16/10/2025
"Reversible Causes of Dementia"
"ပြန်လည်ကောင်းမွန်နိုင်သော မှတ်ဉာဏ်လျော့နည်းလာခြင်း အကြောင်းများ"
အစ်ကို တစ်ယောက်က ပြောတယ် ၊ မှတ်ဉာဏ်လျော့နည်းလာခြင်း Dementia အကြောင်း ရေးစေချင်တယ်။ ကာကွယ်လို့ရတဲ့နည်းလမ်း ရှိလားတဲ့။ ဒါကြောင့် ပြန်လည်ကောင်းမွန်နိုင်သော အကြောင်းအရာများကို ပြောဖို့သတိရသွားတာနဲ့ ခု
ခေါင်းစဉ်လေးကို ရေးတာဖြစ်ပါတယ်။
Dementia အကြောင်း သီးသန့်က နောက်မှ ထပ်ရေးပေးပါမယ်နော်။ literature များတာမို့ အချိန်နည်းနည်းယူပြီးမှ ရေးပေးပါမယ်နော်။
တချို့သော ရောဂါများဟာ မှတ်ဉာဏ်လျော့နည်းလာခြင်းနှင့် အစပြုတာရှိသလို နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဖြစ်လာတာတွေလည်းရှိတတ်ပါတယ်။ ဖြစ်စဉ်တွေ တူပေမယ့် အသက်ကြီးလာလို့ ရှောင်လွှဲလို့မရတဲ့ ရောဂါများနှင့် ကုထုံးအတိအကျမရှိသော ရောဂါများရှိတတ်သော်လည်း မှတ်ဉာဏ် ရုတ်တရက်ချို့ယွင်းလာတာ၊ အဲ့တာကိုသတိထားမိတာ၊ ဖြေးဖြေးချင်းဖြစ်လာတာတွေဟာ ရှာဖွေစမ်းသပ်ရင်း တွေ့ရှိပြီး ကုသလိုက်တဲ့အခါအကောင်းပကတိအတိုင်း ပြန်ရစေသော ရောဂါများးလည်း ရှိပါတယ်။
အောက်ပါတို့ကတော့ ပြန်ကောင်းနိုင်သော
အကြောင်းအရာများဖြစ်ပါတယ်။
1.Normal pressure hydrocephalus (NPH)
ဦးနှောက်အတွင်းရှိ CSF အရည်များ ဦးနှောက်အခန်းများအတွင်းပြည့်လာခြင်း
ဖြစ်စေသောအကြောင်းအရင်းများကတော့ ဦးနှောက်ပိုးဝင်ခြင်း၊ ထိခိုက်ဒါဏ်ရာရခြင်း၊ ဦးနှောက်အတွင်းသွေးထွက်ခြင်း နှင့် အရင်ဦးနှောက်ခွဲစိတ်မှုလုပ်ထားဖူးခြင်း တို့ဖြစ်ပါတယ်။ ထိုကဲ့သို့ ဖြစ်ပါက ကိုယ်နေဟန်ချက် မမှန်ခြင်း၊ မေ့လွယ်ခြင်း၊ အာရုံစူးစိုက်မှုခက်ခဲခြင်း၊ စိတ်အတက်အကျများလွယ်ခြင်း၊ ခဏခဏလဲခြင်း၊ ဆီးမထိန်းနိုင်ခြင်းတို့နဲ့ တွေ့ရတတ်ပါတယ်။
ကုထုံးကတော့ ဦးနှောက်ထဲမှ CSF အရည်ကြည်များကို ပိုက်လေးနဲ့ ထုတ်ပြီး လည်ပင်းသွေးကြောအတွင်းသို့ လမ်းကြောင်းဖွင့် ထည့်ပေးခြင်းလုပ်ရပါတယ်။
2.Vitamin deficiency: ဗီတာမင် ချို့တဲ့ခြင်း
အထူးသဖြင့် အစားအသောက်ထဲတွင် ဗီတာမင် ဘီ1,ဘီ6၊ ဘီ 12၊ ကော့ပါးဓာတ်နှင့် ဗီတာမင် E တို့ ချိုတဲ့သူများတွင် အတွေ့ရများပါတယ်။
