24/12/2022
Cleanser မဝယ်ခင် ဒီစာကို အရင် ဖတ်ပါ
Cleanser ဝယ်တော့မှာလား? ဝယ်ပြီးမှ မိမိအသားအရေနဲ့ မကိုက်လို့ စိတ်ညစ်ရတဲ့ ပြဿနာကို မကြုံတွေ့ရစေဖို့ ဒီစာကို အရင်ဖတ်ကြည့်နော် 😉
Cleanser မှာ - Gel Cleansers, Foam Cleansers, Cream Cleansers, Oil-based Cleansers, Micellar Cleansers နဲ့ Clay Cleanser ဆိုပြီး အကြမ်းဖျင်း ရှိပါတယ်💁
🌺 Gel Cleanser - အဆီပြန်အသားအရေ ရှိသူတွေ အတွက် သင့်တော်ပါတယ်။ အပေါ်ယံ အရေပြားကို တင်းရင်းလှပစေပြီး ချွေးပေါက်ပိတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်💆
🌺 Foam Cleanser - ဝက်ခြံထတတ်သူတွေနဲ့ အဆီပြန်သူတွေ သုံးစွဲသင့်ပါတယ်။ အသားအရေ အတွင်းပိုင်းအထိ ထိထိရောက်ရောက် Cleanse လုပ်ပေးနိုင်ပါတယ်👧
🌺 Oil-based Cleansers - မိတ်ကပ်၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးရာမှာ အထူးအသုံးဝင်ပါတယ် 👩🎤
🌺 Micellar Cleansers - Skin Type အားလုံးနဲ့ သုံးစွဲနိုင်တာကြောင့် မိမိအသားအရေ ဘယ်လို အမျိုးအစားရှိလဲ မသိသူတွေ သုံးနိုင်ပါတယ်။ Sensitive အရမ်းဖြစ်လွန်းတဲ့ အသားအရေ ပိုင်ရှင်တွေကတော့ Alcohol မပါတဲ့ အမျိုးအစားကို ရွေးချယ်ရပါလိမ့်မယ်👸
🌺 Clay Cleansers - Clay ဟာ မျက်နှာပေါ်က အဆီတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတာကြောင့် အဆီပြန်တတ်သူတွေနဲ့ Combination အသားအရေ ပိုင်ဆိုင်ထားသူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုပါ🙋
🌺 Cream Cleansers - Milk Cleanser လို့လည်း ခေါ်ကြပါတယ်။ အသားအရေ ခြောက်သူတွေ၊ Sensitive Skin နဲ့ Mature Skin ရှိသူတွေ အတွက်သင့်တော်ပါတယ် 👱♀️
ဒါ့အပြင် အဆီကျိတ်၊ ဝက်ခြံဖု များဖြစ်စေတဲ့ အညစ်အကြေးနဲ့ ပိုးမွှားများကို သိသာစွာ ဖယ်ရှားပေးပြီး မျက်နှာကို နှစ်ဆဖြူဝင်းစေတဲ့ MYCHOICE Rice Milk Cleansing Cream လေးဟာ ဆန်နှင့် နို့ရည် ကို အထူးပေါင်းစပ်ထုတ်လုပ်ထားတဲ့အတွက် ဘယ်လို မျက်နှာအသားရေမျိုးကိုမဆို ကြည်လင်ဖြူဖွေးတင်းရင်း စေပြီး
နေ့စဉ် အသုံးပြု စရာမလိုပဲ တစ်ရက်ခြားသုံးပေး ရုံဖြင့် အကျိုးထူးစေတာကြောင့် တစ်ဗူးဝယ်ထားလျှင်ကြာရှည်စွာအသုံးပြုနိုင်တာမို့ ဘာလိုသေးလဲနော်။
စျေးနှူန်းမှာဆိုလည်း တစ်ဗူး ( ၆၀၀၀ ကျပ် ) သာကျသင့်တာကြောင့် Budget Save ရင်း Glow Skin ကိုပိုင်ဆိုင်ရယူနိုင်ပါပြီ။
မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုနဲ့ မျက်နှာမြင် ချစ်ခင်ပါစေ ဆုတောင်း ပြည့်ပါစေနော် အချောလေးတို့ 😘
ဒီလောက်ဆို Cleansers ဝယ်ဖို့အတွက် လုံလောက်တဲ့ Knowledge တစ်ခု ရသွားပြီလို့ NTO Cosmetics က မျှော်လင့်မိပါတယ် 🙆
🏅 .ltd
ntocosmetic
nailpolish