MedPark International Myanmar Referral Office

MedPark International Myanmar Referral Office Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MedPark International Myanmar Referral Office, Medical Service, No. 98B, Kabaraye Pagoda Road, Bahan Township, Yangon.

10/09/2026

𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ရဲ့ Radiation Oncology ဌာနမှူး Dr. Yongyut Kongthanarat နဲ့ တွေ့ဆုံပြီး ကင်ဆာရောဂါနဲ့ပတ်သက်တဲ့ကုထုံးတွေအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာDr. Yongyut Kongthanarat ကနေ ကင်ဆာရောဂါကို ပိုမိုထိရောက်စွာကုသနိုင်မယ့်နည်းလမ်းများကို ပြောပြပေးခဲ့တဲ့ပါတယ်။ ဒါ့အပြင် Prostate Cancer အတွက် Brachytherapy အကြောင်းကိုလည်း သေချာရှင်းပြပေးထားပါတယ်။

ဒီတော့ Prostate Cancer နဲ့ပတ်သက်ပြီး စစ်ဆေးချင်တာပဲဖြစ်ဖြစ်၊ ကုသမှုခံယူချင်တာပဲဖြစ်ဖြစ် အသေးစိတ်သိနိုင်ဖို့ 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်နော်။

𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 အကြောင်း ပိုမိုသိရှိလိုပါက https://medpark.hospital/Abouten
အသေးစိတ် ထပ်မံသိရှိလိုပါက ဆက်သွယ်စုံစမ်းရန် 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 - PS Medical Hub & Travels ရုံးခွဲများ
▪ Yangon
No. 98(B), Kabaraye Pagoda Road, Bahan Township, Yangon
📞 09 757771530, 09 757771531

▪ Mandalay
No. 118, 75th Street Between, 31st & 32nd Street, Chan Aye Tharzan Township, Mandalay
📞 09 402008686, 09 402008787

▪ Bangkok
11 th Floor, V-Co Hub Business Center, Sivatel Hotel
📞 +66 658785643, +66 970762050

ကျောက်ကပ်ဆိုတာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းဖြစ်သလို  အညစ်အကြေးစွန့်ထုတ်သလို သွေးနီဥထုတ်တာ၊ Vitamin D...
08/09/2026

ကျောက်ကပ်ဆိုတာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းဖြစ်သလို အညစ်အကြေးစွန့်ထုတ်သလို သွေးနီဥထုတ်တာ၊ Vitamin D ထုတ်လုပ်ပေးတာ သွေးဖိအားထိန်းချုပ်တဲ့ ဟော်မုန်းတွေထုတ်တာ စတဲ့လုပ်ငန်းစဥ်တွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ တကယ်လို့သာ ကျောက်ကပ်ပျက်စီးသွားမယ်ဆို အညစ်အကြေးမစွန့်ထုတ်နိုင်ရုံသာမက အခြားသောကျန်းမာရေးပြဿနာတွေကိုလည်း ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်လုပ်ဆောင်နိုင်စွမ်းနဲ့ ကျန်းမာရေးကိုသိနိုင်ဖို့ ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း ပြုလုပ်သင့်တယ်နော်။

ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးနိုင်တဲ့ အမျိုးအစားတွေကတော့ အဓိကအားဖြင့် (၂) မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ သွေးစစ်ခြင်း နဲ့ ဆီးစစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ သွေးစစ်ခြင်းမှာတော့
- BUN (Blood Urena Nitrogen)
- Serum Creatinine
- eGFR (Estimated Glomerular Filtration Rate) တို့ ပါဝင်ပြီး

ဆီးစစ်ခြင်းမှာတော့
- Microalbuminruia
- Urinalysis (ဆီးအထွေထွေစစ်ဆေးခြင်း) တို့ ပါဝင်ပါတယ်။

- BUN (Blood Urena Nitrogen)
BUN ဆိုတာ သွေးထဲမှာရှိတဲ့ Urena Nitrogen ပမာဏကိုစစ်ဆေးတာဖြစ်ပါတယ်။ Urena Nitrogen က ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အမိုင်နိုအက်စစ်တွေကို ချေဖျက်ပြီးထွက်လာတဲ့ အညစ်အကြေးကို ဆီးနဲ့အတူ စွန့်ထုတ်ပေးပါတယ်။