3.Infections: ပိုးဝင်ခြင်း
ရောဂါပိုးများထဲတွင် HIV, ကာလသားရောဂါ
Syphilis, Lyme ရောဂါတို့မှာ မှတ်ဉာဏ်နည်းပါးလာသော လက္ခဏာတွေနဲ့ ဆင်တူတတ်သလို အချိန်ကြာမြင့်စွာ မကုဘဲထားပါကလည်း ဖြစ်နိုင်ပါတယ်။
4.Metabolic and endocrine conditions:
ကိုယ်တွင်းဖြစ်စဉ်နှင့် ဟော်မုန်းနှင့်ဆိုင်သော အခြေအနေများ
မှတ်ဉာဏ်လျော့နည်းလာခြင်းနှင့် ဆင်တူတဲ့အ
ခြေအနေများဖြစ်သော Addison’s disease, Cushing’s disease, low blood sugar သွေးတွင်းအချိုဓာတ်နည်းခြင်း(hypoglycemia) exposure to heavy metals သတ္တုပစ္စည်းများနှင့်ထိတွေ့မှုများခြင်း အာဆင်းနစ်၊ မာကျူရီ(like arsenic or mercury), high calcium levels (hypercalcemia, often due to hyperparathyroidism) ပါရာသိုင်းရိုက်ဟော်မုန်းများလို့ နောက်ဆက်တွဲဖြစ်တဲ့ သွေးတွင်း ကယ်လ်စီယမ်များခြင်း၊ အသည်းခြောက်ခြင်း၊ လည်ပင်ကြီးရောဂါဖြစ်ခြင်း အထူးသဖြင့် သ်ိုင်းရွိုက်ဟော်မုန်းနည်း
ဖြစ်ခြင်း
5.Medication side effects:
ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ
တချို့သောဆေးများဟာ တချို့သော သူများအတွက် ပို၍ဖြစ်စေတတ်ပါတယ်။
အိပ်ဆေးများ၊ စိတ်ပူပန်မှုလျော့အောင်ပေးသော စိတ်ငြိမ်ဆေးများ၊ စိတ်ဓာတ်မကျအောင်ပေးသောဆေးများ၊ အတက်ကျဆေးများ၊ ပါကင်ဆန်ရောဂါအတွက်ဆေးများ၊ မူးယစ်ဆေးများ၊ မူးယစ်စေသောဓာတ်ပါတဲ့ အကိုက်အခဲပျောက်ဆေးများ တို့ဖြစ်ပါတယ်။ ဒီလို အခြေအနေဖြစ်လာပါက သောက်နေသောဆေးများကို သေချာ စိစစ်ပြန် ကြည့်ရပါမယ်။
6. Other causes:
အခြားအကြောင်းအရင်းများဖြစ်တဲ့
ဦးနှောက်အကျိတ်ဖြစ်ခြင်းနှင့် ဦးနှောက်ပြင်
ပ ဦးနှောက်နှင့် ၎င်း၏အမြေှပါးကြား သွေးခဲခြင်း subdural hematoma တို့ဖြစ်ပါတယ်။
အထက်ပါ အကြောင်းအချင်းအရာများ သိရပြီးပါက မှတ်ဉာဏ်လျော့နည်းလာသည်ဟုခံစားရပါက သက်ဆိုင်ရာဆရာဝန်နှင့် အမြန်တိုင်ပင်ပြသပြီး ထိုအခြေအနေကို ကာကွယ်ကုသကျော်လွှားနိုင်ပါမယ်ဆိုတာ အသိပညာမျှဝေလိုက်ပါတယ်။
16.10.2025
Dr. Neuro