကျား၊မ မရွေး ဖြစ်ပွားနိုင်ပါတယ်။

ငှက်ဖျားရောဂါ လက္ခဏာများ

- ခေါင်းကိုက်ခြင်း
- မောပန်းနွမ်းနယ်ခြင်း
- အော့အန်ခြင်း
- ချမ်းတုန်၍ အဖျားကြီးခြင်း ၊ ချွေးထွက်များခြင်း
- ဝမ်းဗိုက်မအီမသာဖြစ်ခြင်း
- ကြွက်သားနှင့် အဆစ်များကိုက်ခြင်း
- အစားအသောက်ပျက်ခြင်း စတဲ့ လက္ခဏာများ ခံစားရနိုင်ပါတယ်။

ငှက်ဖျားရောဂါ ကာကွယ်နိုင်သော နည်းလမ်းများ

- ခြင်ကိုက်မခံရအောင် ကာကွယ်ပါ။
- ဆေးရည်စိမ်ထားသော ခြင်ထောင်ကို အသုံးပြု၍ အိပ်ပါ။
- အိမ်ရှိတံခါးနှင့် ပြတင်းပေါက်များတွင် ခြင်လုံဇကာကို တပ်ဆင်၍ အသုံးပြုပါ။
- အိမ်ပတ်ဝန်းကျင်တွင် စွန့်ပစ်ထားသော အမှိုက်များမရှိစေရန်နှင့် ရေစီးရေလာကောင်းစေရန်နှင့် ရေမဝပ်စေရန် ပြုလုပ်ပါ။
- အပြင်ထွက်သည့်အချိန်တိုင်း ခြင်မကိုက်စေသော လိမ်းဆေးများ လိမ်းခြင်း၊ ဖျန်းခြင်း ကိုပြုလုပ်ပေးပါ။

ငှက်ဖျားရောဂါသည် အလွယ်တကူ စစ်ဆေးသိရှိနိုင်ပြီး ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါကလည်း ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေး ကုသမှုများကို လုပ်ဆောင်သင့်ပြီး ငှက်ဖျားရောဂါကို ယခုအခါ ကုသနိုင်သေးသည့် ဆေးမရှိသည့်အတွက် ငှက်ဖျားရောဂါနှင့်ပတ်သတ်၍ ချမှတ်ထားသော ကာကွယ်နည်းများ ကို လိုက်နာ၍ ငှက်ဖျားရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်လိုက်ပါ။

𝐇𝐨𝐭𝐥𝐢𝐧𝐞 နံပါတ် +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟓𝟎 𝟕𝟕𝟕 နဲ့ +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟔𝟎 𝟕𝟕𝟕 ကိုဆက်သွယ်နိုင်သလို အမှတ် 𝐒𝐁-𝟑၊ အောင်ဇေယျ အိမ်ရာ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့ ကိုလည်း လာရောက်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင့်။

☀️ နွေရာသီရဲ့ အပြင်းထန်ဆုံး အပူဒဏ်ကို အန်တုနိုင်ဖို့ ရေဓာတ်ပြည့်ဝနေဖို့က အဓိကကျပါတယ်။ 💧နွေရာသီမှာ ခန္ဓာကိုယ်က ချွေးထွက်မ...
23/04/2026

☀️ နွေရာသီရဲ့ အပြင်းထန်ဆုံး အပူဒဏ်ကို အန်တုနိုင်ဖို့ ရေဓာတ်ပြည့်ဝနေဖို့က အဓိကကျပါတယ်။ 💧

နွေရာသီမှာ ခန္ဓာကိုယ်က ချွေးထွက်များတဲ့အတွက် ရေဓာတ်နဲ့ သတ္တုဓာတ်တွေ အလွယ်တကူ ဆုံးရှုံးနိုင်ပါတယ်နော်။ ရေငတ်တဲ့အခါမျိုးမှ ရေရှာသောက်တာထက် ခန္ဓာကိုယ်မှာ ရေဓာတ် အမြဲပြည့်ဝနေဖို့က ပိုအရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီအချက်လေးတွေကို သတိပြုပြီးလိုက်နာကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင့်။

၁။ ရေငတ်တဲ့အထိ မစောင့်ပါနဲ့
ရေငတ်တယ်ဆိုတာ ခန္ဓာကိုယ်မှာ ရေဓာတ် သိသိသာသာ လိုအပ်နေပြီဆိုတဲ့ နောက်ဆုံးအဆင့် အချက်ပေးချက်ပါ။ ဒါကြောင့် တစ်နေ့တာလုံးမှာ ရေကို နည်းနည်းချင်းစီနဲ့ မကြာခဏ ဂရုစိုက်သောက်ပေးပါ။

၂။ 𝗘𝗹𝗲𝗰𝘁𝗿𝗼𝗹𝘆𝘁𝗲𝘀 ဓာတ်တွေ ပြန်ဖြည့်ပါ
ရေအပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ 𝗘𝗹𝗲𝗰𝘁𝗿𝗼𝗹𝘆𝘁𝗲𝘀 ဓာတ်တွေ ပြန်လည်ရရှိဖို့ အုန်းစိမ်းရည် နဲ့ ဓာတ်ဆားရည် တို့ကို သောက်သုံးပေးနိုင်ပါတယ်။

၃။ ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပါ
ဖရဲသီး၊ သခွားသီး၊ နာနတ်သီး စတဲ့ ရေဓာတ် ၉၀% ကျော်ပါဝင်တဲ့ အသီးအနှံတွေဟာ နွေရာသီအတွက် အကောင်းဆုံး အာဟာရတွေပဲ ဖြစ်ပါတယ်။

၄။ ကဖိန်းနဲ့ အယ်လ်ကိုဟောကို လျှော့ချပါ
လက်ဖက်ရည်၊ ကော်ဖီနဲ့ အရက်သေစာတွေဟာ ဆီးခဏခဏ သွားစေပြီး ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ပိုမိုခန်းခြောက်စေနိုင်လို့ အလွန်အကျွံ မသောက်ဖို့ သတိပြုရပါမယ်။

ကျန်းမာရေးကိစ္စအမျိုးမျိုးအတွက် 𝐇𝐨𝐭𝐥𝐢𝐧𝐞 နံပါတ် +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟓𝟎 𝟕𝟕𝟕 နဲ့ +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟔𝟎 𝟕𝟕𝟕 ကိုဆက်သွယ်နိုင်သလို အမှတ် 𝐒𝐁-𝟑၊ အောင်ဇေယျ အိမ်ရာ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့ ကိုလည်း လာရောက်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင့်။

#𝐀𝐯𝐚𝐌𝐞𝐝𝐢𝐜𝐚𝐥𝐂𝐞𝐧𝐭𝐫𝐞

Address

SB-3, Aung Zeya Housing Complex, Kyimyindaing Kanner Road
Yangon
11121

Telephone

+959944050777

Website

Alerts

Be the first to know and let us send you an email when Ava Medical Centre and Diagnostic Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share