ဒါကြောင့် BUN မြင့်တက်လာမယ်ဆို ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်မှာ တစ်ခုခုပြဿနာဖြစ်နေတယ်လို့ ယူဆနိုင်ပါတယ်။ အခြားသော BNU မြင့်တက်နိုင်တဲ့အကြောင်းတွေက
- Protein များတဲ့အစားအစာတွေစားခြင်း
- သောက်သုံးတဲ့ဆေး
- နှလုံးအားနည်းခြင်း
- ရေဓာတ်ခမ်းခြောက်ခြင်း
အစာအိမ်နဲ့ အူလမ်းကြောင်း သွေးထွက်ခြင်း
- ပြင်းထန်တဲ့မီးလောင်ဒဏ်ရာရခြင်း
- Shock ဖြစ်ခြင်း
- ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။

- Serum Creatinine Test
Serum Creatinine Test ဆိုတာက သွေးတဲ့မှာရှိတဲ့ Creatinine ပမာဏကို စစ်ဆေးတာဖြစ်ပြီး ကျောက်ကပ်က သွေးကို ဘယ်လောက်ကောင်းကောင်း စစ်ထုတ်ပေးနိုင်လဲဆိုတဲ့ အခြေအနေကို ဆန်းစစ်ရာမှာအသုံးပြုပါတယ်။ တကယ်လို့ Creatinine မြင့်နေမယ်ဆိုရင်တော့ ကျောက်ကပ်လုပ်ဆောင်ချက် ချို့ယွင်းနေပြီပဲ ဖြစ်ပါတယ်။

ဒီစမ်းသပ်စစ်ဆေးမှုကို
- ကျောက်ကပ်ရောဂါ လက္ခဏာတွေရှိလာတဲ့အခါ
- ကျောက်ကပ်ရောဂါရှိပြီး ပုံမှန်စောင့်ကြည့်ရန်လိုအပ်တဲ့အခါ
- ကျောက်ကပ်အစားထိုးထားသူတွေရဲ့ ကျောက်ကပ်လုပ်ဆောင်ချက်ကို စောင့်ကြည့်တဲ့အခါတွေမှာ အသုံးပြုပါတယ်။

- eGFR
eGFR (Estimated Glomerular Filtration Rate) ဆိုတာ ကျောက်ကပ်ရဲ့ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်နိုင်စွမ်းကို ခန့်မှန်းဖော်ပြတဲ့ တန်ဖိုးတစ်ခုဖြစ်ပြီး Creatinine ရဲ့ အဖြေကို အသုံးပြုပြီး ခန့်မှန်းတွက်ချက်ပါတယ်။ ဒီလုပ်ဆောင်ချက်က ကျောက်ကပ်ရောဂါကို စောစီးစွာရှာဖွေနိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။ eGFR တန်ဖိုးကျလေလေ ကျောက်ကပ်လုပ်ဆောင်ချက် ကျဆင်းနိုင်ခြေ များလေလေဖြစ်ပြီး eGFR တန်ဖိုး 15 အောက်ရောက်သွားပြီဆိုရင်တော့ ကျောက်ကပ်ကအတော်ပျက်စီးတဲ့အဆင့်ဖြစ်သွားပြီမို့ အစားထိုးကုသဖို့လိုအပ်ပါတယ်။

ကျောက်ကပ်လုပ်ဆောင်ချက်ကို ဘယ်သူတွေစစ်ဆေးသင့်လဲ?
- ဆီးချိုရောဂါရှိသူများ
- သွေးတိုးရောဂါရှိသူများ
- နှလုံးရောဂါရှိသူများ
- အဝလွန်သူများ
- မိသားစုတွင်း ကျောက်ကပ်ရောဂါဖြစ်ဖူးသူများ
- ဆီးလမ်းကြောင်းပိုးဝင်မှု မကြာခဏဖြစ်သူများ
- ဆီးလမ်းကြောင်းပိတ်ဆို့မှုရှိသူများ
- ဆေးလိပ်သောက်ဖူးသူများ
- မွေးရာပါကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါရှိသူများ

ဒီလို အရေးပါတဲ့ကျောက်ကပ်လေး အမြဲကျန်းမာနေစေဖို့အတွက် စမ်းသပ်စစ်ဆေးချင်တယ်ဆိုရင်တော့ 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 မှာ အသေးစိတ်မေးမြန်းနိုင်တယ်နော်။

𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 အကြောင်း ပိုမိုသိရှိလိုပါက https://medpark.hospital/Abouten
အသေးစိတ် ထပ်မံသိရှိလိုပါက ဆက်သွယ်စုံစမ်းရန် 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 - PS Medical Hub & Travels ရုံးခွဲများ
▪ Yangon
No. 98(B), Kabaraye Pagoda Road, Bahan Township, Yangon
📞 09 757771530, 09 757771531

▪ Mandalay
No. 118, 75th Street Between, 31st & 32nd Street, Chan Aye Tharzan Township, Mandalay
📞 09 402008686, 09 402008787

▪ Bangkok
11 th Floor, V-Co Hub Business Center, Sivatel Hotel
📞 +66 658785643, +66 970762050

ငယ်စဥ်ကနေ အသက်အရွယ်ကြီးရင့်သည်အထိ ကျန်းမာသန်စွမ်းတဲ့ အရိုးအဆစ်တွေကို ပိုင်ဆိုင်ရဖို့အတွက်က Calcium ဓာတ် နဲ့ Vitamin D က ...
06/09/2026

ငယ်စဥ်ကနေ အသက်အရွယ်ကြီးရင့်သည်အထိ ကျန်းမာသန်စွမ်းတဲ့ အရိုးအဆစ်တွေကို ပိုင်ဆိုင်ရဖို့အတွက်က Calcium ဓာတ် နဲ့ Vitamin D က မရှိမဖြစ်လိုအပ်လှပါတယ်။

Calcium ဓာတ်က သွားနဲ့အရိုးအဆစ်တွေ သန်မာဖို့အတွက် လုပ်ဆောင်ပေးတဲ့အပြင် ကြွက်သားနဲ့ အာရုံကြောတွေရဲ့ ပုံမှန်လုပ်ဆောင်မှုအတွက်လည်း ထောက်ပံ့ပေးပါတယ်။ Vitamin D ကတော့ ခန္ဓာကိုယ်ကနေ Calcium ဓာတ်ကို ကောင်းစွာစုပ်ယူအသုံးချနိုင်ဖို့အတွက် ကူညီပေးပါတယ်။ ဒါကြောင့် Calcium ဓာတ်တစ်မျိုးတည်းကို ဂရုစိုက်ရုံနဲ့ မလုံလောက်ဘဲ Calcium ဓာတ်ရော Vitamin D နှစ်မျိုးစလုံးလုံလောက်နေမှ ဖြစ်ပါမယ်။

ဒါကြောင့် အရိုးအဆစ်တွေ သန်စွမ်းကျန်းမာစေဖို့
- အာဟာရမျှတအောင်စားသုံးပါ။
- မနက်အစောနေရောင်ခြည်ခံယူပါ။
- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။
- ဆေးလိပ် နဲ့ အရက်လျှော့ပါ။
- ကဖိန်းဓာတ်လျှော့ပါ။

တကယ်လို့ အရိုးအဆစ်နဲ့ပတ်သက်ပြီး ဆေးကုသမှုခံယူချင်ရင်တော့ 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 မှာ အသေးစိတ်မေးမြန်းနိုင်တယ်နော်။

𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 အကြောင်း ပိုမိုသိရှိလိုပါက https://medpark.hospital/Abouten
အသေးစိတ် ထပ်မံသိရှိလိုပါက ဆက်သွယ်စုံစမ်းရန် 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 - PS Medical Hub & Travels ရုံးခွဲများ
▪ Yangon
No. 98(B), Kabaraye Pagoda Road, Bahan Township, Yangon
📞 09 757771530, 09 757771531

▪ Mandalay
No. 118, 75th Street Between, 31st & 32nd Street, Chan Aye Tharzan Township, Mandalay
📞 09 402008686, 09 402008787

▪ Bangkok
11 th Floor, V-Co Hub Business Center, Sivatel Hotel
📞 +66 658785643, +66 970762050

ဒီ​နေ့​ခေတ်ရဲ့ အဖြစ်များတဲ့​ရောဂါ​တွေထဲမှာ သိုင်းရွိုက်​ရောဂါကလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာကလည်း သိုင်းရွိ...
04/09/2026

ဒီ​နေ့​ခေတ်ရဲ့ အဖြစ်များတဲ့​ရောဂါ​တွေထဲမှာ သိုင်းရွိုက်​ရောဂါကလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာကလည်း သိုင်းရွိုက်​ဟော်မုန်းအလွန်အကျွံထွက်လာခြင်း​ကြောင့်ပဲ ဖြစ်ပါတယ်။

သိုင်းရွိုက်​ဟော်မုန်း အလွန်အကျွံထွက်တယ်ဆိုတာ Thyroid Gland က​နေ T3 နဲ့ T4 ​ဟော်မုန်း​တွေကို လိုတာထက်ပိုထုတ်လုပ်ခို့ပဲ ဖြစ်ပါတယ်။ ဒါ​ကြောင့်ပဲ လူတစ်​ယောက်ရဲ့ ဇီဝကမ္မဖြစ်စဥ်​တွေ ​ပြောင်းလဲပြီး ​အောက်ပါလက္ခဏာ​တွေ ခံစားလာရပါတယ်။

သိုင်းရွိုက်​ဟော်မုန်းအလွန်အကျွံထွက်ခြင်း​ကြောင့်
- ရင်တုန်ခြင်း
- နှလုံးခုန်မြန်ခြင်း
- လက်တုန်ခြင်း
- ​ချွေးထွက်များပြီး အပူဒဏ်မခံနိုင်ခြင်း
- ကိုယ်အ​လေးချိန်ကျဆင်းလာခြင်း
- အိပ်မ​ပျော်ခြင်း
- စိတ်လှုပ်ရှားလွယ်ခြင်း
- စိတ်​ဒေါသဖြစ်ခြင်း
- ​မောပန်းလွယ်ခြင်း
- ဝမ်းသွားများခြင်း တို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ သိုင်းရွိုက်​ရောဂါနဲ့ပတ်သက်ပြီး အ​သေးစိတ်စစ်​ဆေးချင်တယ်ဆိုရင်​တော့ 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 မှာ အ​သေးစိတ်​မေးမြန်းနိုင်ပါတယ်။

𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 အကြောင်း ပိုမိုသိရှိလိုပါက https://medpark.hospital/Abouten
အသေးစိတ် ထပ်မံသိရှိလိုပါက ဆက်သွယ်စုံစမ်းရန် 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 - PS Medical Hub & Travels ရုံးခွဲများ
▪ Yangon
No. 98(B), Kabaraye Pagoda Road, Bahan Township, Yangon
📞 09 757771530, 09 757771531

▪ Mandalay
No. 118, 75th Street Between, 31st & 32nd Street, Chan Aye Tharzan Township, Mandalay
📞 09 402008686, 09 402008787

▪ Bangkok
11 th Floor, V-Co Hub Business Center, Sivatel Hotel
📞 +66 658785643, +66970762050

အနာဂါတ်မှာ ပြည့်စုံသာယာတဲ့ မိသားစုဘဝ​လေးဖန်တီးချင်တဲ့ ဇနီး​မောင်နှံ​တွေအ​နေနဲ့ မျိုးဆက်ပွားကျန်းမာ​ရေးအ​ခြေအ​နေကို စစ်​ဆ...
02/09/2026

အနာဂါတ်မှာ ပြည့်စုံသာယာတဲ့ မိသားစုဘဝ​လေးဖန်တီးချင်တဲ့ ဇနီး​မောင်နှံ​တွေအ​နေနဲ့ မျိုးဆက်ပွားကျန်းမာ​ရေးအ​ခြေအ​နေကို စစ်​ဆေးထားဖို့လိုအပ်လှပါတယ်။ ဒီအတွက် MedPark International Hospital မှာ မျိုးပွားခြင်းဆိုင်ရာ ကျန်းမာ​ရေးစစ်​ဆေးနိုင်မယ့် ပက်​ကေ့ချ်​လေး​တွေရှိပါတယ်။

MedPark International Hospital မှာ အမျိုးသား/အမျိုးသမီးတိုင်းအတွက် မျိုးပွားခြင်းဆိုင်ရာ ကျန်းမာ​ရေးစစ်​ဆေးမှု​တွေကို IVF Center မှာ ပြုလုပ်​ပေးသွားမှာဖြစ်ပြီး ဝါရင့်ကျွမ်းကျင်သမား​တော်​တွေကိုယ်တိုင် ​ခေတ်မီနည်းပညာများသုံးပြီး စမ်းသပ်စစ်​ဆေး​ပေးသွားမှာပါ။ ဒါ​ကြောင့် အမျိုးသား​တွေအ​နေနဲ့ မိမိရဲ့သုက်ပိုးအရည်အ​သွေးကို ​သေချာသိရဖို့နဲ့ အမျိုးသမီး​တွေအ​နေနဲ့လည်း မိမိရဲ့ မ မျိုးဥအရည်အ​သွေးကိုသိရှိနိုင်ဖို့ ​သေချာစစ်​ဆေးချင်ရင်​တော့ 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 မှာ အ​သေးစိတ်​မေးမြန်းနိုင်ပါတယ်။

𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 အကြောင်း ပိုမိုသိရှိလိုပါက https://medpark.hospital/Abouten
အသေးစိတ် ထပ်မံသိရှိလိုပါက ဆက်သွယ်စုံစမ်းရန် 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 - PS Medical Hub & Travels ရုံးခွဲများ
▪ Yangon
No. 98(B), Kabaraye Pagoda Road, Bahan Township, Yangon
📞 09 757771530, 09 757771531

▪ Mandalay
No. 118, 75th Street Between, 31st & 32nd Street, Chan Aye Tharzan Township, Mandalay
📞 09 402008686, 09 402008787

▪ Bangkok
11 th Floor, V-Co Hub Business Center, Sivatel Hotel
📞 +66 658785643, +66970762050

31/08/2026

ဒီနေမှာတော့ 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 မှ Dr.Maung Win က လူအတော်များများမှာ ကြုံတွေ့နေရတဲ့ အစာအိမ်နဲ့ အူသိမ်အနာရောဂါအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။ အစာအိမ်အနာလို့ ပြောလိုက်မယ်ဆိုရင် လူအများစုက အစပ်စားလွန်းလို့ ဒါမှမဟုတ် စိတ်ဖိစီးမှုများလို့လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်တော့ အဲ့ဒါအမှန်မဟုတ်ပါဘူး။ တကယ့်အမှန်က အစပ်မပါတဲ့အစားအစာတွေနဲ့ စိတ်ဖိစီးမှုကသာ အနာကိုပိုဆိုးစေတာပါ။

ဒါဆို အစာအိမ်နဲ့အူသိမ်အနာဖြစ်ရတဲ့အကြောင်းအရင်းတွေနဲ့ ဘယ်လိုအခြေအနေဆို ချက်ချင်းဆေးကုသမှုခံယူသင့်လဲ စတဲ့အကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံသိရဖို့ Video လေးကို အဆုံးထိတူတူကြည့်လိုက်ကြရအောင်နော်။

𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 အကြောင်း ပိုမိုသိရှိလိုပါက https://medpark.hospital/Abouten
အသေးစိတ် ထပ်မံသိရှိလိုပါက ဆက်သွယ်စုံစမ်းရန် 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 - PS Medical Hub & Travels ရုံးခွဲများ
▪ Yangon
No. 98(B), Kabaraye Pagoda Road, Bahan Township, Yangon
📞 09 757771530, 09 757771531

▪ Mandalay
No. 118, 75th Street Between, 31st & 32nd Street, Chan Aye Tharzan Township, Mandalay
📞 09 402008686, 09 402008787

▪ Bangkok
11 th Floor, V-Co Hub Business Center, Sivatel Hotel
📞 +66 658785643

28/08/2026

ဒီနေ့မှာတော့ အာရှနိုင်ငံတွေမှာ အဖြစ်များတဲ့အသည်းကင်ဆာအကြောင်းကို Medpark International Myanmar Referral Office မှ ဒေါက်တာမျိုးကနေ သေချာလေးရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။ အသည်းကင်ဆာကို "တိတ်တဆိတ်လူသတ်သမား" လို့ ခေါ်ရလောက်တဲ့အထိ ရောဂါကျွမ်းမှလက္ခဏာပြတဲ့အမျိုးအစားပဲ ဖြစ်ပါတယ်။

ဒါဆို အသည်းကင်ဆာ ဖြစ်ပွားနိုင်တဲ့ အကြောင်းအရင်းတွေကဘာလဲ ပြီးတော့ ရောဂါလက္ခဏာစတာတွေကို အသေးစိတ်သိနိုင်ဖို့အတွက် Video လေးကို တူတူကြည့်လိုက်ရအောင်နော်။

𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 အကြောင်း ပိုမိုသိရှိလိုပါက https://medpark.hospital/Abouten
အသေးစိတ် ထပ်မံသိရှိလိုပါက ဆက်သွယ်စုံစမ်းရန် 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 - PS Medical Hub & Travels ရုံးခွဲများ
▪ Yangon
No. 98(B), Kabaraye Pagoda Road, Bahan Township, Yangon
📞 09 757771530, 09 757771531

▪ Mandalay
No. 118, 75th Street Between, 31st & 32nd Street, Chan Aye Tharzan Township, Mandalay
📞 09 402008686, 09 402008787

▪ Bangkok
11 th Floor, V-Co Hub Business Center, Sivatel Hotel
📞 +66 658785643

ရာသီဥတုအပြောင်းအလဲဖြစ်တဲ့အခါ ပြင်ပအပူချိန်ကလည်း ရုတ်တရက်ဆိုသလိုပြောင်းလဲပြီး ခန္ဓာကိုယ်တွင်း အပူချိန်မညီမမျှဖြစ်ကာ ကျန်း...
26/08/2026

ရာသီဥတုအပြောင်းအလဲဖြစ်တဲ့အခါ ပြင်ပအပူချိန်ကလည်း ရုတ်တရက်ဆိုသလိုပြောင်းလဲပြီး ခန္ဓာကိုယ်တွင်း အပူချိန်မညီမမျှဖြစ်ကာ ကျန်းမာရေးပြဿနာများ ကြုံတွေ့ရတတ်လို့ ကိုယ်ခံအားကောင်းနေဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် အအေးမိခြင်း နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ကာ နှာစေး၊ နှာပိတ်၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ခေါင်းကိုက်၊ ဖျားနာ စတဲ့ ရောဂါလက္ခဏာတွေ ခံစားရတတ်ပါတယ်။

ဒါကြောင့် ရာသီတွေအလီလီပြောင်းလဲ အမြဲကျန်းမာနေစေဖို့
- ရေများများသောက်ပါ။
- အာဟာရပြည့်ဝတဲ့အစားအစာများစားပါ။
- အိပ်ရေးဝဝအိပ်ပါ။
- တုပ်ကွေးကာကွယ်ဆေးထိုးနှံထားပါ။
- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပါ။
- လက်ကိုစင်ကြယ်စွာဆေးကြောပါ။
- တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပါ။

ဒီတော့ ရာသီအကူးအပြောင်းမှာ ဖျားနာကင်းပြီး ကျန်းမာနေဖို့ ကိုယ်ခံအားစနစ်လည်း မြှင့်တင်ထားဖို့လိုတဲ့အပြင် တုပ်ကွေးကာကွယ်ဆေးထိုးထားဖို့လည်း အရေးကြီးတယ်နော်။ တကယ်လို့ တုပ်ကွေးကာကွယ်ဆေးထိုးချင်တယ်ဆိုရင်တော့ 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 မှာ အသေးစိတ်စုံစမ်းမေးမြန်းလို့ရတယ်နော်။

𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 အကြောင်း ပိုမိုသိရှိလိုပါက https://medpark.hospital/Abouten
အသေးစိတ် ထပ်မံသိရှိလိုပါက ဆက်သွယ်စုံစမ်းရန် 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 - PS Medical Hub & Travels ရုံးခွဲများ
▪ Yangon
No. 98(B), Kabaraye Pagoda Road, Bahan Township, Yangon
📞 09 757771530, 09 757771531

▪ Mandalay
No. 118, 75th Street Between, 31st & 32nd Street, Chan Aye Tharzan Township, Mandalay
📞 09 402008686, 09 402008787

▪ Bangkok
11 th Floor, V-Co Hub Business Center, Sivatel Hotel
📞 +66 658785643

စိုပြေသာယာတဲ့ မိသားစုဘဝလေးဖန်တီးဖို့ သားသားမီးမီးလေးတွေ ယူတော့မယ်ဆိုရင်တော့ အမျိုးသမီးတွေအနေနဲ့ သားဥအိမ်အတွင်းမှာရှိတဲ့ ...
24/08/2026

စိုပြေသာယာတဲ့ မိသားစုဘဝလေးဖန်တီးဖို့ သားသားမီးမီးလေးတွေ ယူတော့မယ်ဆိုရင်တော့ အမျိုးသမီးတွေအနေနဲ့ သားဥအိမ်အတွင်းမှာရှိတဲ့ ဟော်မုန်းဓာတ်ကို စစ်ဆေးပေးဖို့တော့လိုမယ်နော်။ ဒီလို စစ်ဆေးတာကိုတော့ AMH Test လို့ ခေါ်ပါတယ်။

AMH (Anti-Mullerian Hormone) ဆိုတာကတော့ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေရဲ့ သားဥအိမ်ထဲမှာရှိတဲ့ ဆဲလ်တွေကိုထုတ်လွှတ်ပေးတဲ့ ဟော်မုန်းပဲဖြစ်ပါတယ်။ ဒါကြောင့် AMH Test လုပ်မယ်ဆိုရင် သားဥအိမ်မှာရှိနေတဲ့ သားဥအရေအတွက်ကို ခန့်မှန်းသိရှိနိုင်ပါတယ်။ AMH ဟော်မုန်းပမာဏက အမျိုးသမီးတွေမှာ အသက် ၂၅ နှစ်ဝန်းကျင်မှာ အမြင့်ဆုံးဖြစ်ပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ တစ်ဖြည်းဖြည်းကျဆင်းလာတတ်ပါတယ်။ အထူးသဖြင့် သွေးဆုံးခါနီးပြီဆိုရင် ပမာဏအရမ်းနည်းလာပြီး မတွေ့ရလောက်တဲ့အထိကို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် IVF ကုသမှုခံယူမယ့်သူတွေအတွက် AMH Level က Ovarian Stimulation ပြုလုပ်တဲ့အခါ သားဥဘယ်လောက်ရနိုင်မလဲ၊ သားဥအိမ်က IVF ကုသမှုနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်မလဲ စတာတွေကို ခန့်မှန်းဖို့အတွက် AMH Test က အထောက်အပံဖြစ်စေပါတယ်။

ဒါဆို AMH Level ကို ဘယ်လိုစစ်ဆေးမလဲ?
လက်မောင်းမှာရှိတဲ့ သွေးကြောထဲကနေ သွေးနည်းနည်းယူပြီး Laboratory မှာ AMH Level ကို စစ်ဆေးတာပဲဖြစ်ပါတယ်။ ဒီလို AMH Level စစ်ဆေးတာကို ရာသီလာချိန်မှာတောင် စစ်ဆေးလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရနိုင်/မရနိုင်ဆိုတာက မိခင်တစ်ဦးတည်းပေါ်မူတည်တာမဟုတ်တဲ့အတွက် ဖခင်ရဲ့သုက်ပိုးအရည်အသွေးကိုလည်း စစ်ဆေးဖို့လိုအပ်ပါတယ်။

ဒီတော့ သားသားမီးမီးလေးတွေလိုချင်တဲ့ ဇနီးမောင်နှံတွေအနေနဲ့ မျိုးပွားခြင်းဆိုင်ရာစစ်ဆေးမှုတွေ ပြုလုပ်ချင်တယ်ဆိုရင်တော့ 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 မှာ အသေးစိတ်စုံစမ်းမေးမြန်းလို့ရတယ်နော်။

𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 အကြောင်း ပိုမိုသိရှိလိုပါက https://medpark.hospital/Abouten
အသေးစိတ် ထပ်မံသိရှိလိုပါက ဆက်သွယ်စုံစမ်းရန် 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 - PS Medical Hub & Travels ရုံးခွဲများ
▪ Yangon
No. 98(B), Kabaraye Pagoda Road, Bahan Township, Yangon
📞 09 757771530, 09 757771531

▪ Mandalay
No. 118, 75th Street Between, 31st & 32nd Street, Chan Aye Tharzan Township, Mandalay
📞 09 402008686, 09 402008787

▪ Bangkok
11 th Floor, V-Co Hub Business Center, Sivatel Hotel
📞 +66 658785643

လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်​တွေ ပုံမှန်လည်ပတ်နိုင်ဖို့ အိပ်စက်ခြင်းကလည်း အဓိကကျတယ်​နော်။အိပ်​နေတဲ့အချိန်မှာ ခန္ဓာကို...
22/08/2026

လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်​တွေ ပုံမှန်လည်ပတ်နိုင်ဖို့ အိပ်စက်ခြင်းကလည်း အဓိကကျတယ်​နော်။

အိပ်​နေတဲ့အချိန်မှာ ခန္ဓာကိုယ်က တစ်​နေ့တာပင်ပန်းနွမ်းနယ်မှု​တွေ သက်သာသွာ​အောင်လုပ်​ပေးပြီး ဦး​နှောက်၊ ကိုယ်ခံအားစနစ်၊ ​ဟော်မုန်းနဲ့ ဇီဝကမ္မဖြစ်စဥ်​တွေ လည်ပတ်နိုင်ဖို့ ကူညီ​ပေးနိုင်ပါတယ်။ ဒါ​ကြောင့် အာဟာရမျှတ​အောင်စားတာ၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်တာအပြင် အိပ်စက်ချိန်လုံ​လောက်ဖို့ကလည်း လိုအပ်လှပါတယ်။

အိပ်စက်ချိန်လုံ​လောက်မယ်ဆို
- ဦး​နှောက်နဲ့ မှတ်ဥာဏ်​ကောင်းမွန်​စေတယ်။
- နှလုံး​သွေး​ကြောကျန်းမာ​ရေး​အတွက် အ​ထောက်အပဲ့ဖြစ်တယ်။
- အာရုံစူးစိုက်မှုပို​ကောင်းလာပါမယ်။

ဒီ​တော့ ​နေ့စဥ်ဘဝမှာ စိတ်ရွှင်လန်းတက်ကြွပြီး ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ တစ်​နေ့ကို အိပ်စက်ချိန် ၇နာရီက​နေ ၈နာရီအထိ ထား​ပေးသင့်ပါတယ်။ အိပ်စက်ခြင်းကုထုံး​တွေနဲ့ပတ်သက်ပြီး အ​​သေးစိတ်သိချင်ရင်​တော့ 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 မှာ အ​သေးစိတ်​မေးမြန်းနိုင်ပါတယ်။

𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 အကြောင်း ပိုမိုသိရှိလိုပါက https://medpark.hospital/Abouten
အသေးစိတ် ထပ်မံသိရှိလိုပါက ဆက်သွယ်စုံစမ်းရန် 𝗠𝗲𝗱𝗣𝗮𝗿𝗸 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹 𝗢𝗳𝗳𝗶𝗰𝗲 - PS Medical Hub & Travels ရုံးခွဲများ
▪ Yangon
No. 98(B), Kabaraye Pagoda Road, Bahan Township, Yangon
📞 09 757771530, 09 757771531

▪ Mandalay
No. 118, 75th Street Between, 31st & 32nd Street, Chan Aye Tharzan Township, Mandalay
📞 09 402008686, 09 402008787

▪ Bangkok
11 th Floor, V-Co Hub Business Center, Sivatel Hotel
📞 +66 658785643

Address

No. 98B, Kabaraye Pagoda Road, Bahan Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Website

Alerts

Be the first to know and let us send you an email when MedPark International Myanmar Referral Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share